ယေ​ရ​မိ-51

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ငါ သည် ဗာ ဗု လုန် မြို့ နှင့် ခါ လ ဒဲ ပြည် သူ ပြည် သား တို့ အ ပေါ် သို့၊ လေ ဘေး သင့် စေ မည့် ပြင်၊ ဒုက္ခ ရောက် သည့် ကာ လ၊
  • 2 ဗာ ဗု လုန် မြို့ ကို ဝန်း ဝိုင်း လှေ့ ယပ်၍၊ တိုင်း ပြည် ကို လွတ် လပ် စေ မည့် လှေ့ ယပ် သူ တို့ ကို၊ ငါ လွှတ် မည် ဟု ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။
  • 3 လေး ကိုင် သူ့ ကို လေး တင် ခွင့်၊ သံ ချပ် နှင့် မတ် ရပ် ခွင့်၊ မ ရ စေ လင့်။ လက် ရွေး တို့ ကို မ ညှာ တာ ဘဲ၊ အ လုံး အ ရင်း ကို အ ကုန် အ စင် ဖျက် ဆီး ကြ လော့။
  • 4 ထို သူ တို့ သည် ခါ လ ဒဲ ပြည် တွင် လုပ် ကြံ ခြင်း၊ လမ်း ဆုံ များ ၌ ထိုး ဖောက် ခြင်း ကို ခံ ရ သ ဖြင့်၊ ကျ ဆုံး ကြ ရ လ တ္တံ့။
  • 5 ချင်း တို့ ပြည် သည်၊ ဣ သ ရေ လ လူ မျိုး၏ သန့် ရှင်း သော အ ရှင် ရှေ့ တော်၌၊ ပြစ် မှု များ နှင့် ပြည့် လျှံ သည် ဖြစ်၍၊ ဣ သ ရေ လ နှင့် ယုဒ လူ မျိုး သည်၊ ကိုယ့် ဘု ရား သ ခင်၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား ထံ မှ စွန့် ပစ် ခံ ရ ပြီ မ ဟုတ်။
  • 6 ဗာ ဗု လုန် မြို့ အား ထာ ဝ ရ ဘု ရား ဆပ် ပေး ၍၊ လက် စား ချေ တော် မူ သည့် ကာ လ ဖြစ် သ ဖြင့်၊ ထို မြို့ ၏ ဒု စ ရိုက် ကြောင့် ပယ် ရှား ခြင်း မ ခံ ရ ဘဲ၊ အ သက် ချမ်း သာ ရ အံ့ သော ငှာ၊ အ သီး အ သီး ထွက် ပြေး ကြ လော့။
  • 7 ဗာ ဗု လုန် မြို့ သည် ထာ ဝ ရ ဘု ရား၏ လက် တော် ဝယ် ရွှေ ဖ လား အ ဖြစ်၊ မြေ တစ် ပြင် လုံး မူး ယစ် စေ ဖူး သည့် အ လျောက်၊ ထို စပျစ် ရည် ကို လူ မျိုး ခြား တို့ သောက် သ ဖြင့်၊ ရူး သွပ် ရာ ရောက် ကြ လေ ပြီ။
  • 8 ဗာ ဗု လုန် မြို့ သည် ရုတ် ခြင်း ပြို လဲ ပျက် ပြုန်း လေ ပြီ။ အော် ကြ လော့။ အ နာ အ တွက် လိမ်း ဆေး ကို ဖော် စပ် ကြ လော့။ ပျောက် ကောင်း ပျောက် လိမ့် တ ကား။
  • 9 ငါ တို့ သည် ဗာ ဗု လုန် မြို့ အား ကု သ သော် လည်း၊ ကျန်း မာ သည် မ ဟုတ်။ ခံ ထိုက် သော စီ ရင် ချက် သည်၊ ကောင်း ကင် ထိ မှီ လျက်၊ အာ ကာ သ ထိ မောက် သော ကြောင့်၊ အ သီး အ သီး စွန့် ခွာ၍၊ နေ ရင်း ပြည် သို့ သွား ကြ ကုန် အံ့။
  • 10 ထာ ဝ ရ ဘု ရား သည်၊ ငါ တို့၏ ဖြောင့် မတ် ခြင်း ထင် ပေါ် စေ တော် မူ ပြီး ဖြစ်၍၊ ငါ တို့ ဘု ရား သ ခင် ထာ ဝ ရ ဘုရား ၏ အ မှု အ ရေး တော် ကို၊ ဇိ အုန် မြို့ ၌ ကြော် ငြာ ရန် ထွက် သွား ကြ ကုန် အံ့။
  • 11 ဗိ မာန် တော် အ တွက်၊ ထာ ဝ ရ ဘု ရား လက် စား ချေ တော် မူ ခြင်း ဖြစ် သည် နှင့်၊ ဗာ ဗု လုန် မြို့ ကို ဖျက် ဆီး ရန် ပြ ဋ္ဌာန်း သော ကြောင့် မေ ဒိ ဘု ရင် ၏ သ ဘော ကို ဆော် ဩ တော် မူ သည့် အ လျောက်၊ မြှား များ ကို တိုက် ပွတ် လျက်၊ ဒိုင်း လွှား များ ကို စွဲ ကိုင် ကြ လော့။
  • 12 ဗာ ဗု လုန် မြို့ သူ မြို့ သား တို့ ကို ရည် လျက်၊ မိန့် တော် မူ ချက် အ ရ၊ ထာ ဝ ရ ဘု ရား ပြ ဋ္ဌာန်း ၍ ကြံ ဆောင် တော် မူ ပြီး ဖြစ် သော ကြောင့်၊ ဗာ ဗု လုန် မြို့ ရိုး ရင် ဆိုင် အ လံ စိုက် ထူ ခြင်း၊ မြို့ ရံ တပ် ခိုင် ခံ့ ခြင်း၊ ကင်း တပ် ထား ခြင်း၊ တပ် ပုန်း ချ ခြင်း များ ကို ပြု ကြ လော့။
  • 13 မြစ် ချောင်း များ အ နီး စံ နေ လျက်၊ အ စီး အ ပွား ပြန့် ပြော သော အို မြို့ တော်၊ သင် သည် အ ဆုံး ရောက်၍ ရင် သား စုတ် ပြတ် လေ ပြီ တကား။
  • 14 ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား က၊ ငါ သည် သင့် ကို ကျိုင်း အုပ် တ မျှ သူ ရဲ တို့ နှင့် ပြည့် နှက် စေ လျက်၊ အောင် သံ လွှင့် ကြ လိမ့် မည် ဟု၊ ကိုယ် တော် တိုင် ကို တိုင် တည် ၍ သ စ္စာ မူ လေ ပြီ။
  • 15 ကိုယ် တော် သည်၊ တန် ခိုး တော် အား ဖြင့် မြေ ပ ထ ဝီ ကို ဖန် ဆင်း ၍၊ ဉာဏ် ပ ညာ တော် အား ဖြင့် လော က ကို တည် လျက်၊ ဉာဏ် ပ ဋိ ဘာန် တော် အား ဖြင့် မိုး ကောင်း ကင် ကို ကြက် တော် မူ လေ ပြီ။
  • 16 အ သံ တော် ကို လွှင့် သော အ ခါ၊ အာ ကာ သ ကောင်း ကင်၌ ရေ ဟုန်း ခြင်း၊ မြေ ကြီး အ စွန်း အ ဖျား များ မှ မိုး သား တက် ခြင်း၊ မိုး ရွာ စေ ရန် လျှပ် စစ် ပြက် ခြင်း၊ လှောင် တိုက် တော် များ မှ လေ ပြင်း ထွက် ခြင်း များ ကို စီ မံ တော် မူ သည့် အ လျောက်၊
  • 17 ဇီ ဝ သက် မဲ့၊ အ ချည်း နှီး ဖြစ် သော ကိုယ့် ရုပ် ပွား ဆင်း တု ကို ထောက်၍၊ ပန်း ထိမ် တိုင်း အ ရှက် ရ သည့် ပြင်၊ လူ ခပ် သိမ်း တို့ လည်း ဉာဏ် ပ ညာ၊ အ သိ ပ ညာ ကင်း ပျောက် ရာ ရောက် ကြ၏။
  • 18 ထို ရုပ် ထု များ သည် အ န တ္တ အ မှု၊ ကဲ့ ရဲ့ ရာ အ မှု ဖြစ် လျက်၊ ဒဏ် စီ ရင် ခြင်း ကို ခံ ရ သည့် ကာ လ၊ ပျက် စီး ကြ လိမ့် မည်။
  • 19 ယာ ကုပ်၏ ပိုင် စု ဖြစ် သော ဘု ရား သည်၊ ထို ဆင်း တု များ နှင့် မ တူ ချေ။ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား ဟူ သော နာ မ တော် ရှိ သည့် အ လျောက်၊ အ ရာ ခပ် သိမ်း ကို ဖန် ဆင်း တော် မူ သော ဘု ရား ဖြစ်၏။ ပိုင် တော် မူ ရာ အ မျိုး အ နွယ် ကား၊ ထို လူ မျိုး တည်း။
  • 20 ငါ၏ စစ် တင်း ပုတ်၊ လက် နက် စုံ ဖြစ် သော သင့် အား ဖြင့်၊ လူ မျိုး ခြား တို့ ကို ခွဲ ဖျက် ခြင်း၊ တိုင်း နိုင် ငံ များ ကို ပယ် ရှား ခြင်း၊ ငါ ပြု လျက်၊
  • 21 မြင်း နှင့် မြင်း စီး သူ ရဲ ကို လည်း ကောင်း၊ ရ ထား နှင့် ရ ထား စီး သူ ရဲ ကို လည်း ကောင်း၊
  • 22 ယောက်ျား နှင့် မိန်း မ ကိုလည်း ကောင်း၊ သက် ကြီး နှင့် သက် ငယ် ကို လည်း ကောင်း၊ လူ ပျို နှင့် အ ပျို ကို လည်း ကောင်း၊
  • 23 သိုး ထိန်း နှင့် သိုး အုပ် ကို လည်း ကောင်း၊ တောင် သူ နှင့် နွား ရှဉ်း ကို လည်း ကောင်း၊ မြို့ ဝန် နှင့် မြို့ စား တို့ ကို လည်း ကောင်း၊ သင့် အား ဖြင့် ငါ ခွဲ ဖျက် ၍၊
  • 24 ဗာ ဗု လုန် မြို့ နှင့် ခါ လ ဒဲ ပြည် သူ ပြည် သား တို့ အား၊ ဇိ အုန် မြို့ ပြု ခဲ့ သ မျှ သော မ ကောင်း မှု ကို၊ သင် တို့ မျက် မှောက် တွင် ပင် ငါ ဆပ် ပေး မည် ဟု၊ ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။
  • 25 မြေ တစ် ပြင် လုံး ကို ဖျက် ဆီး သုတ် သင် သော အို တောင်၊ ငါ သည် သင့် တစ် ဘက်၌ နေ သည် အ တိုင်း၊ ဆန့် တန်း သော လက် ရုံး တော် ဖြင့်၊ ကျောက် ပေါ် မှ လှိမ့် ချ လျက်၊ ကျွမ်း လောင် ပြီး တောင် သ ဖွယ် ထား သ ဖြင့်၊ အ စဉ် ဖုန်း ဆိုး ကုန်း ဖြစ် သော သင့် အ တွင်း က၊
  • 26 တိုက် ထောင့် ကျောက်၊ တိုက် မြစ် ကျောက် တစ် လုံး မျှ ထုတ် ယူ ကြ တော့ မည် မ ဟုတ် ဟု၊ ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။
  • 27 မြေ ပေါ် တွင် အ လံ စိုက် ထူ ခြင်း၊ လူ မျိုး ခြား တို့ တွင် တံ ပိုး မှုတ် ခြင်း၊ လူ မျိုး ခြား တို့ ကို ဆန့် ကျင် ဘက် စီ မံ ခြင်း၊ အာ ရ ရတ်၊ မိန္နိ၊ အာ ရှ ကေ နတ် နိုင် ငံ များ ကို စု ရုံး ခြင်း၊ ဗိုလ် ချုပ် ခန့် ထား ခြင်း ပြု လျက်၊ ကျိုင်း ပေါက် အုပ် သ ဖွယ်၊ မြင်း တပ် ကို ချီ တက် ကြ စေ။
  • 28 မေ ဒိ ဘု ရင် မှ စ၍ မြို့ ဝန် မြို့ စား တို့ နှင့် တ ကွ၊ တိုင်း နိုင် ငံ တ ဝှမ်း လုံး ရှိ လူ မျိုး ခြား တို့ ကို စီ မံ ကြ လော့။
  • 29 ဗာ ဗု လုန် မြို့ ကို၊ နေ သူ မဲ့ ဆိတ် ညံ ရာ ဖြစ် စေ ရန်၊ ထာ ဝ ရ ဘု ရား၏ ပြ ဋ္ဌာန်း ချက် တည် သော ကြောင့်၊ ထို ပြည် သည် တုန် လှုပ် နာ ကျင် လျက် ရှိ၏။
  • 30 ဗာ ဗု လုန် သူ ရဲ ကောင်း တို့ သည်၊ ခံ တပ် များ တွင် နေ လျက်၊ ဆက် လက် မ တိုက် ဝံ့ ချေ။ အား လျော့၍ မိန်း မ သူ ရဲ ဘော ရှိ ကြ လေ စွ။ တိုက် အိမ် များ မီး လောင် လျက်၊ မင်း ထုပ် များ ကျိုး ပြတ် လျက် ရှိ၏။
  • 31 အ ရပ် ရပ်၌ မြို့ တော် ကို သိမ်း ယူ ခြင်း၊ ကူး တို့ ဆိပ် များ ကို ရ ခြင်း၊ ကျုံး ပတ် လည် မီး လောင် ခြင်း၊ စစ် သူ ရဲ တို့ ကြောက် လန့် ခြင်း သ တင်း ကို၊ ဗာ ဗု လုန် ဘု ရင် အား တင် လျှောက် ရန်၊ ခြေ လျင် နှင့် တ မန် အ ဆင့် ဆင့် တို့ အ သော့ သွား ၍ တွေ့ ဆုံ ကြ ၏။
  • 32
  • 33 အ သို့ ဆို သော်၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား၊ ဣ သ ရေ လ လူ မျိုး ၏ ဘု ရား သ ခင် က၊ သ တို့ သ မီး ဗာ ဗု လုန် သည်၊ နင်း သိပ် ဆဲ တ လင်း သ ဖွယ် ဖြစ်၍၊ ရုတ် က နဲ ရိတ် သိမ်း ချိန် ရောက် တော့ မည် ဟု မိန့် တော် မူ ၏။
  • 34 ဗာ ဗု လုန် ဘု ရင် နေ ဗု ခဒ် နေ ဇာ မင်း သည်၊ ငါ တို့ အား ကိုက် စား ခြင်း၊ အောင် မြင် ခြင်း၊ အိုး လွတ် သ ဖွယ် ထား ခြင်း၊ န ဂါး ဘာ ဝ မျို စား ခြင်း၊ မောင်း နှင် ၍ ငါ တို့ မြိန် ရှက် ရာ များ နှင့် ဝမ်း ဖြည့် ခြင်း များ ကို ပြု ရက် လေ စွ၊ ဟူ ၍ လည်း ကောင်း၊ ငါ့ ခ န္ဓာ၌ ပြု ခဲ့ သော အဓ္ဓ မ မှု သည်၊
  • 35 ဗာ ဗု လုန် မြို့ ပေါ် သို့ သင့် ရောက် ပါ လေ စေ ဟူ၍ လည်း ကောင်း၊ ငါ့ အ သွေး သည်၊ ခါ လ ဒဲ ပြည် သား တို့ အ ပေါ် သို့ သင့် ရောက် ပါ လေ စေ ဟူ ၍ လည်း ကောင်း၊ ဇိ အုန်၊ ယေ ရု ရှ လင် မြို့ ဆို ကြ ပါ စေ သော။
  • 36 သို့ နှင့် အ ညီ၊ ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် ကား၊ ငါ သည် သင့် ဘက် ၌ ချေ ပ ခြင်း၊ လက် စား ချေ ခြင်း ကို ပြု သည့် အ လျောက်၊ ဗာ ဗု လုန် မြို့ ဆိုင် ရာ အိုင်၊ ကန် များ ကို ခန်း ခြောက် စေ သ ဖြင့်၊
  • 37 ထို မြို့ သည် ခွေး အ တို့ အောင်း ရာ အ မှိုက် ပုံ၊ နေ သူ မဲ့ ပြက် ရယ် ပြု ရာ အံ့ ဖွယ် သူ ရဲ ဖြစ် လိမ့် မည်။
  • 38 ခြင်္သေ့ ပျို သ ဖွယ် ဟောက် ခြင်း၊ ခြင်္သေ့ သား ငယ် သ ဖွယ် ဟိန်း ခြင်း၊ အ တူ တ ကွ ပြု သော ထို သူ တို့ သည်၊
  • 39 စိတ် မာန် တက် သည့် ကာ လ၌၊ ပျော် ရွှင် ပြီး မှ၊ မ နိုး ရ သည့် တိုင် အောင်၊ အ စဉ် အိပ် ကြ စေ ခြင်း ငှာ၊ စား သောက် ပွဲ ကို ငါ ကျင်း ပ ၍ မူး ယစ် စေ မည် ဟု ငါ ထာ ဝ ရ ဘု ရား မိန့် ဆို ၏။
  • 40 သိုး သား ငယ် များ ကဲ့ သို့ လည်း ကောင်း၊ သိုး ထီး ဆိတ် ထီး များ ကဲ့ သို့လည်း ကောင်း၊ လုပ် ကြံ သုတ် သင် ခြင်း ကို ခံ စေ မည်။
  • 41 မြေ တစ် ပြင် လုံး၏ ချီး မွမ်း ဖွယ် ရာ ဗာ ဗု လုန် မြို့ သည် သိမ်း ယူ ခံ ရ သ ဖြင့်၊ လူ မျိုး ခြား တို့ တွင် အံ့ ဖွယ် သ ရဲ ဖြစ် ပြီ တ ကား။
  • 42 ဗာ ဗု လုန် မြို့ ပေါ် သို့ သ မု ဒ္ဒ ရာ ဆန် တက်၍၊ ဟုန်း သော လှိုင်း တံ ပိုး လွှမ်း မိုး လေ ပြီ။
  • 43 မြို့ ရွာ များ သည်၊ ဆိတ် ညံ ရာ လွင် ပြင်၊ သွေ့ ခြောက် ရာ ပြည် ဖြစ် လျက်၊ နေ ထိုင် သူ လူ သ တ္တ ဝါ၊ ဖြတ် သွား သူ့ လူ့ သား ရှိ တော့ မည် မ ဟုတ်။
  • 44 ဗာ ဗု လုန် မြို့ ရှိ ဗေ လ ဘု ရား ကို လည်း၊ ငါ ဒဏ် ခတ်၍၊ မျို စား ပြီး သော အ ရာ ကို အန် ထုတ် စေ သ ဖြင့်၊ လူ မျိုး ခြား တို့ ဆည်း ကပ် ကြ တော့ မည် မ ဟုတ်။ ဗာ ဗု လုန် မြို့ ရိုး လည်း ပြို လဲ လေ စွ ဟု မိန့် တော် မူ ၏။
  • 45 အို လူ မျိုး တော်၊ ထို မြို့ က ထွက် သွား လျက်၊ ငါ ထာ ဝ ရ ဘု ရား ၏ အ မျက် တော် အ ရှိန် မှ လွတ် မြောက် ကြ လော့။
  • 46 မင်း တစ် ပါး နှင့် တစ် ပါး တိုက် ခိုက် ခြင်း၊ နေ ပြည် အ တွင်း အ ဓ္ဓ မ ပြု ခြင်း သ တင်း ကို၊ တစ် နှစ် နောက် တစ် နှစ် ကြား ရ သော် လည်း၊ စိတ် ပျက် ကြောက် ရွံ့ ခြင်း ကင်း လျက် နေ ကြ လော့။
  • 47 ဗာ ဗု လုန် မြို့ ရှိ ရုပ် ပွား ဆင်း တု များ အ ပေါ် သို့၊ ငါ ဒဏ် ခတ် သ ဖြင့်၊ ပြည် လုံး ကျွတ် အ ရှက် ကွဲ၍၊ လုပ် ကြံ ခံ ရ သူ အ ပေါင်း တို့ သည်၊ ပြည် အ တွင်း ကျ ဆုံး ကြ ရ သည့် အ တွက်၊
  • 48 မိုး မြေ သည်၊ ရှိ ရှိ သ မျှ ပါ၊ ကျူး ဧ သော နေ့ ရက် ကာ လ ရောက် တော့ မည်။ မြောက် ပိုင်း မှ လု ယက် သူ တို့ ရောက် ကြ လ တ္တံ့ ဟု၊ ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။
  • 49 လုပ် ကြံ ခံ ရ သော၊ အို ဣ သ ရေ လ အ မျိုး သား တို့၊ ဗာ ဗု လုန် မြို့ ကြောင့်၊ မြေ တစ် ပြင် လုံး ၌ လုပ် ကြံ ခံ ရ သူ အ ပေါင်း တို့ ပြို လဲ ကြ သည့် အ တွက်၊ ဗာ ဗု လုန် မြို့ လည်း ပြို လဲ ရ လ တ္တံ့။
  • 50 အို ဓား ဘေး လွတ် ခဲ့ သူ တို့၊ မ ရပ် မ ဆိုင်း ထွက် သွား ကြ လော့။ အ ဝေး က ပင် ထာ ဝ ရ ဘု ရား ကို သ တိ ရ လျက်၊ ယေ ရု ရှ လင် မြို့ ကို နှ လုံး သွင်း ကြ လော့။
  • 51 ကဲ့ ရဲ့ ခြင်း စ ကား ကို ကြား ရ သည့် အ တွက် ငါ တို့ အ ရှက် ရ ကြ၏။ ဗိ မာန် တော် ၏ သန့် ရှင်း ရာ ဌာ န များ အ တွင်း သို့၊ လူ စိမ်း ဝင် ရောက် သော ကြောင့်၊ ရှက် ၍ မျက် နှာ ဝှက် ရ ကြ လေ စွ။
  • 52 သို့ ဖြစ်၍ ထာ ဝ ရ ဘု ရား က၊ ထို မြို့ ရှိ ရုပ် ပွား ဆင်း တု များ အ ပေါ် သို့ ငါ ဒဏ် ခတ် သ ဖြင့်၊ ပြည် လုံး အ တွင်း လုပ် ကြံ ခံ ရ သူ တို့ ညည်း တွား ကြ ရ သော နေ့ ရက် ကာ လ ရောက် တော့ မည်။
  • 53 ဗာ ဗု လုန် မြို့ သည် ကောင်း ကင် ထိ တက် ၍၊ လုံ ခြုံ ရာ ကုန်း ထိပ် ကို ခံ တပ် သ ဖွယ် ဖြစ် စေ သော် လည်း၊ ငါ့ ထံ မှ၊ လု ယက် သူ တို့ ဖောက် ဝင် ကြ လိမ့် မည် ဟု မိန့် တော် မူ ၏။
  • 54 ဗာ ဗု လုန် မြို့ မှ အော် သံ၊ ခါ လ ဒဲ ပြည် မှ ဖျက် ဆီး ပယ် ရှား သံ ကို ကြား ရ သည် တ ကား။
  • 55 ထာ ဝ ရ ဘု ရား သည် ဗာ ဗု လုန် မြို့ ကို လု ယက် လျက်၊ မြို့ အ သံ ဗ လံ ကို ဆိတ် စေ တော် မူ ၏။ သ မု ဒ္ဒ ရာ လှိုင်း တံ ပိုး သ ဖွယ် ဟုန်း သံ၊ အောင် သံ လွှင့် လျက်၊ လု ယက် သူ တို့ သည်၊
  • 56 ဗာ ဗု လုန် မြို့ တွင်း သို့ ဖောက် ဝင် သ ဖြင့်၊ သူ ရဲ ကောင်း တို့ ကို သုံ့ ပန်း ခြင်း၊ လေး များ ချိုး ဖြတ် ခြင်း များ ကို ပြု ကြ လေ ပြီ။ ထာ ဝ ရ ဘု ရား သည်၊ လက် စား ချေ သော ဘု ရား ဖြစ် သည့် အ တိုင်၊ မု ချ ဆပ် ပေး တော် မူ မည်။
  • 57 ထို ပြည် ရှိ မှူး မတ်၊ သု ခ မိန်၊ မြို့ ဝန်၊ မြို့ စား တို့ နှင့် သူ ရဲ ကောင်း တို့ ကို၊ ငါ မူး ယစ် စေ သ ဖြင့်၊ မ နိုး ရ ဘဲ အ စဉ် အိပ် ရ ကြ လိမ့် မည် ဟူ ၍၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား ဟု နာ မ တော် ရှိ သော ဘု ရင် မင်း မြတ် မိန့် တော် မူ ၏။
  • 58 ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား က လည်း၊ ထူ သော ဗာ ဗု လုန် မြို့ ရိုး များ သည်၊ သုတ် သင် ပယ် ရှား ခြင်း၊ မြင့် သော တံ ခါး များ လည်း၊ မီး ဖြင့် ကျွမ်း လောင် ခြင်း ခံ ရ မည်။ သို့ နှင့် အ ညီ၊ လူ မျိုး များ သည်၊ အ ချည်း နှီး အတွက် လည်း ကောင်း၊ လူ စု တို့ သည်၊ မီး လောင် စာ အတွက် လည်း ကောင်း၊ ပင် ပန်း စွာ လုပ် ကိုင် တတ် ကြ သည် တ ကား ဟူ ၍ တည်း။
  • 59 ယု ဒ ဘု ရင် ဇေ ဒ ကိ မင်း နန်း စံ လေး နှစ် တွင်၊ မာ သေ ယ မြေး၊ နေ ရိ သား ဖြစ် သူ၊ ဗာ ဗု လုန် မြို့ သို့ ထို မင်း နှင့် လိုက် ပါ သော၊ စခန်း ဝန် စ ရာ ယ အား ပ ရော ဖက် ယေ ရ မိ သည်၊ ဗာ ဗု လုန် မြို့ ကို ရည် လျက်၊
  • 60 အ ထက် ရေး ထား သည့်၊ ထို မြို့ ပေါ် သို့ သင့် ရောက် အံ့ သော ဘေး အ လုံး စုံ ကို၊ ကျမ်း ဂန် ရေး သား ပြီး လျှင်၊
  • 61 မှာ ထား သည် မှာ၊ ဗာ ဗု လုန် မြို့ သို့ သင် ရောက် သော အ ခါ၊ ဤ အ ချက် ချက် ကို သ တိ နှင့် ဖတ် ရွတ် ပြီး နောက်၊
  • 62 အို ထာ ဝ ရ ဘု ရား၊ ဤ မြို့ ကို ရည် လျက်၊ နေ ထိုင် သော လူ သူ တိ ရ စ္ဆာန် မဲ့ ဆိတ် ညံ ရာ ဖြစ် စေ ခြင်း ငှာ၊ ပယ် ရှား မည် ဟု မိန့် တော် မူ ပါ ပြီ ဟူ ၍ လျှောက် ထား လော့။
  • 63 ဤ ကျမ်း ဂန် ကို အ ဆုံး တိုင် ဖတ် ပြီး မှ၊ ကျောက် နှင့် ထုပ် လျက်၊ ဥ ဖ ရတ် မြစ် ထဲ သို့ ပစ် ချ ၍၊
  • 64 သင် က၊ ဗာ ဗု လုန် မြို့ သည်၊ ငါ သင့် ရောက် စေ သော ဘေး အ တွက်၊ မော ဟိုက် လျက်၊ နောင် မ ပေါ် ရ ဘဲ၊ ထို နည်း တူ နစ် မြုပ် လိမ့် မည့် အ ကြောင်း၊ ဆင့် ဆို လော့ ဟု မှာ လိုက် သ တည်း။ ယေ ရ မိ ပြန် ကြား ချက် ပြီး ၏။
回到本卷目录 回到本版本目录 回到首页