1
ငါ့ ဇီ ဝ ကုန်၍၊ အ သက် တာ ဆုံး ပြီ။ သုဿန် သို့ လည်း ရောက် လု ပြီ။
2
လှည့် စား တတ် သူ တို့ သည်၊ ငါ နှင့် အ တူ မု ချ ရှိ ကြ၍၊ ၎င်း တို့၏ မြှောက် ဆွ ခြင်း ကို ငါ ရှု မြင် လျက် နေ ရ၏။
3
အ ကျွန်ုပ် ကိုယ် စား အ ပေါင်း ထား၍၊ ကိုယ် တော် တိုင် အာ မ ခံ တော် မူ ပါ။ အ ကျွန်ုပ် နှင့် လက် ဝါး ရိုက် မည့် လူ၊ မည် သူ ရှိ တော့ အံ့ နည်း။
4
သူ တို့ စိတ် ကို ဉာဏ် နှင့် ကင်း ဝေး စေ၍၊ သူ တို့ ကို ချီး မြှောက် တော် မူ မည် မ ဟုတ်။
5
အ ကြင် သူ သည် အ ဆွေ ခင် ပွန်း တို့ အ လု အ ယက် ခံ ရန် သ တင်း ပေး၏။ ထို သူ၏ သား သ မီး တို့ လည်း မျက် စိ အား ကုန် လိမ့် မည်။
6
ငါ့ ကို လူ မျိုး တို့ ပုံ ခိုင်း ရာ ထား တော် မူ၍၊ မျက် နှာ လည်း ထွေး ခံ သ ဖွယ် ဖြစ်၏။
7
ဒေါ သ ကြောင့် ငါ့ မျက် စိ မှုန်၍၊ ကိုယ် အင်္ဂါ ရှိ သ မျှ သည် အ ရိပ် သ ဖွယ် ဖြစ်၏။
8
သ ဘော ဖြောင့် သူ တို့ သည် ထို အ ဖြစ် အ ပျက် ကြောင့် အံ့ အား သင့် လျက်၊ အ ပြစ် ကင်း သော သူ လည်း၊ လူ သ ရော် လူ ပျက် နှင့် ဆန့် ကျင် စိတ် ထ ကြွ လေ၏။
9
သို့ ရာ တွင် ဖြောင့် မတ် သော သူ သည် ကိုယ့် နည်း လမ်း ကို စွဲ မြဲ လျက်၊ လက် သန့် စင် သူ သည် အား တိုး တက် ကြီး ပွား လိမ့်ည်။
10
သင် တို့ ရှိ သ မျှ ကား။ တစ် ဖန် ပြန်၍ စဉ်း စား ကြ ဦး လော့။ သင် တို့ အ နက် ပ ညာ ရှိ တစ် ဦး ကို မျှ၊ ငါ ရှာ၍ မ တွေ့ ချေ။
11
ငါ့ အ သက် တာ လွန် သွား ပြီ။ ငါ့ စိတ် ကွန် မြူး သော အ ကြံ များ လည်း ပြတ် တုံး ခဲ့ ပြီ။
12
အ လင်း သည် မှောင် မိုက်၌ နီး စပ် သည် ဟူ၍၊ ညဉ့် နေ ကဲ့ သို့ ဖြစ် စေ ကြ၏။
13
အ ကယ်၍ ငါ သည် မ ရ ဏ နိုင် ငံ ကို နေ အိမ် အ ဖြစ် ဖြင့် စောင့် မျှော် လျက်၊ မှောင် မိုက်၌ အိပ် ရာ ခင်း လျှင်လည်း ကောင်း၊
14
သုဿန် အား ငါ့ အ ဖ၊ လောက် အား လည်း ငါ့ အ မိ နှ မ ဟု ဆို လျှင်လည်း ကောင်း၊
15
ငါ စောင့် မျှော် ရာ အ ခြေ ကား၊ အ ဘယ် မှာ နည်း။ ထို သို့ သော အ ကြောင်း ကို မည် သူ မြင် ရ မည် နည်း။
16
မြေ မုန့်၌ နား နေ ချိန် ကျ သော အ ခါ၊ မ ရ ဏာ့ နိုင် ငံ၏ ကန့် လန့် ကျင် သို့ ဆင်း သွား ရ သ တည်း ဟု မြွက် ဆို၏။