ယေ​ရ​မိ-11

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ယေ ရ မိ သို့ ရောက် လာ သော ထာ ဝ ရ ဘု ရား ဗျာ ဒိတ် တော် ကား၊ ဤ ပ ဋိ ညာဉ် ချက် များ ကို နား ထောင် ၍၊ ယုဒ ပြည် သူ ယေ ရု ရှ လင် မြို့ သား တို့ အား၊ ပြန် ကြား ဆင့် ဆို ရ မည် မှာ၊
  • 2
  • 3 သံ မိုက် လုံ တည်း ဟူ သော အိ ဂျစ် ပြည် မှ၊ သင် တို့ ဘိုး ဘေး များ ကို ငါ ထုတ် ဆောင် သော နေ့ ရက် ကာ လ၌ နို့ ရည်၊ ပျား ရည် လွှမ်း စီး ရာ ပြည် ကို ငါ ပေး မည့် အ ကြောင်း၊ သင် တို့ ဘိုး ဘေး များ အား၊ ငါ သ စ္စာ ဆို ချက် ကို၊ ယ ခု ဖြစ် သည့် အ တိုင်း အ တည် ပြု အံ့ သော ငှာ ငါ မိန့် မှာ သ မျှ ဗျာ ဒိတ် တော် ကို နား ထောင် လိုက် နာ က၊ သင် တို့ သည် ငါ့ လူ မျိုး၊ ငါ လည်း သင် တို့ ဘု ရား သ ခင် ဖြစ် မည် ဟူ သော ပ ဋိ ညာဉ် ချက် များ ကို၊ နား မ ထောင် သူ ကား၊ အ မင်္ဂ လာ ရှိ စေ ဟု ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အ မိန့် တော် ကို၊ ဆင့် ဆို ရန် ဗျာ ဒိတ် တော် ရှိ ပြီး နောက်၊ အို ထာ ဝ ရ ဘု ရား၊ အာ မင် ဟု ငါ ဝန် ခံ ၏။ထာ ဝ ရ ဘု ရား က လည်း၊ ယု ဒ ပြည် ရှိ မြို့ ရွာ များ တွင် လည်း ကောင်း၊ ယေ ရု ရှ လင် မြို့ ရှိ လမ်း များ တွင် လည်း ကောင်း၊ ကြော် ငြာ ဆင့် ဆို ရ မည့် စ ကား ဟူ မူ ကား၊ ဤ ပ ဋိ ညာဉ် ချက် များ ကို နား ထောင် လိုက် နာ ကြ လော့။
  • 4 -
  • 5 -
  • 6 -
  • 7 သင် တို့ ဘိုး ဘေး များ ကို အိ ဂျစ် ပြည် မှ ထုတ် ဆောင် သည် က စ၍၊ ယ ခု တိုင် အောင်၊ ဗျာ ဒိတ် တော် သံ ကို နာ ခံ ကြ လော့ ဟု၊ ငါ ဝိရိ ယ လုံ့ လ ထုတ် ၍ တိုက် တွန်း နှိုး ဆော် သော် လည်း၊
  • 8 အ သီး အ သီး တို့ သည် နာ ခံ နား ထောင် ခြင်း မ ပြု ဘဲ၊ ခက် မာ ဆိုး သွမ်း သော ကိုယ့် သ ဘော အ လျောက်၊ လိုက် လျှောက် ကြ သော ကြောင့်၊ လိုက် နာ ရန် ငါ မိန့် မှာ လျက် ပင်၊ မ လိုက် နာ ကြ သော ဤ ပ ဋိ ညာဉ် ချက် ဟူ သ မျှ အ တိုင်း၊ ငါ သင့် ရောက် စေ ပြီ ဟု ဆင့် ဆို ရန် ငါ့ အား မိန့် တော် မူ ၏။
  • 9 ထာ ဝ ရ ဘု ရား က လည်း၊ ယု ဒ ပြည် သူ ယေ ရု ရှ လင် မြို့ သား တို့ သည် အ တွင်း မီး ထ ကြ ကြောင်း ငါ တွေ့ ၏။
  • 10 ထို သူ တို့ သည် ဗျာ ဒိတ် တော် ချက် များ ကို နား မ ထောင် လို သော ဘိုး ဘေး တို့၏ ဒု စ ရိုက် များ သို့ ပြန် ဆုတ်၍၊ အ ခြား ဘု ရား များ နောက် လိုက် လျှောက် ဝတ် ပြု ကြ ကုန်၏။ ဣ သ ရေ လ အ မျိုး သား နှင့် ယု ဒ အ မျိုး သား တို့ သည်၊ ဘိုး ဘေး များ နှင့် ငါ ဖွဲ့ ခဲ့ သော ပ ဋိ ညာဉ် တော် ကို ဖောက် ကျော် ကြ လေ စွ။
  • 11 သို့ ဖြစ်၍ ငါ ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊ လွတ် မြောက် ခွင့် မ ရ သော ဘေး ကို ငါ သင့် စေ ရာ၊ ငါ့ ထံ ဟစ် ကြ သော် လည်း၊ နား ညောင်း မည် မ ဟုတ်။
  • 12 ထို ဒု က္ခ တွေ့ သည့် ကာ လ၊ ယေ ရု ရှ လင် မြို့ သူ မြို့ သား တို့ မှ စ၍၊ ယု ဒ ပြည် မြို့ သူ ရွာ သား တို့ သည် မီး ဖြင့် ပူ ဇော် လေ့ ရှိ သော ဘု ရား များ သို့ သွား ရောက် အော် ဟစ် ကြ သော် လည်း၊ ကယ် မ ခြင်း မ ရှိ။
  • 13 အို ယု ဒ ပြည်၊ သင့် မြို့ ရွာ များ ပြား သည် နှင့် အ မျှ သင့် ဘု ရား များ ပြား လေ စွ။ ယေ ရု ရှ လင် မြို့ ရှိ လမ်း မြောက် မြား သည် နှင့် အ မျှ လည်း၊ ရှက် ကြောက် ဖွယ် ဗာ လ နတ် အား၊ မီး ဖြင့် ပူ ဇော် ရာ ပ လ္လင် အ မြောက် အ မြား ကို တည် ကြ လေ စွ။
  • 14 သင် မှာ မူ၊ ဤ လူ မျိုး အ ဖို့ ဆု တောင်း ခြင်း၊ ပ ဌ နာ ပြု ခြင်း၊ တောင်း လျှောက် ခြင်း များ ကို မ ပြု ရ။ ဒု က္ခ တွေ့ သည့် ကာ လ၊ ငါ့ ထံ ဟစ် ကြ သော် လည်း၊ နား ညောင်း မည် မ ဟုတ် ဟု ငါ့ အား မိန့် တော် မူ ၏။
  • 15 မ ကောင်း သော အ ကြံ အ စည် များ ကို ဆောင် သူ၊ ငါ့ ရင် နှစ် ဖြစ် သော လူ မျိုး သည်၊ ဗိ မာန် တော် နှင့် မည် သို့ ဆိုင် သ နည်း။ ထား သော သ စ္စာ ဝတ်၊ ဆက် ကပ် သော အ သား များ ဖြင့်၊ မ ကောင်း မှု ကို ဖြေ ရှင်း ၍ ဘေး လွတ် မည် လော။
  • 16 ရှု ချင် ဖွယ် အ သီး သီး လျက်၊ စိမ်း လန်း လှ ပ သော သံ လွင် ပင် ဟု၊ သင့် ကို ငါ ထာ ဝ ရ ဘု ရား သ မုတ် သော် လည်း၊ ပြင်း ထန် သော မုန် တိုင်း သံ နှင့် တ ကွ၊ လောင် မီး ချ သ ဖြင့်၊ အ ခိုင် အ လက် များ ပျက် စီး လေ စွ။
  • 17 သင့် ကို စိုက် ပျိုး ခဲ့ သော ဗိုလ် ခြေ တို့ အ ရှင်၊ ငါ ထာ ဝ ရ ဘု ရား သည် ဣ သ ရေ လ အ မျိုး သား နှင့် ယု ဒ အ မျိုး သား တို့ ပါ၊ ဗာ လ နတ် အား မီး ဖြင့် ပူ ဇော်၍ အ မျက် တော် တိုက် အ ဆိုး ပြု ကြ သော ကြောင့်၊ သင့် အ ပေါ် တွင် သင့် ရန် ဘေး ကို ပြ ဋ္ဌာန်း ခဲ့ ပြီ။
  • 18 လူ တို့ အ ကျင့် အ ကြံ များ ကို၊ ထာ ဝ ရ ဘု ရား ဖွင့် လှစ် ဖော် ပြ တော် မူ သော အား ဖြင့် သာ၊ ငါ သိ မြင် ရ ၏။
  • 19 ထို သူ တို့ က၊ အ မည် ကို မျှ နောင် သ တိ မ ရ ကြ စေ ခြင်း ငှာ၊ အ ပင် နှင့် အ သီး ပါ ဖျက် ဆီး လျက်၊ ရုပ် သက် ရှင် သော လူ့ ဘောင် မှ ပယ် ရှား ကြ ကုန် အံ့ ဟု ကြံ စည် သော အ ချက် များ ကို မ သိ ဘဲ၊ သတ် ရန် ဆွဲ ငင် သော သိုး ယဉ် ကဲ့ သို့ ငါ နေ နှင့် ၏။
  • 20 နှ လုံး ကျောက် ကပ် များ ကို စစ် ဆေး လျက်၊ တ ရား သ ဖြင့် စီ ရင် တော် မူ သော၊ ဗိုလ် ခြေ တို့ အ ရှင်၊ အို ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ် အ မှု ကို ရှေ့ တော် တွင် တင် ပြ ပြီး ဖြစ် သည့် အ လျောက်၊ ထို သူ တို့ အ ပေါ်၌ လက် စား ချေ တော် မူ ခြင်း ကို သိ မြင် ပါ ရ စေ ဟု လျှောက် သည် နှင့် အ ညီ၊
  • 21 ထာ ဝ ရ ဘု ရား က၊ ငါ တို့ လက် ရောက် မှု ဖြင့်၊ ဆ ရာ သေ ဒဏ် မ ခံ ရ ရန်၊ ထာ ဝ ရ ဘု ရား၏ နာ မ တော် ကို အ မှီ ပြု၍ မ ဟော မ ပြော ရ ဟု မြစ် တား သူ၊ သင့် အ သက် အ န္တ ရာယ် ကို ရှာ ကြံ သော အာ န သုတ် မြို့ သား တို့ ကို ရည်၍၊
  • 22 ဗိုလ် ခြေ တို့ အ ရှင် ငါ ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် မှာ၊ အ စီ အ ရင် ငါ လာ မည့် အ လျောက်၊ ဆိုင် ရာ လူ ပျို တို့ သည် ဓား ဘေး ဖြင့် လည်း ကောင်း၊ သား သ မီး တို့ သည် အ စာ ခေါင်း ပါး ခြင်း ဘေး ဖြင့် လည်း ကောင်း၊ သေ ရ ကြ လတ္တံ့။
  • 23 ဒဏ် စီ ရင် ခြင်း ခံ ရာ နှစ် ကာ လ တည်း ဟူ သော ဘေး ဥ ပဒ် ကို၊ အာ န သုတ် မြို့ သား တို့ အ ပေါ် တွင် ငါ သင့် စေ အံ့ သော ကြောင့်၊ အ ကြွင်း အ ကျန် မျှ ပင် ရှိ တော့ မည် မ ဟုတ် ဟူ ၍ တည်း။
回到本卷目录 回到本版本目录 回到首页