1
ရေ ခပ် အ နွယ် သား တို့ နေ ရာ သို့ သွား၍ နှုတ် ဆက် ပြီး လျှင်၊ ဗိ မာန် တော် ရှိ အ ခန်း တစ် ခန်း အ တွင်း ခေါ်၍ စပျစ် ရည် ကို တိုက် လော့ ဟု၊ ယော ရှိ မင်း သား တော်၊ ယု ဒ ဘု ရင် ယော ယ ကိမ် မင်း လက် ထက်၊ ငါ ယေ ရ မိ သို့ ရောက် လာ သော ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် အ တိုင်း။
2
3
ငါ သည် ဟာ ဗ ဇိ ညာ့ မြေး၊ ယေ ရ မိ သား ယာ ဇ ညာ မှ စ၍၊ သား များ၊ ဆွေ မျိုး သား ချင်း များ၊ ရေ ခပ် အ နွယ် သား ရှိ သ မျှ ကို၊
4
ဗိ မာန် တော် တွင် အ ထွက် အ ဝင် ကြည့် ရှု ရ သူ၊ ရှ လ္လုံ သား မာ သေ ယ ၏ အ ခန်း အ ထက် မှူး တော် မတ် တော် တို့ အ ခန်း အ နီး၊ ဘု ရား သ ခင့် လူ ယုံ တော် ဣ ဂ ဒါ လိ မြေး၊ ဟာ နန့် သား တို့ ၏ အ ခန်း အ တွင်း သို့ ခေါ် သွား ပြီး လျှင်၊
5
စ ပျစ် ရည် ပြည့် သော မြူ အိုး နှင့် ဖ လား များ ကို၊ ထို ရေ ခပ် အ နွယ် သား တို့ ရှေ့ တည် လျက်၊ စ ပျစ် ရည် သောက် ကြ ပါ ဟု တိုက် တွန်း သော်၊
6
ကျွန် တော် တို့ သည် စ ပျစ် ရည် မ သောက် ကြ ပါ။ အ နွယ် ၏ အ ဘ ဖြစ် သူ ရေ ခပ် သား ယော န ဒပ် က၊ တည်း ခို ရာ ပြည် ၌ တာ ရှည် စွာ နေ ရ ကြ ရန် သင် တို့ မှ စ ၍ သား စဉ် မြေး ဆက် တို့ သည် ကာ လ အ စဉ် စ ပျစ် ရည် သောက် ခြင်း၊ အိမ် ဆောက် ခြင်း၊ မျိုး ကြဲ ခြင်း၊ ခြံ လုပ် ခြင်း၊ အ ပိုင် ထား ခြင်း များ ကို မ ပြု ရ၊ တစ် သက် ပတ် လုံး တဲ ရှင် နှင့် သာ နေ ရ ကြ မည် ဟု မှာ ထား ပါ ၏။
7
8
ကျွန် တော် တို့ သည် အ ဘ ဖြစ် သူ ရေ ခပ် သား ယော န ဒပ် မှာ ထား သ မျှ ကို နား ထောင် ၍ စ ပျစ် ရည် သောက် ခြင်း၊ နေ အိမ် ဆောက် ခြင်း၊ ခြံ၊ လယ် ယာမျိုး၊ အ ပိုင် ထား ခြင်း များ ကို၊ မ ယား သား သ မီး တို့ ပါ တစ် သက် ပတ် လုံး မ ပြု ဘဲ၊
9
10
တဲ ရှင် နှင့် သာ လျက်၊ အ ဘ ယော န ဒပ် မှာ ထား သ မျှ အ တိုင်း လိုက် နာ ပြု ကျင့် ကြ ပါ ၏။
11
သို့ ရာ တွင် ဗာ ဗု လုန် ဘု ရင် နေ ဗု ခဒ် နေ ဇာ မင်း သည် ပြည် တော် သို့ ချီ တက် သည့် ကာ လ၊ ခါ လ ဒဲ အ လုံး အ ရင်း၊ ရှု ရိ အ လုံး အ ရင်း များ အ တွက် ကြောင့် ယေ ရု ရှ လင် မြို့ သို့ ခို ဝင် ကြ ကုန် အံ့ ဟု ဆို ကြ သည့် အ လျောက် ယေ ရု ရှ လင် မြို့၌ နေ ထိုင် ရ ပါ သည် ဟု၊ ထို သူ တို့ ပြန် ဆို ကြ ၏။
12
ထို အ ခါ၊ ယေ ရ မိ သို့ ရောက် ပြန် သော၊ ထာ ဝ ရ ဘု ရား ၏ ဗျာ ဒိတ် တော် ကား။
13
ဣ သ ရ လ လူ မျိုး ၏ ဘု ရား သ ခင်၊ ဗိုလ် ခြေ တို့ အ ရှင် ငါ ထာ ဝ ရ ဘု ရား က၊ ယု ဒ ပြည် သူ ယေ ရု ရှ လင် မြို့ သား တို့ ရှိ ရာ သို့ သွား ပြီး လျှင် ဗျာ ဒိတ် တော် ချက် များ ကို နား ထောင် ရန်၊ အ ဆုံး အ မ ကို မ နာ ယူ သ လော။
14
စ ပျစ် ရည် မ သောက် ရ ဟူ၍၊ ရေ ခပ်၏ သား ယော န ဒပ် မှာ ထား ချက် သည် အ တည် ဖြစ် လျက် အ ဘ၏ အ မိန့် ကို နား ထောင် သ ဖြင့်၊ ယ ခု တိုင် တိုင် သား စဉ် မြေး ဆက် တို့ မ သောက် ဘဲ နေ ကြ ၏။ သင် တို့ မှာ မူ ငါ ဝိ ရိ ယ စိုက်၍ မိန့် မှာ သော် လည်း နား မ ထောင် ကြ ချေ။
15
ဘိုး ဘေး များ မှ စ၍ သင် တို့ အား ငါ ပေး ခဲ့ သော ပြည် တွင် နေ ထိုင် ခွင့် ရ ကြ ရန်၊ အ ခြား ဘု ရား များ နောက် မ လိုက် မ လျှောက်၊ ဝတ် မ ပြု ဘဲ၊ ဆိုး သွမ်း သော ကိုယ့် အ လေ့ အ လာ များ မှ၊ အ သီး အ သီး ပြောင်း လဲ ၍ အ ကျင့် အ ကြံ များ ကို ပြု ပြင် ကြ လော့ ဟု၊ ဆင့် ဆို ရ သော ကျွန် တော် ရင်း ပ ရော ဖက် တို့ ကို ငါ ဝိ ရိ ယ စိုက် ၍ စေ လွှတ် သော် လည်း နာ ခံ နား ထောင် ခြင်း မ ပြု ဘဲ၊ သင် တို့ နေ ကြ လေ စွ။
16
သို့ ဖြစ် ၍ ရေ ခပ် သား ယော န ဒပ် သား စဉ် မြေး ဆက် တို့ သည် အ ဘ မှာ ထား ချက် ကို အ တည် ပြု လျက် နှင့် ငါ၏ ဗျာ ဒိတ် ကို ဤ လူ မျိုး နား မ ထောင် ဘဲ နေ ကြ သည့် အ တွက် ကြောင့်၊
17
ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင်၊ ဗိုလ် ခြေ တို့ အ ရှင် ငါ ထာ ဝ ရ ဘု ရား သ ခင် က၊ ယု ဒ ပြည် သူ ယေ ရု ရှ လင် မြို့ သား တို့ သည် ငါ မိန့် မှာ သော အ ခါ၊ နား မ ထောင်။ ငါ ခေါ် သော အ ခါ၊ မ ထူး ဘဲ နေ ကြ သည့် အ တွက် ပြ ဋ္ဌာန်း သ မျှ သော ဘေး ကို၊ ငါ သင့် ရောက် စေ မည် ဟု မိန့် ဆို ကြောင်း ဆင့် ဆို လော့ ဟူ၍ တည်း။
18
ရေ ခပ် အ နွယ် သား တို့ အား လည်း ယေ ရ မိ က၊ သင် တို့ သည် အ ဘ ယော န ဒပ် မှာ ထား ခဲ့ သ မျှ သော အ ချက် များ ကို လိုက် နာ ပြု ကျင့် စောင့် ရှောက် ကြ သော ကြောင့် ရှေ့ တော် တွင် အ စဉ် ခ စား ရ သော၊ ရေ ခပ် သား ယော န ဒပ် ၏ အ ဆက် အ နွယ် မ ပြတ် ရ ဟု ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား၊ ဣ သ ရေ လ လူ မျိုး ၏ ဘု ရား သ ခင် မိန့် တော် မူ ကြောင်း ဆင့် ဆို လေ ၏။
19