ယေ​ရ​မိ-32

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ယု ဒ ဘု ရင် ဇေ ဒ ကိ မင်း နန်း စံ ဆယ် နှစ်၊ နေ ဗု ခဒ် နေ ဇာ မင်း နန်း စံ ဆယ့် ရှစ် နှစ် တွင်၊ ယေ ရ မိ သို့ ရောက် လာ သော ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် ကို ရေး ဦး အံ့။
  • 2 ထို ကာ လ၊ ယေ ရု ရှ လင် မြို့ ကို၊ ဗာ ဗု လုန် ဘု ရင်၏ အ လုံး အ ရင်း ဝန်း ဝိုင်း ရာ၊ ပ ရော ဖက် ယေ ရ မိ သည်၊ ယု ဒ ဘု ရင်၏ နန်း တော် ရှိ နှောင် အိမ် မြို့ ရိုး ငယ့် အ တွင်း၊ အ ချုပ် ခံ လျက် နေ ရ ၏။
  • 3 အ ဘယ့် ကြောင့် အ ချုပ် ခံ ရ သ နည်း ဟူ မူ ကား၊ ယု ဒ ဘု ရင် ဇေ ဒ ကိ မင်း က၊ ဤ မြို့ ကို ဗာ ဗု လုန် ဘု ရင့် လက် တွင်း သို့၊ အပ် နှင်း ၍ သိမ်း ယူ စေ သ ဖြင့်၊ ယု ဒ ဘု ရင် ဇေ ဒ ကိ မင်း သည်၊
  • 4 ခါ လ ဒဲ တပ် သား တို့ လက် မှ မ လွတ် မ မြောက် ရ ဘဲ၊ ဗာ ဗု လုန် ဘု ရင်၏ လက် တွင်း သို့ မု ချ ရောက်၍၊ မျက် မှောက် ထင် ထင် ရှု မြင် ပြော ဆို ပြီး လျှင်၊
  • 5 ဗာ ဗု လုန် မြို့ သို့ အ ပို့ ခံ ရ သည့် အ တိုင်း၊ ငါ မ ကြွ မ လာ မ ချင်း၊ ထို မြို့ တွင် နေ ရ မည် ဟူ ၍ လည်း ကောင်း၊ ခါ လ ဒဲ တပ် သား တို့ ကို ဆိုင် ပြိုင် သော် လည်း၊ အ ထ မ မြောက် ဟူ၍လည်း ကောင်း၊ ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း ဟော ပြော သည် မှာ၊ အ သို့ နည်း ဟု မိန့် ဆို လျက်၊ ချုပ် ထား သ တည်း။
  • 6 ယေ ရ မိ ပြန် ကြား သည် မှာ၊ သင့် ဘ ထွေး ရှ လ္လုံ၏ သား ဟာ န မေ လ သည်၊ အာ န သုတ် ခ ရိုင် ရှိ ကျွန်ုပ် မြေ ကွက် ကို၊ ရွေး ထိုက်၊ ဝယ် ထိုက် ခွင့် ရှိ သည့် အ လျောက်၊ ဝယ် ပါ ဟု ရောက် လာ တောင်း ဆို မည် ဟူ သော ထာ ဝ ရ ဘုရား ၏ ဗျာ ဒိတ် တော် ကို ငါ ခံ ရ သည့် အ တိုင်း ဘ ထွေး၏ သား ဟာ န မေ လ သည်၊
  • 7
  • 8 ဗင်္ယာ မိန် နယ်၊ အာ န သုတ် ခ ရိုင် ရှိ ကျွန်ုပ် မြေ ကွက် ကို အ မွေ စား ထိုက်၊ ရွေး ပိုင် ထိုက် ရှိ သည် နှင့် အ ညီ၊ ဝယ် ပါ ဟု၊ နှောင် အိမ် မြို့ ရိုး ငယ့် အ တွင်း ငါ ရှိ ရာ သို့ ရောက် လာ၍ တောင်း ဆို သည့် အ တွက်၊ ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် ဖြစ် ကြောင်း ငါ သိ သ ဖြင့်၊
  • 9 အာ န သုတ် ခ ရိုင် ရှိ ထို မြေ ကွက် ကို၊ ဘ ထွေး၏ သား ဟာ န မေ လ ထံ မှ ၀ယ်၍၊ ငွေ တစ် ဆယ့် ခု နစ် ကျပ် ကို ချိန် ခြင်း၊ စာ ချုပ် ခြင်း၊
  • 10 တံ ဆိပ် ခတ် ပိတ် ခြင်း များ ကို ပြု လျက်၊ ငါ ခေါ် သော သက် သေ တို့ ရှေ့၊ ချိန် တွယ် ချေ ပေး ပြီး လျှင်၊
  • 11 လွှဲ အပ် ချက်၊ စည်း ကမ်း သတ် ချက် ပါ သော၊ တံ ဆိပ် ခတ် ပိတ် ပြီး စာ ချုပ် နှင့်၊ မ ခတ် မ ပိတ် သော စာ ချုပ် ကို လက် ခံ ၍၊
  • 12 နှောင် အိမ် မြို့ ရိုး ငယ့် အ တွင်း ရှိ ယု ဒ လူ မျိုး တို့ ရှေ့၊ ဘ ထွေး ၏ သား ဟာ န မေ လ နှင့် စာ ချုပ် သူ သက် သေ တို့ မျက် မှောက် ၌ မာ သေ ယ မြေး၊ နေ ရိ သား ဗာ ရုတ် သို့ အပ် ပေး ပြီး နောက်၊
  • 13 ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား၊ ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင် က၊ ဤ ပြည် တွင် အိမ်၊ မြေ၊ ခြံ များ ကို ရောင်း ဝယ် လေ့ ရှိ ဦး မည် ဖြစ် သော ကြောင့်၊ တံ ဆိတ် ခတ် ပိတ် ပြီး စာ ချုပ်၊ မ ခတ် မ ပိတ် သော စာ ချုပ်၊ ဤ နှစ် စောင် ကို ယူ၍ ကြာ မြင့် စွာ ခံ အောင် မြေ အိုး တွင် သို ထား လော့ ဟု မိန့် တော် မူ ကြောင်း ထို သူ တို့ ရှေ့ ဗာ ရုတ် အား ငါ မှာ လိုက်၏။
  • 14
  • 15
  • 16 နေ ရိ သား ဗာ ရုတ် သို့၊ ထို စာ ချုပ် ကို အပ် ပေး ပြီး နောက်၊ ထာ ဝ ရ ဘု ရား ထံ တောင်း လျှောက် သော ငါ က၊ မ ဟာ တန် ခိုး တော်၊
  • 17 ဆန့် တန်း သော လက် ရုံး တော် အား ဖြင့်၊ မိုး မြေ ကို ဖန် ဆင်း ၍၊ အ လုံး စုံ ကို တတ် နိုင် တော် မူ ထ သော၊
  • 18 အ ထောင် အ သောင်း သော သူ တို့ အ ပေါ် တွင် က ရု ဏာ သက် ၍၊ ဘိုး ဘေး တို့ ၏ ပြစ် မှု ကို သား စဉ် မြေး ဆက် တို့ ရင် ခွင် ၌ အပ် ပေး တော် မူ ထ သော၊ တန် ခိုး ကြီး သော မ ဟာ ဘု ရား ဖြစ် လျက်၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘုရား ဟု ဘွဲ့ နာ မ ရှိ တော် မူ ထ သော၊
  • 19 မ ဟာ အ ကြံ တော်၊ လွန် ကဲ သော အ မှု နှင့် ပြည့် စုံ တော် မူ ထ သော၊ လူ့ သား တို့ ၏ အ လေ့ အ လာ များ ကို မျက် မှောက် ပြု ၍၊ အ သီး အ သီး တို့ အား အ လေ့ အ လာ အ ပြု အ မူ အ လျောက်၊ အ ကျိုး ဆက် ကို ပေး တော် မူ ထ သော၊
  • 20 အိ ဂျစ် ပြည် ၌ လည်း ကောင်း၊ ဣ သ ရေ လ လူ မျိုး နှင့် အ ခြား သော လူ မျိုး ၌ လည်း ကောင်း၊ ယ ခု တိုင် အောင် သက် သေ နိ မိတ် လ က္ခ ဏာ များ ကို စီ ရင် သ ဖြင့်၊ ယ ခု ရှိ သော ဘွဲ့ နာ မ ကို ယူ တော် မူ ထ သော၊
  • 21 သက် သေ နိ မိတ် လ က္ခ ဏာ ပြ ခြင်း၊ အား ကြီး သော လက် ရုံး တော် ဆန့် တန်း ခြင်း၊ ကြောက် မက် ဖွယ် တန် ခိုး ပြ ခြင်း များ ဖြင့်၊ ဣ သ ရေ လ လူ မျိုး တော် ကို အိ ဂျစ် ပြည် မှ ထုတ် ဆောင် ပြီး လျှင်၊
  • 22 ပေး မည် ဟု ဘိုး ဘေး တို့ အား သ စ္စာ ဆို ခဲ့ သည့် အ တိုင်း၊ နို့ ရည်၊ ပျား ရည် လွှမ်း စီး ရာ ဤ ပြည် ကို ပေး သ နား သော အို အ ရှင် ထာ ဝ ရ ဘု ရား၊
  • 23 ဝင် ရောက် ပိုင် ယူ သော် လည်း၊ ဗျာ ဒိတ် တော် သံ ကို မ နာ မ ခံ၊ ပ ညတ် တ ရား တော် အ တိုင်း မ လိုက် မ လျှောက်၊ မိန့် မှာ တော် မူ ရာ မည် သည် ကို မျှ မ ပြု မ ကျင့် ကြ သော ကြောင့်၊ ထို သူ တို့ အ ပေါ် သို့ ဤ ဘေး အ လုံး စုံ ကို သင့် စေ တော် မူ သည့် အ တိုင်း၊
  • 24 ဤ မြို့ ကို သိမ်း ယူ ရန် က တုတ် ကပ် တည် ကြ သည့် အ လျောက်၊ သ တ္တ န္တ ရ ကပ်၊ ဒု ဗ္ဘိ က္ခ န္တ ရ ကပ်၊ ရော ဂ န္တ ရ ကပ် များ ဖြင့်၊ တိုက် လျက် နေ သော ခါ လ ဒဲ တပ် သား တို့ လက် တွင်း သို့ ရောက်၍၊ ဗျာ ဒိတ် တော် အ တိုင်း ဖြစ် ပျက် သည် ကို သိ မြင် တော် မူ ပါ ၏။
  • 25 ခါ လ ဒဲ တပ် သား တို့ လက် တွင်း သို့ မြို့ ရောက် လျက် ပင်၊ ကိုယ် တော် က၊ ထို မြေ ကွက် ကို တန် ဖိုး နှင့် ဝယ် ၍၊ သက် သေ တို့ ကို ခေါ် လော့ ဟု မိန့် တော် မူ ပါ ပြီ။ အို အ ရှင် ထာ ဝ ရ ဘု ရား ဟူ သော တောင်း လျှောက် ချက် ကို ပြန် ကြား ၏။
  • 26 ထို ကာ လ၊ ယေ ရ မိ သို့ ရောက် လာ သော ထာ ဝ ရ ဘု ရား ၏ ဗျာ ဒိတ် တော် ကား၊
  • 27 ငါ သည် ထာ ဝ ရ ဘု ရား၊ လူ သ တ္တ ဝါ အ ပေါင်း တို့၏ ဘု ရား သ ခင် ဖြစ်၏။ ငါ မ တတ် နိုင် သော အ မှု တစ် စုံ တစ် ရာ ရှိ သ လော။
  • 28 သို့ နှင့် အ ညီ ငါ ထာ ဝ ရ ဘု ရား က၊ ဤ မြို့ ကို ခါ လ ဒဲ တပ် သား တို့ နှင့် ဗာ ဗု လုန် ဘု ရင် နေ ဗု ခဒ် နေ ဇာ့ လက် တွင်း သို့၊ ငါ အပ် နှင်း၍ သိမ်း ယူ စေ သ ဖြင့်၊
  • 29 တိုက် လျက် နေ သော ခါ လ ဒဲ တပ် သား တို့ ဝင် ရောက် ပြီး လျှင်၊ ဗာ လ နတ် အား မီး ဖြင့် ပူ ဇော် ခြင်း၊ အ ခြား ဘု ရား များ အား သွန်း လောင်း ရာ သ က္ကာ တင် သ ခြင်း များ ကို၊ အ မျက် တော် တိုက် အောင် အ မိုး ပျဉ် တွင် ပြု ကြ ရာ တိုက် အိမ် များ မှ စ၍ တစ် မြို့ လုံး ကို၊ မီး ရှို့ ကျွမ်း လောင် စေ ကြ မည်။
  • 30 အ သို့ ဆို သော်၊ ဣ သ ရေ လ နှင့် ယု ဒ အ မျိုး သား တို့ သည် ငယ် ရွယ် စဉ် က စ၍၊ မျက် မှောက် တော် တွင် အ ဆိုး ကို သာ ပြု လေ့ ရှိ ကြ၏။ ဣ သ ရေ လ အ မျိုး သား တို့ သည်၊ ကိုယ့် လက် ဖြစ် ဘု ရား များ ဖြင့်၊ အ မျက် တော် တိုက် ရန် သာ ပြု ကြ လေ ပြီ။
  • 31 ဣ သ ရေ လ၊ ယု ဒ အ မျိုး သား တို့ နှင့် တ ကွ၊ ဘု ရင် များ၊ မှူး မတ် များ၊ ပ ရော ဟိတ် များ၊ ပ ရော ဖက် များ၊ ယေ ရု ရှ လင် မြို့ သူ ယု ဒ ပြည် သား များ ပါ၊ အ မျက် တော် တိုက် အောင် ပြု တတ် သော ဆိုး သွမ်း မှု ကြောင့်၊ မျက် မှောက် တော် မှ ငါ ပယ် ရှား ရ စေ ခြင်း ငှာ၊ တည် ထောင် သည့် နေ့ က စ၍ ယ ခု တိုင် အောင်၊ ဤ မြို့ သည် ငါ ၏ ဒေါ သ အ မျက် တိုက် ရာ တိုက် ကြောင်း ဖြစ် ရှာ လေ ပြီ။
  • 32
  • 33 ငါ ဝိ ရိ ယ စိုက် လျက် သွန် သင် ပဲ့ ပြင် သော် လည်း၊ ထို သူ တို့ သည် အ ဆုံး အ မ ကို မ နာ မ ယူ၊ နား မ ထောင် ဘဲ၊ ငါ့ မျက် နှာ လွှဲ၍ ကျော ခိုင်း ခြင်း၊
  • 34 ငါ့ နာ မ ဖြင့် သ မုတ် ခံ သော ဗိ မာန် တော် ကို ညစ် ညူး စေ လျက်၊ စက် ဆုပ် ဖွယ် ကိုယ့် ဘု ရား များ ကို သွင်း ထား ခြင်း ပြု ကြ သည့် ပြင်၊ ရွံ ရှာ ဖွယ် ဤ အ မှု ကို ပြု ကြ မည် ဟု၊
  • 35 ငါ မ မိန့် မ မှာ၊ နှ လုံး မ သွင်း ဘဲ၊ သား သ မီး များ ကို မော လုပ် နတ် အား ဆက် ကပ် ရ ကြ အံ့ သော ငှာ၊ ဟိ န္နုံ ချိုင့်၌ ဗာ လ နတ်၏ မြင့် ရာ ဌာ န များ ကို တည် လုပ် လျက်၊ ယု ဒ လူ မျိုး ကို ပြစ် မှား စေ ကြ ပြီ ဟု၊ ငါ ထာ ဝ ရ ဘု ရား မိန့် ဆို၏။
  • 36 သို့ ဖြစ်၍၊ သ တ္တ န္တ ရ ကပ်၊ ဒု ဗ္ဘိ က္ခ န္တ ရ ကပ်၊ ရော ဂ န္တ ရ ကပ် များ ဖြင့်၊ ဗာ ဗု လုန် ဘု ရင့် လက် တွင်း သို့ ရောက် ပြီ ဟူ၍ ဆို ကြ သော၊ ဤ မြို့ ကို ရည် လျက်၊ ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင်၊ ငါ ထာ ဝ ရ ဘု ရား က၊
  • 37 ငါ သည် ဒေါ သ အ ရှိန် နှင့် မ ဟာ အ မျက် တော် ထား သ ဖြင့် နှင် ထုတ် ခဲ့ ရာ အ ပြည် ပြည် မှ၊ ဤ ပြည် သို့ စု သိမ်း ပြန် ပို့၍၊ လုံ ခြုံ စွာ နေ ထိုင် စေ ပြီး လျှင်၊
  • 38 ထို သူ တို့ သည် ငါ့ လူ မျိုး၊ ငါ လည်း သူ တို့ ဘု ရား သ ခင် ဖြစ် သည့် အ လျောက်၊
  • 39 သူ တို့ မှ စ၍ သား စဉ် မြေး ဆက် တိုင်၊ ကောင်း ကျိုး အ လို့ ငှာ၊ ငါ့ ကို အ စဉ် ခန့် ညား ကြ စေ ရန် နည်း လမ်း၊ စိတ် သ ဘော တစ် မျိုး တည်း ကို ပေး လျက်၊ ရှောင် ထွက် ခြင်း မ ပြု ဘဲ၊
  • 40 ကျေး ဇူး ပြု မည့် ထာ ဝ ရ ပ ဋိ ညာဉ် ဖွဲ့ ခြင်း၊ အ ထံ တော် မှ မ ဖောက် ပြန် ကြ စေ ရန်၊ ခန့် ညား သော စိတ် သ ဘော သွင်း ခြင်း များ ကို ပြု သည့် ပြင်၊
  • 41 ရွှင် လန်း စွာ ကျေး ဇူး ပြု၍၊ စိတ် ဝိ ညာဉ် အ ကြွင်း မဲ့ သ စ္စာ တော် စောင့် လျက်၊ ဤ ပြည် တွင် စိုက် ပျိုး မည် ဟု မိန့် ဆို၏။
  • 42 ငါ ထာ ဝ ရ ဘု ရား က လည်း၊ ဤ လူ မျိုး အ ပေါ်၌ ကြီး စွာ သော ဒု က္ခ ကို၊ ငါ ရောက် စေ ခဲ့ သည့် နည်း တူ၊ က တိ ထား သော သုခ ဟူ သမျှ ကို ရောက် စေ သ ဖြင့်၊
  • 43 လူ သူ တိ ရ စ္ဆာန် မဲ့ ဆိတ် ညံ ရာ ရောက် ပြီ၊ ခါ လ ဒဲ တပ် သား တို့ လက် တွင်း သို့ ရောက် ပြီ ဟူ၍ ဆို ကြ သော ဤ ပြည် တွင် ပင်၊ မြေ ကွက် များ ကို ရောင်း ဝယ် လေ့ ရှိ ဦး မည်။
  • 44 ဗျာ ဒိတ် တော် အ တိုင်း၊ သုံ့ ပန်း ခံ ရ သူ တို့ ကို ငါ ပြန် စေ မည် ဖြစ် သော ကြောင့်၊ ဗင်္ယာ မိန် နယ်၊ ယေ ရု ရှ လင် မြို့ ပတ် လည် ဇ န ပုဒ်၊ ယု ဒ ပြည် မြို့ ရွာ၊ ခန် တန်း၊ ချိုင့် ဝှမ်း ရာ၊ နေ ဂပ် အ ရပ် များ ရှိ မြို့ ရွာ များ တွင်၊ မြေ ကွက် များ ကို တန် ဖိုး နှင့် ရောင်း ဝယ်၍၊ စာ ချုပ် ခြင်း၊ တံ ဆိတ် ခတ် ပိတ် ခြင်း၊ သက် သေ ခေါ် ခြင်း များ ကို ပြု ကြ တော့ မည့် အ ကြောင်း၊ မိန့် ဆို သည် ဟူ၍ တည်း။
回到本卷目录 回到本版本目录 回到首页