သူ​ကြီး-7

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ယေ ရု ဗ္ဗာ လ တည်း ဟူ သော ဂိ ဒေါင် သည် လိုက် ပါ သ မျှ သူ တို့ နှင့် တ ကွ နံ နက် အ ချိန် ထ ပြီး လျှင်၊ ဟာ ရုတ် စမ်း ရေ တွင်း အ နီး စွဲ ရပ် ရာ မိ ဒျန် တပ် ကား မြောက် ဘက်၊ မော ရေ တောင် ခြေ ရင်း ချိုင့် တွင် စွဲ သ တည်း။
  • 2 ထာ ဝ ရ ဘု ရား က လည်း၊ သင် နှင့် လိုက် ပါ သူ များ ပြား သည့် အ တွက် ငါ တို့ လက် ရုံး သာ ငါ တို့ ကို ကယ် ဆယ် ပြီ ဟူ၍ ဣ သ ရေ လ လူ မျိုး သည် ကိုယ် ကို ဂုဏ် တင် မည့် စိုး သော ကြောင့်၊ ၎င်း တို့ လက် တွင်း သို့ မိ ဒျန် လူ မျိုး ကို ငါ မ အပ် နှင်း ချေ။
  • 3 သို့ ဖြစ်၍ ကြောက် ရွံ တုန် လှုပ် သူ တိုင်း၊ ဂိ လဒ် တောင် မှ ပြန် သွား စေ ဟူ၍ တပ် သား တို့ တွင် ကြော် ငြာ လော့ ဟု ဂိ ဒေါင် အား မိန့် တော် မူ သည့် အ တိုင်း လူ နှစ် သောင်း နှစ် ထောင် ပြန်၍၊ တစ် သောင်း သာ ကျန် ရစ် လေ ၏။
  • 4 ထာ ဝ ရ ဘု ရား က လည်း၊ တပ် သား တို့ များ ပြား သေး သော ကြောင့်၊ ရေ ရှိ ရာ သို့ ခေါ် ဆောင် လော့။ ထို အ ရပ်၌ သင့် အ တွက် ငါ စစ် ဆေး မည်။ အ ကြင် သူ သည် သင် နှင့် လိုက် ပါ ရ မည် ဟု ငါ ဆို မူ ထို သူ လိုက် သွား ရ မည်။ အ ကြင် သူ မ လိုက် ရ ဟု ငါ ဆို မူ ထို သူ မ လိုက် မ သွား ရ ဟူ၍ မိန့် တော် မူ သည့် အ တိုင်း
  • 5 တပ် သား တို့ ကို ရေ ရှိ ရာ သို့ ဂိ ဒေါင် ခေါ် ဆောင် ပြီး မှ ထာ ဝ ရ ဘု ရား က၊ ခွေး သည် ရေ ကို လျက် သောက် သ ကဲ့ သို့ လျှာ ဖြင့် လျက် သောက် သော လူ တစ် စု၊ ဒူး ချ၍ သောက် သော လူ တစ် စု၊ ထို နှစ် စု ကို ခွဲ ထား စေ ဟု ဂိ ဒေါင် အား မိန့် တော် မူ လေ သော်၊
  • 6 လက် ခုပ် ဖြင့် လျက် သောက် သော လူ အ ရေ အ တွက် ကား သုံး ရာ ရှိ၏။ ကြွင်း ကျန် သော လူ အ ပေါင်း တို့ ကား ဒူး ချ လျက် သောက် ကြ သ တည်း။
  • 7 ထာ ဝ ရ ဘု ရား က လည်း၊ ငါ သည် မိ ဒျန် လူ မျိုး ကို လျက် သောက် သော လူ သုံး ရာ အား ဖြင့် သင့် လက် တွင်း သို့ အပ် နှင်း၍၊ သင် တို့ ကို ကယ် ဆယ် မည်။ ကျန် ကြွင်း သော အ သီး အ သီး တို့ ကား ကိုယ့် ဌာ န သို့ ပြန် သွား ကြ စေ ဟု ဂိ ဒေါင် အား မိန့် တော် မူ လျှင်
  • 8 သူ တို့ စား နပ် ရိ က္ခာ နှင့် တံ ပိုး များ ကို ဆောင် ယူ ပြီး နောက် ဣ သ ရေ လ တပ် သား အ သီး အ သီး တို့ ကို ကိုယ့် အိမ် သို့ ဂိ ဒေါင် လွှတ် လိုက် လျက် ဆို ခဲ့ သော သုံး ရာ ကို သာ မ လွှတ် ဘဲ ထား လေ၏။ မိ ဒျန် တပ် ကား ၎င်း တို့ အောက် ချိုင့် တွင် ရှိ သ တည်း။
  • 9 ထို နေ့ ညဉ့် တွင် ပင် ထာ ဝ ရ ဘု ရား က ထ၍၊ ထို စွဲ ရပ် ရာ သို့ ဆင်း ချီ လော့။ သင့် လက် တွင်း သို့ ငါ အပ် နှင်း ပြီ။
  • 10 မ ချီ ၀ံ့ မူ သင့် ငယ် သား ဖု ရ နှင့် တ ကွ ဆင်း သက်၍ အ ချင်း ချင်း ပြော ဆို သော စ ကား ကို ကြား ရ ပြီး မှ၊ စွဲ ရပ် ရာ သို့ ဆင်း ချီ နိုင် ရန် လက် ရုံး ရည် တိုး တက် လိမ့် မည် ဟု မိန့် တော် မူ သည့် အ တိုင်း ဂိ ဒေါင် သည် ငယ် သား ဖု ရ နှင့် တ ကွ တပ် အ ပ ကင်း သို့ ဆိုက် ရောက် လေ ၏။
  • 11
  • 12 မိ ဒျန် လူ မျိုး၊ အာ မ လက် လူ မျိုး တို့ မှ စ၍၊ အ ရှေ့ ပြည် သား အ ပေါင်း တို့ သည် ကျိုင်း အုပ် နှင့် အ မျှ များ ပြား လျက် ချိုင့် တွင် စီ စဉ် နေ လေ၏။ ကု လား အုပ် များ လည်း သ မု ဒ္ဒ ရာ ကမ်း ခြေ ရှိ သဲ လုံး နှင့် အ မျှ မ ရေ မ တွက် နိုင် အောင် များ ပြား လှ ၏။
  • 13 ဂိ ဒေါင် ဆိုက် ရောက် စဉ် လူ တစ် ယောက် သည် အ ပေါင်း အ ဖော် အား အိပ် မက် ပြန် ကြား သည် မှာ နား ထောင် ဦး။ မု ယော မုန့် တစ် ပြား သည် ငါ တို့ တပ် တွင်း သို့ လိမ့် လာ ရာ တဲ ရှင် တ တဲ သို့ ဝင် လျက် တိုက် ခိုက် မိ သ ဖြင့် ပြို ပျက်၍ အ ဆင့် ဆင့် နေ သည် ဟူ သော အိပ် မက် ကို ငါ မြင် မက် သည် ဟု ဆို သော်၊
  • 14 အ ပေါင်း အ ဖော် က ထို မုန့် ပြား ကား အ ခြား မ ဟုတ်၊ ဣ သ ရေ လ လူ မျိုး ယော ရှ သား ဂိ ဒေါင် ၏ ဓား ပင် တည်း။ ဘု ရား သ ခင် သည် မိ ဒျန် လူ မျိုး နှင့် ဗိုလ် ထု အ ပေါင်း တို့ ပါ ထို သူ့ လက် သို့ အပ် နှင်း တော် မူ လေ ပြီ ဟု ပြန် ပြော လေ ၏။
  • 15 ဂိ ဒေါင် သည် အိပ် မက် ပြန် ကြား ခြင်း နှင့် ဖွင့် ပြ ခြင်း ကို ကြား ရာ ဦး ညွတ် ပြီး လျှင် ဣ သ ရေ လ တပ် သို့ ပြန် ရောက် သော် ထ ကြ၊ မိ ဒျန် ဗိုလ် ထု ကို သင် တို့ လက် တွင်း သို့ ထာ ဝ ရ ဘု ရား အပ် နှင်း တော် မူ ပြီ ဟု ဆို လျက်
  • 16 လူ သုံး ရာ တို့ ကို သုံး စု ခွဲ ထား ပြီး လျှင်၊ တံ ပိုး တစ် လက် နှင့် မီး ခွက် ပါ သော အိုး တစ် လုံး ကို ကိုယ် စီ ကိုယ် ငှ လက် ကိုင် စေ လျက်
  • 17 ငါ့ ကို ကြည့် ပြီး လျှင် ငါ ပြု သည့် အ လျောက် ပြု ကြ လော့။ တပ် ပြင် ရောက် သော အ ခါ၌ လည်း ထို နည်း တူ ပြု ကြ လော့။
  • 18 ငါ နှင့် တ ကွ လိုက် ပါ သူ အ ပေါင်း တို့ တံ ပိုး မှုတ် ကြ သော် သင် တို့ လည်း တပ် ပတ် လည် ဝန်း ဝိုင်း၍ တံ ပိုး မှုတ် ပြီး လျှင် ထာ ဝ ရ ဘု ရား နှင့် ဂိ ဒေါင် အ တွက် ဟူ၍ ကြွေး ကြော် ကြ လော့ ဟု မှာ ထား လေ ၏။
  • 19 ထို သို့ ဂိ ဒေါင် နှင့် လိုက် ပါ သူ တစ် ရာ သည် မ ဇ္စျိ မ ယံ အ တွင်း ကင်း စောင့် လဲ သော အ ခိုက် တပ် ပြင် ရောက်၍၊ တံ ပိုး မှုတ် ပြီး လျှင် ကိုင် စွဲ သော အိုး များ ကို လည်း ရိုက် ခွဲ သည့် အ လျောက်
  • 20 သုံး စု လုံး တံ ပိုး မှုတ် ပြီး လျှင်၊ အိုး များ ကို ရိုက် ခွဲ၍ ဝဲ လက်၌ မီး ခွက် ကိုလည်း ကောင်း၊ ယာ လက်၌ မှုတ် သော တံ ပိုး ကိုလည်း ကောင်း၊ ကိုင် လျက် ထာ ဝ ရ ဘု ရား နှင့် ဂိ ဒေါင်၏ ဓား ဘေး ဟူ၍ ကြွေး ကြော် ကြ ရာ၊
  • 21 တပ် ထက် ဝန်း ကျင်၌ အ သီး အ သီး တို့ ရှိ ရာ အ ရပ် တွင် တည် နေ အော် ဟစ် သ ဖြင့် တပ် သား အ ပေါင်း တို့ ပြေး သွား ရ ကုန် ၏။
  • 22 ထို တံ ပိုး သုံး ရာ ကို မှုတ် ကြ လျှင် ထာ ဝ ရ ဘု ရား သည် တပ် သား အ ပေါင်း တို့ ကို အ ချင်း ချင်း ဓား ဝင့် စေ လျက်၊ ဇေ ရ ရာ မြို့၊ ဗက် ရှိ တ္တ ရွာ တိုင် လည်း ကောင်း၊ တ ဗ္ဗတ် မြို့ အ နီး ရှိ အာ ဗေ လ မ ဟော လ တောင် စောင်း တိုင် လည်း ကောင်း၊ ပြေး ကြ ရာ၊
  • 23 နဿ လိ၊ အာ ရှာ၊ မ နာ ရှေ နယ် များ အ တွင်း မှ ဣ သ ရေ လ လူ မျိုး တို့ စု ရုံး၍ မိ ဒျန် လူ မျိုး ကို လိုက် ကြ ကုန် ၏။
  • 24 ဂိ ဒေါင် လည်း ဧ ဖ ရိမ် ခင် တန်း တစ် လျှောက် လုံး တွင် တ မန် တို့ ကို လွှတ်၍ မိ ဒျန် လူ မျိုး ကို မြစ် တား ရန် ယော် ဒန် မြစ် တစ် လျှောက်၊ ဗက် ဗာ ရ ရွာ တိုင် အောင် မြစ် ကူး ဆိပ် များ ကို သိမ်း ယူ စေ ဟု မှာ ထား သည့် အ တိုင်း ဧ ဖ ရိမ့် သူ ရဲ အ ပေါင်း တို့ စု ရုံး၍ ယော် ဒန် မြစ် တစ် လျှောက်၊ ဗက် ဗာ ရ ရွာ တိုင် အောင်၊ သိမ်း ယူ ကြ ကုန် ၏။
  • 25 မိ ဒျန် လူ မျိုး ကို လိုက် လံ ရာ အ ခိုက်၊ မိ ဒျန် ဗိုလ် ချုပ် သြ ရ ဘ နှင့် ဇေ ဘ နှစ် ယောက် တို့ ကို ဖမ်း ဆီး ပြီး လျှင်၊ သြ ရ ဘ ကို သြ ရ ဘ ခေါ် ကျောက် တောင် အ နီး တွင်လည်း ကောင်း၊ ဇေ ဘ ကို ဇေဘ ခေါ် ဖိ နင်း ရာ စ ပျစ် ကျင်း အ နီး တွင်လည်း ကောင်း အ ဆုံး စီ ရင်၍ ၎င်း တို့ ဦး ခေါင်း နှစ် လုံး ကို ယော် ဒန် မြစ် တစ် ဖက်၊ ဂိ ဒေါင် ရှိ ရာ သို့ ဆောင် ယူ လာ ကြ ၏။
回到本卷目录 回到本版本目录 回到首页