1
ယော ယ ကိမ် မင်း သား တော်၊ ယေ ခေါ နိ မင်း အ ရိုက် အ ရာ၌ ဗာ ဗု လုန် ဘု ရင် နေ ဗု ခဒ် နေ ဇာ မင်း တင် မြှောက် ခဲ့ သော၊ ယော ရှိ မင်း သား တော် ဇေ ဒ ကိ မင်း သည်၊ ယု ဒ ပြည် ကို စိုး စံ သော်၊
2
ကျေး ကျွန် သင်း ပင်း နှင့် ပြည် သူ ပြည် သား တို့ ပါ၊ ပ ရော ဖက် ယေ ရ မိ အား ဖြင့် ထာ ဝ ရ ဘု ရား ပေး တော် မူ သော ဗျာ ဒိတ် ချက် များ ကို နား မ ဝင် ဘဲ နေ လေ ၏။
3
ထို ကာ လ အိ ဂျစ် ပြည် မှ ဖာ ရော မင်း၏ အ လုံး အ ရင်း ချီ ထွက် လာ ကြောင်း ကြား ကြ သည့် အ တိုင်း၊ ယေ ရု ရှ လင် မြို့ ကို ဝန်း ဝိုင်း သော၊ ခါ လ ဒဲ တပ် သား တို့ ဆုတ် ခွာ ကြ သ ဖြင့်၊ ဇေ ဒ ကိ မင်း သည် ငါ တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ထံ၊ ငါ တို့ အ ဖို့ အ သ နား တော် ခံ ပါ လော့ ဟု တောင်း ဆို ရန်၊ ထောင် မ ချ မီ မြို့ သူ မြို့ သား တို့ နှင့် ဝင် ထွက် ခွင့် ရှိ သေး သူ ပ ရော ဖက် ယေ ရ မိ ထံ ရှေ လ မိ သား ယေ ဟု ကလ၊ မာ သေ ယ သား ပ ရော ဟိတ် ဇေ ဖ နိ တို့ ကို လွှတ် လိုက် ၏။
4
5
6
ထို အ ခါ ပ ရော ဖက် ယေ ရ မိ သို့ ရောက် လာ သော၊ ထာ ဝ ရ ဘု ရား ၏ ဗျာ ဒိတ် တော် ကား၊
7
ဣ သ ရေ လ လူ မျိုး ၏ ဘု ရား သ ခင် ငါ ထာ ဝ ရ ဘု ရား က၊ သင် တို့ ကို စစ် ကူ ရန် ချီ လာ သော ဖာ ရော မင်း ၏ အ လုံး အ ရင်း သည် ထွက် ခဲ့ ရာ အိ ဂျစ် ပြည် သို့ ပြန် ချီ ရ သ ဖြင့် ခါ လ ဒဲ တပ် သား တို့ လည်း၊
8
ဤ မြို့ ကို ပြန် တက် တိုက် ခိုက် သိမ်း ယူ လျက်၊ ကျွမ်း လောင် စေ ကြ မည် ဟူ ၍ လည်း ကောင်း၊
9
ခါ လ ဒဲ တပ် သား တို့ သည် ငါ တို့ မှ အ ပြီး ဆုတ် ခွာ မည် ဟု အောက် မေ့ လျက်၊ ကိုယ် ကို မ လှည့် စား ကြ နှင့်။ ဆုတ် ခွာ ကြ မည် မ ဟုတ်။
10
တိုက် လျက် နေ သော ခါ လ ဒဲ အ လုံး အ ရင်း ကို ထိ ရှ သူ မျှ သာ ကြွင်း သည့် တိုင် အောင် သင် တို့ လုပ် ကြံ ရ သော် လည်း၊ အ သီး အ သီး တို့ သည် ကိုယ့် တဲ မှ ထ ပြန်၍ ဤ မြို့ ကို မီး တိုက် ကြ လိမ့် မည့် အ ကြောင်း ထာ ဝ ရ ဘု ရား ဗျာဒိတ် ပေး တော် မူ သည် ဟူ ၍ လည်း ကောင်း၊ ငါ့ ထံ မေး လျှောက် ရန် လွှတ် လိုက် သော၊ ယု ဒ ဘု ရင် အား ပြန် ကြား ကြ လော့ ဟု မိန့် ဆို သည် ဟူ၍ တည်း။
11
ထို့ နောက် ဖာ ရော မင်း ၏ အ လုံး အ ရင်း အ တွက် ကြောင့်၊ ခါ လ ဒဲ အ လုံး အ ရင်း သည်၊ ယေ ရု ရှ လင် မြို့ မှ ဆုတ် ခွာ လျက် နေ ကြ စဉ်၊
12
ယေ ရ မိ သည် ဗင်္ယာ မိန် နယ်၊ ဆွေ မျိုး သား ချင်း တို့ ဘောင် တွင်၊ ကိုယ့် ပိုင် စု ကို ရ ရန် ယေ ရု ရှ လင် မြို့ မှ၊
13
ဗင်္ယာ မိန် တံ ခါး ဖြင့် ထွက် သွား သည့် အ ခိုက်၊ ဟာ န နိ မြေး၊ ရှေ လ မိ သား၊ ဣ ရိ ယ အ မည် ရှိ သူ ကင်း ဗိုလ် က၊ ဆ ရာ သည် ခါ လ ဒဲ တပ် သား တို့ ဘက် သို့ ကူး ဝင် သည် ဟု ဆို လျက် ပ ရော ဖက် ယေ ရ မိ ကို ဖမ်း ဆီး ရာ၊
14
သင့် အ ဆို မ မှန် ခါ လ ဒဲ တပ် သား တို့ ဘက် သို့ ကူး ဝင် သည် မ ဟုတ် ဟု ပြန် ဆို သော် လည်း၊ နား မ ဝင် ဘဲ ယေ ရ မိ ကို ကိုင် ဆွဲ ၍ မှူး မတ် တို့ ထံ ပို့ သွင်း လေ ၏။
15
မှူး မတ် တို့ သည် ယေ ရ မိ အား အ မျက် ထွက် လျက်၊ ကြိမ် ဒဏ် ပေး ပြီး လျှင်၊ ထောင် အ ဖြစ် ထား သော သံ တော် ဆင့် ယော န သန် ၏ တိုက် အိမ် တွင်၊ အ ကျဉ်း ချုပ် ကြ လေ ၏။
16
အ လုံ ထောင် ထဲ သို့ ကျ ၍၊ ကြာ မြင့် စွာ နေ ရ သော ယေ ရ မိ ကို၊
17
ဇေ ဒ ကိ မင်း သည် ခေါ် ထုတ် စေ ပြီး လျှင်၊ ထာ ဝ ရ ဘု ရား ထံ တော် မှ ဗျာ ဒိတ် တော် ချက် ကို ခံ ရ သ လော ဟု၊ နန်း တော် တွင် တိတ် တ ဆိတ် မေး ရာ ယေ ရ မိ က၊ ခံ ရ ပါ ပြီ ဟူ ၍ လည်း ကောင်း၊ ဘု ရင် မင်း သည် ဗာ ဗု လုန် ဘု ရင့် လက် တွင်း သို့ ရောက် ရ မည် ဟူ ၍ လည်း ကောင်း၊ ဆင့် ဆို ပြီး လျှင်၊
18
ဇေ ဒ ကိ မင်း ထံ မေ တ္တာ ရပ် ခံ သည် မှာ၊ ကျွန်ုပ် ကို ထောင် ကျ စေ ခြင်း ငှာ ဘု ရင် မင်း မှ စ ၍ ကျေး ကျွန် သင်း ပင်း နှင့် ဤ လူ မျိုး အား မည် သို့ ပြစ် မှား မိ ပါ သ နည်း။
19
ဘု ရင် မင်း နှင့် တ ကွ ဤ ပြည် တော် ရင် ဆိုင် ဖို့ ဗာ ဗု လုန် ဘု ရင် မ ချီ မ တက် ရ ဟူ ၍ ဟော ပြော သော ပ ရော ဖက် တို့ ကား အ ဘယ် မှာ နည်း။
20
အို အ ရှင် ဘု ရင် မင်း မြတ်၊ ကျွန်ုပ် သည် သံ တော် ဆင့် တိုက် အိမ် သို့ ပြန် ကျ ၍ မ သေ ရ မည့် အ ကြောင်း၊ မေ တ္တာ ရပ် ခံ ချက် ကို နား ညောင်း တော် မူ ပါ ဟု၊ တင် လျှောက် သည့် အ တိုင်း၊
21
ဇေ ဒ ကိ မင်း ထုတ် ဆင့် သော အ မိန့် အ ရ၊ ယေ ရ မိ ကို နှောင် အိမ် မြို့ ရိုး ငယ့် အ တွင်း ပြောင်း ထား ပြီး လျှင်၊ ထို မြို့ ရိုး ငယ့် အ တွင်း ၌ နေ ရ သော ယေ ရ မိ အား၊ မြို့ တော် ရိ က္ခာ မ ကုန် မ ချင်း၊ မုန့် ဆိုင် တန်း မှ မုန့် တစ် လုံး ကျ၊ နေ့ စဉ် ပေး ကြ ရ ၏။