ယေ​ရ​မိ-12

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် ရှေ့ အ ကျွန်ုပ် လဲ လျှောက် သည့် ကာ လ၊ ဖြောင့် မတ် တော် မူ သော် လည်း၊ ဆုံး ဖြတ် တော် မူ ချက် များ နှင့် စပ် လျဉ်း၍ ဆွေး နွေး ရ မည် မှာ လူ ဆိုး တို့ သည်၊ အ ဘယ့် ကြောင့် အ ကြံ မြောက် ရ ပါ သ နည်း။ သ စ္စာ ဖျက်၍ ဖောက် ကျော် သူ အ ပေါင်း တို့ သည်၊ အ ဘယ့် ကြောင့် ချမ်း သာ ရ ကြ ပါ သ နည်း။
  • 2 ကိုယ် တော် ကို နှုတ် ဖြင့် ချဉ်း ကပ် လျက်၊ စိတ် နှ လုံး ဖြင့် ကွာ ဝေး သော သူ တို့ သည်၊ စိုက် ပျိုး တော် မူ ရာ ဖြစ် သည့် အ လျောက်၊ အ မြစ် စွဲ လျက်၊ ကြီး ပွား လျက်၊ အ သီး သီး လျက် နေ ကြ သည် တ ကား။
  • 3 အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် သည် အ ကျွန်ုပ် ကို သိ ကျွမ်း ရှု မြင်၍၊ ရှေ့ တော် တွင် အ ကျွန်ုပ်၏ စိတ် သ ဘော ကို လည်း၊ စစ် ဆေး တော် မူ ပါ၏။ သိုး၊ ဆိတ် များ ကဲ့ သို့ ထို သူ တို့ ကို သတ် ရန် ဆွဲ ငင် လျက်၊ ကွပ် မျက် ရာ နေ့ ရက် အ ဖို့ သီး ခြား ထား တော် မူ ပါ။
  • 4 နေ ပြည် သည် မြည် တမ်း လျက်၊ ကောက် ပင် ဟူ သ မျှ လည်း၊ သွေ့ ခြောက် လျက် နေ ရ မည် မှာ၊ မည် မျှ ကြာ အံ့ နည်း။ ငါ တို့၏ အ ဆုံး ကို ဆ ရာ မြင် ရ တော့ မည် မ ဟုတ် ဟု၊ ဆို သော ထို ပြည် သား တို့ ဆိုး သွမ်း မှု အ တွက် မြေ သ တ္တ ဝါ၊ လေ သ တ္တ ဝါ တို့ ပင် ပ ပျောက် လျက် ရှိ သည် တ ကား ဟူ၍ တည်း။
  • 5 သင် သည် ခြေ လျင် တို့ နှင့် ယှဉ် ပြေး၍ ပင် ပန်း လျှင်၊ မြင်း များ နှင့် မည် သို့ ယှဉ် မည် နည်း။ ဘေး ကင်း မဲ့ ရာ ပြည် တွင် စိတ် ချ စွာ နေ သော် လည်း၊ ယော် ဒန် ပိတ် ပေါင်း တွင် နေ လျှင် မည် သို့ ပြု မည် နည်း။
  • 6 သင် ၏ ညာ တ ကာ ဆွေ မျိုး သား ချင်း တို့ ပင်၊ သ စ္စာ ဖျက်၍ သင့် ကို အော် ဟစ် လိုက် ကြ ကုန်၏။ နှုတ် ချို စွာ ပြော ကြ သော် လည်း၊ သူ တို့ ကို မ ယုံ နှင့်။
  • 7 ငါ သည် အိမ် ထောင် တော် ကို စွန့် ပစ်၍၊ ပိုင် တော် မူ ရာ ကို ပယ် ထား လျက်၊ ရင် နှစ် ဖြစ် သော လူ မျိုး ကို ရန် သူ တို့ လက် တွင်း သို့ အပ် နှင်း လေ ပြီ။
  • 8 ပိုင် တော် မူ ရာ သည် ငါ့ အား ဟိန်း ဟောက် သော၊ တော ရှိ ခြင်္သေ့ သ ဖွယ် ဖြစ် သ ဖြင့် ငါ မေ တ္တာ မဲ့၍ နေ ၏။
  • 9 ပိုင် တော် မူ ရာ သည် ငါ့ မျက် မှောက် တွင် ငှက် ရဲ အ ပြောက် အ ကွက် ဖြစ် သ ဖြင့်၊ ငှက် ရဲ တ ကာ တို့ ဝန်း ဝိုင်း ပေါက် ဆိတ် ကြ သ လော။ ကိုက် စား ကြ အံ့ သော ငှာ၊ သား ရဲ အ ပေါင်း တို့ ကို လည်း၊ သွား၍ စု ရုံး ကြ စေ။
  • 10 မြောက် မြား သော အ ထိန်း အ ကျောင်း တို့ သည်၊ ငါ့ စ ပျစ် ဥ ယျာဉ် ကို ဖျက် ဆီး လျက်၊ ပိုင် စု တော် ကို ဖိ နင်း လျက်၊ နှစ် မြို့ တော် မူ သော ပိုင် စု ကို ပင်၊ ဆိတ် ညံ ရာ တော ဖြစ် စေ ကြ လေ ပြီ။
  • 11 ဆိတ် ညံ ရာ အ ဖြစ် ထား ကြ သော ပြည် သည်၊ မြည် တမ်း လျက် နေ ရှာ၏။ နှ လုံး သွင်း သူ မ ရှိ သည့် အ တွက်၊ ပြည် လုံး ကျွတ် ဆိတ် ညံ ရာ ရောက် ခဲ့ ပြီ။
  • 12 လွင် ပြင် ရှိ ကုန်း ထိပ် ဟူ သ မျှ သို့၊ လု ယက် သော ရန် သူ တို့ တက် ရောက် ကြ ပြီ။ ပြည် တော် တစ် စွန်း မှ တစ် စွန်း တိုင် အောင်၊ ငါ ထာ ဝ ရ ဘု ရား၏ ဓား စာ ဖြစ် သည့် အ လျောက်၊ ဘေး လွတ် သူ တစ် စုံ တစ် ယောက် မျှ မ ရှိ။
  • 13 ဂျုံ မျိုး ကို ကြဲ သော် လည်း၊ ဆူး ပင် ကို သာ ရိတ် သိမ်း ကြ ရ၏။ ညောင်း ညာ အောင် လုပ် ကြ သော် လည်း၊ အ ကျိုး မ ရှိ။ ငါ ထာ ဝ ရ ဘု ရား ၏ အ မျက် တော် ရှိန် ကြောင့်၊ နေ ပြည် အ သီး အ နှံ များ ကို ထောက် ၍၊ စိတ် ပျက် ရ ကြ လ တ္တံ့။
  • 14 ဣ သ ရေ လ လူ မျိုး တော် အား ငါ အ ပိုင် ပေး သော ပြည် ကို ထိ ခိုက် လျက်၊ ဆိုး သွမ်း သော ပြည် နီး ချင်း အ ပေါင်း နှင့် စပ် လျဉ်း၍ ငါ ထာ ဝ ရ ဘု ရား မိန့် ဆို သည် မှာ၊ ထို သူ တို့ ကို နေ ရင်း ပြည် မှလည်း ကောင်း၊ ယု ဒ အ မျိုး သား တို့ ကို ချင်း တို့ ဘောင် မှ လည်း ကောင်း၊ ငါ ဆွဲ နုတ် မည်။
  • 15 ထို သို့ ဆွဲ နုတ် ပြီး လျှင်၊ ငါ သည် စိတ် တော် လည်၍ က ရု ဏာ သက် သည့် အ လျောက်၊ အ သီး အ သီး တို့ ကို ကိုယ့် ပိုင် ရာ ပြည် သို့ ပြန် ခေါ် လိမ့် မည်။
  • 16 ထို သူ တို့ သည်၊ ဗာ လ နတ် ကို တိုင် တည် လျက် သ စ္စာ ဆို ရန်၊ လူ မျိုး တော် အား သင် ကြား ခဲ့ ကြ သည် နည်း တူ၊ ထာ ဝ ရ ဘု ရား အ သက် တော် ဟူ၍ ငါ့ နာ မ တော် ကို တိုင် တည် လျက်၊ လူ မျိုး တော်၏ သ စ္စာ ဆို သော ဓ လေ့ များ ကို သင် လျက် နေ ကြ လျှင်၊ လူ မျိုး တော် ဘောင် တွင် ပင် တည် ခွင့် ရ ကြ လိမ့် မည်။
  • 17 နား မ ထောင် သော လူ မျိုး ကို ကား၊ ငါ သည် အ မြစ် ပါ ဆွဲ နုတ် ဖျက် ဆီး လိမ့် မည် ဟု ငါ ထာ ဝ ရ ဘု ရား မိန့် ဆို ၏။
回到本卷目录 回到本版本目录 回到首页