ယေ​ဇ​ကျေ​လ-47

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ထို့ နောက် ဗိ မာန် တော် တံ ခါး ဝ ရောက် ငါ့ ကို ခေါ် သွား ပြန် သော်၊ အ ရှေ့ ဘက် သို့ ဗိ မာန် တော် မျက် နှာ မူ သည့် အ လျောက်၊ တံ ခါး ခုံ တောင် စွန်း အောက် မှ၊ ပူ ဇော် ရာ ပ လ္လင် တော် တောင် ဘက်၊ အ ရှေ့ မျက် နှာ သို့ စီး ထွက် သော ရေ ကို ငါ မြင် ၏။
  • 2 ထို အ ခါ၊ အ ပြင် သို့ မြောက် တံ ခါး ဖြင့်၊ ငါ့ ကို ခေါ် ဆောင် လျက်၊ အ ရှေ့ ဘက် အ ပြင် တံ ခါး ရောက် လှည့် ပတ် စေ၍၊ ထို တံ ခါး တောင် ဘက်၌ ရေ စိမ့် ထွက် သည် ကို ပြ ပြီး လျှင်၊
  • 3 အ ရှေ့ မျက် နှာ သို့ သွား ၍၊ ကိုင် စွဲ သော တာ ကြိုး ဖြင့် အ တောင် တစ် ထောင် ရောက် တိုင်း တာ သော်၊ ခြေ ဖ မျက် ထိ သော ထို ရေ ကို ဖြတ် သွား စေ ၏။
  • 4 အ တောင် တစ် ထောင် ရောက် ထပ် မံ တိုင်း တာ သော်၊ ဒူး ထိ သော ထို ရေ ကို ဖြတ် သွား စေ ပြီး လျှင်၊ တစ် ထောင် ရောက် ဆက် လက် တိုင်း တာ သော်၊ ခါး ထိ သော ထို ရေ ကို ဖြတ် သွား စေ ပြန် ၏။
  • 5 အ တောင် တစ် ထောင် ရောက် တိုင်း တာ ပြန် သော်၊ ရေ နက် ပြီ ဖြစ် သော ကြောင့်၊ မ ဖော့ မ ကူး ဘဲ ဖြတ် သွား၍ မ ရ အောင် မြစ် ဖြစ် သော ထို ရေ ကို ငါ မ ဖြတ် နိုင် ချေ၊
  • 6 ထို အ ခါ၊ အ ချင်း လူ့ သား၊ ထို သို့ မြင် ပြီ လော ဟု မေး လျက်၊ မြစ် ကမ်း သို့ ငါ့ ကို ပြန် ပို့၍၊
  • 7 ရောက် စေ သော်၊ မြစ် ကမ်း နှစ် ဘက်၌၊ ပေါ များ သော အ ပင် ကို ပြ ပြီး လျှင်၊
  • 8 ထို သူ က၊ ဤ မြစ် သည် အ ရှေ့ ခ ရိုင် နှင့်၊ အ ရာ ဗာ ချိုင့် ကို ဖြတ်၍၊ ရေ ငံ အိုင် သို့ စီး ဆင်း ဝင် ရောက် သ ဖြင့်၊ အိုင် ရေ ချို လိမ့် မည်။
  • 9 ၎င်း ပြင်၊ မြစ် ရေ ရောက် လေ ရာ ရာ၌၊ ပေါ များ သော သ တ္တ ဝါ အ မျိုး မျိုး ရှင် နေ ခွင့် ရ သည့် အ လျောက်၊ မြစ် ရောက် ရာ ဤ အိုင် ရေ ပါ ချို သ ဖြင့်၊ ငါး ပေါ များ သည့် ပြင်၊ မြစ် ရေ သောက် သ မျှ ရှင် နေ ခွင့် ရ လိမ့် မည်။
  • 10 အင်္ဂေ ဒိ မြို့ မှ စ၍ ဧ နေ ဂ လိမ် မြို့ တိုင် အောင်၊ ပိုက် ကွန် ဖြန့် ရာ ဖြစ် မည့် အ လျောက်၊ တံ ငါ တို့ သည် ကမ်း ခြေ တစ် လျှောက် တွင် နေ ထိုင် လျက်၊ သ မု ဒ္ဒ ရာ ကဲ့ သို့ များ ပြား သော ငါး အ မျိုး မျိုး ကို ဖမ်း ကြ လိမ့် မည်။
  • 11 နီး စပ် သော စိမ့် ရှိ ရာ၊ အိုင် ရှိ ရာ များ မူ ကား၊ မ ချို ဘဲ ဆား ထွက် လိမ့် မည်။
  • 12 မြစ် ကမ်း နှစ် ဖက်၌ အ ရွက် မ ညှိုး၊ အ သီး မ တုံး၊ စား ဖွယ် ကောင်း သော အ ပင် အ မျိုး မျိုး ပေါက် လိမ့် မည်။ သန့် ရှင်း ရာ ဌာ န တော် မှ မြစ် ရေ စီး ထွက် သော ကြောင့်၊ အ နာ ပျောက် စေ သော အ ရွက် ပေါက်၍၊ စား ဖွယ် ကောင်း သော အ သီး ကို၊ ဆယ့် နှစ် ရာ သီ သီး လိမ့် မည့် မည် ဟု ဆို၏။
  • 13 အ ရှင် ထာ ဝ ရ ဘု ရား က လည်း၊ ဝေ ပုံ နှစ် စု ရ မည့် ယော သပ် အ နွယ် ပါ လျက်၊ ဣ သ ရေ လ ဆယ့် နှစ် နွယ် အ လိုက် အ ပိုင် ရ မည့် ပြည်၊
  • 14 ဘိုး ဘေး တို့ အား ပေး မည် ဟု ငါ သ စ္စာ ဆို ခဲ့ သည့် အ တိုင်း၊ အ ပိုင် အ ဖြစ် ညီ မျှ စွာ ရ မည့် ပြည် အ လား ကား၊
  • 15 မြောက် ဘက်၌ မြေ ထဲ ပင် လယ် မှ၊ ဟေ သ လုန် လမ်း နှင့် ဇေ ဒဒ် မြို့ လမ်း ဝ ထိ၊
  • 16 ၎င်း မှ ဟာ မတ် မြို့၊ ဗေ ရော သာ မြို့၊ ဒ မာ သက် ပြည်၊ ဟာ မတ် ပြည် နယ် ခြား ရှိ၊ သိ ဗ ရိမ် မြို့ ဟော ရန် နယ် စွန်း ရှိ ဟာ ဇာ အ လယ် မြို့ များ တည်း။
  • 17 ဒ မာ သက် ပြည် နယ် စွန်း ရှိ ဟာ ဇ ရေ နန် မြို့၌၊ ဟာ မတ် ပြည် နယ် စွန်း တောင် ဘက် လျှောက် သော ထို ပင် လယ် မှ အ လား သည် ဆုံး လိမ့် မည်။ မြောက် ဘက် အ လား ကား ထို သို့ တည်း။
  • 18 အ ရှေ့ ဘက်၌ ဟော ရန်၊ ဒ မာ သက်၊ ဂိ လဒ် နယ် များ နှင့် ဣ သ ရေ လ ပြည် စပ် ကြား ယော ဒန် မြစ် ကို၊ မြောက် ဘက် အ လား က ရေ ငံ အိုင် အ ထိ နယ် ခြား ရ မည်။ အ ရှေ့ ဘက် အ လား ကား၊ ထို သို့ တည်း။
  • 19 တောင် ဘက် အ လား သည်၊ တာ မာ မြို့ မှ၊ ကာဒေ ရှ မြို့ မေ ရိ ဘ ရေ၊ အိ ဂျစ် ချောင်း မြေ ထဲ ပင် လယ် ထိ ရောက် မည်။ တောင် ဘက် အ လား ကား၊ ထို သို့ တည်း။
  • 20 အ နောက် ဘက်၌ တောင် အ လား မှ၊ ဟာ မတ် မြို့ လမ်း ဝ နှင့် ရင် ဆိုင် အ ထိ၊ မြေ ထဲ ပင် လယ် သည် အ နောက် အ လား ဖြစ် အံ့ သ တည်း။
  • 21 ဤ ပြည် နယ် ကို ဣ သ ရေ လ တစ် ဆယ့် နှစ် နွယ် အ လိုက် ပိုင်း ခြား ကြ ရ မည်။
  • 22 ဣ သ ရေ လ အ မျိုး သား တို့ မှ စ၍၊ ဝင် နေ လျက် သား သ မီး ရ သော လူ မျိုး ခြား တို့ အား အ ပိုင် ပေး ဝေ ရ မည်။ ထို သူ တို့ သည် ဣ သ ရေ လ တိုင်း ရင်း သား တို့ နှင့် မ ခြား ဘဲ၊ ဣ သ ရေ လ အ နွယ် တို့ နှင့် အ တူ အ ပိုင် ရ ကြ မည်။
  • 23 ငါ အ ရှင် ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊ အ ကြင် နယ်၌ ဝင် နေ အံ့၊ ထို နယ်၌ အ ပိုင် ရ စေ၊
回到本卷目录 回到本版本目录 回到首页