1
ထို နေ့ ရက်၌ ဒေ ဗော ရ နှင့် အ ဘိ နောင့် သား ဗာ ရက် တို့ အောင် ချင်း ဖွဲ့ ဆို သည် ကား
2
ဣ သ ရေ လ လူ မျိုး တော် သည် ဦး ဆံ ဖား လျား ကျ လျက် အ ပျော် စစ် ထမ်း ရ သော ကြောင့် ထာ ဝ ရ ဘု ရား ကို သြ ဘာ ပြု ကြ လော့။
3
အို ဘု ရင် မင်း မြတ် နှင့် မှူး မတ် တို့ နာ ခံ နာ ယူ ကြ လော့။ ထာ ဝ ရ ဘု ရား အား ငါ သီ ချင်း ဖွဲ့ ဆို မည်။ ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အား ကျူး ဧ စွာ ချီး မွမ်း မည်။
4
အို ထာ ဝ ရ ဘု ရား၊ စိ ရ ခင် တန်း ပေါ် က ကိုယ် တော် ကြွ လျက်၊ ဧ ဒုံ ပြည် မှ စစ် ချီ တော် မူ သော အ ခါ မြေ လှုပ် ခြင်း၊ မိုး ရွာ ခြင်း၊ တိမ် တိုက် မှ ရေ ပေါက် ကျ ခြင်း များ ဖြစ် ပါ ၏။
5
တောင် များ သည် ထာ ဝ ရ ဘု ရား မျက် မှောက် တော်၌ လည်း ကောင်း၊ ထို သိ နာ တောင် သည် ဣ သ ရေ လ လူ မျိုး ၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ရှေ့ တော်၌ လည်း ကောင်း၊ တုန် လှုပ် ပါ၏။
6
အာ နတ် သား ရှံ ဂါ့ လက် ထက် နှင့် ယေ လ လက် ထက်၌ လမ်း မ များ ဆိတ်၍ တော လမ်း များ ဖြင့် ခ ရီး သည် တို့ လိုက် ရ ကြ၏။
7
ငါ ဒေ ဗော ရ သည် ဣ သ ရေ လ လူ မျိုး တွင် အ မိ သ ဖွယ် မ ပေါ် မ ချင်း ရပ် သူ ရွာ သား များ ပြတ် စဲ ခဲ့ လေ စွ။
8
ဘု ရား သစ် များ ကို ရွေး ချယ် ပြီး မှ မြို့ ရွာ တံ ခါး အ နီး တွင် အ တိုက် အ လု ခံ ရ ကြ ရာ ဣ သ ရေ လ အ မျိုး သား လေး သောင်း၌ ဒိုင်းလွှား၊ လှံ၊ ဓား တစ် စင်း မျှ မ တွေ့ မ ရှိ ချေ။
9
ငါ့ စိတ် သည် ပြည် သူ ပြည် သား တို့ အ တွင်း အ ပျော် စစ် ထမ်း သော ဗိုလ် ချုပ် တို့ ကို ငဲ့ ကွက် ခြင်း ရှိ ၏။
10
ထာ ဝ ရ ဘု ရား အား သြ ဘာ ပြု ကြ လော့။ အို မြည်း ရွှေ များ ကို စီး တတ် သူ တို့၊ အို ကော် ဇော် ပေါ် တွင် ထိုင် နေ တတ် သူ တို့၊ အို လမ်း ခ ရီး၌ ခြေ လျင် သွား ရ သူ တို့ စဉ်း စား ကြ ဦး။
11
လေး သ မား တို့ အ သံ ဗ လံ နှင့် ကင်း ကွာ သော၊ ရေ ခပ် ရာ အ ရပ်၌ ပင်၊ ထာ ဝ ရ ဘု ရား၏ တ ရား မှု၊ ဣ သ ရေ လ မြို့ ရွာ များ တွင် စီ ရင် သော တ ရား မှု များ ကို ပြန် ကြား ပါ လေ စေ။ ထို အ ခါ ထာ ဝ ရ ဘု ရား၏ လူ မျိုး တော် သည် စစ် ချီ ထွက် သွား ရ ကြ သ တည်း။
12
အို ဒေ ဗော ရ၊ နိုး ကြား၍၊ နိုး ကြား၍ အောင် ချင်း ဖွဲ့ ဆို လော့။ အို အ ဘိ နောင့် သား ဗာ ရက် ထ ပြီး လျှင် သင့် သုံ့ ဘမ်း လူ တို့ ကို သိမ်း သွား လော့။
13
ထို အ ခါ ကျန် ကြွင်း သော ဗိုလ် မှူး တို့ ဆင်း လာ၍ ထာ ဝ ရ ဘု ရား၏ လူ မျိုး တော် လည်း သူ ရဲ တို့ အ ဖြစ်၊ ငါ့ ထံ ဆင်း ကြ ၏။
14
အို ဗင်္ယာ မိန့်၊ အာ မ လက် ပြည်၌ အ မြစ် စွဲ လျက် နေ သော ဧ ဖ ရိမ့် အ နွယ် သင့် အ မျိုး သား ချင်း တို့ သည် သင့် နောက် လိုက် ပါ သည့် ပြင် မာ ခိ ရ အ နွယ် အ နက် အာ ဏာ ရှင် တို့ ပေါ် ထွန်း၍ ဇာ ဗု လုန့် အ နွယ် အ နက် စစ် စာ ရေး တော် ကြီး တို့ ရောက် လာ၏။
15
ဣ သ ခါ့ နည်း တူ ဗာ ရက် ခြေ ရင်း ချိုင့် တွင်း သို့ ဣ သ ခါ မှူး မတ် တို့ သည် ဒေ ဗော ရ ဘက် ပါ၍ တစ် ဟုန် တည်း ဆင်း ကြ၏။ ရု ဗင့် အ မျိုး အ နွယ် တို့ တွင် ပြင်း စွာ ကြံ စည် ခြင်း ရှိ၏။
16
သိုး ကို ခေါ် သံ နာ ခံ လို၍ သိုး ခြံ အ နီး တွင် အ ဘယ် ကြောင့် ထိုင် နေ ဘိ သ နည်း။ ရု ဗင့် အ မျိုး အ နွယ် တို့ တွင် ပြင်း စွာ တွေး တော ဆင် ခြင် ခြင်း ရှိ လေ စွ။
17
ဂိ လဒ် အ နွယ် သည် ယော် ဒန် မြစ် တစ် ဖက် တွင် ဆိုင်း ငံ့၍ နေ၏။ ဒန့် အ နွယ် လည်း အ ဘယ် ကြောင့် သင်္ဘော တွင် နေ ထိုင် ဘိ သ နည်း။ အာ ရှာ့ အ နွယ် လည်း ပင် လယ် ကမ်း၊ သင်္ဘော ဆိပ် များ အ နီး တွင် နေ ထိုင် ကြ သည် တ ကား။
18
ဇာ ဗု လုန့် အ နွယ်၊ နဿ လိ အ နွယ် တို့ မူ ထင် ရှား သော စစ် မြေ ပြင်၌ ရဲ ရင့် စွာ အ သက် စွန့် စား ကြ၏။
19
ဘု ရင် မင်း တို့ ချီ လာ၍ စစ် တိုက် ကြ သည် တ ကား၊ ခါ နာန် ဘု ရင် မင်း တို့ သည် မေ ဂိ ဒ္ဒေါ မြစ်၊ တာ နက် မြို့ အ နီး၊ စစ် တိုက် သော် လည်း ငွေ ကို လု ယက် ခွင့် မ ရ ကြ ချေ။
20
ကြယ် များ သည် ကောင်း ကင် မှ စစ် တိုက် ခြင်း၊ ခ ရီး လှည့် စဉ် သိ သ ရ ကို တိုက် ခိုက် ခြင်း ပြု ရာ တွင်
21
ထာ ဝ ရ မြစ် တည်း ဟူ သော ကိ ရှုန် မြစ် လည်း သူ တို့ ကို ပယ် ရှား လိုက်၏။ ငါ့ စိတ် ဝိ ညာဉ် သည် ခွန် အား နှင့် ကြွ ချီ လိမ့် သ တည်း။
22
ထို သို့ ပေါက် ပြေး ရာ တွင် အင် အား ကြီး သော မြင်း တပ်၏ ခွာ သံ တ ဖြုန်း ဖြုန်း ဖြစ်၏။
23
စစ် သူ ရဲ တို့ ကို ခု ခံ ရန် ထာ ဝ ရ ဘု ရား ဘက် တော် သို့ အ ကူ အ ညီ မ ဝင် လာ ကြ သော ကြောင့်၊ မေ ရော ဇ ရွာ နှင့် ၎င်း ရွာ သား တို့ ကို အ မင်္ဂ လာ ထား ကြ လော့။ ပြင်း စွာ ထား ကြ လော့ ဟု ထာ ဝ ရ ဘု ရား ၏ စေ တ မန် တော် ဆင့် ဆို၏။
24
ကေ နိ အ မျိုး သား ဟေ ဗာ့ မ ယား ယေ လ မူ၊ မိန်း မ တ ကာ တို့ ထက် မင်္ဂ လာ ရှိ၏။ တဲ တွင် နေ ထိုင် သော မိန်း မ တ ကာ တို့ ထက် မင်္ဂ လာ ရှိ လေ ပြီ တ ကား။
25
ရေ ကို တောင်း ရာ နို့ ရည် ကမ်း ခြင်း၊ သောက် တော် ဖ လား နှင့် နို့ ဓမ်း ဆက် ခြင်း ကို ပြု၏။
26
ကြက် ဆူး ကို ကိုင် လျက်၊ ဗိသု ကာ တို့၏ လက် ရိုက် ကို ယာ လက် ဖြင့် ယူ၍၊ သိ သ ရ ဦး ခေါင်း ကို ထိုး နှက် သ ဖြင့် နား ထင် ကို ထုတ် ချင်း ပေါက် ရိုက် သွင်း သည် နှင့်
27
ခြေ ရင်း၌ ကျ လဲ ပြီး လျှင် စင်း စင်း နေ၏။ ခြေ ရင်း၌ ကျ လဲ၍ ကျ ရာ တွင် စင်း စင်း သေ လေ စွ တ ကား။
28
သိ သ ရ၏ အ မိ သည် လေ သာ ပြူ တင်း က စီး ကြည့်၍ သူ စီး သော ရ ထား သည် အ ဘယ် ကြောင့် ဖင့် နွှဲ လာ ရ သ နည်း။ ရ ထား ဘီး များ လည်း အ ဘယ် ကြောင့် နောက် ကျ ရ သ နည်း ဟု မြည် တမ်း ရာ
29
ပ ညာ ရှိ နန်း တွင်း သူ တို့ ပြန် လျှောက် သည့် ပြင်၊ ကိုယ် တိုင် အောက် မေ့ မိ သည် မှာ
30
လက် ရ ဥစ္စာ ကို ဝေ ဖန် နေ ကြ သည် မ ဟုတ် လော။ သူ ရဲ အ သီး အ သီး တို့ အား၊ ကျွန် မိန်း မ တစ် ယောက် နှစ် ယောက်၊ သိ သ ရ အား ပန်း ထိုး သော အ ထည်၊ ပန်း ဆိုး၍ ပန်း ထိုး သော အ ထည်၊ အ သုံ့ အ ဘမ်း ကုပ် တင် ပန်း ဆို၍ ပန်း ထိုး သော တစ် ထည် နှစ် ထည် ကို ဝေ ဖန် ကြ သည် ဟု ဆို ၏။
31
အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော်၏ ရန် သူ အ ပေါင်း တို့ သည် ထို သူ့ အ တူ ပျက် စီး ကြ စေ သော။ ထာ ဝ ရ ဘု ရား ကို ချစ် ကြည် မြတ် နိုး သူ တို့ ကား၊ အ ရှိန် တန် ခိုး နှင့် ထွက် ပေါ် သော နေ မင်း ကဲ့ သို့ ဖြစ် ပါ စေ သော ဟု သီ ချင်း ဖွဲ့ ဆို ကြ သ တည်း။ထို နောက် အ နှစ် လေး ဆယ် တိုင် တိုင် တစ် ပြည် လုံး ငြိမ်း ချမ်း လေ၏။