1
ထို့ နောက် ကိုယ် တော် က မြို့ တော် ကို ဒဏ် ခတ် အံ့ သူ တို့ သည်၊ ဖျက် ဆီး ရန် လက် နက် ကိုင် စွဲ လျက် ချဉ်း လာ ကြ စေ ဟု၊ ငါ့ ရှေ့ တွင် အ သံ ကျယ် စွာ ခေါ် တော် မူ ရာ၊
2
ကွပ် မျက် ရန် လက် နက် ကိုင် စွဲ သူ ခြောက် ပါး တို့ သည်၊ ပိတ် ထည် ဝတ် လျက်၊ ဘေး၌ ရေး ရန် မှင် အိုး လွယ် သူ တစ် ဦး ပါ၊ မြောက် မျက် နှာ အ ထက် တံ ခါး လမ်း ဖြင့် ဝင် လာ ပြီး လျှင်၊ ပူ ဇော် ရာ ကြေး ပ လ္လင် တော့် အ နီး၌ ရပ် နေ ကြ၏။
3
ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင် ဘုန်း တော် သည်၊ စံ နေ ခဲ့ ရာ ခေ ရု ဗ တို့ မှ ဗိ မာန် တော် တံ ခါး ခုံ ထက် တက် နှင့် သ တည်း။ ပိတ် ထည် ဝတ် လျက်၊ ဘေး၌ ရေး ရန် မှင် အိုး လွယ် သူ့ ကို ခေါ် တော် မူ၍၊
4
ထာ ဝ ရ ဘု ရား က ယေ ရု ရှ လင် မြို့ အ တွင်း လျှောက် သွား လျက်၊ ထို မြို့၌ ပြု ကျင့် သ မျှ သော ရွံ ရှာ ဖွယ် အ မှု များ အ တွက် မြည် တမ်း ညည်း တွား သူ တို့ န ဖူး ပေါ် တွင်၊ အ မှတ် တင် လော့ ဟု မိန့် တော် မူ ပြီး လျှင်၊ ငါ ကြား ရ သည့် အ တိုင်း၊
5
အ ခြား သူ တို့ အား လည်း၊ ထို သူ့ နောက် လိုက် လျက် မြို့ အ တွင်း လျှောက် သွား၍၊ သ နား ကင်း လျက် မျက် စောင်း နှင့် မ ညာ တာ ဘဲ၊ ကွပ် မျက် ကြ လော့။
6
ငါ့ သန့် ရှင်း ရာ ဌာ န က စ ၍ လူ ကြီး လူ ငယ် တို့ ကို၊ မိန်း မ ကြီး ငယ်၊ သူ ငယ် တို့ ပါ ကွပ် မျက် ဖျက် ဆီး ကြ လော့။ အ မှတ် တင် သူ တို့ ကို ကား၊ မ ချဉ်း ကြ လင့် ဟု မိန့် တော် မူ သည့် အ တိုင်း၊ ထို သူ တို့ သည်၊ ဗိ မာန် တော့် မျက် နှာ စာ ရှိ လူ ကြီး တို့ ကို ဦး စွာ ကွပ် မျက် ကြ သည့် ကာ လ၊
7
ဗိ မာန် တော် ကို မ သန့် အောင် ပြု လော့။ တံ တိုင်း များ ကို လည်း၊ အ လောင်း များ ဖြင့် ပြည့် စေ ပြီး မှ၊ ထွက် သွား ကြ လော့ ဟူ သော အ မိန့် တော် အ ရ ထွက် သွား လျက်၊ မြို့ တွင်း ၌ ကွပ် မျက် ကြ လေ၏။
8
ထို သို့ ကွပ် မျက် ဆဲ တွင် ကျန် ရစ် သော ငါ သည် ပျပ် ဝပ် ပြီး လျှင်၊ အို အ ရှင် ထာ ဝ ရ ဘု ရား၊ ကိုယ် တော် သည် ယေ ရု ရှ လင် မြို့ ပေါ် သို့၊ အ မျက် တော် သွန်း လောင်း ရာ၌၊ ဣ သ ရေ လ လူ မျိုး အ ကြွင်း အ ကျန် အ ပေါင်း တို့ ကို ပယ် ရှင်း တော် မူ မည် လော ဟု အော် ဟစ် တောင်း လျှောက် သော်၊
9
ထာ ဝ ရ ဘု ရား သည် ပြည် တော် ကို စွန့် ပစ် လျက်၊ အာ ရုံ ပြု တော် မ မူ ဟု ဆို တတ် သော ဣ သ ရေ လ နှင့် ယု ဒ အ မျိုး သား တို့ ဒု စ ရိုက် ကြီး လေး လှ၍ ပြည် တော် သည် သွေး သွန်း မှု၊ မြို့ တော် လည်း တ ရား လွဲ မှု များ နှင့် ပြည့် လျှံ သည် တ ကား။
10
ငါ လည်း သ နား ကင်း လျက် မျက် စောင်း နှင့် မ ညှာ တာ ဘဲ၊ ချင်း တို့ အ လေ့ အ လာ ကို ဆပ် ပေး မည် ဟု မိန့် တော် မူ ပြီး နောက်၊
11
ပိတ် ထည် ဝတ် လျက် ဘေး၌ မှင် အိုး လွယ် သူ က၊ ကျွန် တော် သည် အ မိန့် တော် အ တိုင်း ပြီး မြောက် ပါ ပြီ ဟူ၍ တင် လျှောက် လေ၏။