1
ဧ ဟု ဒ ကွယ် လွန် သည် ကာ လ ဣ သ ရေ လ အ မျိုး သား တို့ သည် ထာ ဝ ရ ဘု ရား မျက် မှောက် တော်၌ တစ် ဖန် ဆိုး သွမ်း မှု ကို ပြု ကျင့် သော ကြောင့်၊
2
ဟာ ဇော် မြို့ စံ ခါ နာန် ဘု ရင် ယာ ဘိန် မင်း လက် တွင်း သို့ ထာ ဝ ရ ဘု ရား ရောင်း ချ တော် မူ၏။ ဗိုလ် ချုပ် ကား၊ လူ မျိုး ခြား တို့ နေ ရာ ဟာ ရော ရှက် မြို့၌ နေ ထိုင် သူ သိ သ ရ ဖြစ် သ တည်း။
3
ထို မင်း တွင် သံ ဖြင့် ပြီး သော စစ် ရ ထား ကိုး ရာ ရှိ လျက် အ နှစ် နှစ် ဆယ် ပတ် လုံး၊ ဣ သ ရေ လ အ မျိုး သား တို့ ကို ပြင်း စွာ နှိပ် စက် သော ကြောင့် ထာ ဝ ရ ဘု ရား ထံ အော် ဟစ် ကြ ကုန် ၏။
4
ထို အ ခါ ပ ရော ဖက် မ ဖြစ် သော လ ပိ ဒုတ် မ ယား ဒေ ဗော ရ သည်၊ ဣ သ ရေ လူ မျိုး ကို အုပ် စိုး စီ ရင် ရာ
5
ဧ ဖ ရိမ် ခင် တန်း ရှိ ရာ မ မြို့ နှင့် ဗေ သ လ မြို့ များ စပ် ကြား၊ ဒေ ဗော ရ စွန် ပ လွံ ပင် အောက်၌ ထိုင် နေ စဉ် ဣ သ ရေ လ အ မျိုး သား တို့ သည် စီ ရင် ဆုံး ဖြတ် ခြင်း ခံ ရန် သူ့ ထံ လာ ရောက် တတ် ကြ သ တည်း။
6
ဒေ ဗော ရ သည် နဿ လိ နယ်၊ ကေ ဒေ ရှ မြို့ တွင် နေ ထိုင် သော အ ဘိ နောင့် သား ဗာ ရက် ကို ခေါ် စေ ၍၊ ဣ သ ရေ လ လူ မျိုး၏ ဘုရား သ ခင် ထာ ဝ ရ ဘု ရား က၊ နဿ လိ အ နွယ်၊ ဇာ ဗု လုန့် အ နွယ် သား တို့ အ နက် လူ ပေါင်း တစ် သောင်း နှင့် တ ကွ တာ ဗော် တောင် အ ရောက် ချီ သွား လော့။
7
ငါ လည်း၊ ယာ ဘိန် မင်း၏ ဗိုလ် ချုပ် သိ သ ရ နှင့် ရ ထား တပ် ကို အ လုံး အ ရင်း ပါ၊ သင် ရှိ ရာ ကိ ရှုန် မြစ် တို့ သွေး ဆောင် လျက် သင့် လက် တွင်း သို့ အပ် နှင်း မည် ဟူ၍ မိန့် မှာ တော် မူ ခဲ့ သည် မ ဟုတ် တုံ လော ဟု ဆို ရာ၊
8
ဗာ ရက် က၊ ကျွန် တော် နှင့် အ တူ အ ရှင် မ ကြွ လျှင်၊ သွား ပါ မည်။ မ ကြွ လျှင် မူ ကား၊ မ သွား ဝံ့ ပါ ဟု ပြန် လျှောက် သော်၊ ဒေ ဗော ရ က၊ မု ချ သင် နှင့် လိုက် ပါ မည်။
9
သို့ ရာ တွင် သင် သည် သွား သော ခ ရီး မှု ကြောင့် ဂုဏ် အ သ ရေ ရ ရှိ မည် မ ဟုတ် ချေ။ ထာ ဝ ရ ဘု ရား သည် သိ သ ရ ကို မိန်း မ တစ် ဦး လက် တွင်း သို့ ရောင်း ချ တော် မူ မည် ဟု ဆို လျက် ထ ပြီး မှ ဗာ ရက် နှင့် အ တူ ကေ ဒေ ရှ မြို့ ရောက် သွား လေ ၏။
10
ဗာ ရက် သည် နဿ လိ အ နွယ်၊ ဇာ ဗု လုန့် အ နွယ် သား တို့ ကို ကေ ဒေ ရှ မြို့ သို့ ခေါ် ပြီး လျှင်၊ လိုက် ပါ သော သူ ရဲ တစ် သောင်း နှင့် တ ကွ ဒေ ဗော ရ ပါ အ တူ ချီ တက် လေ ၏။
11
မော ရှေ့ ယော က္ခ မ ဖြစ် သော ဟော ဗပ်၏ သား မြေး မြစ် အ ပါ အ ဝင်၊ ကေ နိ အ မျိုး သား ဟေ ဗာ သည် ကေနိ လူ မျိုး နှင့် ခွာ ၍၊ ကေ ဒေ ရှ မြို့ အ နီး၊ ဇာ န န္နိမ် အ ရပ် ရှိ ညန် ပင် ခြေ ရင်း အ ထိ တဲ စိုက် နှင့် သ တည်း။
12
အ ဘိ နောင့် သား ဗာ ရက် သည် တာ ဗော် တောင် သို့ တက် ကြောင်း ကို သိ သ ရ အား ကြား ပြော လျှင်
13
သိ သ ရ သည် သံ ဖြင့် ပြီး သော စစ် ရ ထား ကိုး ရာ နှင့် လိုက် ပါ သူ အ ပေါင်း တို့ ကို လူ မျိုး ခြား တို့ နေ ရာ ဟာ ရော ရှက် မြို့ မှ ကိ ရှုန် မြစ် အ ရောက် စု ရုံး စေ ရာ
14
ဗာ ရက် အား ဒေ ဗော ရ က၊ ထ လော့။ ယ နေ့ ကား၊ သိ သ ရ ကို သင့် လက် တွင်း သို့ ထာ ဝ ရ ဘု ရား အပ် နှင်း တော် မူ သော နေ့ ဖြစ် သည့် အ လျောက် ထာ ဝ ရ ဘု ရား သည် သင့် ရှေ့ က ကြွ ချီ တော် မူ ပြီ မ ဟုတ် လော ဟု ဆို လေ သော် လူ တစ် သောင်း နှင့် တ ကွ တာ ဗော် တောင် က ဗာ ရက် ဆင်း သွား လေ၏။
15
ထာ ဝ ရ ဘု ရား သည်၊ သိ သ ရ နှင့် ရ ထား တပ် မှ စ သော အ လုံး အ ရင်း အ ပေါင်း တို့ ကို ဗာ ရက် ရှေ့ တွင် ဓား ဖြင့် ရှုံး စေ တော် မူ သော ကြော့င် စီး နင်း ရာ ရ ထား မှ သိ သ ရ ဆင်း၍ ခြေ လျင် ပြေး ရ လေ ၏။
16
ဗာ ရက် မူ ကား၊ ရ ထား တပ် နှင့် အ လုံး အ ရင်း တို့ ကို လူ မျိုး ခြား တို့ နေ ရာ ဟာ ရော ရှက် မြို့ တိုင် လိုက် လံ၍ သိ သ ရ၏ အ လုံး အ ရင်း တစ် ယောက် မ ကျန် ဓား ဖြင့် ကျ ဆုံး ကြ ကုန်၏။
17
ထို ကာ လ၌ ဟေ ဗာ့ အ မျိုး သား ချင်း ကေ နိ လူ တို့ နှင့် ဟာ ဇော် ဘု ရင် ယာ ဘိန် မင်း သင့် မြတ် သ ဖြင့် ကေ နိ အ မျိုး သား ဟေ ဗာ့ မ ယား ယေ လ တဲ သို့ သိ သ ရ ခြေ လျင် ပြေး သော်၊
18
ယေ လ သည် သိ သ ရ ကို ကြို ဆို ရန် ထွက် လာ လျက် အ ရှင် ကျွန် မ ရှိ ရာ သို့ လှည့် ပါ လော့။ ကြောက် ရွံ့ ခြင်း ကင်း တော် မူ ပါ ဟု ခေါ် ဆို သည့် အ တိုင်း တဲ ထဲ သို့ လှည့် ဝင် လျှင် ယေ လ သည် တင်း တိမ် ဖြင့် ဖုံး ထား ရာ
19
ငါ ရေ ငတ်၍ အ နည်း ငယ် သောက် ပါ ရ စေ ဟု တောင်း သည် နှင့် နို့ ထည့် သော သား ရေ အိတ် ကို ဖွင့် ၍ တိုက် ပြီး မှ ဖုံး မြဲ ဖုံး ထား ၏။
20
သိ သ ရ က လည်း၊ တဲ ပေါက် ဝ တွင် စောင့် နေ လျက်၊ လူ တစ် ယောက် ရှိ သ လော ဟူ၍ တစ် စုံ တစ် ဦး မေး လာ လျှင်၊ မ ရှိ ကြောင်း ပြန် ပြော ပါ ဟု မှာ ထား လေ ၏။
21
ထို အ ခါ ဟေ ဗာ့ မ ယား ယေ လ သည် သိ သ ရ အိပ် မော ကျ သည့် အ ခိုက် တဲ ကြက် ဆူး တစ် ချောင်း နှင့် လက် ရိုက် ကို ကိုင် ယူ၍၊ တိတ် တ ဆိတ် ချဉ်း သွား ပြီး မှ နား ထင် ကို ကြက် ဆူး နှင့် မြေ အ ထိ ထုတ် ချင်း ပေါက် ရိုက် သွင်း သ ဖြင့် သေ လေ ၏။
22
ဗာ ရက် သည် သိ သ ရ ကို လိုက် လံ ရာ ယေ လ ကြို ဆို ရန် ထွက်၍ လာ ပါ ဦး။ အ ရှင် လိုက် ရှာ သူ့ ကို ကျွန် မ ပြ ပါ မည် ဟု ဆို သော် ဝင်၍ ကြည် ရာ နား ထင် တွင် ကြက် ဆူး စူး စိုက် လျက် သေ နေ သော သိ သ ရ ကို တွေ့ မြင် ရ၏။
23
ထို နေ့ တွင် ဘု ရား သ ခင် သည် ခါ နာန် ဘု ရင် ယာ ဘိန် မင်း ကို ဣ သ ရေ လ အ မျိုး သား တို့ ရှေ့ ရှုံး နိမ့် စေ တော် မူ သည် နှင့် အ ညီ၊
24
ထို ဘု ရင် ကို မ ဖျက် ဆီး မီ အ တွင်း သူ တို့ လက် ရုံး ရည် အ စဉ် တိုး တက် ၏။