1
ယု ဒ အ မျို သား တို့ သည်၊ မြင့် လှ သော တောင် ပေါ်၊ စိမ်း လန်း သော သစ် ပင် အ နီး ရှိ၊ ပူ ဇော် ရာ ပ လ္လင် နှင့် တံ ခွန် တိုင် များ ကို အောက် မေ့ ကြ သည့် အ လျောက်၊ ထို လူ မျိုး ၏ မ ကောင်း မှု သည်၊ ကိုယ့် နှ လုံး ပု ရ ပိုက် ပေါ် တွင် လည်း ကောင်း၊ ကိုယ့် ပူ ဇော် ရာ ပ လ္လင် စိန် တောင် များ တွင် လည်း ကောင်း၊ စိန် သွား တပ် သံ က ညစ် ဖြင့်၊ အ က္ခ ရာ ရေး တင် လျက် ရှိ သည် တ ကား။
2
3
လွင် ပြင် ရှိ အို ငါ့ တောင် တော်၊ သင့် ပြစ် မှု အ တွက်၊ ကာ လ အ စဉ် တောက် လောင် တော် မူ သော ဒေါ သ မီး ကို မွေး ကြ သော ကြောင့်၊ တစ် ပြည် လုံး ရှိ စည်း စိမ် ဘ ဏ္ဍာ ကိုလည်း ကောင်း၊ မြင့် ရာ ဌာ န များ ကိုလည်း ကောင်း၊ လု ယက် ဥစ္စာ အ ဖြစ် ငါ လွှဲ အပ် သည့် ပြင်၊ ငါ အ ပိုင် ပေး ခဲ့ သော ပြည် ကို၊ သင် လက် လွှတ် ရ မည့် အ လျောက်၊ မ ရောက် ဘူး သော ပြည် တွင် ရန် သူ တို့ အ မှု ကို ထမ်း စေ မည်။
4
5
ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် မှာ၊ လူ သ တ္တ ဝါ ကို၊ လက် ရုံး အ ဖြစ် အား ထား လျက်၊ ထာ ဝ ရ ဘု ရား မှ စိတ် ဖောက် ပြန် သူ သည်၊ အ မင်္ဂ လာ ရှိ ၏။
6
ထို သူ သည် လွင် ပြင် ရှိ သစ် ငုတ် သ ဖွယ် ဖြစ် လျက်၊ သု ခ ရောက် သော် လည်း မ ခံ စား ဘဲ လျက်၊ တော အ ရပ် ရှိ၊ နေ ထိုင် သူ ကင်း သော သွေ့ ခြောက် ရာ ဆား မြေ ၌ နေ ရာ ချ ရ မည်။
7
အ ခြား ကို မ ဟုတ်။ ထာ ဝ ရ ဘု ရား ကို သာ၊ အား ထား ကိုး စား သူ ကား၊ မင်္ဂ လာ ရှိ ၏။
8
ထို သူ သည် မြောင်း အ နီး စိုက်၍၊ ရေ သို့ အ မြစ် ကျ သ ဖြင့်၊ နွေ ဥ တု ကို မ ကြောက်၊ အ ရွက် စိမ်း လန်း လျက်၊ မိုး ခေါင် သော နှစ် တွင် မ စိုး ရိမ် ဘဲ၊ ဆယ့် နှစ် ရာ သီ သီး သော အ ပင် နှင့် တူ လိမ့် မည်။
9
လူ တို့၏ စိတ် နှ လုံး သည်၊ အ ရာ ခပ် သိမ်း ထက် လိမ် လည် လျက်၊ ကု ၍ မ ရ သော အ နာ စွဲ ၏။ မည် သူ သိ နိုင် သ နည်း။
10
ငါ ထာ ဝ ရ ဘု ရား သည် နှ လုံး ကျောက် ကပ် ကို စစ် ဆေး စီ စစ် ၍၊ လူ အ သီး သီး တို့ အား၊ ကိုယ့် အ လေ့ အ လာ အ ပြု အ မူ အ လျောက်၊ အ ကျိုး ဆက် ကို ပေး တတ် ၏။
11
မ တ ရား သ ဖြင့် ဥ စ္စာ ဆည်း ပူး သော သူ သည်၊ ကိုယ် မ ဥ သော ဥ ပေါ် တွင် ဝပ် လေ့ ရှိ သော ခါ ငှက် ကဲ့ သို့၊ အ သက် တာ အ လယ် တွင် စွန့် ပစ် ရ သည့် ပြင်၊ အ ဆုံး၌ လည်း၊ မိုက် မဲ လိမ့် မည် ဟု မိန့် တော် မူ ၏။
12
ငါ တို့ ၏ သန့် ရှင်း ရာ ဌာ န သည်၊ ရှေး မ ဆွ က မြင့် မြတ်၍၊ ဘုန်း ကြီး သော ရာ ဇ ပ လ္လင် ဖြစ် ၏။
13
ဣ သ ရေ လ လူ မျိုး ၏ စောင့် မြော် ရာ စောင့် မြော် ကြောင်း ဖြစ် သော အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် ကို စွန့် ပစ် သူ အ ပေါင်း တို့ သည်၊ အ ရှက် ကွဲ ကြ လိမ့် မည်။ ကိုယ် တော် မှ ဖောက် ပြန် သူ တို့ လည်း၊ စမ်း ရေ တွင်း တည်း ဟူ သော ထာ ဝ ရ ဘု ရား ကို စွန့် ပစ် ကြ သော ကြောင့် မြေ မုန့်၌ သာ အ က္ခ ရာ တင် ခံ ရ ကြ လိမ့် မည်။
14
အ ကျွန်ုပ် ချီး မွမ်း ထိုက် ချီး မွမ်း ရာ အို ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ် ကို ကျန်း မာ စေ တော် မူ ပါ။ သို့ မှ ကျန်း မာ ပါ လိမ့် မည်။ ကယ် တင် တော် မူ ပါ။ သို့ မှ ကယ် တင် ရာ ရောက် ပါ လိမ့် မည်။
15
ထို သူ တို့ က၊ ထာ ဝ ရ ဘု ရား ၏ ဗျာ ဒိတ် တော် ကား၊ အ ဘယ် မှာ နည်း။ ရောက် ပါ စေ တော့ ဟု ဆို တတ် ကြ ၏။
16
အ ကျွန်ုပ် မှာ မူ၊ နောက် တော် ပါ အ ထိန်း အ ကျောင်း အ ဖြစ် ကို လျင် စွာ လက် လွှတ် ခြင်း၊ ဒု က္ခ နေ့ ရက် ကို တောင့် တ ခြင်း မ ပြု ကြောင်း၊ ကိုယ် တော် သိ တော် မူ သည့် အ တိုင်း၊ နှုတ် ထွက် စ ကား လည်း ရှေ့ တော် မှ မု က္ခ ပတ် တော် တည်း။
17
ဘေး သင့် ရာ နေ့ ရက်၌၊ အ ကျွန်ုပ် ၏ ခို လှုံ ရာ အ ရှင်၊ စိတ် ပျက် ရာ အ ကြောင်း ဖြစ် တော် မ မူ ပါ လင့်။
18
အ ကျွန်ုပ် သည် အ ရှက် မ ကွဲ၊ စိတ် မ ပျက် ရ ဘဲ၊ ညှဉ်း ပန်း သူ့ ကို သာ အ ရှက် ကွဲ၍ စိတ် ပျက် ကြ ပါ စေ သော၊ ချင်း တို့ အ ပေါ် တွင် ဘေး နေ့ ရက် ကို သင့် စေ၍၊ နှစ် ဆ ဒဏ် ပယ် ရှား ဖျက် ဆီး တော် မူ ပါ။
19
ငါ့ အား ထာ ဝ ရ ဘု ရား က၊ ယု ဒ ဘု ရင် အ ဆက် အ ဆက် တို့ ဝင် ထွက် လေ့ ရှိ သော၊ အ မျိုး သား တို့၏ တံ ခါး ဝ မှ စ၍၊ ယေ ရု ရှ လင် မြို့ တံ ခါး ဝ တိုင်း သို့ သွား ရောက် ရပ် နေ လျက်၊
20
ဤ တံ ခါး များ ဖြင့် ဝင် ထွက် သော ယု ဒ ဘု ရင် များ နှင့် တ ကွ၊ ယု ဒ ပြည် သူ ယေ ရု ရှ လင် မြို့ သား အ ပေါင်း တို့၊ ထာ ဝ ရ ဘု ရား ၏ ဗျာ ဒိတ် တော် ကို နာ ခံ ကြ လေ ဟူ၍ ကြော် ငြာ လော့။
21
ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် မှာ၊ နာ ခံ နား ထောင် ခြင်း မ ပြု ဘဲ၊ နား မ ထောင်၊ အ ဆုံး အ မ ကို မ နာ မ ယူ သည့် တိုင် အောင်၊ စိတ် ခဲ ယဉ်း သော သင် တို့၏ ဘိုး ဘေး များ အား၊ ဥ ပုသ် နေ့ ကို သီး သန့် စောင့် ရှောက် ကြ လော့ ဟု၊ ငါ မိန့် မှာ ခဲ့ သည့် အ တိုင်း ပင်၊ ကိုယ် ကို သ တိ မူ လျက် ဥ ပုသ် နေ့ ၌ ဝန် ထမ်း ခြင်း၊ ယေ ရု ရှ လင် မြို့ တံ ခါး များ ဖြင့် ဆောင် သွင်း ခြင်း၊ ကိုယ့် အိမ် များ မှ ထုတ် ယူ ခြင်း များ ကို မ ပြု ဘဲ၊ မည် သည့် အ မှု အ ရေး ကို မျှ မ လုပ် မ ဆောင် ကြ နှင့်။
22
23
24
ငါ ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊ ဥ ပုသ် နေ့၌ ဤ မြို့ တံ ခါး များ ဖြင့် ဝန် သွင်း ခြင်း၊ အ မှု အ ရေး ကို လုပ် ဆောင် ခြင်း မ ပြု ဘဲ၊ ဥ ပုသ် နေ့ ကို သီး သန့် စောင့် ရှောက် ရ မည့် အ မိန့် တော် ကို၊ သင် တို့ နာ ခံ နား ထောင် ကြ လျှင်၊
25
ဒါ ဝိဒ် မင်း၏ နန်း ဆက် ဘု ရင် တို့ သည်၊ မှူး မတ် တို့ နှင့် ယု ဒ ပြည် သူ ယေ ရု ရှ လင် ဤ မြို့ သား တို့ ပါ၊ ရ ထား စီး လျက်၊ မြင်း စီး လျက်၊ ဤ မြို့ တံ ခါး များ ဖြင့် ဝင် ထွက် လေ့ ရှိ သည့် ပြင်၊ မြို့ လည်း အ စဉ် တည် တံ့ မည့် အ လျောက်၊
26
ယု ဒ ပြည် မြို့ ရွာ၊ ယေ ရု ရှ လင် မြို့ ပတ် လည် ဇ န ပုဒ်၊ ဗင်္ယာ မိန် နယ်၊ ချိုင့် ဝှမ်း ရာ အ ရပ်၊ ခင် တန်း အ ရပ် နှင့် နေ ဂပ် ခ ရိုင် များ မှ၊ မီး ရှို့ ရာ သ က္ကာ၊ မိတ် သ ဟာ ယ သ က္ကာ၊ ဘော ဇဉ် သ က္ကာ များ ကို၊ လော ဗန် စေး၊ ချီး မွမ်း သ က္ကာ များ ပါ၊ ငါ ထာ ဝ ရ ဘု ရား ၏ ဗိ မာန် တော် ကို လာ ရောက် ဆက် သွင်း ကြ လိမ့် မည်။
27
ဥ ပုသ် နေ့ ၌ ယေ ရု ရှ လင် မြို့ တံ ခါး များ ဖြင့် ဝန် ကို မ ထမ်း မ သွင်း ဘဲ၊ ဥ ပုသ် နေ့ ကို သီး သန့် စောင့် ရှောက် ရ မည့် အ မိန့် တော် ကို၊ နား မ ထောင် ကြ လျှင် မူ ကား၊ ယေ ရု ရှ လင် မြို့ ရှိ ဘုံ ဗိ မာန် များ ကို ကျွမ်း လောင် ရန်၊ မ ငြိမ်း ရ သော မီး ကို တံ ခါး ဝ များ တွင် ပင် ငါ မွေး မည် ဟူ သော ဗျာ ဒိတ် တော် ကို ကြော် ငြာ လော့ ဟု မိန့် တော် မူ ၏။