ယေ​ရ​မိ-52

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ဇေ ဒ ကိ မင်း သည် အိမ် နိမ့် နှစ် ဆယ့် တစ် နှစ် ရှိ သော်၊ နန်း တက်၍၊ ယေ ရု ရှ လင် မြို့၌ ဆယ့် တစ် နှစ် စိုး စံ လေ ၏။ မယ် တော့် အ မည် ကား၊ လိ ဗ န မြို့ သား ယေ ရ မိ၏ သ မီး ဟာ မု တ လ တည်း။
  • 2 ထို မင်း သည်၊ ယေ ခေါ နိ မင်း ပြု သ မျှ အ တိုင်း၊ ထာ ဝ ရ ဘု ရား ရှေ့ ဆိုး သွမ်း မှု ကို ပြု ကျင့် သည့် အ တွက်၊
  • 3 မျက် မှောက် တော် မှ ပယ် ပစ် သည့် တိုင် အောင်၊ ထာ ဝ ရ ဘု ရား အ မျက် တော် ကြောင့်၊ ယေ ရု ရှ လင် မြို့ မှ စ၍၊ ယု ဒ တစ် ပြည် လုံး ၌ ဘေး သင့် သ တည်း။ ဇေ ဒ ကိ မင်း လည်း၊ ဗာ ဗု လုန် ဘု ရင် ကို ခြား နား သည် ဖြစ် ၍၊
  • 4 နန်း စံ ကိုး နှစ်၊ ဒ သ မ လ၊ ဆယ် ရက် တွင်၊ ဗာ ဗု လုန် ဘု ရင် နေ ဗု ခဒ် နေ ဇာ မင်း သည်၊ အ လုံး အ ရင်း ပါ၊ ယေ ရု ရှ လင် မြို့ သို့ ချီ တက်၍၊ မြို့ ပတ် လည် တွင် က တုတ် လှန် ပြီး လျှင် ဇေ ဒ ကိ မင်း နန်း စံ ဆယ့် တစ် နှစ် တိုင် အောင် တပ် စွဲ ဝိုင်း ထား ကြ ၏။
  • 5
  • 6 စ တု တ္ထ လ၊ ကိုး ရက် နေ့ တိုင် ရောက် သော်၊ မြို့ သူ မြို့ သား တို့ အ စာ မဲ့ မွတ် သိပ်၍၊ မြို့ ရိုး လည်း ပေါက် သ ဖြင့်၊ ညဉ့် အ ခါ၊ ခါ လ ဒဲ စစ် တပ် ဝိုင်း ထား လျက် ပင်၊
  • 7 ဘု ရင် မင်း နှင့် တ ကွ စစ် သား အ ပေါင်း တို့ သည်၊ ဥ ယျာဉ် တော် အ နီး၊ မြို့ ရိုး နှစ် ထပ် ကြား မ လွယ် တံ ခါး ဖြင့်၊ မြို့ တွင်း မှ ထွက်၍၊ အာ ရာ ဗာ ချိုင့် လမ်း သို့ ပြေး သွား ကြ ရာ၊
  • 8 ခါ လ ဒဲ တပ် သား တို့ သည်၊ ဘု ရင် မင်း ကို လိုက် လံ လျက်၊ ယေ ရိ ခေါ ချိုင့် တွင်၊ ဗိုလ် ထု ကွဲ ပြား နှင့် သော ထို ဇေ ဒ ကိ မင်း ကို မှီ၍၊ ဖမ်း ဆီး ပြီး လျှင်၊
  • 9 ဟာ မတ် ပြည်၊ ရိ ဗ လ မြို့ ရှိ ဗာ ဗု လုန် ဘု ရင် ထံ ယူ သွား ကြ သော်၊ စီ ရင် သည့် အ တိုင်း၊
  • 10 ဗာ ဗု လုန် ဘု ရင် သည် သား တော် တို့ ကို ခ မည်း တော်၏ မျက် မှောက် တွင် ပင်၊ ကွပ် မျက်၍၊ ယု ဒ မှူး မတ် ရှိ သ မျှ ကို လည်း၊ ရိ ဗ လ မြို့ တွင် ကွပ် မျက် သည့် ပြင်၊
  • 11 ဇေ ဒ ကိ မင်း မျက် စိ ကို ဖောက် လျက်၊ ခြေ ချင်း စွဲ လျက်၊ ဗာ ဗု လုန် မြို့ သို့ ယူ သွား ပြီး လျှင်၊ အ သက် ထက် ဆုံး ကြေး တိုက် ၍ သွင်း ထား လေ ၏။
  • 12 ဗာ ဗု လုန် ဘု ရင် နေ ဗု ခဒ် နေ ဇာ မင်း နန်း စံ ဆယ့် ကိုး နှစ်၊ ပ ဥ္စ မ လ၊ ဆယ် ရက် တွင်၊ ဗာ ဗု လုန် ဘု ရင်၏ အ ပါး တော် ထမ်း၊ ကိုယ် ရံ တော် မှူး နေ ဗု ဇာ ရ ဒန် သည်၊ ယေ ရု ရှ လင် မြို့ သို့ ချီ တက် ၍၊
  • 13 ဗိ မာန် တော်၊ နန်း တော် မှ စ သော၊ ယေ ရု ရှ လင် မြို့ ရှိ တိုက် ကြီး၊ အိမ် ကြီး ဟူ သ မျှ ကို၊ မီး တိုက် လေ ၏။
  • 14 ကိုယ် ရံ တော် မှူး နောက် ပါ ခါ လ ဒဲ ဗိုလ် ထု တို့ လည်း၊ ယေ ရု ရှ လင် ပတ် လည် မြို့ ရိုး ကို ဖြို ဖျက် ကြ ပြီး လျှင်၊
  • 15 ဆင်း ရဲ သား အ ချို့ တို့ ကို လည်း ကောင်း၊ မြို့ တွင်း၌ ကြွင်း ကျန် သူ တို့ ကို လည်း ကောင်း၊ ဗာ ဗု လုန် ဘု ရင် ဘက် တော် သို့ ကူး ဝင် သူ တို့ ကို လည်း ကောင်း၊ လက် မှု ပ ညာ တတ် မြောက် သူ အ ကြွင်း အ ကျန် တို့ ကို လည်း ကောင်း၊ ကိုယ် ရံ တော် မှူး နေ ဗု ဇာ ရ ဒန် သည် သိမ်း သွား လျက်၊
  • 16 ဆင်း ရဲ သော ပြည် သူ ပြည် သား တို့ ကို ကား၊ လယ် ခြံ လုပ် ကိုင် စေ ရန် ထား ခဲ့၏။
  • 17 ဗိ မာန် တော် ရှိ ကြေး တိုင် များ၊ ကြေး ရေ ကန်၊ ကြေး အောက် ခံ များ ကို၊ ခါ လ ဒဲ လူ မျိုး တို့ ဖဲ့၍ ဗာ ဗု လုန် မြို့ သို့ ယူ သွား ကြ ၏။
  • 18 အိုး၊ ကော် ပြား၊ မီး ညှပ်၊ အင် တုံ၊ ခွက် မှ စ၍။ ဝတ် ပြု ရာ ကြေး အ သုံး အ ဆောင် များ ကို ယူ လျက်၊
  • 19 ရွှေ တန် ဆာ၊ ငွေ တန် ဆာ တည်း ဟူ သော၊ ဖ လား၊ မီး ကျီး ခံ၊ အင် တုံ၊ အိုး၊ မီး ခုံ၊ ခွက်၊ ဇ လုံ များ ကို လည်း၊ ကိုယ် ရံ တော် မှူး ယူ သွား လေ ၏။
  • 20 ဗိ မာန် တော် အ ဖို့ ရှော လ မုန် မင်း လုပ် ခဲ့ သော တိုင် နှစ် တိုင်၊ ရေ ကန် တစ် ကန်၊ ကြေး နွား ရုပ် ဆယ့် နှစ် ကောင်၊ အောက် ခံ များ ၏ ကြေး ကို ကား၊ မ ချိန် မ တွယ် နိုင် ချေ။
  • 21 တိုင် များ ဆို သော်၊ တစ် တိုင် လျှင် အ မြင့် ဆယ့် ရှစ် တောင်၊ လုံး ပတ် ဆယ့် နှစ် တောင်၊ ထု လေး သစ် အ ခေါင်း ပါ ၏။
  • 22 ကြေး တိုင် အုပ် အ မြင့် ငါး တောင် တွင်၊ ကြေး ကွန် ချာ နှင့် ကြေး သ လဲ သီး ပုံ များ ပါ ချယ် လယ်၏။ ဒု တိ ယ တိုင် လည်း သ လဲ သီး ပုံ များ ပါ၊ ထို နည်း တူ ပင် တည်း။
  • 23 ချယ် လှယ် သော ကွန် ချာ ရှိ သ လဲ သီး ပုံ ပေါင်း တစ် ရာ အ နက်၊ ကိုး ဆယ့် ခြောက် လုံး သည် တွဲ လွဲ နေ၏။
  • 24 ကိုယ် ရံ တော် မှူး သည်၊ ပ ရော ဟိတ် မင်း စ ရာ ယ၊ ဒု တိ ယ ပ ရော ဟိတ် ဇေ ဖ နိ၊ အ တွက် အ ဝင် စောင့် ကြည့် ရ သူ သုံး ယောက် တို့ ကို လည်း ကောင်း၊
  • 25 စစ် သူ ရဲ အုပ် မိန်း မ စိုး တစ် ယောက်၊ နောက် တွေ့ မင်း တိုင် ပင် အ မတ် ခု နစ် ယောက်၊ ပြည် တော် ဆိုင် ရာ စစ် အ မိန့် တော် ပြန် သံ တော် ဆင့် တစ် ယောက်၊ နောက် တွေ့ ပြည် သား ခြောက် ဆယ် တို့ ကိုလည်း ကောင်း၊ ဖမ်း ဆီး ၍ ရိ ဗ လ မြို့ ရှိ ဗာ ဗု လုန် ဘု ရင့် ထံ ယူ သွား ရာ၊
  • 26 ဟာ မတ် ပြည်၊ ရိ ဗ လ မြို့ တွင်၊ ဗာ ဗု လုန် ဘု ရင် ကွပ် မျက် လေ ၏။
  • 27
  • 28 နေ ဗု ခဒ် နေ ဇာ မင်း သိမ်း သွား သော သူ တို့ မှာ၊ နန်း စံ ခု နစ် နှစ် တွင်၊ ယု ဒ လူ မျိုး သုံး ထောင့် နှစ် ဆယ့် သုံး ယောက်၊ နန်း စံ ဆယ့် ရှစ် နှစ် တွင်၊
  • 29 ယေ ရု ရှ လင် မြို့ မှ သိမ်း သွား သူ ရှစ် ရာ့ သုံး ဆယ့် နှစ် ယောက်။
  • 30 နန်း စံ နှစ် ဆယ့် သုံး နှစ် တွင်၊ ကိုယ် ရံ တော် မှူး နေ ဗု ဇာ ရ ဒန် သိမ်း သွား သော ယု ဒ လူ မျိုး ခု နစ် ရာ့ လေး ဆယ့် ငါး ယောက်၊ စု စု ပေါင်း လေး ထောင့် ခြောက် ရာ တည်း။
  • 31 ယု ဒ ဘု ရင် ယေ ခေါ နိ မင်း သိမ်း သွား ခံ ရ သော သုံး ဆယ့် ခု နစ် နှစ်၊ ဒွါ ဒ သ မ လ၊ နှစ် ဆယ့် ငါး ရက် ၌၊ ဗာ ဗု လုန် ဘု ရင် ဧ ဝိ လ မေ ရော ဒက် မင်း သည်၊ နန်း စံ တစ် နှစ် တွင်၊ ထို မင်း ကို ကြေး တိုက် မှ လွှတ် ပြီး လျှင်၊
  • 32 ကောင်း မွန် စွာ နှုတ် ခွန်း ဆက် သ လျက်၊ လက် အောက် ခံ ဗာ ဗု လုန် မြို့ ရှိ ဘု ရင် တ ကာ တို့ ထက် နေ ရာ တော် မြင့် စေ လေ ၏။
  • 33 ယေ ခေါ နိ မင်း သည်၊ ကြေး တိုက် အ ဝတ် ကို လဲ၍၊ အ သက် ထက် ဆုံး အ ထံ တော် ၌ ပွဲ တော် စာ ကို အ စဉ် စား သောက် ခွင့် ရ၏။
  • 34 မ ကွယ် လွန် မ ချင်း အ သက် ထက် ဆုံး ပင်၊ ပွဲ တော် စာ ကို၊ ဗာ ဗု လုန် ဘု ရင် အ စဉ် ကျွေး မွေး သ တည်း။
回到本卷目录 回到本版本目录 回到首页