1
သုံး ဆယ် နှစ်၊ စ တု တ္ထ လ၊ ငါး ရက်၌၊ သိမ်း သွား ခံ ရ သူ တို့ နှင့် အ တူ၊ ခေ ဗာ မြစ် အ နီး ငါ ရှိ စဉ် အ ခါ၊ မိုး ကောင်း ကင် ပွင့် သ ဖြင့်၊ ဘု ရား သ ခင် ဆိုင် ရာ ရူ ပါ ရုံ များ ကို ထင် မြင် ရ သည့် အ တိုင်း၊
2
ယေ ခေါ နိ မင်း သိမ်း သွား ခံ ရ သော ငါး နှစ်၊ ထို စ တု တ္ထ လ ငါး ရက်၌ ပင်၊ ခါ လ ဒဲ ပြည် ခေ ဗာ မြစ် အ နီး၊
3
ဗု ဇိ သား ပ ရော ဖက် ဖြစ် သူ ငါ ယေ ဇ ကျေ လ သို့၊ ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် ကျ ရောက် လျက်၊ လက် တော် တည် လျက် ရှိ ၏။
4
ငါ ရှု မြင် ရာ၊ မြောက် မျက် နှာ မှ ကျ သော မိုး သက် မုန် တိုင်း နှင့် တ ကွ၊ လောင် မီး ပြက် လျက်၊ ပတ် ဝန်း ကျင် တောက် ပ လျက်၊ မီး ထဲ မှ ပ ယင်း ရောင် ထွန်း လျက် ရှိ သော မိုး သား ကြီး ကို လည်း ကောင်း၊
5
အ တွင်း မှ ပေါ် လာ သော သ တ္တ ဝါ လေး ပါး အ သွင် ကိုလည်း ကောင်း၊ မြင် ရ၏။ သဏ္ဌာန် ကား၊ လူ့ အ သွင် ရှိ၏။
6
တစ် ပါး လျှင် မျက် နှာ လေး ခု၊ အ တောင် လေး ဘက်၊
7
တိုက် ပွတ် ပြီး ကြေး ရောင် ကဲ့ သို့ ပြောင် လက် လျက်၊ နွား ခွာ သ ဖွယ် ဖ ဝါး ပါ သော ခြေ ဖြောင့်၊
8
လေး ဘက်၌ အ တောင် များ အောက်၊ လူ့ လက် များ နှင့် ပြည့် စုံ၏။ ထို လေး ပါး တို့ မျက် နှာ နှင့် အ တောင် များ ကား၊
9
သွား လာ ရာ၌ မ လှည့် ဘဲ၊ မျက် နှာ မူ ရာ သို့ တောင် စုံ ရှက် လျက် သွား ကြ၏။
10
မျက် နှာ အ သွင် မှာ၊ လူ့ မျက် နှာ ရှိ သော ထို လေး ပါး တို့ သည်၊ ယာ ဘက်၌ ခြင်္သေ့ မျက် နှာ၊ ဝဲ ဘက်၌ နွား မျက် နှာ ရှိ သည့် ပြင်၊ ရွှေ လင်း တ မျက် နှာ လည်း ရှိ ကြ သ တည်း။
11
အ ထက်၌ အ သီး အ ခြား အ တောင် နှင့် မျက် နှာ များ ရှိ သော၊ တစ် ပါး တစ် ပါး သည်၊ အ တောင် တစ် စုံ ရှက်၊ တစ် စုံ ဖြင့် ကိုယ် ကို ကွယ် ကာ လျက် နေ၍၊
12
သွား လာ ရာ၌ မ လှည့် ဘဲ မျက် နှာ မူ ရာ သို့ ဝိ ညာဉ် သွား လို သည့် အ တိုင်း သွား ကြ၏။
13
တောက် လောင် သော မီး ကျီး၊ မီး ရှူး သ ဖွယ်၊ ထို သ တ္တ ဝါ တို့ အ လယ် တွင်၊ အ ဆင်း သဏ္ဌာန် လူး လာ လျက် တောက် ထိန် သော မီး ထဲ မှ လျှပ် စစ် ပြက် လေ၏။
14
ထို သ တ္တ ဝါ တို့ လည်း၊ လျှပ် စစ် သဏ္ဌာန် ခေါက် ပြန် သွား လာ ကြ၏။
15
ထို သ တ္တ ဝါ တို့ ကို ငါ ရှု မြင် ရာ၊ တစ် ပါး တစ် ပါး အ နီး၊ မျက် နှာ လေး ခု အ ဖို့၊ စက် တစ် ခု စီ ရှိ သည် ကို မြင် ရ၏။
16
၎င်း စက် များ ၏ အ ဆင်း နှင့် ပုံ သဏ္ဌာန် ကား၊ ဥဿ ဖ ယား အ ရောင် နှင့် တူ လျက်၊ တစ် သဏ္ဌာန် တည်း ရှိ လျက်၊ တစ် စက် အ တွင်း တွင် တစ် စက် ပါ သော အ သွင် နှင့် ပုံ ရှိ ၏။
17
သွား လာ ရာ မ လှည့် ဘဲ၊ လေး မျက် နှာ သို့ သွား ၏။
18
ပတ် ဝန်း ကျင် တွင် မျက် စိ နှင့် ပြည့် စုံ သော၊ ကြောက် ရွံ့ ဖွယ် ခွေ အ မြင့် ရှိ သည့် အ တိုင်း၊
19
သ တ္တ ဝါ တို့ သွား ကြ သော်၊ စက် များ လည်း အ နီး၌ သွား ရ၏။ သ တ္တ ဝါ တို့ သည် မြေ ပေါ် မှ တက် ကြ သော်၊ စက် များ လည်း တက် ရ ၏။
20
ဝိ ညာဉ် သွား လို သည့် အ တိုင်း၊ စက် များ သွား ရ၏။ သ တ္တ ဝါ တို့၏ ဝိ ညာဉ် သည် စက် များ၌ ပါ ရှိ သော ကြောင့်၊ ဝိ ညာဉ် သွား လို သည့် အ တိုင်း၊ စက် များ လည်း အ နီး၌ တက် ရ၏။
21
သ တ္တ ဝါ တို့၏ ဝိ ညာဉ် သည်၊ စက် များ၌ ပါ ရှိ သော ကြောင့်၊ သ တ္တ ဝါ တို့ သွား ကြ သော် စက် များ လည်း သွား ခြင်း၊ ရပ် ကြ သော် ရပ် ခြင်း၊ မြေ ပေါ် မှ တက် ကြ သော် တက် ခြင်း ပြု ရ၏။
22
သ တ္တ ဝါ တို့ ဦး ခေါင်း များ အ ထက်၊ ကြက် ပြီး သော ကြောက် ရွံ့ ဖွယ် ရေ ခဲ ရောင် ပိ တာန် အ သွင် သည် ဦး ခေါင်း များ ကို မိုး လျက် ရှိ၏။
23
ပိ တာန့် အောက် ဖြန့် ယှက် သော အ တောင် စုံ ပြင်၊ တစ် ပါး တစ် ပါး ၌ ကိုယ် ကို ကွယ် ကာ သော အ တောင် နှစ် စုံ ရှိ ၏။
24
ပျံ ကြ သည့် ကာ လ၊ သ မု ဒ္ဒ ရာ ဟုန်း သံ၊ အ န န္တ တန် ခိုး ရှင်၏ လွှင့် သံ၊ လေ မုန် တိုင်း သ ဖွယ် တပ် ချီ သံ နှင့် တူ သော၊ အ တောင် ခတ် သံ ကို ငါ ကြား၏။ ရပ် သော်၊ အ တောင် ချ ကြ၏။
25
ဦး ခေါင်း များ အ ထက် ရှိ ပိ တာန့် အ ပေါ် မှ လွှင့် သံ ထွက်၏။ ရပ် သော်၊ အ တောင် ချ ကြ၏။
26
ဦး ခေါင်း များ အ ထက် ပိ တာန့် အ ပေါ်၌၊ ကျောက် ပြာ အ ဆင်း ရှိ သော ရာ ဇ ပ လ္လင် အ သွင်၊ ထို ပ လ္လင် အ သွင် ထက်၊ လူ့ သဏ္ဌာန် နှင့် တူ သော အ သွင် တစ် ပါး ရှိ၏။
27
ထို အ သွင်၏ ခါး သဏ္ဌာန် အ ထက်၊ အ တွင်း အ ပြင် ၌ ပ ယင်း ရောင် မီး သဏ္ဌာန် ကို လည်း ကောင်း၊ ခါး သဏ္ဌာန် အောက် မီး သဏ္ဌာန် ကို လည်း ကောင်း ငါ မြင် ရ ၍၊ ပတ် လည်၌ လည်း ရောင် ခြည် လွှတ် တော် မူ ၏။
28
ပတ် လည် ရှိ ရောင် ခြည် သဏ္ဌာန် သည်၊ မိုး ရွာ သည့် နေ့၌ မိုး တိမ် ပါ သော သက် တံ့ နှင့် တူ၏။ ထာ ဝ ရ ဘု ရား၏ ဘုန်း တော့် အ သွင် သဏ္ဌာန် ကား ထို သို့ တည်း။