1
တစ် ဖန်၊ ငါ သို့ ရောက် လာ သော ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် ကား၊
2
အ ချင်း လူ့ သား၊ ပုန် ကန် သော သ ဘော အ လိုက်၊ မျက် စိ ရှိ လျက် မ မြင်၊ နား ရှိ လျက် မ ကြား ဘဲ၊ ပုန် ကန် လေ့ ရှိ သော လူ မျိုး တို့ ဘောင် တွင် သင် နေ သည် တ ကား။
3
သို့ ဖြစ်၍၊ အ ချင်း လူ့ သား၊ သင့် ပ ရိ က္ခ ရာ ကို ရွှေ့ ပြောင်း ရန် ပြင် ဆင် လျက်၊ နေ့ အ ခါ၊ သူ တို့ မျက် မှောက် တွင်၊ ရွှေ့ ပြောင်း လော့။ ကိုယ့် နေ ရာ မှ တစ် နေ ရာ သို့၊ သူ တို့ မျက် မှောက် တွင် ရွှေ့ ပြောင်း လျှင်၊ ပုန် ကန် သော သ ဘော ရှိ သည် ကို သိ ကောင်း သိ ကြ လိမ့် မည်။
4
သင် သည်၊ နေ့ အ ခါ၊ သူ တို့ မျက် မှောက် တွင်၊ သိမ်း ရာ ပါ ပ စ္စည်း ဖြစ် သ ကဲ့ သို့၊ သင့် ပ ရိ က္ခ ရာ ကို ထုတ် လျက်၊ သိမ်း သွား ခံ သူ တို့ ထွက် ရ သည့် နည်း တူ၊ ညဉ့် ဦး အ ချိန်၊ သူ တို့ မျက် မှောက် တွင် ထွက် ရ မည့် ပြင်၊
5
မျက် မှောက် တွင် ပင်၊ မြို့ ရိုး ကို ထုတ် ချင်း ပေါက် ထွင်း လျက်၊ ပ ရိ က္ခ ရာ များ ကို ထုတ် သွား လော့။
6
ဣ သ ရေ လ အ မျိုး သား တို့ ရှေ့၊ သက် သေ လ က္ခ ဏာ အ ဖြစ်၊ သင့် ကို ငါ ခန့် ထား ပြီး ဖြစ် သော ကြောင့်၊ မြေ ကို မ မြင် အောင် မျက် နှာ ဖုံး လျက်၊ မှောင် ကျ မှ ထုတ် ပြီး လျှင်၊ ချင်း တို့ မျက် မှောက် တွင် ထမ်း သွား လော့ ဟု မိန့် မှာ တော် မူ သည့် အ တိုင်း၊
7
ငါ လိုက် နာ၍၊ သိမ်း ရာ ပါ ပ စ္စည်း ဖြစ် သ ကဲ့ သို့၊ ပ ရိ က္ခ ရာ ကို၊ နေ့ အ ခါ ထုတ် ပြီး လျှင်၊ ညဉ့် ဦး အ ချိန် မြို့ ရိုး ကို ကိုယ့် လက် ဖြင့် ထုတ် ချင်း ပေါက် ထွင်း လျက်၊ မှောင် ကျ မှ ထုတ် သော ပ ရိ က္ခ ရာ ကို၊ သူ တို့ မျက် မှောက် တွင် ပင်၊ ထမ်း သွား ၏။
8
နောက် နံ နက်၌၊ ငါ သို့ ရောက် လာ သော ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် ကား၊
9
အ ချင်း လူ့ သား၊ ပုန် ကန် ခြင်း သ ဘော ရှိ သော ဣ သ ရေ လ လူ မျိုး တို့ က၊ မည် သို့ ပြု လုပ် သ နည်း ဟူ၍ မေး ကြ ပြီ မ ဟုတ် လော။
10
သင် က လည်း၊ ထို တင် ဝန် သည်၊ ယေ ရု ရှ လင် မြို့ ရှိ မင်း မှ စ၍၊ အ ပေါင်း ပါ ဣ သ ရေ လ အ မျိုး သား တို့ နှင့် စပ် ဆိုင် ကြောင်း၊ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် ဟူ၍ လည်း ကောင်း၊
11
သင် တို့ ရှေ့ သက် သေ လ က္ခ ဏာ အ ဖြစ်၊ ငါ ပြု သည့် နည်း တူ၊ သူ တို့ သည် သုံ့ ပန်း သိမ်း သွား ခံ ရ ကြ လျက်၊
12
အုပ် စိုး သော မင်း လည်း၊ ထုတ် သွား ခွင့် ရ ရန်၊ ထုတ် ချင်း ပေါက် ထွင်း နှင့် ကြ ပြီ။ မြို့ ရိုး မှ မှောင် ကျ ရာ၌ ထမ်း ဆောင် ထွက် သွား လျက်၊ မြေ ကို ကိုယ့် မျက် စိ ဖြင့် မ မြင် နိုင် သော ကြောင့်၊ မျက် နှာ ဖုံး လိမ့် မည် ဟူ၍ လည်း ကောင်း၊ ဆင့် ဆို လော့။
13
ငါ လည်း ပိုက် ကွန် တော် ကို ဖြန့် ချ သည့် အ လျောက်၊ အုပ် မိ သော ထို မင်း ကို ခါ လ ဒဲ ပြည် ဗာ ဗု လုန် မြို့ သို့ ယူ သွား မည်။ ၎င်း ပြည် ကို မြင် ခွင့် မ ရ ဘဲ သေ ရ လ တ္တံ့။
14
ခြံ ရံ စစ် ကူ သူ အ ပေါင်း တို့ ကို၊ တပ် များ နှင့် တ ကွ၊ အ ရပ် လေး မျက် နှာ လေ၌ လွှင့် ပြီး နောက်၊ ဓား တော် ကို ထုတ် သ ဖြင့်၊
15
လူ အ မျိုး မျိုး အ ပြည် ပြည် တွင်၊ အ နှံ့ အ ပြား ကွဲ လွင့် ကြ သည့် ကာ လ၊ ငါ သည် ထာ ဝ ရ ဘု ရား ဖြစ် ကြောင်း၊ သူ တို့ သိ ရ ကြ လ တ္တံ့။
16
သို့ ရာ တွင်၊ ဝင် ရောက်၍ နေ ရာ လူ မျိုး ခြား တို့၌၊ ရွံ ရှာ ဖွယ် အ မှု များ ကို ဖော် ပြ ကြ အံ့ သော ငှာ၊ သ တ္တ န္တ ရ ကပ်၊ ဒု ဗ္ဘိ က္ခ န္တ ရ ကပ်၊ ရော ဂ န္တ ရ ကပ် များ မှ၊ လူ အ နည်း ငယ် ကို ငါ ခြွင်း ထား သ ဖြင့်၊ ငါ သည် ထာ ဝ ရ ဘု ရား ဖြစ် ကြောင်း၊ လူ တို့ သိ ရ ကြ လ တ္တံ့ ဟူ၍ တည်း။
17
ငါ သို့ ရောက် ပြန် သော ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် ကား၊
18
အ ချင်း လူ့ သား၊ သင့် အ စာ ကို တုန် လှုပ် လျက်၊ ရေ ကို ကြောင့် ကြ ကြောက် လန့် လျက် စား သောက်၍၊
19
ပြည် သား ချင်း တို့ အား ဆင့် ဆို ရ မည် မှာ၊ ယေ ရု ရှ လင် မြို့ သူ ဣ သ ရေ လ ပြည် သား တို့ သည်၊ ချင်း တို့ ရက် စက် မှု များ အ တွက်၊ အ စာ ကို ကြောင့် ကြ လျက်၊ ရေ ကို အံ့ အား သင့် လျက် စား သောက် ရ ကြ မည်။ တစ် ပြည် လုံး လည်း၊ ပေါက် ရောက် သ မျှ ပါ၊ ဖုန်း ဆိုး ကုန်း ဖြစ် လ တ္တံ့။
20
လူ နေ မြို့ ရွာ များ သည် ဆိတ် ညံ ရာ၊ ပြည် လည်း ဖုန်း ဆိုး ကုန်း ဖြစ် သ ဖြင့်၊ ထာ ဝ ရ ဘု ရား ငါ ဖြစ် သည် ကို၊ သင် တို့ သိ ရ ကြ လ တ္တံ့ ဟု၊ ထို သူ တို့ အား ရည် လျက်၊ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း ဆင့် ဆို လော့ ဟူ၍ တည်း။
21
ငါ သို့ ရောက် ပြန် သော ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် ကား၊
22
အ ချင်း လူ့ သား၊ နေ့ ရက် ကာ လ ရှည် လျား၍၊ ရူ ပါ ရုံ ဟူ သ မျှ ပျက် ယွင်း ပြီ ဟု၊ ဣ သ ရေ လ ပြည်၌ ဆို ရိုး ကား၊ အ သို့ နည်း။
23
သို့ နှင့် အ ညီ၊ ထို ဆို ရိုး ကို ဣ သ ရေ လ လူ မျိုး တို့ ဆက် လက် မ သုံး ရ အောင်၊ ငါ ပြတ် စဲ စေ မည် ဟု၊ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် ဟူ ၍ လည်း ကောင်း၊ နေ့ ရက် ကာ လ နီး လျက်၊ ရူ ပါ ရုံ ဟူ သ မျှ ပြည့် လု ပြီ ဟူ၍ လည်း ကောင်း၊ ဆင့် ဆို လော့။
24
ဣ သ ရေ လ အ မျိုး သား တို့ တွင်၊ အ ကျိုး မဲ့ ရူ ပါ ရုံ၊ မြှောက် ပင့် သော အ ဟော ရှိ တော့ မည် မ ဟုတ်။
25
အ သို့ ဆို သော်၊ ငါ ထာ ဝ ရ ဘု ရား သည် ဗျာ ဒိတ် ပေး တော် မူ မည်။ ဗျာ ဒိတ် တော် ချက် လည်း၊ မ နှောင့် မ နှေး ဘဲ အ တည် ဖြစ် လိမ့် မည်။ အို ပုန် ကန် လေ့ ရှိ သော အ ဆက်၊ သင် တို့ ခေတ် ၌ ပင်၊ ဗျာ ဒိတ် တော် ကို ပေး လျက် အ တည် ပြု မည် ဟု၊ ငါ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် ဟူ ၍ တည်း။
26
ငါ သို့ ရောက် ပြန် သော ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် ကား၊
27
အ ချင်း လူ့ သား၊ ဣ သ ရေ လ အ မျိုး သား တို့ က၊ ထို ဆ ရာ မြော် မြင် ရာ ရူ ပါ ရုံ၊ ဟော ပြော ရာ အ ချက် များ သည်၊ ဝေး ကွာ လှ သော နေ့ ရက် ကာ လ နှင့် စပ် ဆိုင် သည် ဟု ဆို လေ့ ရှိ သော ကြောင့်၊
28
ငါ ပေး သော ဗျာ ဒိတ် တော် တစ် ချက် မျှ မ နှောင့် မ နှေး ဘဲ၊ အ တည် ဖြစ် မည် ဟု၊ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း၊ ဆင့် ဆို လော့ ဟူ၍ တည်း။