1
ထို အ ခါ၊ ရှု အာ့ အ မျိုး သား ပိ လ ဒဒ် တုံ့ ပြန် မြွက် ဆို သည် ကား၊
2
သင် တို့ သည် စ ကား ရှာ၍ မည် မျှ ကြာ မည် နည်း။ ဆင် ခြင် ကြ လော့။ ထို နောက် အ ကျွန်ုပ် တို့ ပြော ဆို ကြ ဦး မည်။
3
အ ဘယ့် ကြောင့် အ ကျွန်ုပ် တို့ ကို တိ ရ စ္ဆာန် ကဲ့ သို့ မှတ်၍၊ မ သန့် မ စင် ဟု ထင် မြင် ကြ သ နည်း။
4
အ မျက် ထွက်၍ ကိုယ် ကို သတ် ဖြတ် သော သင့် အ တွက်၊ မြေ ကြီး ဆိတ် လျက်၊ ကျောက် ဆောင် လည်း နေ ရာ ရင်း မှ ရွေ့ ရ မည် လော။
5
အ ကယ် စင် စစ်၊ လူ ဆိုး၏ အ လင်း ပျောက်၍၊ မီး လျှံ လည်း တောက် လောင် တော့ မည် မ ဟုတ်။
6
သူ့ တဲ တွင် အ လင်း မိုက်၍၊ အ ပေါ် ရှိ မီး အိမ် လည်း ငြိမ်း လိမ့် မည်။
7
ခွန် အား ဆိုင် ရာ ခြေ လှမ်း ကျဉ်း မြောင်း လျက်၊ ကိုယ်၏ ပြ ဋ္ဌာန်း ချက် လည်း ကိုယ် ကို ဖြို လှဲ လိမ့် မည်။
8
ထို သူ သည် ခြောက် လှန်း လွဲ သ ဖြင့် ပိုက် ထဲ သို့ ရောက်၍၊ တွင်း ကျ ပေါ် တွင် လျှောက် သွား ရ၏။
9
ထောင် သော ကိုင်း သည် ခြေ ဖ နောင့် ကို ရိုက် ကျော့၍။ ညွှတ် ကွင်း လည်း သူ့ ကို မိ လိမ့် မည်။
10
သူ့ ကို ထောင် ရန် မြေ၌ ကွင်း လျှော ကိုလည်း ကောင်း၊ လမ်း၌ ထောင် ချောက် ကိုလည်း ကောင်း၊ ဝှက် ထား လေ ပြီ။
11
ဝန်း ဝိုင်း သော ဥ ပဒ် များ သည် သူ့ ကို ချောက် လှန့်၍။ ခြေ ကို ထက် ကြပ် နင်း လိမ့် မည်။
12
မွတ် သိပ် သ ဖြင့် ခွန် အား လျော့၍ ထော့ နဲ့ သွား ရ သော်၊ ဘေး လည်း အ ရံ သင့် ရှိ၏။
13
သေ မင်း၏ သား ဦး သည်၊ သူ့ ကိုယ် အင်္ဂါ ရှိ သ မျှ ကို စား မျို လိမ့် မည်။
14
သူ ကိုး စား သော ယာ ယီ တဲ အ တွင်း မှ နုတ် ယူ ခြင်း ကို ခံ၍။ ဘေး မင်း ထံ သို့ သွား ရ လ တ္တံ့။
15
မ ဆိုင် သူ တို့ သည် သူ့ တဲ တွင် တည်း ခို၏။ မြေ ယာ ပေါ် တွင် လည်း ကန့် မုန့် ကို ကြဲ ပက် လိမ့် မည်။
16
အောက်၌ အ မြစ် များ သွေ့ ခြောက်၍၊ အ ပေါ် အ ခက် အ လက် လည်း ညှိုး နွမ်း လိမ့် မည်။
17
နေ ပြည်၌ သူ့ အ မှတ် သ ညာ ကွယ် ပျက်၍၊ တစ် ပြင် လုံး၌ လည်း နာ မ တည် မည် မ ဟုတ်။
18
အ လင်း မှ မှောင် မိုက် ထဲ သို့ သူ့ ကို တွန်း ချ၍၊ လော က မှ မောင်း နှင် ကြ လိမ့် မည်။
19
ဆွေ မျိုး သား ချင်း တွင် သူ့ သား မြေး မ ပါ မ ရှိ။ တည်း ခို ရာ အ ရပ် များ၌ လည်း၊ မ ကြွင်း မ ကျန် ချေ။
20
အ နောက် ပြည် သား တို့ သည် သူ့ နေ့ ရက် ကို အံ့ အား သင့်၍၊ အ ရှေ့ ပြည် သား တို့ လည်း၊ ကြောက် ရွံ့ တုန် လှုပ် ကြ လိမ့် မည်။
21
အ ကယ် စင် စစ် မ တ ရား သူ၏ နေ ရာ များ နှင့်၊ ဘု ရား သ ခင် ကို မ သိ သော သူ၏ အ ရပ် သည်၊ ထို သို့ ပင် တည်း ဟု မြွက် ဆို၏။