1
မိုး ခေါင် ခြင်း ဘေး ကို ရည်၍၊ ယေ ရ မိ သို့ ရောက် လာ သော၊ ထာ ဝ ရ ဘု ရား ၏ ဗျာ ဒိတ် တော် ကို ဆို ဦး အံ့။
2
ယု ဒ ပြည် သည် မြည် တမ်း လျက်၊ မြို့ ရွာ တံ ခါး များ လည်း၊ မြေ ပေါ် တွင် အား လျော့ ညှိုး ငယ် စွာ နေ လျက်၊ ယေ ရု ရှ လင် မြို့ မှ အော် ဟစ် သံ တက် လေ ပြီ။
3
မှူး မတ် တို့ သည် ငယ် သား တို့ ကို ရေ ခပ် စေ သော်၊ ရေ ကန် များ သို့ ရောက်၍ ရေ မ တွေ့ သ ဖြင့်၊ ကျိုး ယုတ် စိတ် ပျက် စွာ ဦး ခေါင်း ခြုံ လျက် အိုး လွတ် ပြန် လာ ရ ကြ၏။
4
နေ ပြည် တွင် မိုး မ ရွာ သ ဖြင့်၊ အက် ကွဲ သော မြေ ကို ထောက်၍၊ တောင် သူ တို့ လည်း၊ ကျိုး ယုတ် စွာ ဦး ခေါင်း ခြုံ ရ ကြ၏။
5
မြက် ပင် မ ရှိ သ ဖြင့်၊ တော နေ ဒ ရယ် မ ပင်၊ သား ကို မွေး၍ စွန့် ပစ် လေ၏။
6
မြည်း ရိုင်း များ လည်း၊ ခွေး အ သ ဖွယ် လေ ကို ဟပ် ရှူ၍၊ မြက် ပင် မ ရှိ သည့် အ တွက် မျက် စိ အား ကုန် လျက်၊ ကုန်း ထိပ် များ ပေါ် တွင် နေ ကြ၏။
7
အို ထာ ဝ ရ ဘု ရား၊ ကြိမ် ဖန် များ စွာ ဖောက် ပြန် လျက်၊ ကိုယ် တော် ကို ပြစ် မှား သူ အ ကျွန်ုပ် တို့ တစ် ဘက်၌၊ ကိုယ့် ဒု စ ရိုက် များ သက် သေ ခံ သော် လည်း၊ နာ မ တော် ကို ထောက် ၍ ပြု စု တော် မူ ပါ။
8
အို ဣ သ ရေ လ လူ မျိုး၏ စောင့် မြော် ရာ စောင့် မြော် ကြောင်း၊ ဒု က္ခ ရောက် ရာ၌ ကယ် တင် တော် မူ သော အ ရှင်၊ နေ ပြည်၌ ဝင် နေ သူ၊ တည်း လို၍ လှည့် ဝင် သော ခ ရီး သွား သူ ကဲ့ သို့လည်း ကောင်း၊
9
ရုတ် တ ရက် အ တိုက် ခံ၍၊ မ ကယ် နိုင် သော သူ ရဲ ကောင်း ကဲ့ သို့လည်း ကောင်း၊ အ ဘယ့် ကြောင့် နေ တော် မူ ရ သ နည်း။ နာ မ တော် ဖြင့် သ မုတ် ခံ သော အ ကျွန်ုပ် တို့ ဘောင် တွင်၊ စံ နေ တော် မူ ရာ အို ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ် တို့ ကို စွန့် ပစ် တော် မ မူ ပါ နှင့်။
10
ဤ လူ မျိုး အား ထာ ဝ ရ ဘု ရား က၊ ခြေ လှမ်း ခြင်း ကို မ ချုပ် တည်း ဘဲ၊ ထို နှင့် အ မျှ အ လေ အ လွင့် ခင် မင် သော သင် တို့ ကို၊ ငါ ထာ ဝ ရ ဘု ရား လက် ခံ မည် မ ဟုတ်။ ယ ခု ပင် ဒု စ ရိုက် ကို သ တိ မူ လျက်၊ အ ပြစ် ဒဏ် စီ ရင် မည် ဟု မိန့် တော် မူ၏။
11
ငါ့ အား လည်း ထာ ဝ ရ ဘု ရား က၊ ဤ လူ မျိုး ကောင်း စား စေ လို ကြောင်း၊ ဆု မ တောင်း လင့်။
12
အ စာ ရှောင် ကြ သော် လည်း၊ ထို သူ တို့ ဟစ် သံ ကို ငါ နား မ ညောင်း၊ မီး ရှို့ ရာ ယဇ် မှ စ၍ ပူ ဇော် သ က္ကာ များ ကို ဆက် ကပ် ကြ သော် လည်း၊ လက် မ ခံ ဘဲ၊ သ တ္တ န္တ ရ ကပ်၊ ဒု ဗ္ဘိ က္ခ န္တ ရ ကပ်၊ ရော ဂ န္တ ရ ကပ် များ ဖြင့်၊ ငါ ကုန် ဆုံး စေ မည် ဟု မိန့် တော် မူ သော်၊
13
အို အ ရှင် ထာ ဝ ရ ဘု ရား၊ သ တ္တ န္တ ရ ကပ် ကို မ တွေ့၊ ဒု ဗ္ဘိ က္ခ န္တ ရ ကပ် ကို လည်း မ ခံ၊ ဤ အ ရပ် တွင် ဘေး ကင်း လျက်၊ အ တည် အ မြဲ နေ စေ တော် မူ မည့် အ ကြောင်း၊ ပ ရော ဖက် တို့ ဟော ပြော ကြ ပါ သည် ဟု၊ ငါ တင် လျှောက် လျှင်၊
14
ထာ ဝ ရ ဘု ရား က၊ ထို ပ ရော ဖက် တို့ သည်၊ ငါ စေ လွှတ် ခြင်း၊ မိန့် မှာ ခြင်း၊ ဗျာ ဒိတ် ပေး ခြင်း ကင်း လျက်၊ မု သာ များ ကို ငါ့ နာ မ နှင့် ဟော ပြော ကြ သည့် ပြင် မျက် လှည့် ရူ ပါ ရုံ၊ အ ကျိုး မဲ့ ဗေ ဒင် အ တတ်၊ လှည့် ဖြား သော ကိုယ့် သ ဘော အ တိုင်း၊ ဟော ပြော တတ် ကြ ၏။
15
သို့ ဖြစ်၍၊ ဤ ပြည် တွင် သ တ္တ န္တ ရ ကပ်၊ ဒု ဗ္ဘိ က္ခ န္တ ရ ကပ် သင့် ရောက် မည် မ ဟုတ် ဟု၊ ငါ စေ လွှတ် ခြင်း ကင်း လျက်၊ နာ မ တော် နှင့် ဟော ပြော သော ပ ရော ဖက် တို့ ကို ရည်၍၊ ငါ ထာ ဝ ရ ဘု ရား မိန့် ဆို သည် မှာ၊ သ တ္တ န္တ ရ ကပ်၊ ဒု ဗ္ဘိ က္ခ န္တ ရ ကပ် များ ဖြင့်၊ ထို ပ ရော ဖက် တို့ ကုန် ခန်း ရ မည့် ပြင်၊
16
ကိုယ့် ဆိုး သွမ်း မှု ကို ငါ ဆပ် ပေး သည့် အ လျောက်၊ ဟော ပြော ရာ နာ ခံ သူ တို့ လည်း၊ မ ယား၊ သား သ မီး ပါ၊ သ တ္တ န္တ ရ ကပ်၊ ဒု ဗ္ဘိ က္ခ န္တ ရ ကပ် များ ကြောင့်၊ မြှုပ် နှံ သူ ကင်း လျက်၊ ယေ ရု ရှ လင် မြို့ ရှိ လမ်း များ ပေါ် သို့ ဆွဲ ပစ် ခံ ရ ကြ လ တ္တံ့ ဟု မိန့် ဆို၏။
17
သင် က လည်း၊ ငါ့ အ မျိုး သ တို့ သ မီး က ညာ သည်၊ ကျိုး ပဲ့ ပေါက် ကွဲ ခြင်း၊ နာ ကျင် စွာ ဒဏ် ခတ် ခြင်း များ ကို၊ ခံ ရ သည့် အ တွက်၊ နေ့ ညဉ့် မ ဟူ၊ မ ပြတ် မ စဲ မျက် ရည် ကျ လျက် နေ ရ ပါ စေ။
18
မြို့ ပြင် သို့ ထွက် သွား လျှင်၊ ဓား ဖြင့် သေ သူ၊ မြို့ တွင်း သို့ ဝင် သွား လျှင်၊ မွတ် သိပ်၍ နာ ကျင် သူ တို့ ကို တွေ့ ရ ပါ၏။ ပ ရော ဖက် နှင့် ပ ရော ဟိတ် တို့ ပါ၊ မ ရောက် ဘူး သော ပြည်လျှင်သို့၊ အ ရောင်း အ ဝယ် သွား ရ ကြ သည် တ ကား ဟူ သော စ ကား ကို ဆို လော့ ဟု မိန့် တော် မူ၏။
19
ယု ဒ ပြည် ကို စွန့် ပစ် ပယ် ထား တော် မူ ပြီ လော။ ဇိ အုန် မြို့ ကို စက် ဆုပ် သော စိတ် တော် ရှိ သ လော။ သက် သာ ခွင့် မ ရ သည့် တိုင် အောင်၊ အ ကျွန်ုပ် တို့ ကို အ ဘယ့် ကြောင့် ဒဏ် ခတ် တော် မူ သ နည်း။ ချမ်း သာ ကို စောင့် မြော် ကြ သော် လည်း၊ သု ခ မ ခံ စား ရ ချေ။ သက် သာ ခြင်း ကာ လ ကို တောင့် တ ကြ သော် လည်း၊ ကြောက် မက် ဖွယ် ဘေး သင့် ပါ ပြီ တ ကား။
20
အို ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ် တို့ သည်၊ ကိုယ် တော် အား ပြစ် မှား မိ သည့် အ လျောက်၊ ကိုယ့် ဆိုး သွမ်း မှု နှင့်၊ ဘိုး ဘေး တို့ ဒု စ ရိုက် ကို ဝန် ခံ ကြ ပါ ၏။
21
နာ မ တော် ကို ထောက် ၍၊ အ ကျွန်ုပ် တို့ အား အ ရေး မ ယူ၊ ဘုန်း တော် စံ ရာ ပ လ္လင် တော် ကို ဂ ရု မ စိုက် ဘဲ၊ နေ တော် မ မူ ပါ လင့်။ အ ကျွန်ုပ် တို့ နှင့် ဖွဲ့ ခဲ့ သော ပ ဋိ ညာဉ် ကို သ တိ ရ လျက်၊ ဖျက် တော် မ မူ ပါ လင့်။
22
လူ မျိုး ခြား တို့ ၏ အ တု ဘု ရား များ အ နက်၊ မိုး ရွာ စေ နိုင် သော ဘု ရား ရှိ သ လော။ မိုး လည်း အ လျောက် ဘာ သာ ရွာ နိုင် သ လော။ ကိုယ် တော် သာ လျှင် အ ကျွန်ုပ် တို့၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ဖြစ် သည် မ ဟုတ် ပါ လော။ ထို အ ခြင်း အ ရာ ဟူ သ မျှ ကို စီ မံ တော် မူ သော ကိုယ် တော် အား၊ အ ကျွန်ုပ် တို့ စောင့် မြော် ကြ ပါ၏။