1
ခါ နာန် ပြည် တွင် ဖြစ် ပွား သ မျှ သော စစ် ရေး ကို မ ကျွမ်း ကျင် သူ ဣ သ ရေ လ အ မျိုး သား အ ပေါင်း တို့ ကို စုံ စမ်း ခြင်း ငှာ လည်း ကောင်း၊ စစ် ရေး ကို မ လိ မ္မာ သူ၊ ဣ သ ရေ လ အ မျိုး သား အ စဉ် အ ဆက် တို့ သည် စစ် အ တတ် ကို သင် ကြား ၍၊ ကျင် လည် စေ ခြင်း ငှာ လည်း ကောင်း၊ ထာ ဝ ရ ဘု ရား ခြွင်း ချန် တော် မူ သော လူ မျိုး ခြား တို့ ဟူ မူ ကား၊
2
3
ဖိ လိ တ္တိ မင်း ငါး ပါး နှင့် ခါ န နိ လူ မျိုး၊ ဇိ ဒုန် လူ မျိုး၊ ဗာ လ ဟေ ရ မုန် တောင် မှ စ၍ ဟာ မတ် မြို့ လမ်း ဝ တိုင် အောင် လေ ဗ နုန် တောင် ပေါ် မှာ နေ ထိုင် သော ဟိ ဝိ လူ မျိုး တို့ တည်း။
4
ထို လူ မျိုး ခြား တို့ မှာ ဘိုး ဘေး တို့ အား မော ရှေ ဖြင့် မိန့် မှာ တော် မူ ခဲ့ သော ပ ညတ် များ ကို ဣ သ ရေ လ လူ မျိုး လိုက် နာ မည် မ လိုက် နာ မည် ကို အ ထင် အ ရှား စုံ စမ်း စေ ခြင်း ငှာ ကြွင်း ကျန် ကြ၏။
5
ဣ သ ရေ လ အ မျိုး သား တို့ သည် ခါ န နိ၊ ဟိ တ္တိ၊ အာ မော ရိ၊ ဖေ ရ ဇိ၊ ဟိ ဝိ၊ ယေ ဗု သိ လူ မျိုး တို့ နှင့် ရော ပြွမ်း နေ ထိုင်၍
6
သူ တို့ သ မီး များ နှင့် ကိုယ့် သ မီး တို့ ကို လည်း ပေး စား လျက်၊ ၎င်း တို့ ဘု ရား များ ကို ဝတ် ပြု ကြ သ တည်း။
7
ဣ သ ရေ လ အ မျိုး သား တို့ သည် ထာ ဝ ရ ဘု ရား မျက် မှောက် တော် ၌ ဆိုး သွမ်း မှု ကို ပြု ကျင့် လျက် ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို မေ့ လျော့ သည့် ပြင် ဗာ လ နတ်၊ အ ရှဲ ရာ နတ် တို့ ကို ဝတ် ပြု ကြ သော ကြောင့်
8
ထာ ဝ ရ ဘု ရား သည် ဣ သ ရေ လ လူ မျိုး အ ပေါ် တွင် အ မျက် တော် ထား သ ဖြင့် မေ သော ပေါ တာ မိ ဘု ရင် ခု ရှံ ရိ ရှ သိမ် မင်း လက် တွင်း သို့ ရောင်း ချ တော် မူ၍ ရှစ် နှစ် ပတ် လုံး ကျွန် ခံ ရ သည် နှင့်
9
ထာ ဝ ရ ဘု ရား ထံ အော် ဟစ် ကြ လျှင်၊ ကယ် ဆယ် သူ ဖြစ် သော ကေ နတ် အ မျိုး ကာ လက် ညီ သြ သံ ယေ လ ကို သူ တို့ ဘက် တွင် ပေါ် ထွန်း စေ တော် မူ ၏။
10
ထာ ဝ ရ ဘု ရား၏ ဝိ ညာဉ် တော် သည် သူ့ အ ပေါ်၌ ကိန်း ဝပ် သ ဖြင့်၊ ဣ သ ရေ လ လူ မျိုး ကို အုပ် စိုး စီ ရင် လျက် စစ် ချီ လေ သော်၊ မေ သော ပေါ တာ မိ ဘု ရင် ခု ရှံ ရိ ရှ သိမ် မင်း ကို သူ့ လက် တွင်း သို့ ထာ ဝ ရ ဘု ရား အပ် နှင်း သည့် အ လျောက် လက် ရုံး ရည် သာ လေ ၏။
11
အ နှစ် လေး ဆယ် တိုင် တိုင် တစ် ပြည် လုံး ငြိမ်း ချမ်း၍ ကေ နတ် အ မျိုး သြ သံ ယေ လ ကွယ် လွန် လေ ၏။
12
တစ် ဖန် ဣ သ ရေ လ အ မျိုး သား တို့ သည် ထာ ဝ ရ ဘု ရား မျက် မှောက် တော်၌ ဆိုး သွမ်း မှု ကို ပြု ကျင့် သော ကြောင့် မော ဘ ဘု ရင် ဧ ဂ လုန် မင်း ကို ဣ သ ရေ လ လူ မျိုး တို့ တစ် ဘက် တွင် အား တိုး တက် စေ တော် မူ ၍
13
ထို မင်း သည်၊ အ မ္မုန် အ မျိုး သား၊ အာ မ လက် အ မျိုး သား တို့ ကို စု ရုံး ပြီး လျှင်၊ စစ် ချီ လုပ် ကြံ ရာ စွန် ပ လွံ မြို့ ကို သိမ်း ယူ သ ဖြင့်၊
14
ဆယ့် ရှစ် နှစ် ပတ် လုံး၊ မော ဘ ဘု ရင် ဧ ဂ လုန် မင်း ထံ၊ ဣ သ ရေ လူ မျိုး တို့ ကျွန် ခံ ရ သည် နှင့် ထာ ဝ ရ ဘု ရား ထံ အော် ဟစ် ကြ လျှင်၊
15
ကယ် ဆယ် သူ အ ဖြစ်၊ ဝဲ လက် သန် မာ သည့် ဗင်္ယာ မိန့် အ နွယ် ဂေ ရ သား ဧ ဟု ဒ ကို သူ တို့ ဘက် တွင် ပေါ် ထွန်း စေ တော် မူ၏။ မော ဘ ဘု ရင် ဧ ဂ လုန် မင်း ထံ လက် ဆောင် ပ ဏ္ဏာ ပို့ ဆက် ရန်
16
ဣ သ ရေ လ အ မျိုး သား တို့ ခိုင်း စေ ကြ ရာ၊ ဧ ဟု ဒ သည်၊ အ လျား တစ် တောင် ရှိ သန် လျက် ကို လုပ် ပြီး လျှင်၊ ယာ ပေါင် အ ဝတ် အ တွင်း ၌ စည်း နှောင် လျက်၊ အ လွန် ဝ ဖြိုး သူ၊
17
မော ဘ ဘု ရင် ဧ ဂ လုန် မင်း ထံ လက် ဆောင် ပ ဏ္ဏာ ကို ဆက် သွင်း လေ ၏။
18
လက် ဆောင် ပ ဏ္ဏာ ကို ဆက် သွင်း ပြီး နောက်၊ အ ဆောင် ကိုင် တို့ ကို လိုက် ပို့ လျက်၊
19
ဂိ လ ဂါ လ မြို့ အ နီး ရှိ ကျောက် ရုပ် တု များ ရှိ ရာ က ပြန် လာ၍၊ ကျွန် တော် မျိုး သည် ဘု ရင် မင်း မြတ် အား တီး တိုး စ ကား တင် ရန် ရှိ ပါ သည် ဟု လျှောက် သော် ဘု ရင် မင်း က၊ တိတ် ဆိတ် စေ ဟု အ မိန့် တော် ရှိ လျှင်၊ ခ စား သူ အ ပေါင်း တို့ ထွက် ခွာ ကြ လေ၏။
20
ထို အ ခါ လေ သာ နန်း ဆောင် တွင် တစ် ကိုယ် တည်း စံ နေ ရာ ဧ ဟု ဒ ချဉ်း ကပ်၍ ဘု ရင် မင်း မြတ် အား ဘု ရား သ ခင့် အ မိန့် တော် ဆင့် ဆို ရန် ရှိ ပါ သည် ဟု တင် လျှောက် သည့် အ တိုင်း ရာ ဇ ပ လ္လင် ထက် မှ ဘု ရင် မင်း ဆင်း သက် လျှင်၊
21
ဧ ဟု ဒ သည်၊ ဝဲ လက် ကို ဆန့် တန်း လျက်၊ ယာ ပေါင် မှ သန် လျက် ကို ထုတ်၍၊ ဘု ရင် မင်း၏ ဝမ်း ကို ထိုး ရာ
22
သန် လျက် သည် လက် ကိုင် ရိုး ပါ ထုတ် ချင်း စူး ဝင် သ ဖြင့် ဝမ်း တွင်း က မ နုတ် မီ အ ဆီ လွှမ်း လျက် ရှိ လေ ၏။
23
ဧ ဟု ဒ သည်၊ အ ဆောင် ဦး သို့ ထွက် လျက် ဆောင် မ တံ ခါး များ ကို ပိတ် ထား သော့ ခတ်၍ ထွက် သွား သည့် နောက်
24
လက် သုံး တော် တို့ လာ ရောက် ရာ အ ဆောင် တံ ခါး များ သော့ ခတ် လျက် ရှိ သည် ကို တွေ့ မြင် သော် လေ သာ ဆောင် ထဲ တွင် အ ခင်း သွား သည် ဟု အ ချင်း ချင်း ပြော ဆို လျက်၊
25
ရှက် လောက် ဖွယ် စောင့် ဆိုင်း ပြီး မှ တံ ခါး ကို မ ဖွင့် သော ကြောင့် သော့ ကို ယူ၍ ဖွင့် ကြ ရာ၊ နန်း ကြမ်း ပြင် တွင် လဲ၍ သေ နေ သော ကိုယ့် အ ရှင် ကို တွေ့ မြင် ကြ ၏။
26
ထို သို့ စောင့် ဆိုင်း နေ ကြ သည့် အ ခိုက် ဧ ဟု ဒ သည် ကျောက် ရုပ် တု များ ရှိ ရာ အ ရပ် ကို လွန် သွား၍ စိ ရပ် ရွာ သို့ လွတ် မြောက် စွာ ရောက် ပြီး မှ
27
ဧ ဖ ရိမ် ခင် တန်း ပေါ် တွင် တံ ပိုး မှုတ် သ ဖြင့်၊ သူ့ နောက်၊ ခင် တန်း ပေါ် က ဣ သ ရေ လ အ မျိုး သား တို့ ဆင်း လိုက် ကြ ၏။
28
သူ က လည်း၊ ငါ့ နောက် လိုက် ခဲ့ ဦး။ ထာ ဝ ရ ဘု ရား သည် ရန် သူ ဖြစ် သော မော ဘ လူ မျိုး ကို သင် တို့ လက် တွင်း သို့ အပ် နှင်း တော် မူ သ တည်း ဟု ဆို သည့် အ တိုင်း၊ ဆင်း လိုက် ကြ ရာ မော ဘ လူ မျိုး နှင့် စစ် ပြိုင်၍ ယော် ဒန် မြစ် ကူး ဆိပ် များ ကို သိမ်း ယူ သ ဖြင့်၊ လူ တစ် ဦး တစ် ယောက် မျှ မ ကူး နိုင်။
29
သန် မာ သော မော ဘ စစ် သူ ရဲ တစ် ယောက် မျှ လည်း လွတ် မြောက် ခွင့် မ ရ စေ ဘဲ၊ လူ တစ် သောင်း ခန့် ကို လုပ် ကြံ ပြီး လျှင်၊
30
မော ဘ လူ မျိုး သည် ဣ သ ရေ လ လူ မျိုး၏ လက် ရုံး အောက် နိမ့် ကျ၍ အ နှစ် ရှစ် ဆယ် တိုင် တိုင် တစ် ပြည် လုံး ငြိမ်း ချမ်း လေ၏။
31
ဧ ဟု ဒ နောက် မှ အာ နတ် သား ရှံ ဂါ ပေါ် ထွန်း ပြီး လျှင် ဖိ လိ တ္တိ လူ ခြောက် ရာ ကို သ န ချွန်း ဖြင့် လုပ် ကြံ လျက် ဣ သ ရေ လ လူ မျိုး တို့ ကို ကယ် ဆယ် လေ ၏။