ယေ​ရ​မိ-16

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 တစ် ဖန် ငါ သို့ ရောက် လာ သော ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် ကား၊
  • 2 သင် သည်၊ ဤ ဒေ သ အ ရပ် ၌ အိမ် ထောင် မ ပြု လင့်။ သား သ မီး မ ရှိ ရာ။
  • 3 အ သို့ ဆို သော်၊ ဤ ပြည်၊ ဤ ဒေ သ တွင်၊ ဖွား သော သား သ မီး မှ စ၍ မြင် သော မိ ဘ တို့ ကို ရည် လျက်၊ ငါ ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊
  • 4 မြည် တမ်း မှု၊ မြှုပ် နှံ မှု ကင်း လျက်၊ ကာ လ ရော ဂါ ဖြင့် လည်း ကောင်း၊ ဓား ဘေး၊ အ စာ ခေါင်း ပါး ဘေး ဖြင့် လည်း ကောင်း၊ သေ ဆုံး ကုန် ခန်း ရ သော ထို သူ တို့ အ လောင်း များ သည် မြေ အ ပြင် တွင် မြေ ဩ ဇာ နှင့်၊ လေ သ တ္တ ဝါ၊ မြေ သတ္တ ဝါ တို့ အ စာ ဖြစ် ရ ကြ လိမ့် မည်။
  • 5 ငါ ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊ ငြိမ် သက် ချမ်း သာ တည်း ဟူ သော မေ တ္တာ ကျေး ဇူး နှင့် က ရု ဏာ တော် ကို၊ ဤ လူ မျိုး မှ ငါ ရုတ် သိမ်း ပြီ ဖြစ် သော ကြောင့်၊ အ သု ဘ အိမ် သို့ မ ဝင် ရ။ စာ နာ၍ မြည် တမ်း ခြင်း ကို လည်း၊ သင် မ ပြု ရ မည့် အ ကြောင်း၊ ငါ ထာ ဝ ရ ဘုရား မိန့် ဆို ၏။
  • 6 ဤ ပြည် တွင် လူ ကြီး လူ ငယ် တို့ ပါ၊ မြှုပ် နှံ မှု ကင်း လျက် သေ ရ ကြ မည့် အ လျောက်၊ မြည် တမ်း ခြင်း၊ ကိုယ် ကို ထိ ရှ ခြင်း၊ ဦး ဆံ ပယ် ခြင်း များ ကို လည်း ကောင်း၊
  • 7 အ သု ဘ ပွဲ လုပ် ၍ အ လွမ်း ဆွတ် ပြေ စေ ရန် မုန့် ကျွေး ခြင်း၊ မိ ဘ ကွယ် လွန် သော် လည်း နှစ် သိမ့် စေ သော အ ရည် တိုက် ခြင်း များ ကို လည်း ကောင်း၊ သူ သေ တို့ အ တွက် မ ပြု ရ ကြ။
  • 8 ပွဲ သ ဘင် အိမ် ၌ လည်း၊ ဝင် ရောက် စား သောက် ထိုင် နေ ရ မည် မ ဟုတ်။
  • 9 ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင်၊ ဗိုလ် ခြေ တို့ အ ရှင် ငါ ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊ သင် တို့ လက် ထက်၊ သင် တို့ မျက် မှောက် တွင် ပင်၊ အား ရ ရွှင် လန်း သံ၊ မင်္ဂ လာ ဆောင် သ တို့ သား၊ သ တို့ သ မီး တို့ ကြွေး ကြော် သံ များ ကို၊ ဤ အ ရပ် ဒေ သ၌ ငါ ပြတ် စဲ စေ မည်။
  • 10 ထို ဗျာ ဒိတ် တော် ချက် ဟူ သ မျှ ကို သင့် ထံ ကြား နာ ရ သော ဤ လူ မျိုး က၊ ထို မျှ လောက် ဆိုး သော ဘေး အ လုံး စုံ ကို၊ ထာ ဝ ရ ဘု ရား သည် အ ဘယ့် ကြောင့် ပြ ဋ္ဌာန်း တော် မူ သ နည်း။ ငါ တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အား၊ ပြစ် မှား မိ သော ဒု စ ရိုက် ပြစ် မှု ကား၊ အ ဘယ် နည်း ဟု မေး ကြ သည့် ကာ လ၊
  • 11 ငါ၏ ပ ညတ် တ ရား ကို မ စောင့် ရှောက် ဘဲ၊ ငါ့ ကို စွန့် ပစ် ပယ် ထား ကြ သည့် ပြင်၊ အ ခြား ဘု ရား များ နောက် လိုက် လျှောက် ဝတ် ပြု ရှိ ခိုး လျက်၊
  • 12 ဗျာ ဒိတ် တော် ကို မ နာ ခံ သည့် တိုင် အောင်၊ ခက် မာ သော ကိုယ့် သ ဘော အ တိုင်း၊ အ သီး အ သီး တို့ လိုက် လျှောက် ကြ သည် မှာ၊ ဘိုး ဘေး တို့ ထက် ဆိုး သွမ်း သော ကြောင့် တည်း။
  • 13 သို့ ဖြစ်၍ ငါ သည် က ရု ဏာ ကင်း လျက် ဘိုး ဘေး များ မှ စ၍၊ သင် တို့ ကိုယ် တိုင် မ ရောက် ဘူး သော ပြည် သို့၊ အ ခြား ဘု ရား များ ရှေ့၊ နေ့ ညဉ့် မ ဟူ ဝတ် ပြု ကြ စေ ခြင်း ငှာ၊ ဤ ပြည် မှ သင် တို့ ကို၊ ငါ ထုတ် ပစ် မည် ဟု ထာ ဝ ရ ဘုရား မိန့် တော် မူ ကြောင်း၊ သင် ပြန် ဆို ရ မည်။
  • 14 သို့ ဖြစ် ၍၊ ဘိုး ဘေး တို့ အား ငါ ပေး ခဲ့ သော ပြည် ရင်း သို့၊ ဤ လူ မျိုး ကို ပြန် ခေါ် မည် ဖြစ် သော ကြောင့်၊ အိ ဂျစ် ပြည် မှ ဣ သ ရေ လ အ မျိုး သား တို့ ကို၊ ဆောင် ခဲ့ သော ထာ ဝ ရ ဘု ရား အ သက် တော် ဟူ၍ ဆက် လက် ဆို လေ့ မ ရှိ ဘဲ၊ နှင် ထုတ် တော် မူ ခဲ့ ရာ မြောက် ပိုင်း ပြည် နှင့် ပြည် တ ကာ မှ ဆောင် ခဲ့ သော ထာ ဝ ရ ဘု ရား အ သက် တော် ဟူ ၍ ဆို ရ လ တ္တံ့ သော နေ့ ရက် ကာ လ ရောက် တော့ မည် ဟု၊ ငါ ထာ ဝ ရ ဘု ရား မိန့် ဆို ၏။
  • 15
  • 16 ငါ မျက် မှောက် ပြု ရာ၊ ချင်း တို့ အ လေ့ အ လာ များ သည်၊ မျက် နှာ တော် မှ မ ပုန်း၊ ဒု စ ရိုက် လည်း၊ စ က္ခု တော် မှ မ ကွယ် သည့် အ လျောက်၊ ငါ သည် ချင်း တို့ ကို မျှား ရန် တံ ငါ အ မြောက် အ မြား စေ လွှတ် ပြီး နောက်၊ တောင်၊ ကုန်း၊ ကျောက် ကြား ဟူ သ မျှ မှ၊ ချောက် ထုတ် ရန် မု ဆိုး အ များ ကို လည်း စေ လွှတ် သည့် ပြင်၊
  • 17
  • 18 စက် ဆုပ် ဖွယ် ရုပ် တု အ သေ ကောင် များ ဖြင့်၊ ပြည် တော် ကို ညစ် ညူး စေ လျက်၊ ရွံ ရှာ ဖွယ် ရာ ဘု ရား များ ဖြင့် လည်း၊ ပိုင် တော် မူ ရာ ကို ပြည့် စေ ကြ သော ဒု စ ရိုက် ပြစ် မှု အ တွက်၊ နှစ် ဆ တင် ရင် ဆပ် ပေး မည် ဟု၊ ငါ ထာ ဝ ရ ဘုရား မိန့် ဆို သည် ဟူ ၍ တည်း။
  • 19 အ ကျွန်ုပ် ၏ စွမ်း အား၊ အ ကျွန်ုပ် ၏ ရဲ တိုက်၊ ဒု က္ခ တွေ့ သည့် ကာ လ၊ အ ကျွန်ုပ် ၏ ခို လှုံ ရာ ဖြစ် သော အို ထာ ဝ ရ ဘု ရား၊ မြေ ကြီး အ စွန်း အ ဖျား များ မှ၊ လူ မျိုး ခြား တို့ သည်၊ ကိုယ် တော့် ထံ တိုး ဝင် ၍၊ မိ ရိုး ဖ လာ ဘု ရား များ သည် မုသာ၊ အ န တ္တ ဖြစ် လျက်၊ ကျေး ဇူး မ ပြု နိုင် သော ဘု ရား များ သာ ဖြစ် လှ ပါ သည် ဟု ဝန် ခံ ကြ ပါ လိမ့် မည်။
  • 20 လူ သည် အ တု မျှ သာ ဖြစ် သော ဘု ရား များ ကို၊ ကိုး ကွယ် ရန် လုပ် အပ် ပါ သ လော။
  • 21 သို့ ဖြစ် ၍၊ ငါ့ လက် ရုံး တော်၊ ငါ့ ခွန် အား တော် ကို၊ ဤ တစ် ကြိမ် တည်း ငါ ဖော် ပြ သည့် အ လျောက်၊ နာ မ တော် ကား၊ ယေ ဟော ဝါ တည်း ဟု၊ ချင်း တို့ သိ ရ ကြ လိမ့် မည်။
回到本卷目录 回到本版本目录 回到首页