1
ယော ရှိ မင်း သား တော်၊ ယု ဒ ဘု ရင် ယော ယ ကိမ် မင်း နန်း စံ လေး နှစ် တွင် ယေ ရ မိ သို့ ရောက် လာ သော ထာ ဝ ရ ဘု ရား ၏ ဗျာ ဒိတ် တော် ကား။
2
ပေ လိပ် ကို ယူ ပြီး လျှင် ယော ရှိ မင်း လက် ထက်၊ ငါ မိန့် ဆို သည့် နေ့ က စ၍ ယ ခု တိုင် အောင်၊ ဣ သ ရေ လ လူ မျိုး၊ ယု ဒ လူ မျိုး၊ အ ခြား သော လူ မျိုး တို့ အား ရည် လျက် ငါ မိန့် ဆို သ မျှ သော ဗျာ ဒိတ် ချက် များ ကို ရေး တင် လော့။
3
ငါ ပြ ဋ္ဌာန်း သ မျှ သော မ ကောင်း ကျိုး ကို ကြား သိ လျှင် အ ပြစ် ဒု စ ရိုက် ကို ငါ ဖြေ လွှတ် ရ စေ ခြင်း ငှာ၊ ယု ဒ အ မျိုး သား အ သီး သီး တို့ သည် ကိုယ့် မ ကောင်း လမ်း မှ ကြဉ် ရှောင် ကောင်း ကြဉ် ရှောင် ကြ လိမ့် မည် ဟု ရောက် လာ သော်၊
4
ယေ ရ မိ ခေါ် သော၊ နေ ရိ သား ဗာ ရုတ် သည်၊ ထာ ဝ ရ ဘု ရား မိန့် တော် မူ သ မျှ သော ဗျာ ဒိတ် ချက် များ ကို၊ ယေ ရ မိ နှုတ် ထွက် အ တိုင်း ပေ လိပ် တွင် ရေး တင် ၏။
5
ထို့ နောက် ယေ ရ မိ က၊ ငါ သည် ကန့် ကွက် ခံ ရ သ ဖြင့်၊ ဗိ မာန် တော် သို့ မ သွား ရ။
6
သင် မှာ မူ သွား ၍ ငါ့ နှုတ် ထွက် အ တိုင်း၊ ပေ လိပ် တွင် ရေး တင် သော၊ ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် ချက် များ ကို၊ အ စာ ရှောင် သော နေ့ ၌၊ မြို့ ရွာ များ မှ ရောက် လာ သော ယု ဒ ပြည် သူ ပြည် သား တို့ နှင့်၊ ဗိ မာန် တော် ရှိ လူ ပ ရိ သတ် ရှေ့၊ ဖတ် ရွတ် လော့။
7
ဤ လူ မျိုး အ ပေါ် ၌ ထာ ဝ ရ ဘု ရား ပြ ဋ္ဌာန်း တော် မူ သော အ မျက် ဒေါ သ ပြင်း ထန် လှ သည် ကို ထောက် ၍၊ အသီး အ သီး တို့ သည် ထာ ဝ ရ ဘု ရား ရှေ့ အ သ နား တော် ခံ လျက်၊ ကိုယ့် မ ကောင်း လမ်း မှ ကြဉ် ရှောင် ကောင်း ကြဉ် ရှောင် ကြ လိမ့် မည် ဟု၊ ပ ရော ဖက် ယေ ရ မိ မှာ လိုက် သ မျှ အ တိုင်း၊
8
နေ ရိ သား ဗာ ရုတ် သည် နာ ယူ လျက် ထို ကျမ်း ပါ ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် ချက် များ ကို၊ ဗိ မာန် တော် တွင် ဖတ် ရွတ် လေ ၏။
9
ယော ရှိ မင်း သား တော်၊ ယု ဒ ဘု ရင် ယော ယ ကိမ် မင်း နန်း စံ ငါး နှစ်၊ န ဝ မ လ တွင်၊ ယေ ရု ရှ လင် မြို့ သူ မြို့ သား တို့ နှင့်၊ ယု ဒ ပြည် မြို့ ရွာ များ မှ မြို့ တော် သို့ ရောက် လာ သူ အ ပေါင်း တို့ သည်၊ အ စာ ရှောင် ရာ နေ့ ကို ကြော် ငြာ ကြ သည့် အ လျောက်၊
10
ဗိ မာန် တော် အ ထက် တံ တိုင်း အ တွင်း၊ တံ ခါး တော် သစ် ဝ အ နီး သံ တော် ဆင့် ရှာ ဖန်၏ သား ဂေ မ ရိ အ ခန်း ၌၊ ကျမ်း ပါ သော ယေ ရ မိ ပြန် ကြား ချက် များ ကို၊ လူ ပ ရိ သတ် ရှေ့၊ ဗာ ရုတ် ဖတ် ရွတ် သည့် အ တိုင်း၊
11
ရှာ ဖန့် မြေး၊ ဂေ မ ရိ သား မိ က္ခာ ယ သည်၊ ထို ကျမ်း ပါ သ မျှ သော ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် ချက် ကို ကြား လျှင်၊
12
သံ တော် ဆင့် ဧ လိ ရှ မာ၊ ရှေ မာ ယ သား ဒေ လာ ယ၊ အာ ခ ဗော် သား လေ နာ သန်၊ ရှာ ဖန့် သား ဂေ မ ရိ၊ ဟာ န နိ သား ဇေ ဒ ကိ မှ စ သော မှူး မတ် အ ပေါင်း တို့ ထိုင် နေ ရာ၊ နန်း တော် ရှိ သံ တော် ဆင့် ၏ အ ခန်း တွင်း သို့ ဝင် သွား လျက်၊
13
လူ ပ ရိ သတ် ရှေ့ ဗာ ရုတ် ဖတ် ရွတ် ရာ ကြား သ မျှ သော ကျမ်း များ ကို ပြန် ကြား လေ ၏။
14
ထို အ ခါ၊ မှူး မတ် တို့ သည် ကု ရှိ မြစ်၊ ရှေ လ မိ မြေး၊ နာ သ နိ သား ယေ ဟု ဒိ ကို၊ ဗာ ရုတ် ထံ စေ လွှတ် လျက်၊ လူ ပရိ သတ် ရှေ့ ဖတ် ရွတ် ခဲ့ ရာ ကျမ်း လိပ် ကို ကိုင် ယူ ခဲ့ လော့ ဟု ဆင့် ခေါ် သည့် အ တိုင်း၊ နေ ရိ သား ဗာ ရုတ် သည် ကျမ်း လိပ် ကို ကိုင် ယူ ရောက် လာ သော်၊
15
ငါ တို့ ရှေ့ ထိုင် နေ ဖတ် ရွတ် ဦး လော့ ဟု ဆို ကြ သ ဖြင့် ဗာ ရုတ် ဖတ် ရွတ် လေ ၏။
16
ထို ကျမ်း ချက် ဟူ သ မျှ ကို ကြား ကြ လျှင် အ ချင်း ချင်း အံ့ အား သင့် လျက်၊ ဤ အ ချက် အ လုံး စုံ ကို ဘု ရင် မင်း မြတ် ထံ မု ချ တင် လျှောက် မည် ဟု၊ ဗာ ရုတ် အား ဆို ကြ ပြီး နောက်၊
17
ပ ရော ဖက် နှုတ် ထွက် အ တိုင်း၊ ထို အ ချက် အ လုံး စုံ ကို မည် သို့ ရေး ကြောင်း ဖော် ပြ လော့ ဟု ဆို ကြ ရာ၊
18
ဗာ ရုတ် က၊ ကျွန် တော် သည် ပ ရော ဖက် နှုတ် မြွက် ဆင့် ဆို သ မျှ ဤ အ ချက် များ ကို မင် ဖြင့် ကျမ်း ဂန် ရေး သား ပါ ပြီ ဟု ပြန် လျှောက် သော်၊
19
သင် နှင့် ယေ ရ မိ နှစ် ဦး လုံး သွား၍ နေ ရာ ကို တစ် ဦး တစ် ယောက် မျှ မ သိ စေ ဘဲ ပုန်း ရှောင် ကြ ဟု၊ မှူး မတ် တို့ သ တိ ပေး လျက်၊
20
ကျမ်း လိပ် ကို သံ တော် ဆင့် ဧ လိ ရှ မာ ၏ အ ခန်း တွင် သို ထား ပြီး လျှင်၊ နန်း မြို့ ရိုး အ တွင်း စံ နေ သော ဘု ရင် မင်း ထံ တိုး ဝင် ၍ အ မှု အ ရေး ကို အ လုံး စုံ တင် လျှောက် ကြ သည့် အ တိုင်း၊
21
ကျမ်း လိပ် ကို ယူ ဆောင် ရန် ဘု ရင် မင်း လွှတ် လိုက် သော ယေ ဟု ဒိ သည် သံ တော် ဆင့် ဧ လိ ရှ မာ၏ အ ခန်း ထဲ မှ ယူ ဆောင် ပြီး လျှင် ဘု ရင် မင်း နှင့် ခ စား သော မှူး မတ် တို့ ရှေ့ ဖတ် ရွတ် လေ ၏။
22
န ဝ မ လ ဖြစ် သည့် အ လျောက်၊ ဘု ရင် မင်း သည်၊ သု ဘ နန်း ဆောင် တွင်၊ မီး အိုး ကင်း အ နီး၊ မီး လှုံ လျက် စံ နေ စဉ်၊
23
သုံး လေး ကန့် တိုင် ယေ ဟု ဒိ ဖတ် မိ လျှင်၊ အိုး ကင်း ရှိ မီး ၌ ကျမ်း လိပ် မ ကုန် မ ချင်း၊ ဓား မျှောင် နှင့် အ ကြိမ် ကြိမ် လှီး ဖြတ် ၍ ပစ် ရှို့ လေ ၏။
24
ဧ လ နာ သန်၊ ဒေ လာ ယ၊ ဂေ မ ရိ တို့ သည် ထို ကျမ်း လိပ် ကို မ ကျွမ်း စေ ခြင်း ငှာ၊ အ သ နား ခံ ကြ သော် လည်း၊ ဘု ရင် မင်း နား မ ဝင် သည့် ပြင်၊ ထို ကျမ်း ချက် အ လုံး စုံ ကို ကြား ရ သူ၊ ကျေး ကျွန် သင်း ပင်း တို့ နှင့် တ ကွ၊ မ ကြောက် မ ရွံ့၊ အ ဝတ် မ ဆုတ် ဘဲ နေ လေ ၏။
25
26
ပ ရော ဖက် ယေ ရ မိ နှင့် ကျမ်း ရေး သူ ဗာ ရုတ် တို့ ကို ဖမ်း ဆီး ရန်၊ မင်း သား ယေ ရ မေ လ၊ အာ ဇ ရေ လ သား စ ရာ ယ၊ အာ ဗ ဒေ လ သား ရှေ လ မိ တို့ အား၊ ဘု ရင် မင်း အ မိန့် ထုတ် သော် လည်း ထာ ဝ ရ ဘု ရား ဝှက် ထား တော် မူ သ တည်း။
27
ယေ ရ မိ နှုတ် ထွက် အ တိုင်း ဗာ ရုတ် ရေး တင် ပြီး အ ချက် များ ပါ သော ကျမ်း လိပ် ကို၊ ဘု ရင် မင်း ကျွမ်း စေ ပြီး နောက်၊ ယေ ရ မိ သို့ ရောက် ပြန် သော၊ ထာ ဝ ရ ဘု ရား ၏ ဗျာ ဒိတ် တော် ကား။
28
ပေ တစ် လိပ် ကို ယူ ၍၊ ယု ဒ ဘု ရင် ယော ယ ကိမ် ကျွမ်း စေ ခဲ့ သော၊ မူ လ ကျမ်း လိပ် ပါ သ မျှ အ ချက် အ ရ၊ ရေး ဦး လော့။
29
ယု ဒ ဘု ရင် ယော ယ ကိမ် ကို ရည် လျက်၊ ဆ ရာ က၊ ဗာ ဗု လုန် ဘု ရင် သည် ဤ ပြည် ကို မု ချ ချီ ဝင် ဖျက် ဆီး ရာ၊ လူ သူ တိ ရ စ္ဆာန် များ ပ ပျောက် စေ မည့် အ ကြောင်း၊ အ ဘယ့် ကြောင့် ရေး သ နည်း ဟု ဆို လျက် မူ လ ကျမ်း လိပ် ကို သင် ကျွမ်း စေ သော ကြောင့်၊
30
ထို ယု ဒ ဘု ရင် ယော ယ ကိမ် သည် ဒါ ဝိဒ် မင်း ၏ နန်း ကို ဆက် ခံ သူ အ မျိုး အ နွယ် မ ကျန် နေ့ အ ခါ ၌ နေ ပူ သို့ လည်း ကောင်း၊ ညဉ့် အ ခါ ၌ နှင်း ခဲ သို့ လည်း ကောင်း အ သေ ကောင် ပစ် ချ ခံ ရ မည့် ပြင်၊
31
ထို မင်း မှ စ ၍ အ ဆက် အ နွယ် နှင့် ကျေး ကျွန် သင်း ပင်း တို့ ဒု စ ရိုက် အ တွက် ကြောင့် ဒဏ် ခတ်၍၊ ယေ ရု ရှ လင် မြို့ သူ ယု ဒ ပြည် သား တို့ နှင့် တ ကွ၊ ချင်း တို့ မ နာ ခံ လျက် ပင်၊ ငါ ပြ ဋ္ဌာန်း သ မျှ သော ဘေး ကို သင့် ရောက် စေ မည့် အ ကြောင်း၊ ငါ ထာ ဝ ရ ဘု ရား မိန့် ဆို သည် ဟု ဆင့် ဆို ရန် မိန့် တော် မူ သည့် အ လျောက်၊
32
ပေ တစ် လိပ် ကို ယေ ရ မိ ယူ ၍ နေ ရိ သား၊ ကျမ်း ရေး သူ ဗာ ရုတ် အား အပ် ပေး ပြီး လျှင်၊ ဗာ ရုတ် သည် ယု ဒ ဘုရင် ယော ယ ကိမ် မင်း ကျွမ်း စေ သော၊ ကျမ်း ပါ အ ချက် အ လုံး စုံ ကို၊ အ လား တူ အ ချက် များ ပါ၊ ယေ ရ မိ နှုတ် ထွက် အ တိုင်း ရေး ပြန် သတည်း။