သူ​ကြီး-6

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 တစ် ဖန် ဣ သ ရေ လ အ မျိုး သား တို့ သည် ထာ ဝ ရ ဘု ရား မျက် မှောက် တော်၌ ဆိုး သွမ်း မှု ကို ပြု ကျင့် သော ကြောင့် မိ ဒျန် လူ မျိုး လက် တွင်း သို့ ခု နစ် နှစ် ပတ် လုံး ထာ ဝ ရ ဘု ရား အပ် နှင်း တော် မူ သည့် အ လျောက်၊
  • 2 မိ ဒျန် လက် ရုံး ရည် သာ သ ဖြင့်၊ ဣ သ ရေ လ အ မျိုး သား တို့ သည် တောင် များ တွင် လှိုဏ် ခေါင်း၊ ဥမင် နှင့် ခံ တပ် များ ကို ပြု လုပ် ကြ၏။
  • 3 ထို ကာ လ ဣ သ ရေ လ လူ မျိုး တို့ စိုက် ပျိုး ပြီး မှ မိ ဒျန် လူ မျိုး၊ အာ မ လက် လူ မျိုး တို့ မှ စ သော အ ရှေ့ ပြည် သား တို့ သည် ချီ လာ စွဲ ရပ် သ ဖြင့်
  • 4 ဂါ ဇ မြို့ တိုင် ရောက် အောင် မြေ ထွက် အ သီး အ နှံ ကို ဖျက် ဆီး လျက် သိုး၊ ဆိတ်၊ နွား၊ မြည်း မှ စ၍ ဣ သ ရေ လ တိုင်း ပြည် အ တွင်း တွင် စား ရန် အ စာ မျှ မ ကျန် မ ကြွင်း စေ ရ။
  • 5 ထို သူ တို့ သည် တိ ရ စ္ဆာန် များ နှင့် တဲ များ ပါ လျက် ကျိုင်း အုပ် နှင့် အ မျှ အ မြောက် အ မြား လာ ကြ၍ လူ နှင့် ကု လား အုပ် လည်း မ ရေ မ တွက် နိုင် အောင် ထို ပြည် သို့ ချီ လာ ဖျက် ဆီး ကြ ၏။
  • 6 ဣ သ ရေ လ အ မျိုး သား တို့ သည် မိ ဒျန် လူ မျိုး ကြောင့် အ လွန် ဆင်း ရဲ လှ သ ဖြင့် ထာ ဝ ရ ဘု ရား ထံ အော် ဟစ် ကြ၏။
  • 7 ထို သို့ ဣ သ ရေ လ အ မျိုး သား တို့ သည် မိ ဒျန် လူ မျိုး ကြောင့် ထာ ဝ ရ ဘု ရား ထံ အော် ဟစ် ကြ သော အ ခါ
  • 8 ထာ ဝ ရ ဘု ရား စေ လွှတ် တော် မူ သော ပ ရော ဖက် က ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် မှာ ကျွန် ခံ နေ ရာ အိ ဂျစ် ပြည် မှ သင် တို့ ကို ငါ ထုတ် ဆောင် ခဲ့ ပြီ။
  • 9 ထို ပြည် သား တို့ လက် အောက် မှ လည်း ကောင်း၊ နှိပ် စက် သ မျှ သော သူ တို့ လက် အောက် မှလည်း ကောင်း၊ ကယ် နုတ် သည့် ပြင်၊ ချင်း တို့ ကို သင် တို့ ရှေ့ နှင် ထုတ် လျက်၊ ပြည် ကို လည်း အပ် လွှဲ ခဲ့ လေ ပြီ။
  • 10 ငါ သည် သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ဖြစ် သ ဖြင့်၊ သင် တို့ နေ ရာ အာ မော ရိ လူ မျိုး ကိုး ကွယ် သော ဘု ရား များ ကို ကြောက် ရွံ့ ခြင်း မ ရှိ နှင့် ဟု ငါ ပ ညတ် သော် လည်း မ လိုက် မ နာ ကြောင်း မိန့် တော် မူ သည် ဟူ ၍ ဆင့် ဆို လေ ၏။
  • 11 တစ် ဖန် ထာ ဝ ရ ဘု ရား၏ စေ တ မန် တော် ကြွ လာ၍၊ သြ ဖ ရ မြို့၊ အ ဗျေ ဇာ့ အ နွယ် သား ယော ရှ ပိုင် ညန် ပင် အောက် တွင် ထိုင် နေ ရာ၊ ယော ရှ သား ဂိ ဒေါင် သည် မိ ဒျန် လူ မျိုး မျက် ကွယ် ဖြစ် စေ ရန် ဖိ နင်း ရာ စ ပျစ် ကျင်း တွင် ဂျုံ စ ပါး ကို နယ် လျက် နေ၏။
  • 12 ထာ ဝ ရ ဘု ရား၏ စေ တ မန် တော် သည် ထင် ရှား ၍ အို စစ် ခေါင်း မာ သူ၊ သင် နှင့် အ တူ ထာ ဝ ရ ဘု ရား ရှိ တော် မူ သည် ဟု ဆို လျှင်၊
  • 13 ဂိ ဒေါင် က၊ အို အ ရှင် မြတ်၊ အ ကျွန်ုပ် တို့ နှင့် အ တူ ထာ ဝ ရ ဘု ရား ရှိ တော် မူ သည် မှန် ပါ လျှင်၊ အ ဘယ် ကြောင့် ဤ ဘေး ဆိုး သင့် ရောက် ပါ သ နည်း။ ထာ ဝ ရ ဘု ရား သည် ငါ တို့ ကို အိ ဂျစ် ပြည် မှ ထုတ် ဆောင် တော် မူ ခဲ့ သည် မ ဟုတ် လော ဟူ၍ ဘိုး ဘေး တို့ ပြန် ကြား သ မျှ သော အံ့ ဖွယ် ရာ များ ကား အ ဘယ် မှာ နည်း။ ယ ခု မှာ ထာ ဝ ရ ဘု ရား သည် အ ကျွန်ုပ် တို့ ကို စွန့် ပယ်၍ မိ ဒျန် လူ မျိုး လက် တွင်း သို့ အပ် နှင်း တော် မူ ခဲ့ လေ စွ တ ကား ဟု ဆို သော်၊
  • 14 ထာ ဝ ရ ဘု ရား ရှု မြင်၍ ပြ က တေ့ ခွန် အား နှင့် သွား ပြီး လျှင်၊ မိ ဒျန် လူ မျိုး လက် တွင်း မှ ဣ သ ရေ လ လူ မျိုး ကို ကယ် ဆယ် လော့။ သင့် ကို ငါ စေ လွှတ် လိုက် သည် မ ဟုတ် လော ဟု မိန့် မှာ တော် မူ ၏။
  • 15 ဂိ ဒေါင် က၊ အို အ ရှင် မြတ်၊ ဣ သ ရေ လ လူ မျိုး ကို ကယ် ဆယ် ရန် အ ကျွန်ုပ်၌ မည် သည့် တန် ခိုး ရှိ ပါ သ နည်း။ မ နော ရှေ့ အ နွယ် တွင် အ ကျွန်ုပ် ၏ အ ဆွေ အ မျိုး တို့ ဆင်း ရဲ လှ ပါ ၏။ အ ကျွန်ုပ် လည်း အ ဘ၏ အိမ် သား တို့ တွင် အ သိမ် အ ဖျင်း ဖြစ် ပါ သည် ဟု ပြန် လျှောက် သော်၊
  • 16 ထာ ဝ ရ ဘု ရား က၊ သင် နှင့် အ တူ ငါ ရှိ သည် မှန် သ ဖြင့် မိ ဒျန် တစ် မျိုး လုံး ကို တစ် ဦး တည်း ကဲ့ သို့၊ သင် လုပ် ကြံ ရ လိမ့် မည် ဟု မိန့် တော် မူ လျှင်၊
  • 17 ဂိ ဒေါင် က မျက် မှောက် တော် တွင် အ ကျွန်ုပ် မျက် နှာ သာ ရ ပါ မူ အ ကျွန်ုပ် အား ဗျာ ဒိတ် ပေး သော အ ရှင် သည် ကိုယ် တော် ပင် ဖြစ် ကြောင်း နိ မိတ် လ က္ခ ဏာ ပြ တော် မူ ပါ။
  • 18 အ ကျွန်ုပ် ပြန် ရောက်၍ ပါ လာ သော လက် ဆောင် တော် ကို ကိုယ် တော့် မျက် မှောက်၌ မ ဆက် မ ချင်း၊ ဤ ဌာ န က ကွယ် ကြွ တော် မ မူ ပါ နှင့် ဟု လျှောက် ထား လေ သော်၊ သင် ပြန် ရောက် သည့် တိုင် အောင် စောင့် ဆိုင်း မည် ဟု မိန့် တော် မူ ၏။
  • 19 ဂိ ဒေါင် သည် သွား၍ ဆိတ် သား ငယ် တစ် ကောင် နှင့် တ ဆေး မဲ့ မုန့် ညက် တစ် တင်း ဖြင့် ပေါင်း သော မုန့် ပြား များ ပြင် ဆင် ပြီး လျှင်၊ ဆိတ် သား ကို တောင်း ၌ လည်း ကောင်း၊ ပြုတ် ရည် ကို အိုး ၌လည်း ကောင်း၊ ထည့် သွင်း လျက်၊ စေ တ မန် တော် ရှိ သည့် ညန် ပင် အောက် သို့ ယူ ဆောင် ဆက် သ ရာ၊
  • 20 ဘု ရား သ ခင်၏ စေ တ မန် တော် က အ မဲ သား နှင့် မုန့် ပြား များ ကို ဤ ကျောက် ဖျာ ပေါ် တွင် ခင်း ကျင်း လော့။ ပြုတ် ရည် ကို လည်း သွန်း လောင်း လော့ ဟု မိန့် ဆို သည့် အ တိုင်း ပြု သော်၊
  • 21 စေ တ မန် တော် သည် ကိုင် ဆောင် သော တောင် ဝှေး ကို ဆန့် တန်း လျက် အ မဲ သား နှင့် မုန့် ပြား များ ကို တို့ သ ဖြင့် ကျောက် ဖျာ မှ မီး တောက်၍၊ အ မဲ သား နှင့် မုန့် ပြား များ ကို ကျွမ်း လောင် ရာ တွင် ထာ ဝ ရ ဘု ရား၏ စေ တ မန် တော် လည်း ကွယ် သွား လေ၏။
  • 22 ထာ ဝ ရ ဘု ရား၏ စေ တ မန် တော် ဖြစ် ကြောင်း ဂိ ဒေါင် သိ မြင် ရ လျှင်၊ အို အ ရှင် ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ် သည် ထာ ဝ ရ ဘုရား ၏ စေ တ မန် တော် ကို မျက် မှောက် ထင် ထင် မြင် ရ လေ စွ တ ကား ဟု လျှောက် ဆို သော်
  • 23 ထာ ဝ ရ ဘု ရား က၊ မ ကြောက် နှင့်။ စိတ် ဧ ချမ်း လော့။ သေ ရ မည် မ ဟုတ် ဟု မိန့် တော် မူ သည့် အ တိုင်း
  • 24 ဂိ ဒေါင် သည် ထို အ ရပ်၌ ထာ ဝ ရ ဘု ရား အား ပူ ဇော် ရာ ပ လ္လင် တော် ကို တည် ပြီး မှ ယေ ဟော ဝါ ရှာ လုံ အ မည် မှည့် ရာ ယ နေ့ တိုင် အောင် အ ဗျေ ဇာ့ အ နွယ် သား တို့ နေ ရာ သြ ဖ ရ မြို့၌ တည် ရှိ လေ သ တည်း။
  • 25 ထို နေ့ ညဉ့် အ ခါ ထာ ဝ ရ ဘု ရား က၊ အ ဘ ပိုင် နွား များ အ နက် အ သက် ခု နစ် နှစ် ပြည့် သော နှစ် ကောင် မြောက် နွား ကို ဆွဲ၍၊ အ ဘ ကိုး ကွယ် ရာ ဗာ လ နတ်၏ ယဇ် ပ လ္လင် ကို ဖြို ဖျက် လျက် အ နီး ရှိ တံ ခွန် တိုင် ကို လည်း ခုတ် လှဲ ပြီး လျှင်
  • 26 ဤ ခံ တပ် အ ထက် သင့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အား ပူ ဇော် ရာ ပ လ္လင် တော် ကို သင့် တင့် စွာ တည် ၍၊ ထို နှစ် ကောင် မြောက် နွား ကို ခုတ် လှဲ ပြီး တံ ခွန် တိုင် ထင်း နှင့် မီး ရှို့ ရာ သ က္ကာ အ ဖြစ် ဆက် ကပ် လော့ ဟု မိန့် တော် မူ ရာ
  • 27 ဂိ ဒေါင် လည်း ငယ် သား တစ် ဆယ် ကို ခေါ် ပြီး လျှင်၊ ထာ ဝ ရ ဘု ရား အ မိန့် တော် အ တိုင်း ပြု လေ၏။ သို့ ရာ တွင် အ ဘ အိမ် ထောင် သား ချင်း နှင့် မြို့ သား တို့ ကို ကြောက် ရွံ့ သည့် အ လျောက် နေ့ အ ချိန် တွင် မ ပြု ဝံ့ ဘဲ ညဉ့် အ ချိန် တွင် ပြု လေ ၏။
  • 28 ထို မြို့ သား တို့ သည် နံ နက် အ ချိန် ထ ကြ သော အ ခါ ပြို ပျက် လျက် ရှိ သော ဗာ လ နတ်၏ ပ လ္လင် ကို လည်း ကောင်း၊ အ နီး ရှိ ခုတ် လှဲ ထား သော တံ ခွန် တိုင် ကိုလည်း ကောင်း၊ ထပ် မံ တည် ပြီး သော ပ လ္လင် တော် တွင် နှစ် ကောင် မြောက် ဆက် ကပ် သော နွား ကိုလည်း ကောင်း၊ မြင် ကြ သော်
  • 29 ဤ အ မှု ကို မည် သူ ပြု သ နည်း ဟု အ ချင်း ချင်း ဆွေး နွေး မေး မြန်း ပြီး မှ ယော ရှ သား ဂိ ဒေါင် ပြု လေ ပြီ ဟု ပြော ဆို ကြ၏။
  • 30 ဗာ လ နတ်၏ ပ လ္လင် ကို ဖြို ဖျက်၍ အ နီး ရှိ တံ ခွန် တိုင် ကို လည်း ခုတ် လှဲ သော သင့် သား ကို သေ ဒဏ် ခံ ရန် ထုတ် လော့ ဟု ယော ရှ အား မြို့ သား တို့ ပြော ဆို ကြ သော်၊
  • 31 ယော ရှ က၊ သင် တို့ သည် ဗာ လ နတ် ဘက်၌ လျှောက် လဲ ကြ မည် လော။ ကယ် ဆယ် ကြ မည် လော။ သူ့ ဘက်၌ လျှောက် လဲ သူ သည် နံ နက် အ ခါ မ လွန် မီ သေ ဒဏ် ခံ စေ။ အ ကယ်၍ ဘု ရား ဟုတ် ခဲ့ လျှင် ကိုယ့် ပ လ္လင် ကို တစ် စုံ တစ် ယောက် ဖြို ဖျက် သော ကြောင့် ကိုယ့် အ ဖို့ ကိုယ် တိုင် လျှောက် လဲ ပါ စေ ဟု တစ် ဘက်၌ ရပ် သော သူ အ ပေါင်း တို့ အား ဆို သည် နှင့် အ ညီ၊
  • 32 ဗာ လ နတ်၏ ပ လ္လင် ကို ဂိ ဒေါင် ဖြို ဖျက် သည့် အ တွက် သူ့ ကိုယ် တိုင် တစ် ဘက် တွင် လျှောက် လဲ ပါ စေ ဟု ဆို ပြန် လျက် ထို နေ့ ရက်၌ ပင် ယေ ရု ဗ္ဗာ လ ဟူ၍ အ မည် သစ် ကို ပေး လေ၏။
  • 33 ထို အ ခါ မိ ဒျန် လူ မျိုး၊ အာ မ လက် လူ မျိုး တို့ မှ စ၍ အ ရှေ့ ပြည် သား အ ပေါင်း တို့ စု ရုံး လျက် မြစ် ကူး ပြီး လျှင်
  • 34 ယေ ဇ ရေ လ ချိုင့် တွင် စွဲ ရပ် ကြ ရာ၊ ဂိ ဒေါင့် အ ပေါ် သို့ ထာ ဝ ရ ဘု ရား၏ ဝိ ညာဉ် တော် သက် ရောက် သ ဖြင့်၊ သူ သည် တံ ပိုး မှုတ် သော အ ခါ အ ဗျေ ဇာ့ အ နွယ် သား တို့ လိုက် ပါ ကြ ၏။
  • 35 မ နာ ရှေ့ နယ် တစ် လျှောက် လုံး တွင် တ မန် တို့ ကို စေ လွှတ် လိုက် သ ဖြင့် ၎င်း တို့ လိုက် ကြ သည့် ပြင် အာ ရှာ၊ ဇာ ဗု လုန် နှင့် နဿ လိ နယ် များ သို့ လည်း တ မန် တို့ ကို လွှတ် သော ကြောင့် ကြို ဆို ချီ တက် လာ ရောက် ကြ ကုန်၏။
  • 36 ဘု ရား သ ခင် အား ဂိ ဒေါင် က၊ ကိုယ်တော် မိန့် တော် မူ သည့် အ တိုင်း အ ကျွန်ုပ် လက် ရုံး အား ဖြင့် ဣ သ ရေ လ လူ မျိုး ကို ကယ် ဆယ် တော် မူ မည် မှန် လျှင်
  • 37 ကောက် နယ် တ လင်း တွင် တစ် ကောင် ထွက် သိုး မွေး ကို ဖြန့် ကြဲ ထား ပါ မည်။ မြေ တစ် ပြင် လုံး ခြောက် သွေ့ လျက် ကြဲ ထား သော သိုး မွေး ကို သာ နှင်း စို လျှင် မိန့် တော် မူ တိုင်း ပင် ဣ သ ရေ လူ မျိုး ကို အ ကျွန်ုပ် လက် ရုံး အား ဖြင့် ကယ် ဆယ် တော် မူ မည့် အ ကြောင်း အ မှန် သိ သာ ရ ပါ မည် ဟု လျှောက် ထား သော်၊
  • 38 နံ နက် အ ချိန် ထ ပြီး လျှင် သိုး မွေး ကို နယ် ညှစ် ရာ၊ နှင်း ရည် တစ် အင် တုံ အ ပြည့် အ လျှံ ရ၏။
  • 39 တစ် ဖန် လည်း ဂိ ဒေါင် က၊ အ ကျွန်ုပ် အ ပေါ် တွင် စိတ် ရှိ တော် မ မူ ပါ နှင့်။ ယ ခု တစ် ကြိမ် တစ် ခါ သာ သိုး မွေး အား ဖြင့် စုံ စမ်း လျက် လျှောက် ထား ပါ ရ စေ။ မြေ တစ် ပြင် လုံး နှင်း စို လျက် ကြဲ ထား သော သိုး မွေး ကို သာ ခြောက် သွေ့ ပါ စေ ဟု ဘု ရား သ ခင် အား လျှောက် ထား သည့် အ တိုင်း၊
  • 40 ထို ညဉ့် တွင် ဘု ရား သ ခင် စီ ရင် တော် မူ သ ဖြင့် မြေ တစ် ပြင် လုံး နှင်း စို၍ သိုး မွေး သွေ့ ခြောက် လျက် ရှိ၏။
回到本卷目录 回到本版本目录 回到首页