ယေ​ရ​မိ-33

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 နှောင် အိမ် မြို့ ရိုး ငယ့် အ တွင်း အ ချုပ် ခံ ရ သေး သူ ယေ ရ မိ သို့၊ ဒု တိ ယ အ ကြိမ် ရောက် လာ သော ထာ ဝ ရ ဘုရား ၏ ဗျာ ဒိတ် တော် ကား။
  • 2 ယေ ဟော ဝါ ဟု နာ မ ရှိ လျက် စီ ရင် သော ထာ ဝ ရ ဘု ရား၊ ပြ ဋ္ဌာန်း၍ အ တည် ပြု သော ငါ ထာ ဝ ရ ဘု ရား က၊
  • 3 သင် ဟစ် ခေါ် လျှင်၊ ငါ ထူး ၍ ကြီး မြတ် သော အ ရာ၊ သင် မ သိ သေး သော ထိမ် ချန် ရာ များ ကို ဖော် ပြ မည် ဟု ကတိ ထား ၏။
  • 4 သို့ နှင့် အ ညီ၊ ဓား လက် နက် နှင့် က တုတ် များ ကို ကန့် ကွက် ရန်၊ ဖြို လှဲ သော ယု ဒ ဘု ရင် တို့ နန်း ဆောင် များ၊ ဤ မြို့ ရှိ တိုက် အိမ် များ နှင့် စပ် လျဉ်း၍၊ ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင်၊ ငါ ထာ ဝ ရ ဘု ရား က၊
  • 5 ခါ လ ဒဲ တပ် သား တို့ ကို ချဉ်း ဝင် ပြိုင် ဆိုင် ကြ ရာ၊ အ မျက် ဒေါ သ ဖြင့် ငါ ကွပ် မျက်၍၊ ဆိုး သွမ်း ခြင်း ကြောင့်၊ ဤ မြို့ မှ မျက် နှာ တော် လွှဲ စေ သူ တို့ ၏ အ သေ ကောင် များ နှင့် အ ပြည့် ရှိ သော် လည်း၊
  • 6 ငါ သည် ဤ မြို့ ကို ခိုင် မာ အောင် ကု သ မည့် ပြင်၊ မြို့ သူ မြို့ သား တို့ ကို လည်း ကု သ လျက်၊ ဘေး လွတ် ခွင့်၊ တည် မြဲ ခွင့်၊ ကြွယ် ဝ စွာ ဖော် ပြ သည့် အ တိုင်း၊
  • 7 သုံ့ ပန်း ခံ ရ သော ယု ဒ နှင့် ဣ သ ရေ လ လူ မျိုး ကို ပြန် ပို့၍ ယ မန် ကဲ့ သို့ တည် ထောင် ပြီး လျှင်၊
  • 8 ငါ့ အား ပြစ် မှား သ မျှ သော ဒု စ ရိုက် ကို စင် ကြယ် စေ ၍ ပြစ် မှား လွန် ကျူး သ မျှ သော ဒု စ ရိုက် များ ကို ပင် ဖြေ လွှတ် သ ဖြင့်၊
  • 9 ပြု စု သ မျှ သော သု ခ နှင့် စည်း စိမ် ချမ်း သာ ကို ကြား သိ ၍၊ ကြောက် ရွံ့ တုန် လှုပ် ကြ အံ့ သော၊ မြေ ပေါ် ရှိ လူ အမျိုး မျိုး တို့ ရှေ့၊ ငါ့ အ ဖို့ ရွှင် လန်း ဖွယ် သ ညာ တော်၊ ဘုန်း တော် ဂုဏ် တော် ဖြစ် လ တ္တံ့ ဟု မိန့် ဆို ၏။
  • 10 ငါ ထာ ဝ ရ ဘု ရား က လည်း၊ လူ သူ တိ ရ စ္ဆာန် မဲ့ ဖုန်း ဆိုး ကုန်း ဖြစ် ပြီ ဟူ ၍ ဆို ကြ သော၊ နေ ထိုင် သူ လူ တိ ရစ္ဆာန် မဲ့ ဆိတ် ညံ ရာ ရောက် သော ယု ဒ ပြည် ရှိ မြို့ ရွာ များ၌ လည်း ကောင်း၊ ယေ ရု ရှ လင် မြို့ ရှိ လမ်း များ ၌ လည်း ကောင်း၊
  • 11 သုံ့ ပန်း ခံ ရ သော ပြည် သူ ပြည် သား တို့ ကို၊ ဗျာ ဒိတ် အ တိုင်း ယ မန် အ ဖြစ်၊ ငါ ပြန် ပို့ မည် နှင့် အ ညီ၊ အား ရ ရွှင် လန်း သံ၊ မင်္ဂ လာ ဆောင် သ တို့ သား သ တို့ သ မီး တို့ ကြွေး ကြော် သံ၊ ထာ ဝ ရ ဘု ရား သည် ကောင်း မြတ် တော် မူ၍၊ ကာ လ အ စဉ် က ရု ဏာ တော် တည် သော ကြောင့်၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား၏ ကျေး ဇူး တော် ကို ချီး မွမ်း ကြ လော့ ဟူ၍ ဩ ဘာ ပြု သံ၊ ဗိ မာန် တော် သို့ ချီး မွမ်း ရာ သ က္ကာ ဆက် သွင်း သံ များ ကို ကြား ရ ဦး မည် ဟု မိန့် ဆို ၏။
  • 12 တစ် ဖန်၊ ဗိုလ် ခြေ တို့ အ ရှင် ငါ ထာ ဝ ရ ဘု ရား က၊ လူ သူ တိ ရ စ္ဆာန် မဲ့ ဖုန်း ဆိုး ကုန်း ဖြစ် သော ဤ ပြည်၌ လည်း ကောင်း၊ မြို့ ရွာ ရှိ သ မျှ ၌ လည်း ကောင်း၊ သိုး အုပ် များ ကို ဝပ် စေ သော အ ထိန်း အ ကျောင်း တို့ ၏ နေ ရာ များ ဖြစ် ပြန် သည့် ပြင်၊ ခင် တန်း၊ ချိုင့် ဝှမ်း ရာ နေ ဂပ် အ ရပ် များ ရှိ မြို့ ရွာ၊
  • 13 ဗင်္ယာ မိန် နယ်၊ ယေ ရု ရှ လင် မြို့ ပတ် လည် ဇ န ပုဒ်၊ ယု ဒ ပြည် မြို့ ရွာ များ ၌ သိုး ဆိတ် များ သည် ရေ တွက် သူ ၏ လက် အောက် စီး သွား ကြ ဦး မည် ဟု မိန့် ဆို ၏။
  • 14 ငါ ထာ ဝ ရ ဘု ရား က လည်း၊ ဣ သ ရေ လ နှင့် ယု ဒ အ မျိုး သား တို့ ကို ရည် လျက်၊ ငါ ထား ခဲ့ သော ကတိ တော် မြတ် ကို အ တည် ပြု မည့် နေ့ ရက် ကာ လ ရောက် တော့ မည်။
  • 15 ထို နေ့ ရက် ကာ လ ပြည် တော် တွင် တ ရား သ ဖြင့် စီ ရင် ဆုံး ဖြတ် မည့်၊ ဖြောင့် မတ် သော အ ညှောက် ကို ဒါ ဝိဒ် မင်း အ ဆက် ၌ ငါ ပေါက် စေ မည်။
  • 16 ထို ကာ လ၊ ယု ဒ အ မျိုး သည် ဘေး လွတ် လျက် ယေ ရု ရှ လင် မြို့ လည်း လုံ ခြုံ လျက် နေ ရ သ ဖြင့် ငါ တို့ ဖြောင့် မတ် ရာ ဖြောင့် မတ် ကြောင်း ထာ ဝ ရ ဘု ရား ပေ တည်း ဟု သ မုတ် ခံ ရ လ တ္တံ့။
  • 17 အ သို့ ဆို သော် ငါ ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် အ တိုင်း၊ ဣ သ ရေ လ ရာ ဇ ပ လ္လင် ထက် စံ ရ သော ဒါ ဝိဒ် မင်း မျိုး မ ပြတ် ရ။
  • 18 ရှေ့ တော် တွင် မီး ရှို့ ရာ သ က္ကာ ဆက် ကပ် ခြင်း၊ ဘော ဇဉ် သ က္ကာ ပူ ဇော် ခြင်း၊ မိတ် သ ဟာ ယ သ က္ကာ စီ ရင် ခြင်း များ ကို အ စဉ် ပြု ရ သော လေ ဝိ ဂိုဏ်း သား ပ ရော ဟိတ် မျိုး လည်း မ ပြတ် ရ ဟု မိန့် ဆို သည် ဟူ ၍ တည်း။
  • 19 ယေ ရ မိ သို့ ရောက် ပြန် သော ထာ ဝ ရ ဘု ရား ၏ ဗျာ ဒိတ် တော် ကား၊
  • 20 ငါ ထာ ဝ ရ ဘု ရား က၊ အ ခါ သ မ ယ ၌ နေ့ ညဉ့် မ ခြား အောင် နေ့ ညဉ့် နှင့် ဆိုင် ရာ ပ ဋိ ညာဉ် တော် များ ကို ပယ် ဖျက် နိုင် ကြ လျှင်၊
  • 21 ကျွန် တော် ရင်း ဒါ ဝိဒ် ၏ နန်း ဆက် ရန် မင်း မျိုး ပြတ် အောင်၊ ဒါ ဝိဒ် မင်း နှင့် လည်း ကောင်း၊ အ မှု တော် ဆောင် ဖြစ် သော လေ ဝိ ဂိုဏ်း သား ပ ရော ဟိတ် တို့ နှင့် လည်း ကောင်း၊ ငါ ဖွဲ့ ခဲ့ သော ပ ဋိ ညာဉ် တော် ပျက် လိမ့် မည်။
  • 22 ရေ တွက် ၍ မ ရ သော က မ္ဘာ့ တန် ဆာ၊ ခြင် တွယ်၍ မ ရ သော သ မု ဒ္ဒ ရာ သဲ လုံး နှင့် အ မျှ ကျွန် တော် ရင်း ဒါဝိဒ် ၏ အ ဆက် အ နွယ်၊ အ မှု တော် ကို ဆောင် ရွက် သော လေ ဝိ ဂိုဏ်း သား တို့ ကို ငါ များ ပြား စေ မည် ဟူ၍ တည်း။
  • 23 တစ် ဖန်၊ ယေ ရ မိ သို့ ရောက် လာ သော ထာ ဝ ရ ဘု ရား ၏ ဗျာ ဒိတ် တော် ကား။
  • 24 ရွေး ချယ် တော် မူ ခဲ့ သော လူ နှစ် နွယ် ကို ထာ ဝ ရ ဘု ရား စွန့် ပစ် တော် မူ လေ ပြီ ဟူ ၍ လူ မျိုး အ ဖြစ် ဆက် လက် မ ထင် မ မှတ် ဘဲ၊ လူ မျိုး တော် ကို မ ထီ လေး စား ပြု လျက် ဆို ကြ သော လူ မျိုး ၏ စ ကား ကို မ စဉ်း စား သလော။
  • 25 ငါ ထာ ဝ ရ ဘု ရား က၊ နေ့ ညဉ့် နှင့် ဆိုင် ရာ ပ ဋိ ညာဉ် တော် မ တည် လျှင်လည်း ကောင်း၊ မိုး မြေ၏ ဓ မ္မ တာ တ ရား ကို ငါ မ စီ မံ လျှင်လည်း ကောင်း၊
  • 26 ယာ ကုပ် အ ဆက် အ နွယ် ကို စွန့် ပယ်၍၊ အာ ဗြ ဟံ၊ ဣဇာက် နှင့် ယာ ကုပ် အ ဆက် အ နွယ် တို့ အ ပေါ် တွင် မင်း မြှောက် ရန် မ ရွေး ကောက် ဘဲ၊ ကျွန် တော် ရင်း ဒါ ဝိဒ် ၏ အ ဆက် အ နွယ် ကို စွန့် ပယ် မည်။ မု ချ ဆို သော်၊ သုံ့ ပန်း ခံ ရာ ထို သူ တို့ ကို ပြန် လာ စေ လျက်၊ က ရု ဏာ သက် မည် ဟူ ၍ တည်း။
回到本卷目录 回到本版本目录 回到首页