ယေ​ဇ​ကျေ​လ-48

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 အ နွယ် တို့ အ မည် ကား။ ဒန် သည် မြောက် ဘက်၌၊ ဟာ မတ် ပြည် နယ် စွန်း နှင့် ဟေ သ လုန် လမ်း တ ရှောက်။ ဟာ မတ် မြို့ လမ်း ဝ နှင့်၊ ဒ မာ သက် ပြည် နယ် စွန်း ရှိ ဟာ ဇ ရေ နန် မြို့ အ ထိ၊ အ ရှေ့ ဘက် အ နောက် ဘက် တိုင် အောင်၊ မြောက် ဝေ ပုံ တ စု။
  • 2 အာ ရှာ ဇ သည် ဒန် နယ် စပ် တ လျှောက်၊ အ ရှေ့ ဘက် မှ အ နောက် ဘက် တိုင် အောင် တ စု။
  • 3 နဿ လိ သည် အာ ရှာ နယ် စပ် တ ရှောက်၊ အ ရှေ့ ဘက် မှ အ နောက် ဘက် တိုင် အောင် တ စု။
  • 4 မ နာ ရှေ သည် နဿ လိ နယ် စပ် တ ရှောက်၊ အ ရှေ့ ဘက် မှ အ နောက် ဘက် တိုင် အောင် တ စု။
  • 5 ဧ ဖ ရိမ် သည်၊ မ နာ ရှေ နယ် စပ် တ လျှောက်၊ အ ရှေ့ ဘက် မှ အ နောက် ဘက် တိုင် အောင် တ စု။
  • 6 ရု ဗင် သည် ဧ ဖ ရိမ် နယ် စပ် တ ရှောက်၊ အ ရှေ့ ဘက် မှ အ နောက် ဘက် တိုင် အောင် တ စု။
  • 7 ယု ဒ သည် ရု ဗင် နယ် စပ် တ ရှောက်၊ အ ရှေ့ ဘက် မှ အ နောက် ဘက် တိုင် အောင်၊ တ စု စီ ရှိ ကြ စေ။
  • 8 ယု ဒ နယ် စပ် တ ရှောက်၊ အ ရှေ့ ဘက် မှ အ နောက် ဘက် တိုင် အောင်၊ တ နွယ် နွယ်၏ ဝေ ပုံ အ လျား နှင့် အ မျှ။ အ နံ အ တောင် နှစ် သောင်း ငါး ထောင် ကျယ်။ အ လယ် တွင် သန့် ရှင်း ရာ ဌာ န တော် ပါ ရှိ သော တ စု ကို၊ သင်္ဃိ က အ ဖြစ် အ လှူ ဆက် ကြ ရ မည်။
  • 9 ၎င်း အ နက် အ လျား အ တောင် နှစ် သောင်း ငါး ထောင်၊ အ နံ တ သောင်း ကျယ် မြေ ကွက် ကို ဝ တ္ထု ကံ မြေ အ ဖြစ်။ ထာ ဝ ရ ဘု ရား ထံ ဆက် ကြ ရ မည်။
  • 10 အ လယ် တွင် ထာ ဝ ရ ဘု ရား၏ သန့် ရှင်း ရာ ဌာ န တော် ပါ လျက်။ အ ရှေ့၊ အ နောက်၊ တောင် တ သောင်း စီ။ တောင်၊ မြောက်၊ နှစ် သောင်း ငါး ထောင် စီ ကျယ်၊ သီး သန့် သော ထို ဝ တ္ထု ကံ မြေ ကို။ ဣ သ ရေ လ လူ မျိုး လမ်း လွှဲ ရာ တွင်။ လေ ဝိ ဂိုဏ်း သား တို့ အ လိုက် မ လွှဲ ဘဲ။ အ မှု တော် ကို ဆောင် ရွက် မြဲ သူ ပ ရော ဟိတ် အ ဖြစ် သီး သန့် ထား သော၊ ဇာ ဒုတ် အ နွယ် သား တို့ အ ဘို့။
  • 11
  • 12 လေ ဝိ ဂိုဏ်း သား တို့ မြေ စပ် တ ရှောက်၊ အ ထူး သီး သန့် ရာ ဝ တ္ထု ကံ မြေ အ ဖြစ် ပေး ကြ လော့။
  • 13 လေ ဝိ ဂိုဏ်း သား တို့ လည်း။ ပ ရော ဟိတ် တို့ မြေ စပ် တ ရှောက်၊ အ လျား အ တောင် နှစ် သောင်း ငါး ထောင်။ အ နံ တ သောင်း ကျယ် မြေ ကွက် ကို ရ ကြ စေ။ နှစ် ကွက် ပေါင်း ကား။ အ လျား အ တောင် နှစ် သောင်း ငါး ထောင်။ အ နံ နှစ် သောင်း တည်း။
  • 14 ထာ ဝ ရ ဘု ရား အ ဘို့ သီး သန့် ပြီး ဖြစ် သော ကြောင့်။ ရောင်း စား ခြင်း၊ လဲ လှယ် ခြင်း၊ အ ဦး မှည့် သော အ သီး အ နှံ လွှဲ အပ် ခြင်း များ ကို မ ပြု ကြ စေ လင့်။
  • 15 ထို အ တောင် နှစ် သောင်း ငါး ထောင်။ အ စပ်၌ ကျန် သေး သော၊ သင်္ဃိ က ဆိုင် ရာ အ တောင် ငါးထောင် ကို ကား။ မ သီး သန့် ရ ဘဲ မြို့ တည် ရာ၊ လူ နေ ရာ၊ မြေ လပ် ထား ရာ အ ရပ် များ ကို ဖြစ် စေ။ အ လယ် တွင် တည် သော မြို့ တော်။
  • 16 အ တိုင်း အ တာ များ ကား။ အ ရှေ့၊ အ နောက်၊ တောင်၊ မြောက်၊ တ ဘက် စီ အ တောင် လေး ထောင့် ငါး ရာ တည်း။
  • 17 မြေ လပ် အ ကျယ် ကား။ အ ရှေ့၊ အ နောက်၊ တောင်၊ မြောက်၊ တ ဘက် စီ အ တောင် နှစ် ရာ့ ငါး ဆယ် တည်း။
  • 18 မြို့ တော့် အ ရှေ့ အ နောက်၌။ သီး သန့် သော ဝ တ္ထု ကံ မြေ စပ် တ လျှောက်၊ ကျန် သေး သော အ တောင် တ သောင်း စီ မြေ ကို။ မြို့ တော် တွင် ဣ သ ရေ လ တစ် ဆယ့် နှစ် နွယ် ဝင် လုပ် သား တို့ သည်။ ခြံ လုပ်၍ အ သီး အ နှံ ကို သုံး စား ခွင့် ရ ကြ လိမ့် မည်။
  • 19
  • 20 မြို့ တော် ဆင် ခြေ ဖုံး နှင့် တ ကွ သီး သန့် ရာ ဝ တ္ထု ကံ အ ဖြစ် လှူ ဆက် ရ မည့်၊ မြေ တ ကွက် လုံး ကား။ စ တု ရန်း အ တောင် နှစ် သောင်း ငါး ထောင် စီ တည်း။
  • 21 အ လယ် တွင် သီး သန့် သော ဝ တ္ထု ကံ မြေ နှင့်၊ သန့် ရှင်း ရာ ဌာ န တော် ပါ သော၊ ပြည့် ရှင် မင်း အ ရာ တော် ကား။ အ တောင် နှစ် သောင်း ငါး ထောင် ကျယ်၊ သီး သန့် သော ဝ တ္ထု ကံ မြေ နှင့် မြို့ တော် ဆင် ခြေ ဖုံး များ၏ အ ရှေ့ အ နောက် နှစ် ဘက်၌။ လေ ဝိ ဂိုဏ်း သား တို့ ဝ တ္ထု ကံ မြေ စွန်း မှ၊ မြို့ တော် ဆင် ခြေ ဖုံး စွန် အ ထိ။ အ နွယ် တ နွယ်၏ ဝေ ပုံ အ လျား နှင့် အ မျှ၊ ယု ဒ ဗင်္ယာ မိန် နှစ် နယ် ကြား တွင် ကျန် သေး သော မြေ တည်း။
  • 22
  • 23 ကျန် သော အ နွယ် များ ကား။ ဗင်္ယာ မိန် သည် အ ရှေ့ ဘက် မှ အ နောက် ဘက် တိုင် အောင် တ စု။
  • 24 ရှိ မောင် သည် ဗင်္ယာ မိန် နယ် စပ် တ ရှောက်၊ အ ရှေ့ ဘက် မှ အ နောက် ဘက် တိုင် အောင် တ စု။
  • 25 ဣ သ ခါ သည် ရှိ မောင် နယ် စပ် တ ရှောက်၊ အ ရှေ့ ဘက် မှ အ နောက် ဘက် တိုင် အောင် တ စု။
  • 26 ဇာ ဗု လုန် သည်၊ ဣ သ ခါ နယ် စပ် တ ရှောက်၊ အ ရှေ့ ဘက် မှ အ နောက် ဘက် တိုင် အောင် တ စု။
  • 27 ဂဒ် သည် ဇာ ဗု လုန် နယ် စပ် တ ရှောက်၊ အ ရှေ့ ဘက် မှ အ နောက် တိုင် ဘက် တိုင် အောင် တ စု စီ ရှိ ကြ စေ။
  • 28 ဂဒ် နယ် စပ် တ ရှောက် တောင် အ လား သည်။ တာ မ မြို့ မှ ကာ ဒေ ရှ မြို့ မေ ရိ ဘ စမ်း ရေ၊ အိ ဂျစ် ချောင်း မြေ ထဲ ပင် လယ် ထိ ရောက် မည်။
  • 29 ငါ အ ရှင် ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း။ ဣ သ ရေ လ အ နွယ် တို့ အား၊ အ ပိုင် ဝေ ပေး ရ သော ပြည်၊ အ သီး အ သီး တို့ ရ သော ဝေ ပုံ များ ကား။ ထို သို့ တည်း။
  • 30 ဣ သ ရေ အ နွယ် များ အ လိုက် က မ္ပည်း ရှိ တံ ခါး များ ပါ သော မြို့ ရိုး အ တိုင်း အ တာ ကား။
  • 31 မြောက် မျက် နှာ၌ ရု ဗင် တ တံ ခါး၊ ယု ဒ တ တံ ခါး၊ လေ ဝိ တံ ခါး၊ ပေါင်း သုံး တံ ခါး နှင့် ပြည့် စုံ သော အ တောင် လေး ထောင့် ငါး ရာ။
  • 32 အ ရှေ့ မျက် နှာ၌ ယော သပ် တ တံ ခါး၊ ဗင်္ဟာ မိန် တ တံ ခါး၊ ဒန် တ တံ ခါး၊ ပေါင်း သုံး တံ ခါး နှင့် ပြည့် စုံ သော၊ အ တောင် လေး ထောင့် ငါး ရာ။
  • 33 တောင် မျက် နှာ ရှိ ရှိ မောင် တ တံ ခါး၊ ဣ သ ခါ တ တံ ခါး၊ ဇာ ဗု လုန် တ တံ ခါး၊ ပေါင်း သုံး တံ ခါး နှင့် ပြည့် စုံ သော၊ အ တောင် လေး ထောင့် ငါး ရာ။
  • 34 အ နောက် မျက် နှာ၌ ဂဒ် တ တံ ခါး၊ အာ ရှာ တ တံ ခါး၊ နဿ လိ တ တံ ခါး၊ ပေါင်း သုံး တံ ခါး နှင့် ပြည့် စုံ သော၊ အ တောင် လေး ထောင့် ငါး ရာ များ တည်း။
  • 35 ပတ် လည် အ တောင် တ သောင်း ရှစ် ထောင် ရှိ သော ထို မြို့ တော် ကို တည် ရာ နေ့ က စ၍။ ထာ ဝ ရ ဘု ရား စံ ရာ တော် ဟု၊ သ မုတ် ကြ ရ မည် ဟူ၍ တည်း။
回到本卷目录 回到本版本目录 回到首页