1
ဤ မြို့ အ တွင်း တွင် နေ သေး သူ သည် သ တ္တ န္တ ရ ကပ်၊ ဒု ဗ္ဘိ က္ခ န္တ ရ ကပ်၊ ရော ဂ န္တ ရ ကပ် များ ကြောင့် သေ ရ မည်။ ခါ လ ဒဲ တပ် သား တို့ ထံ ထွက် သွား သူ မှာ မူ အ သက် ဆု၊ အ သက် ချမ်း သာ ကို ရ လျက် ရှင် ရ လ တ္တံ့ ဟူ၍ လည်း ကောင်း၊ ဤ မြို့ ကို သိမ်း ယူ မည့် ဗာ ဗု လုန် ဘု ရင့် အ လုံး အ ရင်း လက် တွင်း သို့ မု ချ အပ် နှင်း မည် ဟူ၍ လည်း ကောင်း၊ ထာ ဝ ရ ဘု ရား ဗျာ ဒိတ် ပေး တော် မူ သည် ဟု လူ ပ ရိ သတ် အား ယေ ရ မိ ဆင့် ဆို ချက် များ ကို ကြား ရ သော၊ မ သန့် သား ရှေ ပ တိ၊ ပါ ရှု ရ သား ဂေ ဒ လိ၊ ရှေ လ မိ သား ယေ ဟု က လ၊ မာ ရ ခိ သား ပါ ရှု ရ တည်း ဟူ သော၊
2
3
4
မှူး မတ် တို့ က၊ ဤ သူ သည် လူ မျိုး ချင်း တို့ အ ကျိုး ကို မ ရှာ၊ အ န္တ ရာယ် ကို သာ ရှာ ကြံ သည် နှင့် အ ညီ၊ ကြော် ငြာ သော စ ကား များ ဖြင့်၊ မြို့ တော် တွင် ကျန် သေး သော သူ ရဲ တို့ နှင့် မြို့ သား တို့ ကို လက် လျော့ စေ သည့် အ တွက် သေ ဒဏ် ပေး တော် မူ ပါ ဟု ဘု ရင် မင်း ထံ တင် လျှောက် ကြ သော်၊
5
ဇေ ဒ ကိ မင်း က၊ ထို သူ သည် သင် တို့ လက် ဝယ် ရှိ ၏။ မှူး မတ် တို့ ဆန့် ကျင် ဘက် ကို၊ ငါ ဘု ရင် စဉ် လျက် မ ပြု နိုင် ဟု မိန့် ဆို သည့် အ တိုင်း၊
6
ထို သူ တို့ သည် ယေ ရ မိ ကို ဆွဲ ငင်၍ နှောင် အိမ် မြို့ ရိုး ငယ် အ တွင်း ရှိ၊ မင်း သား မာ လ ခိ ၏ ရေ တွင်း ထဲ သို့ ကြိုး ဖြင့် လျှော့ ချ ကြ ၏။ ထို တွင်း ကား၊ ရေ မ ရှိ၊ ရွှံ့ နွံ သာ ရှိ သ ဖြင့် ယေ ရ မိ ကျွံ လျက် နေ လေ ၏။
7
ထို နောက် နန်း တော် မိန်း မ စိုး တစ် ဦး ဖြစ် သူ၊ ကု ရှ ပြည် သား ဧ ဗ ဒ မေ လက် သည် ယေ ရိ မိ ကို၊ ထို တွင်း ၌ ချထား ကြ ကြောင်း ကြား သိ လျှင် နန်း တော် မှ ထွက် ၍ ဗင်္ယာ မိန် တံ ခါး ဝ တွင် စံ နေ သော ဘု ရင် မင်း ထံ၊
8
9
အို အ ရှင် ဘု ရင် မင်း မြတ်၊ ဤ သူ တို့ သည် ပ ရော ဖက် ယေ ရ မိ ကို ရေ တွင်း သို့ ချ ၍ အ ဆိုး ပြု ကြ ပါ ပြီ။ မြို့ တော် တွင် ရိက္ခာ မ ရှိ သည့် အ တွက်၊ ထို တွင်း ၌၊ မွတ် သိပ် သေ ဆုံး တော့ မည် ဟု တင် လျှောက် သ ဖြင့်၊
10
ဘု ရင် မင်း က လူ သုံး ဆယ် ကို ခေါ် သွား၍ ပ ရော ဖက် ယေ ရ မိ မ သေ မီ ရေ တွင်း မှ ဆယ် ကြ လော့ ဟူ သော အ မိန့် တော် အ တိုင်း၊
11
ကု ရှ ပြည် သား ဧ ဗ ဒ မေ လက် သည် လူ တို့ ကို ခေါ် လျက်၊ နန်း တော် ဘ ဏ္ဍာ တိုက် အောက် ထပ် သို့ ဝင် ၍၊ အ ထည် စုတ် အ ဟောင်း အ နွမ်း များ ကို၊ ယေ ရ မိ ရှိ ရာ ရေ တွင်း သို့ ယူ သွား ပြီး လျှင် ကြိုး နှင့် လျှော့ ချ ရာ၊
12
ဤ အ ထည် စုတ် အ ဟောင်း အ နွမ်း များ ဖြင့် ပတ် ရစ် သော ကြိုး ကို၊ လက် က တီး ကြား တွင် လျှို တော် မူ ပါ ဟု လျှောက် ဆို သည့် အ တိုင်း၊
13
ယေ ရ မိ လိုက် နာ၍ ရေ တွင်း ထဲ က ကြိုး ဖြင့် ဆွဲ တင် ကြ ပြီး မှ၊ နှောင် အိမ် မြို့ ရိုး ငယ့် အ တွင်း၊ ယေ ရ မိ နေ ရ ပြန် ၏။
14
ထို့ နောက် ဇေ ဒ ကိ မင်း သည် ပ ရော ဖက် ယေ ရ မိ ကို၊ စံ နှင့် သော ဗိ မာန် တော် ရှိ တ တိ ယ မုတ် ဝ သို့ ခေါ် စေ ပြီး လျှင် စ ကား တစ် ခွန်း ကို ငါ မေး လို ၏။ မ ထိမ် မ ချန် ပြော လော့ ဟု မိန့် ဆို သည့် အ တိုင်း၊
15
ကျွန်ုပ် သည် ဘု ရင် မင်း အား ဖော် ပြ လျှင် သေ ဒဏ် ခတ် တော် မူ မည် မ ဟုတ် လော။ အ ကြံ ပေး လျှင် လည်း နား တော် ဝင် မည် မ ဟုတ် ပါ ဟု၊ ယေ ရ မိ တင် လျှောက် သ ဖြင့်၊
16
ဇေ ဒ ကိ မင်း က၊ ငါ တို့ အ သက် ဝိ ညာဉ် ကို ဖန် ဆင်း တော် မူ သော ထာ ဝ ရ ဘု ရား ၏ အ သက် တော် အ တိုင်း၊ သေ ဒဏ် ခတ် ခြင်း၊ အ သက် အ န္တ ရာယ် ရှာ ကြံ သူ တို့ လက် တွင်း သို့ အပ် နှင်း ခြင်း များ ကို ငါ မ ပြု ဟု၊ ယေ ရ မိ အား တိတ် တ ဆိတ် သ စ္စာ ဆို လျှင်၊
17
ယေ ရ မိ က၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား သ ခင်၊ ဣ သ ရေ လ လူ မျိုး ၏ ဘု ရား သ ခင် မိန့် တော် မူ သည် မှာ၊ သင် သည် ဗာ ဗု လုန် ဘု ရင် ၏ မှူး မတ် တို့ ထံ ထွက် သွား လျှင်၊ ဆွေ မျိုး သား ချင်း တို့ နှင့် တ ကွ အ သက် ချမ်း သာ ရ မည့် ပြင်၊ မြို့ လည်း၊ မီး လောင် ခြင်း ကင်း လိမ့် မည်။
18
ဗာ ဗု လုန် ဘု ရင်၏ မှူး မတ် တို့ ထံ မ ထွက် မ သွား နေ လျှင် မူ ကား၊ သူ တို့ လက် မှ သင် မ လွတ် မ မြောက် ဘဲ၊ ဤ မြို့ လည်း၊ မီး တိုက် မည့် ခါ လ ဒဲ တပ် သား တို့ လက် တွင်း သို့ ရောက် မည့် အ ကြောင်း၊ မိန့် တော် မူ သည် ဟု ဆင့် ဆို သည့် ကာ လ၊
19
ခါ လ ဒဲ တပ် သား တို့ ဘက် သို့ ကူး ဝင် နှင့် သော ယု ဒ အ မျိုး သား တို့ လက် တွင်း သို့ ရောက် ၍ ရက် စက် ကြမ်း ကြုတ် စွာ ခံ ရ မည် ကို ငါ စိုး ရိမ် သည် ဟု ဇေ ဒ ကိ မင်း ဆို သော်၊
20
ယေ ရိ မိ က၊ ထို သို့ ရောက် ရ မည် မ ဟုတ်၊ အ သက် ချမ်း သာ ရ ၍ ကောင်း စား အံ့ သော ငှာ၊ ကျွန်ုပ် ဆင့် ဆို သော ထာ ဝ ရ ဘု ရား ၏ ဗျာ ဒိတ် တော် သံ ကို သာ နား ထောင် တော် မူ ပါ။
21
မ ထွက် မ သွား လို၊ ငြင်း ဆို လျှင် မူ ကား၊ နား ထောင် ဦး လော့။ ဘု ရင် မင်း ၏ မ ဟာ မိတ် တော် တို့ သည်၊ သွေး ဆောင် ၍ နိုင် ကြ ပြီ။ ညွံ့ ပြောင်း ၌ ခြေ တော် ကျွံ သော အ ခါ၊ တွန့် ဆုတ် ကြ လေ စွ ဟု၊ မြည် တမ်း ရ လျက်၊ ယု ဒ ဘု ရင့် နန်း တော် တွင် ကျန် ရစ် သော မောင်း မ မိဿံ အ ပေါင်း တို့ သည်၊ ဗာ ဗု လုန် ဘု ရင် ၏ မှူး မတ် တို့ ရှိ ရာ သို့ ဆောင် နှင်း ခြင်း၊
22
23
မိ ဖု ရား များ၊ သား သ မီး များ သည်၊ ခါ လ ဒဲ လူ မျိုး တို့ သို့ ဆောင် နှင်း ခြင်း၊ သင့် ကိုယ် တိုင် မ လွတ် မ မြောက် ဘဲ၊ ဗာ ဗု လုန် ဘု ရင် ၏ လက် ရုံး ဖြင့် မု ချ သုံ့ ပန်း ခြင်း ခံ ရ မည့် ပြင်၊ မြို့ လည်း မီး တိုက် ရာ ရောက် လိမ့် မည် ဟူ သော ဗျာ ဒိတ် တော် ကို ထာ ဝ ရ ဘု ရား ဖော် ပြ တော် မူ လေ ပြီ ဟု ဆင့် ဆို လျှင်၊
24
ဇေ ဒ ကိ မင်း က၊ ဤ စ ကား များ ကို မည် သူ မျှ မ သိ စေ လင့်၊ သင် လည်း သေ ဒဏ် မ ခံ ရ။
25
အ ကယ်၍ မှူး မတ် တို့ သည် သင် နှင့် ငါ ဆွေး နွေး ကြောင်း ကြား သိ သ ဖြင့်၊ ဘု ရင် မင်း ထံ သင် တင် လျှောက် ချက် ကို လည်း ကောင်း၊ သင့် ထံ ဘု ရင် မင်း မိန့် ဆို ချက် ကို လည်း ကောင်း၊ မ ထိမ် မ ချန် ပြော လော့။ ငါ တို့ သည် သေ ဒဏ် မ ခတ် ဟု၊ သင် ရှိ ရာ သို့ လာ ရောက် တောင်း ဆို ကြ လျှင်၊
26
သင် က၊ ယော န သန် တိုက် အိမ် တွင် မ သေ စေ ခြင်း ငှာ ပြန် ပို့ တော် မ မူ မည့် အ ကြောင်း၊ ဘု ရင် မင်း ထံ မေ တ္တာ ရပ် ခံ ပါ သည် ဟူ ၍ ပြန် ဆို စေ ရန်၊ ယေ ရ မိ အား မိန့် မှာ ၏။
27
ထို့ နောက်၊ မှူး မတ် တို့ သည်၊ ရောက် လာ မေး မြန်း ကြ ရာ၊ ဘု ရင် မင်း မိန့် မှာ သ မျှ အ တိုင်း သာ၊ ယေ ရ မိ ပြန် ပြော သ ဖြင့်၊ အ မှု အ ရေး မ ပေါ် ပေါက် သည့် အ တွက် ဆိတ် ဆိတ် ပြန် ကြ လေ ၏။
28
ယေ ရ မိ မူ ကား၊ နှောင် အိမ် မြို့ ရိုး ငယ့် အ တွင်း ယေ ရု ရှ လင် မြို့ ကို သိမ်း ယူ ကြ သည့် နေ့ ရက် တိုင် တိုင် နေ မြဲ နေ ရ ၏။