1
ထို့ နောက် ခြောက် နှစ် ဆ ဋ္ဌ မ လ၊ ငါး ရက်၌ ငါ့ အိမ် တွင် ထိုင် နေ သော ယု ဒ လူ ကြီး တို့ နှင့် အ တူ ထိုင် နေ စဉ်၊ အ ရှင် ထာ ဝ ရ ဘု ရား၏ လက် တော် သည်၊ ငါ့ အ ပေါ် သို့ သက် ရောက်၍၊
2
ငါ ရှု မြင် ရာ ခါး သဏ္ဌာန် အောက်၌ မီး၊ ခါး အ ထက်၌ ပ ယင်း ရောင် သ ဖွယ် ရောင် ခြည် သဏ္ဌာန် ဆောင် သော၊ မီး သဏ္ဌာန် အ သွင် တစ် ပါး ကို မြင် ရ၏။
3
လက် သဏ္ဌာန် ကို ဆန့် လျက် ဦး ဆံ ကို ဆွဲ ပြီး လျှင်၊ မိုး မြေ စပ် ကြား ရောက် ချီ ဆောင် သော ဝိ ညာဉ် တော် သည်၊ ရှု စိတ် တော် မ မူ လို သော ရုပ် ပွား တည် ရာ ယေ ရု ရှ လင် မြို့ ရှိ အ တွင်း တံ တိုင်း၊ မြောက် မျက် နှာ တံ ခါး ဝ အ နီး၊ ဘု ရား သ ခင် ဆိုင် ရာ ရူ ပါ ရုံ၌၊ ငါ့ ကို ဆောင် သွား တော် မူ သည့် အ တိုင်း၊
4
မြို့ ပြင် တွင် ငါ ဖူး မြင် ခဲ့ သော ရူ ပါ ရုံ နည်း တူ၊ ဣ သ ရေ လ အ မျိုး၏ ဘု ရား သ ခင့် ဘုန်း တော် တည် သည် ကို ငါ မြင် ရ၏။
5
ကိုယ် တော် က၊ အ ချင်း လူ့ သား၊ မြောက် မျက် နှာ သို့ မြော် ကြည့် လော့ ဟု မိန့် တော် မူ သည့် အ တိုင်း၊ မြောက် မျက် နှာ သို့ မြော် ကြည့် သော်၊ ပူ ဇော် ရာ ပ လ္လင် တော် တံ ခါး ဝ မြောက် ဘက်၌၊ ရှု စိတ် တော် မ မူ လို သော ထို ရုပ် ပွား ကို ငါ မြင် ရ လျှင်၊
6
အ ချင်း လူ့ သား သန့် ရှင်း ရာ ဌာ န တော် မှ ငါ ခွာ ရ စေ ခြင်း ငှာ၊ ဤ ဌာ န၌ ဣ သ ရေ လ အ မျိုး သား တို့ ပြု ကျင့် သော၊ အ လွန် ရွံ ရှာ ဖွယ် အ မှု များ ကို မြင်၏ လော။ အ လွန် ရွံ ရှာ ဖွယ် အ မှု များ ကို မြင် ရ ဦး မည် ဟု မိန့် ဆို လျက်၊
7
တံ တိုင်း ဝ အ တွင်း သို့ ဆောင် သွား တော် မူ သ ဖြင့်၊ ငါ ရှု ကြည့် ရာ၊
8
တံ တိုင်း နံ ရံ၌ အ ပေါက် ကို မြင် ရ လျှင် အ ချင်း လူ့ သား၊ ထို နံ ရံ ကို ချဲ့ ထွင်း လော့ ဟု မိန့် တော် မူ သည့် အ တိုင်း ထွင်း သော်၊ တံ ခါး ဝ တစ် ခု ကို မြင် ရ ၏။
9
ကိုယ် တော် က လည်း ဤ ဌာ န၌ ပြု ကျင့် ကြ သော၊ ရွံ ရှာ ဖွယ် ဆိုး သွမ်း မှု များ ကို၊ ဝင်၍ ကြည့် လော့ ဟူ သော အ မိန့် တော် အ ရ၊ ငါ ဝင် ရောက် ရှု ကြည့် ရာ၊
10
ပတ် လည် နံ ရံ ပေါ် တွင် ထု သော၊ တွား တတ် သည့် သ တ္တ ဝါ မှ စ၍၊ ရွံ့ ရှာ ဖွယ် တိ ရ စ္ဆာန် အ မျိုး မျိုး နှင့် ဣ သ ရေ လ အ မျိုး သား တို့ ရှိ ခိုး ရာ ရုပ် ပွား အ မျိုး မျိုး၏ ပုံ ရှေ့ တွင်၊ ဣ သ ရေ လ အ မျိုး သား လူ ကြီး ခု နစ် ဆယ် နှင့် တ ကွ၊
11
ရှာ ဖန့် သား ယာ ဇ ညာ တို့ သည်၊ မီး ကျီး ခံ ကိုယ် စီ ကိုင် လျက် ရပ် နေ သည် ကိုလည်း ကောင်း၊ နံ့ သာ ပေါင်း ရ နံ့ တိမ် တက် သည် ကိုလည်း ကောင်း၊ မြင် ရ လျှင်၊
12
အ ချင်း လူ့ သား၊ ထာ ဝ ရ ဘု ရား သည် ငါ တို့ ကို အာ ရုံ မ ပြု၊ ပြည် တော် ကို စွန့် ပစ် လေ ပြီ ဟု ဆို တတ် သော ဣ သ ရေ လ အ မျိုး သား လူ ကြီး တို့ သည် ကိုယ့် ရုပ် ပွား ဆောင် တွင် မှောင် သော အ ရပ်၌ ပြု လေ့ ရှိ သည် ကို မြင် ပြီ လော ဟူ၍လည်း ကောင်း၊
13
ပြု လေ့ ရှိ သော အ လွန် ရွံ ရှာ ဖွယ် အ မှု များ ကို မြင် ရ ဦး မည် ဟူ၍လည်း ကောင်း၊ မိန့် ဆို လျက်၊
14
ဗိ မာန် တော် မြောက် မျက် နှာ တံ ခါး ဝ သို့ ဆောင် သွား တော် မူ သော်၊ တ မ္မု ဇ နတ် ဘု ရား အား၊ လွမ်း တ ငို ကြွေး လျက် ထိုင် နေ သော မိန်း မ တို့ ကို မြင် ရ၏။
15
ကိုယ် တော် က လည်း၊ အ ချင်း လူ့ သား၊ ထို အ ရာ ကို မြင် ပြီ လော။ ထို ထက် ရွံ ရှာ ဖွယ် အ မှု များ ကို မြင် ရ ဦး မည် ဟု မိန့် ဆို လျက်၊ ဗိ မာန် တော် အ တွင်း ထဲ သို့၊ ငါ့ ကို ဆောင် သွား တော် မူ သော်၊
16
ဗိ မာန် တော် တံ ခါး ဝ အ နီး၊ မုတ် ဆောင် နှင့် ပူ ဇော် ရာ ပ လ္လင် တော် ကြား တွင်၊ လူ နှစ် ဆယ့် ငါး ခန့် တို့ သည်၊ ဗိ မာန် တော် ကို ကျော ခိုင်း လျက်၊ အ ရှေ့ သို့ မျက် နှာ မူ လျက်၊
17
နေ မင်း အား ရှိ ခိုး ကြ သည် ကို မြင် ရ လျှင်၊ အ ချင်း လူ့ သား၊ ထို အ ရာ ကို မြင် ပြီ လော၊ ယု ဒ အ မျိုး သား တို့ သည် ဤ ဌာ န၌ ရွံ ရှာ ဖွယ် အ မှု များ ကို ပြု ကျင့် သည် ကား၊ အ လေး မ မူ ဘဲ ပြု ကျင့် ကြ သ လော၊ ပြည် တော် ကို အ ဓ မ္မ မှု နှင့် ပြည့် စေ လျက်၊ ထပ် မံ အ မျက် တော် တိုက်၍ အ ခက် အ လက် များ ဖြင့် လက် အုပ် ချီ ကြ ပြီ တ ကား၊
18
ငါ လည်း သ နား ကင်း လျက် မျက် စောင်း နှင့် မ ညှာ တာ ဘဲ၊ အ မျက် တော် ထား၍ စီ ရင် မည်။ ရှေ့ တော် တွင် သံ ကုန် ဟစ် ကြ သော် လည်း၊ နား ညောင်း မည် မ ဟုတ် ဟု မိန့် တော် မူ၏။