1
ဗာ ဗု လုန် ဘု ရင် နေ ဗု ခဒ် နေ ဇာ မင်း သည် အ လုံး အ ရင်း နှင့် တ ကွ အုပ် စိုး ရ သ မျှ သော၊ မြေ ပေါ် ရှိ တိုင်း နိုင်ငံ လူ အ မျိုး မျိုး တို့ ပါ၊ ယေ ရု ရှ လင် မြို့ နှင့် ဆိုင် ရာ မြို့ များ ကို တိုက် ခိုက် နေ စဉ်၊ ယေ ရ မိ သို့ ရောက် လာ သော ထာ ဝ ရ ဘု ရား ၏ ဗျာ ဒိတ် တော် ကို ရေး ဦး အံ့။
2
ဣ သ ရေ လ လူ မျိုး ၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား က၊ ယု ဒ ဘု ရင် ဇေ ဒ ကိ ထံ သွား ၍ ဆင့် ဆို ရ မည် မှာ၊ မီး တိုက် မည့် ဗာ ဗု လုန် ဘု ရင့် လက် တွင်း သို့ ဤ မြို့ ကို ငါ အပ် နှင်း သည့် အ လျောက်၊
3
သင့် ကိုယ် တိုင် မ လွတ် မ မြောက် ဘဲ သုံ့ ပန်း ခံ ရ သ ဖြင့် ထို မင်း၏ လက် တွင်း သို့ ရောက် ၍၊ မျက် မှောက် ထင် ထင် ရှု မြင် ပြော ဆို ပြီး လျှင် ဗာ ဗု လုန် မြို့ သို့ လိုက် သွား ရ မည် ဟု၊ ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း။
4
သို့ ရာ တွင်၊ ယု ဒ ဘု ရင် အို ဇေ ဒ ကိ မင်း၊ ဗျာ ဒိတ် တော် ကို နာ ခံ ဦး လော့။ ငါ ထာ ဝ ရ ဘု ရား ဗျာ ဒိတ် ပေး ခဲ့ သည် နှင့် အ ညီ သင် သည် ဓား လက် နက် ဖြင့် မ သေ။
5
ချမ်း သာ စွာ ကွယ် လွန် ခွင့် ရ ၍ ယ မန် မင်း ပြု ခဲ့ သော သင် ၏ ဘိုး ဘေး တို့ ခံ ရ ကြ သည့် နည်း တူ၊ နံ သာ ပေါင်း ရှို့ ခြင်း၊ အို အ ရှင် ဘု ရား ဟူ ၍ မြည် တမ်း ခြင်း များ ကို ခံ ရ မည် ဟု၊ သင့် အား ရည် လျက် ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း များ ကို ဆင့် ဆို ရန် အ မိန့် တော် အ တိုင်း၊
6
ယေ ရု ရှ လင် မြို့ မှ စ ၍ ယု ဒ ပြည် ရှိ ခံ မြို့ များ အ နက် ကျန် သေး သော လာ ခိ ရှ နှင့် အ ဇ ကာ မြို့ များ ကို ဗာဗု လုန် ဘု ရင်၏ အ လုံး အ ရင်း တိုက် ခိုက် နေ စဉ် ပင်၊ ယု ဒ ဘု ရင် ဇေ ဒ ကိ မင်း ထံ ယေ ရု ရှ လင် မြို့ တွင် ထို ဗျာဒိတ် ချက် ဟူ သ မျှ ကို ပ ရော ဖက် ယေ ရ မိ ဆင့် ဆို လေ ၏။
7
8
ဆွေ မျိုး သား ချင်း ယု ဒ လူ မျိုး ကို မ စေ စား ဘဲ လွတ် ခွင့် ကြော် ငြာ ၍ အ ရှင် ဟူ သ မျှ သည် ဟေ ဗြဲ လူ မျိုး ဖြစ် သူ၊ ကိုယ့် ကျွန် ယောက်ျား ကျွန် မိန်း မ အား၊ လွတ် သွား ခွင့် ပေး ကြ မည့် အ ကြောင်း ယေ ရု ရှ လင် မြို့ သူ မြို့ သား တို့ နှင့် ဇေဒ ကိ မင်း ပ ဋိ ညာဉ် ပြု သည့် အ တိုင်း ဆက် လက် မ စေ စား ဘဲ၊
9
10
ကိုယ် ပိုင် ကျွန် ယောက်ျား ကျွန် မိန်း မ ကို အ သီး အ သီး လွတ် သွား ခွင့် ပေး ရန်၊ ထို ပ ဋိ ညာဉ် ကို ဝန် ခံ သော မှူး မတ် တို့ နှင့် မြို့ သူ မြို့ သား တို့ သည် နာ ခံ နား ထောင် လျက် လွှတ် ကြ ပြီး နောက် သ ဘော ပြောင်း ၍၊
11
လွှတ် ပြီး သော ကျွန် ယောက်ျား ကျွန် မိန်း မ တို့ ကို ပြန် ခေါ် လျက်၊ ကျွန် ခံ စေ သော ကြောင့်၊
12
ယေ ရ မိ သို့ ရောက် လာ သော ထာ ဝ ရ ဘု ရား ၏ ဗျာ ဒိတ် တော် ကား။
13
ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင် ငါ ထာ ဝ ရ ဘု ရား က၊ ကိုယ် ကို ရောင်း ချ ၍ ခြောက် နှစ် အ စေ ခံ ပြီး သော ဆွေ မျိုး သား ချင်း ဟေ ဗြဲ လူ မျိုး ကို သ တ္တ မ နှစ် တွင် လွတ် သွား ခွင့် ပေး ကြ ရ မည့် အ ကြောင်း၊ ကျွန် ခံ နေ ရာ အိ ဂျစ် ပြည် မှ ထုတ် ဆောင် သော နေ့ ရက် ကာ လ၌ သင် တို့ ဘိုး ဘေး များ နှင့် ပဋိ ညာဉ် ကို ငါ ဖွဲ့ သော် လည်း နာ ခံ နား ထောင် ခြင်း မ ပြု ကြ ချေ။
14
15
ယ ခု မှာ လည်း သင် တို့ သည် သ ဘော ပြောင်း၍ အ ချင်း ချင်း အား လွတ် ခွင့် ကြော် ငြာ သ ဖြင့် မျက် မှောက် တော် တွင် ဖြောင့် မှန် စွာ ပြု ကျင့် လျက်၊ နာ မ တော် ဖြင့် သ မုတ် ခံ သော ဗိ မာန် တော့် အ တွင်း၊ ရှေ့ တော်၌ ပ ဋိ ညာဉ် ကို ဝန် ခံ ကြ သော် လည်း၊
16
အ သီး အ သီး တို့ သ ဘော ဖောက် ပြန် ၍၊ အ လို အ လျောက် လွတ် သွား ခွင့် ပေး ပြီး သော၊ ကျွန် ယောက်ျား၊ ကျွန် မိန်း မ ကို၊ ပြန် ခေါ် လျက် ကျွန် ခံ စေ သ ဖြင့်၊ နာ မ တော် ကို ညှိုး ပုတ် စေ ကြ ပြီ တ ကား ဟု မိန့် ဆို ၏။
17
သို့ ဖြစ် ၍ ငါ ထာ ဝ ရ ဘု ရား က၊ သင် တို့ သည် အ ပေါင်း အ ဖော် ချင်း၊ ဆွေ မျိုး သား ချင်း တို့ အား၊ လွတ် သွား ခွင့် ကြော် ငြာ ရန် ဗျာ ဒိတ် တော် ကို နား မ ထောင် ကြ သည့် အ တွက် ငါ လည်း သင် တို့ ကို သ တ္တ န္တ ရ ကပ်၊ ရော ဂ န္တ ရ ကပ်၊ ဒု ဗ္ဘိ က္ခ န္တ ရ ကပ် များ အ တွင်း သို့၊ လွတ် သွား ခွင့် ကြော် ငြာ သည့် အ လျောက်၊ မြေ ပေါ် ရှိ တိုင်း နိုင် ငံ အ ရပ် ရပ် တွင် ထိတ် လန့် ဖွယ် ထား မည်။
18
ပ ဋိ ညာဉ် တော် ကို ဖောက် ကျော် သူ၊ နွား သား ငယ် ကို ထက် ခြမ်း ခွဲ ပြီး လျှင်၊ ခွဲ ခြမ်း ကြား တွင် လျှောက် သွား လျက်၊ ရှေ့ တော်၌ ဝန် ခံ သော ပ ဋိ ညာဉ် ချက် ကို အ တည် မ ပြု သူ တည်း ဟူ သော။
19
ထို နွား ခြမ်း ကြား တွင် လျှောက် သွား သူ ယု ဒ ပြည် ယေ ရု ရှ လင် မြို့ မှူး မတ် များ မှ စ၍၊ မိန်း မ စိုး များ၊ ပ ရော ဟိတ် များ နှင့် ပြည် သူ ပြည် သား များ ကို၊
20
အ သက် အ န္တ ရာယ် ရှာ ကြံ သူ ရန် ဘက် တို့ လက် တွင်း သို့ ငါ အပ် နှင်း သ ဖြင့်၊ အ လောင်း များ သည် လေ သ တ္တ ဝါ၊ မြေ သ တ္တ ဝါ တို့ အ စာ ဖြစ် ကြ လ တ္တံ့။
21
ယု ဒ ဘု ရင် ဇေ ဒ ကိ ကို လည်း မှူး မတ် များ ပါ၊ အ သက် အ န္တ ရာယ် ရှာ ကြံ သူ ရန် ဘက်၊ ဆုတ် ခွာ ပြီး ဗာ ဗု လုန် ဘု ရင် ၏ အ လုံး အ ရင်း လက် တွင်း သို့ ငါ အပ် နှင်း မည်။
22
ငါ အ မိန့် ရှိ သ ဖြင့်၊ ထို အ လုံး အ ရင်း သည် ဤ မြို့ ကို ပြန် တက် တိုက် ခိုက် သိမ်း ယူ ၍၊ ကျွမ်း လောင် စေ သည့် အလျောက်၊ ယု ဒ ပြည် မြို့ ရွာ များ ကို လည်း၊ နေ သူ မဲ့ ဆိတ် ညံ ရာ ဖြစ် စေ မည် ဟု၊ ငါ ထာ ဝ ရ ဘု ရား မိန့် ဆို သည် ဟူ ၍ တည်း။