1
ထို့ နောက်၊ ဣ သ ရေ လ လူ ကြီး အ ချို့ တို့ သည်၊ ငါ့ ထံ လာ၍ ထိုင် နေ ကြ စဉ်၊
2
ငါ သို့ ရောက် လာ သော ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် ကား၊ အ ချင်း လူ့ သား၊ ဤ သူ တို့ သည် ကိုယ့် ရုပ် ပွား များ ကို စိတ် စွဲ လမ်း၍၊
3
ဒု စ ရိုက် ဆိုင် ရာ ခ လုတ် ကို မျက် မှောက် ပြု လျက် နှင့်၊ ငါ့ ထံ မေး လျှောက် ခွင့် ရ အပ် ကြ သ လော။
4
သို့ ဖြစ် ၍၊ ထို သူ တို့ အား ဆင့် ဆို ရ မည် မှာ၊ ဣ သ ရေ လ အ မျိုး သား တို့ အ နက်၊ အ ကြင် သူ သည်၊ ကိုယ့် ရုပ် ပွား များ ကို စိတ် စွဲ လမ်း ၍၊ ဒု စ ရိုက် ဆိုင် ရာ ခ လုတ် ကို မျက် မှောက် ပြု လျက်၊ ပ ရော ဖက် ထံ ချဉ်း ကပ် အံ့။
5
ရုပ် ပွား များ ကြောင့်၊ ငါ နှင့် စိမ်း ကား ရာ ရောက် သော ဣ သ ရေ လ တစ် မျိုး လုံး ကို၊ စိတ် ပါ ရာ၌ ဖမ်း မိ အံ့ သော ငှာ၊ ရုပ် ပွား အ မြောက် အ မြား နှင့် ယှဉ် လျက်၊ ထို သူ တို့ အား ငါ ထာ ဝ ရ ဘု ရား တုံ့ ပြန် လ တ္တံ့ ဟု၊ အ ရှင် ထာ ဝ ရ ဘုရား မိန့် တော် မူ ကြောင်း၊ ဆင့် ဆို လော့။
6
သို့ နှင့် အ ညီ၊ ဣ သ ရေ လ အ မျိုး သား တို့ အား ဆင့် ဆို ရ ဦး မည် မှာ၊ အ ရှင် ထာ ဝ ရ ဘု ရား က ပြန် လာ ကြ လော့။ ကိုယ့် ရွံ့ ရှာ ဖွယ် ရုပ် ပွား ဆင်း တု များ မှ၊ မျက် နှာ လွှဲ၍ လှည့် ခဲ့ ကြ လော့။
7
အ သို့ ဆို သော်၊ ဣ သ ရေ လ အ မျိုး သား တို့ အ နက် ဖြစ် စေ၊ ဝင် နေ သူ တို့ အ နက် ဖြစ် စေ၊ အ ကြင် သူ သည်၊ ငါ နှင့် စိမ်း ကား၍၊ ကိုယ့် ရုပ် ပွား များ ကို စိတ် စွဲ လမ်း လျက်၊ ဒု စ ရိုက် ဆိုင် ရာ ခ လုတ် ကို မျက် မှောက် ပြု စဉ်၊ ငါ့ အား မေး လျှောက် ရန် ပ ရော ဖက် ထံ ချဉ်း ကပ် အံ့။
8
ငါ ထာ ဝ ရ ဘု ရား ကိုယ် တော် တိုင် မျက် နှာ ထား လျက်၊ မှတ် သား ရာ၊ ပုံ ခိုင်း ရာ၊ အံ ဖွယ် သ ရဲ ဖြစ် စေ၍၊ လူ မျိုး တော့် ဘောင် မှ ပယ် ရှား လျက်၊ ထို သူ့ ကို တုံ့ ပြန် အံ့၊ ထို့ ကြောင့်၊ ငါ သည် ထာ ဝ ရ ဘု ရား ဖြစ် ကြောင်း၊ သင် တို့ သိ ရ ကြ လ တ္တံ့။
9
ပ ရော ဖက် လည်း သွေး ဆောင် ရာ ပါ ၍ ဟော ပြော လျှင်၊ ငါ ထာ ဝ ရ ဘု ရား သည်၊ ထို ပ ရော ဖက် ကို သွေး ဆောင် သည့် အ တိုင်း၊ ဆန့် တန်း သော လက် ရုံး တော် ဖြင့်၊ ဣ သ ရေ လ လူ မျိုး တော့် ဘောင် မှ သုတ် သင် လျက်၊
10
ပ ရော ဖက် ဒု စ ရိုက် ဝန် နှင့်၊ မေး လျှောက် သူ၏ ဒု စ ရိုက် ဝန် မ ခြား နား ဘဲ၊ နှစ် ဦး လုံး ပင် ထမ်း ဆောင် ရ မည်။
11
သို့ မှ ဣ သ ရေ လ အ မျိုး သား တို့ သည်၊ နောင် အ ထံ တော် က လွှဲ ခြင်း၊ လွန် ကျူး မှု များ ဖြင့် မ သန့် ရာ ရောက် ခြင်း ကို မ ပြု ဘဲ၊ ငါ၏ လူ မျိုး တော်၊ ငါ လည်း သူ တို့ ဘု ရား သ ခင် ဖြစ် လ တ္တံ့ ဟု၊ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း၊ ဆင့် ဆို လော့ ဟူ၍ တည်း။
12
ငါ သို့ ရောက် ပြန် သော ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် ကား၊
13
အ ချင်း လူ့ သား၊ သ စ္စာ တော် ကို ဖောက် ကျော်၍၊ ငါ့ အား ပြစ် မှား သော ပြည် ပေါ် တွင်၊ ဆန့် တန်း သော လက် ရုံး တော် ဖြင့်၊ အ စာ အာ ဟာ ရ အ ထောက် အ ခံ ကို၊ ငါ ချိုး ဖျက် လျက်၊ အ စာ ခေါင်း ပါး ခြင်း ဘေး ကို သင့် စေ လျက်၊ လူ သူ တိ ရ စ္ဆာန် ကို ပယ် ရှား ရာ၌၊
14
ငါ အ ရှင် ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊ နော ဧ၊ ဒံ ယေ လ၊ ယော ဘ၊ ထို သူ သုံး ဦး တို့ ပင် နေ ထိုင် လျက် ရှိ သော် လည်း၊ ကိုယ် ဖြောင့် မတ် ခြင်း အား ဖြင့်၊ ကိုယ့် အ သက် သာ လွတ် ခွင့် ရ ကြ မည်။
15
ထို ပြည် တွင် သား ရဲ ဘေး ကို၊ ငါ သင့် စေ သည့် အ လျောက်၊ သား ရဲ များ ကြောင့်၊ ဖြတ် သန်း သူ မဲ့ ဖုန်း ဆိုး ကုန်း ဖြစ် သည့် တိုင် အောင်၊ ပြည် သား တို့ ပျက် စီး ရာ၌၊
16
အ သက် တော် ကို တိုင် တည်၍၊ ငါ အ ရှင် ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊ ထို သုံး ဦး တို့ နေ ထိုင် လျက် ရှိ သော် လည်း၊ သား သ မီး များ ကို ပင် ကယ် လွှတ် ခွင့် မ ရ ဘဲ၊ နေ ပြည် သည် ဖုန်း ဆိုး ကုန်း နေ လျက်၊ ကိုယ် ချည်း သာ လွတ် မြောက် ခွင့် ရ ကြ မည်။
17
ငါ သည် ထို ပြည် တွင်၊ ဓား ဖြတ် သွား စေ ဟု အ မိန့် ရှိ လျက်၊ ဓား ဘေး သင့် စေ သ ဖြင့်၊ လူ သူ တိ ရ စ္ဆာန် ကို ပယ် ရှား ရာ၌၊ အ သက် တော် ကို တိုင် တည်၍၊
18
ငါ အ ရှင် ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊ ထို သုံး ဦး နေ ထိုင် လျက် ရှိ သော် လည်း၊ သား သ မီး များ ကို ပင် ကယ် လွှတ် ခွင့် မ ရ ဘဲ၊ ကိုယ် ချည်း သာ လွတ် မြောက် ခွင့် ရ ကြ မည်။
19
ထို ပြည် မှ၊ လူ သူ တိ ရ စ္ဆာန် ကို ပယ် ရှား ရန်၊ အ မျက် တော် ကို သွန်း လောင်း လျက်၊ ကပ် ရော ဂါ ဘေး၊ သွေး သွန်း ဘေး၊ သင့် စေ ရာ၌၊
20
အ သက် တော် ကို တိုင် တည်၍၊ ငါ အ ရှင် ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊ နော ဧ၊ ဒံ ယေ လ၊ ယော ဘ တို့ နေ ထိုင် လျက် ရှိ သော် လည်း၊ သား သ မီး များ ကို ပင် ကယ် လွှတ် ခွင့် မ ရ ဘဲ၊ ကိုယ့် ဖြောင့် မတ် ခြင်း အား ဖြင့်၊ ကိုယ့် အ သက် သာ လွတ် ခွင့် ရ ကြ မည်။
21
သို့ နှင့် အ ညီ၊ ငါ အ ရှင် ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊ လူ သူ တိ ရ စ္ဆာန် ကို ပယ် ရှား အံ့ သော ငှာ၊ ဓား ဘေး၊ အ စာ ခေါင်း ပါး ခြင်း ဘေး၊ သား ရဲ ဘေး၊ ကပ် ရော ဂါ ဘေး တည်း ဟူ သော မ ဟာ ဒဏ် လေး ချက် ကို၊ ယေ ရု ရှ လင် မြို့ ပေါ် သို့ ငါ သင့် စေ သည့် ကာ လ၊ မု ချ ခက် ခဲ လိမ့် တ ကား။
22
သို့ ရာ တွင် လွတ် မြောက် သော သား သ မီး အ ချို့ ကြွင်း ကျန် လျှင်၊ သင် တို့ ရှိ ရာ သို့ ထွက် လာ ကြ သော်၊ အ လေ့ အ လာ အ ပြု အ ကျင့် များ ကို သိ မြင် သော သင် တို့ သည်၊ ယေ ရု ရှ လင် မြို့ ပေါ် သို့ ငါ သင့် စေ သ မျှ သော ဘေး ဒု က္ခ ကို ထောက်၍၊ နှစ် သိမ့် ခွင့် ရ ကြ လိမ့် မည်။
23
ထို အ လေ့ အ လာ အ ပြု အ ကျင့် များ ကို သိ မြင် ကြ သည့် ကာ လ၊ စီ ရင် သ မျှ ကို၊ အ ကြောင်း မဲ့ ငါ မ စီ ရင် ကြောင်း နား လည် သည့် အ တိုင်း၊ နှစ် သိမ့် ခွင့် ရ ကြ လ တ္တံ့ ဟု၊ ငါ အ ရှင် ထာ ဝ ရ ဘု ရား မိန့် ဆို သည် ဟူ၍ တည်း။