ယောဘဝတ္တု။-12

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ထို အ ခါ၊ ယော ဘ တုံ့ ပြန် မြွက် ဆို သည် ကား၊ သင် တို့ သည် လူ မျိုး ထူး ဖြစ် လျက်၊
  • 2 သင် တို့ နှင့် တ ကွ၊ ဉာဏ် ပ ညာ ပါ၊ တိမ် ကော လိမ့် တ ကား။
  • 3 ငါ လည်း သင် တို့ ကဲ့ သို့ ဉာဏ် ရှိ၍၊ သင် တို့ ထက် ငါ ယုတ် ညံ့ သည် မ ဟုတ်။ ထို သို့ သော အ ကြောင်း အ ရာ များ ကို မ သိ ဘဲ မည် သူ ရှိ သ နည်း။
  • 4 ဘု ရား သ ခင် အား ခေါ်၍၊ ထူး တော် မူ ခြင်း ကို ခံ ရ သော ငါ သည်၊ အ ဆွေ ခင် ပွန်း တို့ ပြက် ရယ် ပြု ရာ ဖြစ် ခဲ့ လေ ပြီ။ စုံ လင် ဖြောင့် မတ် သူ သည်၊ ပြက် ရယ် ဖွယ် ဖြစ် လေ စွ တ ကား။
  • 5 ချမ်း သာ ရ သူ တို့ သည်၊ ပျက် စီး ခံ ရ သူ ကို၊ မ ထီ မဲ့ မြင် ပြု လျက်၊ ခြေ ချော် သူ တို့ ကို လည်း ထို သို့ ပြု လွယ် ကြ၏။
  • 6 ဓား ပြ တို့ တဲ များ သည် လုံ ခြုံ၏။ ကိုယ့် ဘု ရား ကို ဆောင် ကိုင် လျက်၊ ဘု ရား သ ခင် စိတ် တော် ကို ဆွ သူ တို့ လည်း၊ စိတ် ချ စွာ နေ ရ ကြ၏။
  • 7 သင် မေး မြန်း လျှင်၊ သား ယဉ် သား ရဲ နှင့် လေ သ တ္တ ဝါ တို့ ပင်၊ သွန် သင် ကြား ပြော ကြ လိမ့် မည်။
  • 8 လျှောက် ထား လျှင်၊ မြေ ကြီး မှ စ၍ ရေ သ တ္တ ဝါ များ လည်း၊ သွန် သင် ဖော် ပြ ကြ လ တ္တံ့။
  • 9 လူ အ ပေါင်း တို့၏ ဝိ ညာဉ် များ မှ စ၍၊ သ ဇီ ဝ သ တ္တ ဝါ ခပ် သိမ်း တို့ အ သက် ဝိ ညာဉ် ကို၊ ကိုင် ထား တော် မူ သော ထာ ဝ ရ ဘု ရား သည်၊ ထို သို့ စီ ရင် တော် မူ ကြောင်း ကို၊ မ သိ ဘဲ မည် သည့် သ တ္တ ဝါ ရှိ သ နည်း။
  • 10
  • 11 ခံ တွင်း ဖြင့် အ စာ အ ဟာ ရ ကို မြည်း စမ်း သည့် နည်း တူ၊ နား ဖြင့် လည်း အ ပြော အ ဆို ကို စစ် ဆေး တတ် သည် မ ဟုတ် လော။
  • 12 ထို သို့ အို မင်း သူ တို့ သည်၊ ဉာဏ် ပ ညာ ရှိ လျက်၊ အ သက် ရှည်၍ လည်း ဉာဏ် ပ ဋိ ဘာန် ရ၏။
  • 13 ကိုယ် တော်၌ ကား၊ ဉာဏ် ပ ညာ၊ တန် ခိုး တော် ရှိ၍၊ အ ကြံ အ စည်၊ ဉာဏ် ပ ဋိ ဘာန် ကို လည်း ပိုင် တော် မူ၏။
  • 14 တည် ထောင် ခွင့် မ ရ နိုင် အောင် ဖြို ဖျက် တော် မူ၏။ လွတ် ခွင့် မ ရ နိုင် အောင် လည်း၊ လူ ကို ချုပ် နှောင် တော် မူ၏။
  • 15 ရေ ကို ဆီး တား တော် မူ သော်၊ မိုး ခေါင်၏။ လွှတ် တော် မူ သော်၊ မြေ ကြီး ကို လွှမ်း မိုး လျက် ဖျက် ဆီး တတ်၏။
  • 16 ကိုယ် တော်၌ တန် ခိုး တော်၊ အ မျှော် အ မြင် ပ ညာ တော် ရှိ၍၊ မှောက် မှား သူ နှင့် မှောက် မှား စေ သူ တို့ ကို ပိုင် တော် မူ၏။
  • 17 မင်း တိုင် ပင် တို့ ကို လု ယက် သိမ်း သွား၍၊ တ ရား မင်း တို့ ကို လည်း ရူး သွပ် စေ တော် မူ၏။
  • 18 ရှင် ဘု ရင် များ ချုပ် နှောင် သူ တို့ ကို လွှတ် ပြီး လျှင်၊ ၎င်း ဘု ရင် တို့ ကို ခါး ကြိုး ချည် တော် မူ၏။
  • 19 ပ ရော ဟိတ် တို့ ကို လည်း လု ယက် သိမ်း သွား၍၊ သက် တော် ရှည် တို့ ကို မှောက် လှန် တော် မူ၏။
  • 20 သ စ္စာ စောင့် အ မတ် တို့ နှုတ် သ တ္တိ ကို ပယ်၍ လူ ကြီး တို့၏ အ သိ ဉာဏ် ကို နုတ် ပစ် တော် မူ၏။
  • 21 မှူး မတ် များ ကို အ ရှက် ကြီး ခွဲ၍၊ အ ကြီး အ မှူး တို့ ခါး စည်း များ ကို လျော့ ဟာ စေ တော် မူ၏။
  • 22 မှောင် မိုက် ထဲ၌ နက် နဲ ရာ များ ကို ထုတ် ဖော်၍၊ သေ ခြင်း အ ရိပ် ကို လည်း ထင် လင်း စေ တော် မူ၏။
  • 23 လူ မျိုး တို့ အား၊ တိုး ပွား ခြင်း၊ ဖျက် ဆီး ခြင်း ကိုလည်း ကောင်း၊ နှံ့ ပြား ခြင်း၊ ဆောင် သွား ခြင်း ကိုလည်း ကောင်း၊ ပြု တော် မူ၏။
  • 24 ပြည် သူ ပြည် သား များ အ ပေါ် တွင် အုပ် ချုပ် သူ တို့၏ ဉာဏ် ကို နုတ် ယူ၍၊ လမ်း မ ရှိ သော တော အ ရပ်၌ လှည့် လည် စေ တော် မူ၏။
  • 25 အ လင်း မဲ့ မှောင် မိုက်၌ စမ်း ယမ်း လျက်၊ ယစ် မူး သော သူ ကဲ့ သို့ ယိမ်း ယိုင် လျက် သွား စေ တော် မူ၏။
回到本卷目录 回到本版本目录 回到首页