1
ယော ရှု ကွယ် လွန် ပြီး နောက်၊ ဣ သ ရေ လ အ မျိုး သား တို့ က၊ ခါ န နိ လူ မျိုး နှင့် စစ် ပြိုင် ရန် အ ကျွန်ုပ် တို့ ဘက်၌ မည် သူ တပ် ဦး ချီ တက် ရ ပါ မည် နည်း ဟု ထာ ဝ ရ ဘု ရား အား မေး လျှောက် ကြ ရာ၊
2
ယု ဒ အ နွယ် ချီ တက် ရ မည်။ ထို ပြည် ကို သူ တို့ လက် တွင်း သို့ အပ် ပေး ပြီ ဟု ထာ ဝ ရ ဘု ရား မိန့် တော် မူ လျှင်
3
ဆွေ မျိုး သား ချင်း ရှိ မောင့် အ နွယ် အား ယု ဒ အ နွယ် က ခါ န နိ လူ မျိုး နှင့် စစ် ပြိုင် ရန် ကျွန် တော် တို့ ပိုင် စု နယ် သို့ လိုက် ခဲ့ ပါ။ ကျွန် တော် တို့ လည်း သင် တို့ ပိုင် စု နယ် သို့ လိုက် ပါ မည် ဟု ဆို သည့် အ တိုင်း ရှိ မောင့် အ နွယ် လိုက် ပါ လေ ၏။
4
ယု ဒ အ နွယ် ချီ သွား ရာ ခါ န နိ၊ ဖေ ရ ဇိ လူ မျိုး တို့ ကို သူ တို့ လက် တွင်း သို့ ထာ ဝ ရ ဘု ရား အပ် နှင်း တော် မူ သ ဖြင့် ဗေ ဇက် မြို့ တွင် လူ ပေါင်း တစ် သောင်း ကို လုပ် ကြံ ကြ ၏။
5
အ ဒေါ နိ ဗေ ဇက် မင်း ကို ဗေ ဇက် မြို့ တွင် တွေ့ ဆုံ တိုက် ခိုက် ရာ ခါ န နိ၊ ဖေ ရ ဇိ လူ မျိုး တို့ ကို လုပ် ကြံ ဆဲ တွင်
6
အ ဒေါ နိ ဗေ ဇက် မင်း ပြေး လေ သော်၊ ယု ဒ အ နွယ် လိုက် လံ ဖမ်း ဆီး၍ လက် မ၊ ခြေ မ များ ကို ဖြတ် ကြ လေ ၏။
7
အ ဒေါ နိ ဗေ ဇက် မင်း က၊ ဘု ရင် မင်း ခု နစ် ကျိပ် တို့ သည် လက် မ၊ ခြေ မ ပြတ် သည် နှင့် အ ထက် က ငါ့ စား ပွဲ အောက် တွင် ကောက် စား ကြ ဖူး ပြီ။ ငါ စီ ရင် ခဲ့ သည့် အ လျောက် ငါ ၌ လည်း ဘု ရား သ ခင် စီ ရင် တော် မူ ပြီ ဟု ဝန် ခံ ပြီး နောက်၊ ယေ ရု ရှ လင် မြို့ သို့ ပို့ ထား ကြ ရာ ကွယ် လွန် လေ ၏။
8
ယု ဒ အ နွယ် သား တို့ သည် ယေ ရု ရှ လင် မြို့ ကို တိုက် ယူ၍၊ ဓား ဖြင့် လုပ် ကြံ လျက် မီး တိုက် ကြ ပြီး လျှင်
9
ခင် တန်း ခ ရိုင်၊ နေ ဂပ် ခ ရိုင်၊ ရှ ဖေ လာ ခ ရိုင် များ၌ နေ ထိုင် သော ခါ န နိ လူ မျိုး ကို စစ် တိုက် ရန် ချီ သွား ကြ စဉ်
10
ကိ ရ ယ သာ ဘ အ မည် ဟောင်း ရှိ သော ဟေ ဗြုန် မြို့ နေ ခါ န နိ လူ မျိုး တို့ ရှိ ရာ သို့ ရောက်၍ ရှေ ရှဲ၊ အ ဟိ မန်၊ တာ လ မဲ တို့ ကို လုပ် ကြံ ကြ လေ ၏။
11
တစ် ဖန် ကိ ရ ယဿေ ဖာ အ မည် ဟောင်း ရှိ သော ဒေ ဗိ ရ မြို့ သား တို့ ရှိ ရာ သို့ ချီ ပြန် သော်၊
12
ကိ ရ ယဿေ ဖာ မြို့ ကို လုပ် ကြံ တိုက် ယူ သူ့ အား၊ ငါ့ သ မီး အာ ခ သ နှင့် ပေး စား မည် ဟု ကာ လက် ဆို လျှင်
13
ကေ နတ် အ မျိုး ညီ သြ သံ ယေ လ တိုက် ယူ သည့် အ လျောက်၊ သ မီး အာ ခ သ နှင့် ပေး စား လေ၏။
14
ထို မိန်း မ သည်၊ လင့် အိမ် သို့ ရောက် ပြီး မှ၊ အ ဘ ထံ လယ် တစ် ကွက် တောင်း ရန် တိုင် ပင်၍ သွား ရောက် ရာ မြည်း ပေါ် မှ ဆင်း လျက်၊ ကာ လက် က၊ မည် သည့် အ ရာ ကို လို သ နည်း ဟု မေး သော်၊
15
ကောင်း ကြီး ပေး စေ လို ပါ၏။ ကိုယ် တော် သည် နေ ဂပ် ခ ရိုင် တွင် ကျွန် မ ကို နေ စေ သည် ဖြစ်၍၊ စမ်း ရေ တွင်း ကို ပေး ပါ ဦး ဟု တောင်း ဆို သည့် အ လျောက် အ ထက် စမ်း ရေ တွင်း နှင့် အောက် စမ်း ရေ တွင်း များ ကို ပေး လေ ၏။
16
ကေ နိ လူ မျိုး မော ရှေ့ ယော က္ခ မ၏ သား မြေး မြစ် တို့ သည် စွန် ပ လွံ မြို့ မှ၊ အာ ရဒ် မြို့ တောင် ဘက် ယု ဒ တော သို့ ယု ဒ အ နွယ် သား တို့ နှင့် လိုက် သွား၍၊ နေ ရင်း သား တို့ နှင့် အ တူ နေ ရာ ကျ ကြ ၏။
17
တစ် ဖန် ယု ဒ အ နွယ် သည် ဆွေ မျိုး သား ချင်း ရှိ မောင့် အ နွယ် နှင့် လိုက် သွား၍၊ ဇေ ဖတ် မြို့ ရှိ ခါ န နိ လူ မျိုး တို့ ကို လုပ် ကြံ ပြီး လျှင်၊ မြို့ ကို လည်း မြေ လှန် လျက်၊ ဟော မာ ဟု သ မုတ် ကြ ၏။
18
တစ် ဖန် လည်း ယု ဒ အ နွယ် သည် ဂါ ဇ မြို့ နှင့်လည်း ကောင်း နယ်၊ အာ ရှ ကေ လုန် မြို့ နှင့်၎င်း နယ်၊ ဧ ကြုန် မြို့ နှင့် ၎င်း နယ် များ ကို သိမ်း ယူ လေ၏။
19
ယု ဒ အ နွယ် နှင့် အ တူ ထာ ဝ ရ ဘု ရား ရှိ တော် မူ သည့် အ လျောက် သူ သည် တောင် ပေါ် ရှိ သူ တို့ ကို နှင် ထုတ် လေ၏။ ချိုင့် တွင် နေ ထိုင် သူ တို့ ကို ကား သံ ဖြင့် ပြီး သော စစ် ရ ထား ရှိ သော ကြောင့် မ နှင် မ ထုတ် နိုင် သေး ချေ။
20
မော ရှေ မှာ ထား ခဲ့ သည့် အ တိုင်း၊ ဟေ ဗြုန် မြို့ ကို ကာ လက် အား အပ် နှင်း ကြ၍၊ သူ သည် အာ န က သား သုံး ယောက် တို့ ကို ထို မြို့ မှ နှင် ထုတ် လေ၏။
21
ဗင်္ယာ မိန့် အ နွယ် သား တို့ ကား၊ ယေ ရု ရှ လင် မြို့၌ နေ သော ယေ ဗု သိ လူ မျိုး တို့ ကို မ နှင် ထုတ် ဘဲ၊ သူ တို့ သည် ယ နေ့ တိုင် အောင် ဗင်္ယာ မိန့် အ နွယ် သား တို့ နှင့် အ တူ ယေ ရု ရှ လင် မြို့ တွင် နေ ကြ သ တည်း။
22
ယော သပ် အ နွယ် သား တို့ လည်း၊ ဗေ သ လ မြို့ သို့ ချီ တက် ရာ၊ သူ တို့ နှင့် အ တူ ထာ ဝ ရ ဘု ရား ရှိ တော် မူ ၏။
23
လု ဇ အ မည် ဟောင်း ရှိ သော ဗေ သ လ မြို့ ကို စူး စမ်း စေ ရာ
24
မြို့ တွင်း မှ ထွက် လာ သူ တစ် ယောက် ကို သူ လျှို တို့ တွေ့ မြင် သည် နှင့် မြို့ ဝင် ပေါက် ကို ပြ ပါ။ ငါ တို့ ချမ်း သာ ပေး မည် ဟု ဆို သော်၊
25
မြို့ ဝင် ပေါက် ကို ပြ ပြီး မှ၊ မြို့ သား တို့ ကို ဓား ဖြင့် လုပ် ကြံ လျက် ထို သူ နှင့် အိမ် သူ အိမ် သား အား လုံး တို့ ကို လွှတ် လိုက် ကြ ၏။
26
ထို သူ သည် ဟိ တ္တိ ပြည် သို့ သွား ရောက် ပြီး လျှင်၊ မြို့ သစ် တည်၍ လု ဇ မြို့ ဟု သ မုတ် သည့် အ တိုင်း၊ ယ နေ့ တိုင် အောင် ထို သို့ တွင် သ တည်း။
27
မ နာ ရှေ့ အ နွယ် မူ ကား၊ ဗက် ရှန်၊ တာ နက်၊ ဒေါ ရ၊ ဣ ဗ လံ၊ မေ ဂိ ဒ္ဒေါ မြို့ များ နှင့် နိ ဂုံး များ တွင် နေ ထိုင် သူ တို့ ကို မ နှင် ထုတ် နိုင် သ ဖြင့်၊ ထို ခါ န နိ လူ မျိုး တို့ အ တင်း နေ ကြ သေး ၏။
28
နောင် ကာ လ၊ ဣ သ ရေ လ အ မျိုး သား တို့ အင် အား တိုး တက် သော အ ခါ၊ ထို သူ တို့ ကို မ နှင် ထုတ် ဘဲ လ မိုင်း သား ဖြစ် စေ ကြ ၏။
29
ထို နည်း တူ ဧ ဖ ရိမ့် အ နွယ် သည် ဂေ ဇာ မြို့၌ နေ သော ခါ န နိ လူ မျိုး တို့ ကို မ နှင် ထုတ် ဘဲ၊ ရော ပြွမ်း လျက် နေ ကြ၏။
30
ထို နည်း တူ ဇာ ဗု လုန် အ နွယ် သည် ကိ တ ရုန် မြို့ သား၊ နာ ဟာ လော လ မြို့ သား တို့ ကို မ နှင် ထုတ် ဘဲ ထို ခါ န နိ လူ မျိုး တို့ ရော ပြွမ်း နေ ထိုင် လျက်၊ လ မိုင်း အ မှု ကို ထမ်း ရ ကြ ၏။
31
ထို နည်း တူ အာ ရှာ့ အ နွယ် သည် အ က္ခော၊ ဇိ ဒုန်၊ အာ လပ်၊ အာ ခ ဇိပ်၊ ဟေ လ ဗ၊ အာ ဖိတ်၊ ရ ဟော ဘ မြို့ သူ မြို့ သား တို့ ကို မ နှင် ထုတ် ဘဲ
32
ပြည် ရင်း သား ခါ န နိ လူ မျိုး တို့ နှင့် ရော ပြွမ်း နေ ထိုင် ကြ ၏။
33
ထို နည်း တူ နဿ လိ အ နွယ် သည် ဗက် ရှေ မက်၊ ဗေ သ နတ် မြို့ သူ မြို့ သား တို့ ကို မ နှင် ထုတ် ဘဲ ပြည် ရင်း သား ခါ န နိ လူ မျိုး တို့ နှင့် ရော ပြွမ်း နေ ထိုင် ကြ၏။ သို့ ရာ တွင် ၄င်း မြို့ သူ မြို့ သား တို့ သည် လ မိုင်း အ မှု ကို ထမ်း ရ ကြ၏။
34
အာ မော ရိ လူ မျိုး ကား၊ ဒန့် အ နွယ် သား တို့ ကို ခင် တန်း သို့ တက် စေ၍၊ ချိုင့် ဝှမ်း ရာ၌ ဆင်း နေ ခွင့် မ ပေး ကြ။
35
ထို အာ မော ရိ လူ မျိုး သည် ဟေ ရက် တောင် မှ စ၍၊ အာ ယ လုန် မြို့ နှင့်၊ ရှာ လ ဗိမ် မြို့ များ တွင် အ တင်း နေ သေး ရာ ယော သပ် အ နွယ် သား တို့ လက် ရုံး ရည် တိုး တက် သော အ ခါ လ မိုင်း အ မှု ကို ထမ်း ရ ကြ၏။
36
အာ မော ရိ လူ မျိုး နေ ရ သော အ ရပ် ကား၊ အ က ရ ဗ္ဗိမ် တောင် ကြား နှင့် သေ လ မြို့ မှ စ၍ အ ထက် အ ရပ် တည်း။