ယေ​ဇ​ကျေ​လ-11

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ထို့ နောက် ဝိ ညာဉ် တော် သည် ငါ့ ကို ချီ ဆောင် လျက်၊ ဗိ မာန် တော် အ ရှေ့ မျက် နှာ တံ ခါး အ နီး သို့ ယူ သွား တော် မူ သော်၊ ထို တံ ခါး ဝ၌ လူ မျိုး တော် တွင် မှူး မတ် ဖြစ် သူ အ ဇု ရ သား ယာ ဇ ညာ၊ ဗေ နာ ယ သား ပေ လ တိ တို့ ပါ၊ လူ ပေါင်း နှစ် ဆယ့် ငါး ယောက် ကို ငါ မြင် ရ လျှင်၊
  • 2 အ ချင်း လူ့ သား၊ ဤ သူ တို့ ကား၊ ဒု စ ရိုက် ကို ကြံ စည် သူ၊ အ ဆိုး အ သွမ်း တိုင် ပင် သူ၊
  • 3 တည် ဆောက် သော အ ချိန် မ ရောက် သေး၊ မြို့ တော် သည် အိုး၊ ငါ တို့ လည်း ဟင်း လျာ ဖြစ် သည် ဟု ဆို သူ များ တည်း။
  • 4 သို့ ဖြစ်၍ အ ချင်း လူ့ သား၊ ထို သူ တို့ ကို ရည် လျက် ဟော ပြော လော့။ ဟော ပြော လော့ ဟု၊ တိုက် တွန်း တော် မူ သည့် အ တိုင်း၊
  • 5 ငါ့ အ ပေါ် သို့ သက် ရောက် သော ထာ ဝ ရ ဘု ရား၏ ဝိ ညာဉ် တော် က၊ အို ဣ သ ရေ လ အ မျိုး သား တို့၊ သင် တို့ ကြံ စည် သော အ ချက် များ ကို ငါ သိ မြင်၍၊ ထို သို့ အ တိုင်း ပင် သင် တို့ ဆို ရိုး ရှိ ကြ၏။
  • 6 ဤ မြို့ တွင် သင် တို့ သည်၊ လူ အ မြောက် အ မြား ကို လုပ် ကြံ လျက်၊ လမ်း များ ကို အ သေ ကောင် တို့ နှင့် ပြည့် စေ ကြ ပြီ ဖြစ် သော ကြောင့်၊
  • 7 ဤ မြို့ တော် သည် အိုး မှန် သော် လည်း၊ ဟင်း လျာ မှာ မူ၊ မြို့ အ တွင်း တွင် သင် တို့ စု ထား သော အ သေ ကောင် များ တည်း။ သင် တို့ ကား၊ မြို့ ထဲ မှ ထုတ် ပစ် ခြင်း ခံ ရ ကြ လ တ္တံ့ ဟု၊ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း၊
  • 8 ဓား ဘေး ကို ကြောက် ရွံ့ သော သင် တို့ အ ပေါ် သို့၊ ဓား ဘေး ကို ငါ သင့် စေ မည် ဟု အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း၊
  • 9 ငါ သည် သင် တို့ ကို၊ ထို မြို့ ထဲ မှ ထုတ် ပစ် ခြင်း၊ သူ စိမ်း တို့ လက် တွင်း သို့ အပ် နှင်း ခြင်း၊ စီ ရင် ဒဏ် ခတ် ခြင်း များ ကို ပြု သ ဖြင့်၊
  • 10 ဓား ဘေး ကြောင့် သင် တို့ ကျ ဆုံး ကြ လိမ့် မည်။ ဣ သ ရေ လ ပြည် စွန် တွင် ပင် ငါ ဆုံး ဖြတ် သည့် အ လျောက်၊ ငါ သည် ထာ ဝ ရ ဘု ရား ဖြစ် သည် ကို၊ သင် တို့ သိ ရ ကြ လ တ္တံ့။
  • 11 ဤ မြို့ သည် သင် တို့ အိုး၊ သင် တို့ လည်း အိုး ရှိ ဟင်း လျာ မ ဖြစ်၊ ငါ၏ ထုံး ဖွဲ့ ချက် များ အ တိုင်း မ လျှောက် မ လိုက်၊ ဆုံး ဖြတ် ချက် များ ကို မ ပြု မ ကျင့် ဘဲ၊ ပတ် ဝန်း ကျင် ရှိ လူ မျိုး ခြား တို့ ဓ လေ့ အ တိုင်း လိုက် နာ သော သင် တို့ ကို၊ ဣ သ ရေ လ ပြည် စွန် တွင် ပင် ငါ ဆုံး ဖြတ် သ ဖြင့်၊ ငါ သည် ထာ ဝ ရ ဘု ရား ဖြစ် သည် ကို၊ သင် တို့ သိ ရ ကြ လ တ္တံ့ ဟု ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း များ ကို ဆင့် ဆို လော့ ဟူ၍ တည်း။
  • 12
  • 13 ငါ ဟော ပြော လျက် ရှိ စဉ်၊ ဗေ နာ ယ သား ပေ လ တိ ကွယ် လွန် သည် ဖြစ်၍၊ ငါ ပျပ် ဝပ် လျက်၊ အို အ ရှင် ထာ ဝ ရ ဘု ရား၊ ဣ သ ရေ လ လူ မျိုး အ ကြွင်း အ ကျန် ကို ပင်၊ ကုန် ဆုံး စေ တော် မူ မည် လော ဟု၊ သံ ကုန် အော် ဟစ် တောင်း လျှောက် လျှင်၊
  • 14 ငါ သို့ ရောက် ပြန် သော ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် ကား၊
  • 15 အ ချင်း လူ့ သား၊ သင့် ဆွေ မျိုး သား ချင်း၊ သင့် ညာ တ ကာ မှ စ၍ ဣ သ ရေ လ တစ် မျိုး လုံး အား၊ ယေ ရု ရှ လင် မြို့ သား တို့ က၊ ထာ ဝ ရ ဘု ရား ထံ တော် မှ ခွာ သွား ကြ လော့။ ပြည် တော် ကား၊ ငါ တို့ ပိုင် ဖြစ် ပြီ ဟု ဆို လေ့ ရှိ၏။
  • 16 သို့ ဖြစ်၍၊ ငါ သည် သိမ်း သွား ခံ ရ သူ တို့ ကို၊ လူ မျိုး ခြား တို့ တွင် ဝေး ကွာ စေ လျက်၊ အ ပြည် ပြည် သို့ ကွဲ လွင့် စေ သော် လည်း၊ ဝင် ရောက် ခဲ့ ရာ ထို ပြည် များ တွင် ရှိ နေ ခိုက်၊ ခို လှုံ ရာ ဇင်္ဂ မ ဖြစ် မည် ဟု အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း၊
  • 17 ငါ သည် ကွဲ လွင့် လျက် နေ ရာ အ ပြည် ပြည် အ မြို့ မြို့ မှ၊ သင် တို့ ကို စု ရုံး သိမ်း ယူ ပြီး လျှင်၊ ဣ သ ရေ လ ပြည် ကို အ ပိုင် ပေး ဦး မည့် အ လျောက်၊ ဝင် ရောက် သူ တို့ သည်၊
  • 18 စက် ဆုပ် ရွံ ရှာ ဖွယ် ရုပ် ပွား ဆင်း တု များ ကို ပယ် ကြ လိမ့် မည် ဟု၊ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း၊
  • 19 ငါ့ ထုံး ဖွဲ့ ချက် များ အ တိုင်း လျှောက် လိုက် ခြင်း၊ ဆုံး ဖြတ် ချက် များ ကို စောင့် ထိန်း လိုက် နာ ခြင်း ပြု ကြ ရ အံ့ သော ငှာ၊ ငါ လည်း စိတ် သ ဘော တစ် မျိုး ကို ပေး လျက်၊ စိတ် ဝိ ညာဉ် သစ် ကို သွင်း လျက်၊ ကျောက် ခဲ နှ လုံး ကို နုတ် ယူ၍၊ အ သား နှ လုံး ပေး သ နား သ ဖြင့်၊ သူ တို့ သည် ငါ့ လူ မျိုး၊ ငါ လည်း သူ တို့ ဘု ရား သ ခင် ဖြစ် မည်။
  • 20
  • 21 စက် ဆုပ် ရွံ ရှာ ဖွယ် ရုပ် ပွား ဆင်း တု များ အား၊ စိတ် စွဲ လမ်း သူ တို့ မှာ မူ၊ ချင်း တို့ အ လေ့ အ လာ များ ကို ငါ ဆပ် ပေး မည် ဟု၊ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း များ ကို၊ ဆင့် ဆို လော့ ဟူ၍ တည်း။
  • 22 ထို့ နောက်၊ အ နီး၌ စက် များ ရှိ သော ခေ ရု ဗ တို့ သည်၊ ဣ သ ရေ လ လူ မျိုး ၏ ဘု ရား သ ခင့် ဘုန်း တော် လွှမ်း မိုး လျက် ရှိ နေ စဉ်၊ အ တောင် ဖြန့်၍၊
  • 23 ထာ ဝ ရ ဘု ရား၏ ဘုန်း တော် လည်း၊ မြို့ တော် တွင်း မှ တက် ပြီး လျှင်၊ အ ရှေ့ ဘက် တောင် ပေါ် မှာ ရပ် ဆိုင်း လေ ၏။
  • 24 ဝိ ညာဉ် တော် သည် ငါ့ ကို ချီ ဆောင် လျက်၊ ခါ လ ဒဲ ပြည် ရှိ သိမ်း သွား ခံ ရ သူ တို့ နေ ရာ သို့ ထာ ဝ ရ ဘု ရား၏ ဝိညာဉ် တော် မှ ခံ ရ သော ရူ ပါ ရုံ၌ ယူ သွား တော် မူ ပြီး လျှင်၊ ငါ မြော် မြင် ရာ ရူ ပါ ရုံ ခွာ တက် လေ ၏။
  • 25 ငါ လည်း သိမ်း သွား ခံ ရ သူ တို့ အား၊ ထာ ဝ ရ ဘု ရား ဖော် ပြ တော် မူ သ မျှ သော အ ခြင်း အ ရာ ကို ပြန် ကြား လေ ၏။
回到本卷目录 回到本版本目录 回到首页