1
ဖွတ် မိ ကျောင်း ကို လည်း၊ ငါး မြှား နှင့် ဆွဲ ယူ လျက်၊ လျှာ ကို ကြိုး နှင့် တည့် ချည် နိုင် သ လော။
2
န ဖား တွင် ကြိုး ထိုး လျက်၊ ပါး ချိပ်၌ ကွင်း တပ် နိုင် သ လော။
3
၎င်း သည် သင့် အား များ စွာ တောင်း ပန် လျက်၊ ခ ယ လျှောက် ထား မည် လော။
4
အ စဉ် ကျွန် ခံ ခြင်း ငှာ သင် နှင့် ပ ဋိ ဉာဉ် ဖွဲ့ မည် လော။
5
ငှက် နှင့် ကျီ စား သ ကဲ့ သို့ ကျီ စား လျက်၊ သ မီး တို့ အ ဖို့ လှောင် ထား မည် လော။
6
အ လုပ် သည် တို့ သည်၊ ကုန် သည် တို့ အား ရောင်း ချ ဝေ ငှ မည် လော။
7
သား ရေ ကို ဒစ် သံ ချွန် ချက် များ နှင့်လည်း ကောင်း၊ ဦး ခေါင်း ကို မှိန်း ချက် များ နှင့်လည်း ကောင်း၊ ပြည့် စေ နိုင် သ လော။
8
လက် တင် ရုံ မျှ ပြု မိ လျှင်၊ လုပ် ကြံ မှု ကို သ တိ ရ၍ ထပ် မံ မ ပြု ချေ။
9
၎င်း ကို နိုင် မည် ဟု မျှော် လင့် ခဲ့ လျှင်၊ အ ချည်း နှီး ဖြစ်၏။ မြင် ရုံ မျှ နှင့် ပင် ခြေ ကုန် လက် ပန်း ရှိ မည် မ ဟုတ် လော။
10
ထို မိ ကျောင်း ကို ထ ကြွ စေ ရန် ရဲ ရင့် သူ မ ရှိ က၊ ငါ့ ရှေ့ တွင် ခံ ရပ် နိုင် သူ ကား။ မည် သူ နည်း။
11
ကောင်း ကင် အောက် ရှိ ရှိ သ မျှ ငါ ပိုင် ရာ ဖြစ်၍၊ ငါ တုံ့ ပြန် ရ စေ ခြင်း ငှာ၊ မည် သူ ပေး နှင့် ဖူး သ နည်း။
12
မိ ကျောင်း၏ ကိုယ် အင်္ဂါ မှ စ သော၊ ခွန် အား ဗ လ လင်္ကာ ရ အ ချိုး အ စား နှင့် စပ်၍၊ မ ပြော ဘဲ တိတ် ဆိတ် စွာ ငါ မ နေ။
13
အ ပေါ် ရံ အ ဝတ် ကို မည် သူ မျှ ချွတ် လှန် နိုင် သ နည်း။
14
ပါး စောင် ရိုး ထဲ သို့ ဝင် လျက်၊ မျက် နှာ တံ ခါး ကို မည် သူ ဖွင့် နိုင် သ နည်း။ သွား အ စွယ် များ ပတ် လည်၌ ကြောက် မက် ဖွယ် ရှိ၏။
15
လုံ ခြုံ စွာ တံ ဆိပ် ခတ် နှိပ် သော ဒိုင်း လွှား တန် များ သည်၊ မောက် မာ ရာ အ ကြောင်း ဖြစ် လျက်၊
16
လေ မျှ မ ဝင် နိုင် အောင်၊ တစ် တန်း တည်း နှင့် တစ် တန်း နီး စပ်၍၊
17
မ ခွာ နိုင် အောင် လည်း အ ချင်း ချင်း ပူး တွဲ ဖွဲ့ ရှက် လျက် ရှိ၏။
18
ချေ ဆတ် သော အ ခါ အ လင်း တောက်၍၊
19
မျက် စိ များ လည်း နေ အ ရုဏ် စ က္ခု နှင့် တူ သည့် ပြင်၊
20
အာ ခံ တွင်း မှ မီး ရှူး မီး ပန်း သ ဖွယ်၊ လွှတ် လျက်၊ ကျူ ထင်း ဖြင့် ဆူ ပွက် သော အိုး သ ဖွယ်၊ အ ခိုး အ ငွေ့ သည် နား ပေါက် မှ ထွက်၍၊ ရှူ ထုတ် သော လေ သည် မီး သွေး ကို ညှိ လျက်၊
21
အာ ခံ တွင်း မှ မီး လျှံ ထွက် တတ်၏။
22
လည်၌ ခွန် အား တည်၍၊ ကြောက် မက် ဖွယ် ရာ လည်း ရှေ့ တွင် မြူး ထူး လျက် ရှိ၏။
23
ဝမ်း ပျဉ် သား များ သည်၊ ပူး ကပ် တင်း မာ၍ မ ရွေ့ နိုင်။
24
နှ လုံး လည်း ကျောက် နှင့် အ မျှ၊ ကျိတ် ဆုံ အောက် ခံ ကျောက် နှင့် အ မျှ ပင် မာ ကျော၏။
25
ထ ကြွ သော အ ခါ ဗိုလ် မှူး တို့ သည် ကြောက် ရွံ့ လျက်၊ အ ကြောက် ကြီး သ ဖြင့် ရူး သွပ် ကြ၏။
26
ဓား၊ လှံ၊ မြှား စ ကြာ၊ သံ ချပ် များ နှင့် တိုက် ခိုက် သော် လည်း၊ မ ခံ ရပ် နိုင်။
27
သံ ကို ကောက် ရိုး ကဲ့ သို့ လည်း ကောင်း၊ ကြေး ကို သစ် ဆွေး ကဲ့ သို့လည်း ကောင်း၊ ထင် မှတ်၍၊
28
မြှား ပစ် သော် လည်း မ ပြေး၊ လောက် စာ၊ တင်း ပုတ် များ ကို ဖွဲ ကဲ့ သို့ ထင် မှတ် ဖြစ် စေ လျက်၊ လှံ ထိုး သံ ကို ပြက် ရယ် ပြု တတ်၏။
29
30
ထို မိ ကျောင်း အောက် ပိုင်း များ သည်၊ ထက် ချွန် သော အိုး ခြမ်း သ ဖွယ် ဖြစ်၍၊ ရွှံ့ ပေါ် တွင် ကောက် နယ် စက် ပုံ ဖြန့် ချီ တတ်၏။
31
ပင် လယ် ကို ရေ အိုး ကဲ့ သို့ ပွက် ထ စေ လျက်၊ သ မု ဒ္ဒ ရာ ကို လည်း ဆီ မွှေး ချက် သ ကဲ့ သို့ ဖြစ် စေ တတ်၏။
32
လွန် သွား ရာ လမ်း ထွန်း တောက် သ ဖြင့်၊ ပင် လယ် သည် ဆံ ဖြူ ရောင် ဆောင်၏။
33
ပြ က တေ့ အ တိုင်း ကြောက် ရွံ့ ခြင်း ကင်း၍၊ ကိုင်း ရှိုင်း ရ သော တိ ရ စ္ဆာန် မ ရှိ ချေ။
34
မြင့် မြတ် သော အ ရာ ရှိ သ မျှ ကို ကြည့် ဝံ့ လျက်၊ သား ရဲ တ ကာ တို့၏ ဘု ရင် ဖြစ် သ တည်း ဟု မိန့် တော် မူ၏။