ယေ​ဇ​ကျေ​လ-13

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 တစ် ဖန်၊ ငါ သို့ ရောက် လာ သော ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် ကား၊
  • 2 အ ချင်း လူ့ သား၊ စိတ် ထင် တိုင်း ဟော ပြော လေ့ ရှိ သူ၊ ဣ သ ရေ လ အ မျိုး ပ ရော ဖက် တို့ အား၊ ဟော ပြော ဆင့် ဆို ရ မည် မှာ၊ ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် ကို နာ ခံ ကြ လော့။
  • 3 မည် သည် ကို မျှ မ မြော် မြင် ဘဲ၊ စိတ် ထင် တိုင်း လိုက်၍ ယုတ် မာ သော ပ ရော ဖက် တို့ သည် အ မင်္ဂ လာ ရှိ ကြ၏။
  • 4 အို ဣ သ ရေ လ လူ မျိုး၊ သင်၏ ပ ရော ဖက် တို့ သည်၊ မြို့ ဆိုး ကုန်း ရှိ မြေ ခွေး များ ကဲ့ သို့ ဖြစ် ကြ လေ စွ။
  • 5 ထာ ဝ ရ ဘု ရား၏ နေ့ ရက် တော်၌၊ ဣ သ ရေ လ အ မျိုး သား တို့ ခံ ရပ် စစ် တိုက် နိုင် စေ ခြင်း ငှာ၊ မြို့ ရိုး ကို ပြု ပြင် ခြင်း၊ အ ပေါက် များ ကို တက် စီး ခြင်း မ ပြု ကြ ချေ။
  • 6 ထာ ဝ ရ ဘု ရား ဗျာ ဒိတ် ပေး တော် မူ သည် ဟု၊ ငါ ထာ ဝ ရ ဘု ရား စေ လွှတ် ခြင်း ကင်း လျက် ဆို တတ် သော ပ ရော ဖက် တို့ သည်၊ အ ကျိုး မဲ့ မု သာ ဗေ ဒင် ကို မြော် ကြည့် လျက်၊ ထို အ ချက် တည် မည် ဟု စောင့် စား ကြ၏။
  • 7 ထာ ဝ ရ ဘု ရား ဗျာ ဒိတ် ပေး တော် မူ သည် ဟု၊ ဗျာ ဒိတ် တော် မ ခံ ရ ဘဲ ဆို တတ် သော ချင်း တို့ က၊ အ ကျိုး မဲ့ ရူ ပါ ရုံ ကို မြော် မြင် လျက်၊ မု သာ ဗေ ဒင် ဟော ကြ ပြီ မ ဟုတ် လော ဟု အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း၊
  • 8 သို့ ဖြစ်၍ အ ရှင် ထာ ဝ ရ ဘု ရား က လည်း၊ အ ကျိုး မဲ့ ဟော ပြော လျက်၊ မု သာ ရူ ပါ ရုံ ကို မြော် မြင် ကြ သော၊ သင် တို့ တစ် ဘက်၌ ငါ နေ၏။
  • 9 လက် တော် လည်း၊ အ ကျိုး မဲ့ မြော် မြင် လျက်၊ မု သာ ဟော ပြော သော ထို ပ ရော ဖက် တို့ ဆန့် ကျင် ဘက် တည် နေ သ ဖြင့်၊ ငါ့ လူ မျိုး တော် တိုင် ပင် စည်း ဝေး ရာ ပါ ဝင် ခွင့် ဣ သ ရေ လ အ မျိုး သား တို့ စာ ရင်း၌ အ မည် သွင်း ခွင့်၊ ဣ သ ရေ လ ပြည် သို့ ဝင် ရောက် ခွင့် မ ရ ကြ သည့် အ လျောက်၊ ငါ သည် အ ရှင် ထာ ဝ ရ ဘု ရား ဖြစ် သည် ကို၊ သင် တို့ သိ ရ ကြ လ တ္တံ့ ဟု၊ မိန့် တော် မူ ကြောင်း များ ကို ဆင့် ဆို လော့။
  • 10 ပါး စွာ တည် ပြီး နံ ရံ ကို ထုံး သုတ်၍၊ မ ချမ်း သာ သည့် ကာ လ၊ ချမ်း သာ သည် ဟု ဆို လေ့ ရှိ သည် နှင့်၊ လူ မျိုး တော် ကို လမ်း လွဲ စေ ကြ သော ကြောင့်၊
  • 11 ထို သို့ ထုံး သုတ် သူ တို့ အား ဆင့် ဆို ရ မည် မှာ၊ လွှမ်း စီး အောင် မိုး ရွာ လျက်၊ ငါ လွှတ် သော မိုး သီး ကျ လျက်၊ ဖောက် ခွဲ သော မိုး သက် မုန် တိုင်း တိုက် သ ဖြင့်၊ ထို နံ ရံ ပြို လဲ လ တ္တံ့။
  • 12 နံ ရံ ပြို လဲ ပြီး မှ၊ သုတ် သော ထုံး အ ဘယ် မှာ နည်း ဟု၊ အ ပြောင် အ လှောင် ခံ ကြ ရ မည် မ ဟုတ် လော။
  • 13 သို့ နှင့် အ ညီ အ ရှင် ထာ ဝ ရ ဘု ရား က၊ ငါ သည် ဒေါ သ အ မျက် တော် ထား လျက်၊ မိုး သက် မုန် တိုင်း ဖြင့် ဖောက် ခွဲ ခြင်း၊ မိုး ရွာ သ ဖြင့် လွှမ်း စီး ခြင်း၊ မိုး သီး များ နှင့် ကုန် ခန်း စေ ခြင်း ကို ပြု၍၊
  • 14 ထုံး သုတ် ပြီး နံ ရံ ကို ပယ် ဖျက် လျက်၊ အ ခြေ အ မြစ် ဟင်း လင်း ပေါ် အောင် ဖြို လှဲ သ ဖြင့်၊ ပျက် စီး ခံ ရ သော သင် တို့ သည်၊ ထာ ဝ ရ ဘု ရား ငါ ဖြစ် သည် ကို သိ ရ ကြ လ တ္တံ့ ဟု၊ မိန့် တော် မူ ကြောင်း ဆင့် ဆို လော့။
  • 15 သို့ မှ၊ နံ ရံ နှင့် တ ကွ၊ ထုံး သုတ် သူ တို့ အ ပေါ်၌ အ မျက် တော် ငြိမ်း ပြီး လျှင်၊ ယေ ရု ရှ လင် မြို့ ကို ရည် လျက်၊ မ ချမ်း သာ သည့် ကာ လ၊ ချမ်း သာ ရာ ရူ ပါ ရုံ များ ကို မြင် လေ ဟန် ဟော ပြော သူ၊ ဣ သ ရေ လ လူ မျိုး ပ ရော ဖက် တည်း ဟူ သော ထုံး သုတ် သူ တို့ သည်၊ နံ ရံ ပါ ပ ပျောက် ပြီး ဖြစ် ကြောင်း၊ သင် တို့ အား ဆုံး မ မည် ဟု ငါ အ ရှင် ထာ ဝ ရ ဘု ရား မိန့် ဆို၏။
  • 16
  • 17 ၎င်း ပြင်၊ အ ချင်း လူ့ သား၊ စိတ် ထင် တိုင်း ဟော ပြော လေ့ ရှိ သူ၊ သင့် အ မျိုး သ မီး တို့ အား လည်း၊ မျက် နှာ ထား လျက် ဟော ပြော ဆင့် ဆို ရ မည် မှာ၊
  • 18 တ တောင် ဆစ် တိုင်း၌၊ လက် ဖွဲ့ ချုတ် တွယ် ခြင်း၊ ဦး ခေါင်း တိုင်း မှ ခြေ ထိ ဖုံး အုပ် ခြင်း ပြု လျက်၊ လူ့ အ သက် ကို လိုက် ဖမ်း သော မိန်း မ တို့ သည်၊ အ မင်္ဂ လာ ရှိ ကြ၏။ ငါ့ လူ တို့ အ သက် ကို လိုက် ဖမ်း ခြင်း၊ ကိုယ့် အ ဖို့ အ ရှင် ထား ခြင်း ပြု ကြ မည် လော။
  • 19 သင် တို့ သည် မု သာ ကို နာ ခံ သော လူ မျိုး တော် အား၊ မု သာ ဟော ပြော သ ဖြင့်၊ မ သေ အပ် သူ တို့ ကို သတ် လျက်၊ မ ရှင် အပ် သူ တို့ ကို ထား လျက်၊ မု ယော စ ပါး တစ် လက် ခုပ်၊ မုန့် တစ် လုတ် စာ နှင့်၊ လူ မျိုး တော် တွင် ငါ့ ကို ရှုတ် ချ ကြ လေ ပြီ ဟု၊ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း၊
  • 20 သို့ ဖြစ်၍၊ ငါ သည် လူ တို့ အ သက် ကို ငှက် သ ဖွယ် လိုက် ဖမ်း ခြင်း ပြု သော သင် တို့ လက် ဖွဲ့ များ နှင့် ဆန့် ကျင် ဘက် နေ သ ဖြင့်၊ လက် မောင်း များ မှ ဆုတ် ဖြတ် လျက်၊ အ ဖမ်း ခံ ရ သူ တို့ အ သက် ကို လွှတ် ၍၊
  • 21 ဖုံး အုပ် ရာ များ ကို လည်း ဆုတ် ဖြတ် လျက်၊ သင် တို့ လက် အောက် တွင်၊ နောင် အ ဖမ်း မ ခံ ရ အောင်၊ ငါ၏ လူ မျိုး တော် ကို လက် မှ လွှတ် စေ သ ဖြင့်၊ ငါ သည် ထာ ဝ ရ ဘု ရား ဖြစ် ကြောင်း၊ သင် တို့ သိ ရ ကြ လ တ္တံ့။
  • 22 ငါ မ ပူ ဆွေး စေ သော သူ တော် ကောင်း ၌၊ မု သာ အား ဖြင့် စိတ် ပျက် စေ ခြင်း ကို လည်း ကောင်း၊ ဆိုး သွမ်း သော အ လေ့ အ လာ မှ ကြဉ် ရှောင် သ ဖြင့်၊ အ သက် ချမ်း သာ မ ရ စေ ခြင်း ငှာ၊ မ သူ တော်၌ အား ပေး ခြင်း ကို လည်း ကောင်း ပြု ကြ သည့် အ တွက်၊
  • 23 သင် တို့ သည် အ ကျိုး မဲ့ မြော် မြင် ခွင့်၊ ဗေ ဒင် ဟော ခွင့်၊ ရ ကြ တော့ မည် မ ဟုတ်။ သင် တို့ လက် မှ လူ မျိုး တော် ကို ကယ် လွှတ် အံ့ သော ကြောင့်၊ ငါ သည် ထာ ဝ ရ ဘု ရား ဖြစ် သည် ကို သိ ရ ကြ လ တ္တံ့ ဟု၊ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း၊ ဆင့် ဆို လော့ ဟူ ၍ တည်း။
回到本卷目录 回到本版本目录 回到首页