သူ​ကြီး-2

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ထာ ဝ ရ ဘု ရား၏ စေ တ မန် တော် သည် ဂိ လ ဂါ လ မြို့ မှ ဗော ခိမ် မြို့ သို့ ကြွ လာ၍၊ သင် တို့ ဘိုး ဘေး များ အား သစ္စာ ထား သော ဤ ပြည် ရောက်၊ အိ ဂျစ် ပြည် မှ ထုတ် ဆောင် ခဲ့ သော ငါ က သင် တို့ နှင့် ဖွဲ့ ထား သော ပ ဋိ ညာဉ် ကို မည် သည့် အ ခါ မျှ ငါ ဖျက် မည် မ ဟုတ်။
  • 2 ဤ ပြည် သူ ပြည် သား နှင့် သင် တို့ မိတ် သ ဟာ ယ မ ဖွဲ့ ရ။ ချင်း တို့ ယဇ် ပ လ္လင် များ ကို ဖြို ဖျက် ရ မည် ဟု ငါ မိန့် ဆို သော် လည်း ငါ့ မိန့် ဆို ချက် ကို သင် တို့ မ နာ မ ယူ ကြ။ မည် သို့ ပြု ကြ ဘိ သ နည်း။
  • 3 တစ် ဖန် လည်း ငါ က၊ ဤ ပြည် သူ ပြည် သား တို့ ကို သင် တို့ ရှေ့ မှ ငါ နှင် ထုတ် မည် မ ဟုတ်။ သူ တို့ သည် သင် တို့ နံ ဘေး တွင် ဆူး သ ဖွယ်၊ သူ တို့ ဘု ရား များ လည်း ကျော့ ကွင်း သ ဖွယ် ဖြစ် ကြ လိမ့် မည် ဟု ဆို ခဲ့ ကြောင်း မိန့် တော် မူ ၏။
  • 4 ထာ ဝ ရ ဘု ရား၏ စေ တ မန် တော် သည် ဣ သ ရေ လ အ မျိုး သား တို့ အား ထို သို့ အ မိန့် တော် ပြန် လျှင်၊
  • 5 တစ် မျိုး လုံး အော် ဟစ် ငို ကြွေး ကြ သည် နှင့် ထို မြို့ ကို ဗော ခိမ် အ မည် မှည့်၍ ထာ ဝ ရ ဘု ရား အား ပူ ဇော် ကြ လေ ၏။
  • 6 ယော ရှု သည် လူ မျိုး တော် ကို ပြန် သွား ခွင့် ပြု ပြီး လျှင် ဣ သ ရေ လ အ မျိုး သား တို့ သည် ကိုယ် စီ ကိုယ် ငှ ရ သော ပိုင် နယ် ကို သိမ်း ယူ ခြင်း ငှာ သွား ကြ၏။
  • 7 လူ မျိုး တော် သည် ယော ရှု လက် ထက် ကာ လ ပတ် လုံး မှ စ၍၊ ၎င်း လူ မျိုး အ ဖို့ ထာ ဝ ရ ဘု ရား စီ ရင် တော် မူ ခဲ့ သော အ မှု ကြီး အ လုံး စုံ ကို သိ မြင် သူ၊ ယော ရှု မ ရှိ နောက် အ သက် ရှင် သေး သော လူ ကြီး တို့ လက် ထပ် ကာ လ ပတ် လုံး၊ ထာ ဝ ရ ဘု ရား ကို ဝတ် ပြု ကြ၏။
  • 8 ထာ ဝ ရ ဘု ရား၏ ကျွန် တော် ရင်း၊ နုန့် သား ယော ရှု သည် အ သက် တ ရာ့ တစ် ဆယ့် ရှိ၍ ကွယ် လွန် သော်၊
  • 9 ဧ ဖ ရိမ် ခင် တန်း၊ ဂါ ရှ ကုန်း မြောက် ဘက်၊ ကိုယ် ပိုင် တိ မ နတ် ဟေ ရက် မြို့ နယ် တွင် စျာ ပ န ပြု ကုန် ၏။
  • 10 ထို တစ် ဆက် လုံး လည်း ဘိုး ဘေး တို့ ထံ ရောက် ကြ ပြီး နောက် ထာ ဝ ရ ဘု ရား ကို လည်း ကောင်း၊ ဣ သ ရေ လ အ မျိုး သား တို့ အ ဖို့ စီ ရင် တော် မူ သော အ မှု ကို လည်း ကောင်း၊ မ သိ သော တစ် ဆက် ပေါ် ပေါက် လာ သ တည်း။
  • 11 ထို ကာ လ၊ ဣ သ ရေ လ အ မျိုး သား တို့ သည်၊ ထာ ဝ ရ ဘု ရား မျက် မှောက် တော်၌ ဆိုး သွမ်း မှု ကို ပြု ကျင့် လျက်၊ ဗာ လ နတ် တို့ အား ဝတ် ပြု သည့် ပြင်၊
  • 12 အိ ဂျစ် ပြည် မှ ထုတ် ဆောင် တော် မူ ခဲ့ သော ဘိုး ဘေး တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို စွန့် ပယ်၍ ထက် ဝန်း ကျင် ရှိ လူ မျိုး တို့ ဘု ရား များ အ နက် အ ချို့ သော ဘု ရား နောက် သို့ လိုက် လျက် ရှိ ခိုး ကြ သ ဖြင့် ထာ ဝ ရ ဘု ရား အား အ မျက် တော် တိုက် ကြ ၏။
  • 13 ထာ ဝ ရ ဘု ရား ကို စွန့် ပယ်၍၊ ဗာ လ နတ်၊ အာ ရှ တ ရက် နတ် တို့ ကို ဝတ် ပြု ကြ သော ကြောင့်၊
  • 14 ထာ ဝ ရ ဘု ရား သည် ဣ သ ရေ လ လူ မျိုး အ ပေါ် တွင် အ မျက် တော် ထား လျက် လု ယက် ဖျက် ဆီး သူ တို့ လက် တွင်း သို့ အပ်၍၊ ထက် ဝန်း ကျင် ရှိ ရန် သူ တို့ လက် သို့ ရောင်း ချ တော် မူ သ ဖြင့် ၎င်း တို့ ရှေ့၌ မ တည် မ တန့် နိုင် ကြ။
  • 15 ထွက် သွား လေ ရာ ရာ ထာ ဝ ရ ဘု ရား သ စ္စာ ဆို၍ မိန့် မြွက် တော် မူ သည့် အ လျောက် အ ဆိုး ပြု ရန် လက် ရုံး ဆန့် တော် မူ ခြင်း ကြောင့် ပြင်း စွာ ဒု က္ခ ရောက် ကြ သ တည်း။
  • 16 လု ယက် သူ တို့ လက် မှ ကယ် ဆယ် သော တ ရား မင်း တို့ ကို ထာ ဝ ရ ဘု ရား ပေါ် ထွန်း စေ တော် မူ သော် လည်း၊ ၎င်း မင်း တို့ စ ကား ကို မ လိုက် မ နာ။
  • 17 အ ခြား ဘု ရား တို့ နှင့် မှား ယွင်း၍ ရှိ ခိုး ကြ သည့် ပြင် ထာ ဝ ရ ဘု ရား၏ ပ ညတ် တော် များ ကို ဘိုး ဘေး တို့ လိုက် နာ သည့် အ လျောက် မ လိုက် မ နာ ဘဲ လျှောက် လိုက် သော နည်း လမ်း မှ လည်း အ ဆော တ လျင် လွှဲ သွား ကြ ၏။
  • 18 ထို သို့ တ ရား မင်း တို့ ကို ထာ ဝ ရ ဘု ရား ပေါ် ထွန်း စေ တော် မူ သော အ ခါ ညှဉ်း ပန်း နှိပ် စက် သူ တို့ အ ကြောင်း ကြောင့် မြည် တမ်း ကြ သ ဖြင့်၊ ထာ ဝ ရ ဘု ရား၏ စိတ် တော် မ သာ မ ယာ ရှိ သည် နှင့် ထို မင်း ကာ လ မ လွန် မ ချင်း၊ သူ နှင့် အ တူ ရှိ သည့် အ လျောက် ရန် သူ တို့ လက် မှ ဣ သ ရေ လ လူ မျိုး ကို ကယ် ဆယ် တော် မူ ၏။
  • 19 တ ရား မင်း ကွယ် လွန် သော အ ခါ မှာ မူ သူ တို့ သည် ဘိုး ဘေး တို့ ထက် ဖောက် ပြန် ဆုတ် ယုတ် လျက်၊ အ ခြား ဘု ရား တို့ နောက် သို့ လိုက်၍ ရှိ ခိုး ဝတ် ပြု ကြ သည့် ပြင် ကိုယ့် ကြမ်း တမ်း သော နည်း လမ်း နှင့် အ ကျင့် ဓ လေ့ များ ကို မ စွန့် မ ပယ် ကြ လေ။
  • 20 ထာ ဝ ရ ဘု ရား သည် ဣ သ ရေ လ လူ မျိုး အ ပေါ် တွင် အ မျက် တော် ထား လျက်၊ ငါ မိန့် ဆို ချက် ကို ဤ လူ မျိုး မ နာ မ ယူ။ ဘိုး ဘေး တို့ နှင့် ငါ ဖွဲ့ ထား သော ပ ဋိ ညာဉ် ကို ဖောက် ကျော် သော ကြောင့်
  • 21 ငါ ထာ ဝ ရ ဘု ရား၏ နည်း လမ်း တော် ကို ဘိုး ဘေး တို့ စောင့် ရှောက် လိုက် နာ ကြ သည့် နည်း တူ သား မြေး တို့ စောင့် ရှောက် မည် မ စောင့် ရှောက် မည် ကို လူ မျိုး ခြား တို့ အား ဖြင့် စုံ စမ်း စေ ရန် ယော ရှု ကွယ် လွန် သည့် ကာ လ ကြွင်း ရစ် သော လူ မျိုး ခြား တို့ အ နက် တစ် စုံ တစ် ယောက် ကို မျှ သူ တို့ ရှေ့ မှ ငါ မ နှင် မ ထုတ် ချေ ဟု မိန့် တော် မူ သည် နှင့် အ ညီ
  • 22
  • 23 ထို လူ မျိုး ခြား တို့ ကို ယော ရှု လက် တွင်း သို့ မ အပ် မ နှင်း။ အ ဆော တ လျင် လည်း မ နှင် မ ထုတ် ဘဲ ထား တော် မူ ၏။
回到本卷目录 回到本版本目录 回到首页