1
ရေ မ လိ သား ပေ ကာ မင်း နန်း စံ ဆယ့် ခု နစ် နှစ် တွင် ယု ဒ ဘု ရင် ယော သံ မင်း သား တော် အာ ခတ် မင်း သည် အိမ် နိမ့် နှစ် ဆယ် ရှိ သော်၊ နန်း တက်၍
2
ယေ ရု ရှ လင် မြို့၌ ဆယ့် ခြောက် နှစ် စိုး စံ ရ၏။ ဘေး တော် ဒါ ဝိဒ် မင်း ကဲ့ သို့၊ ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင် ဖြောင့် မှန် စွာ မ ပြု ကျင့် ဘဲ
3
ဣ သ ရေ လ ဘု ရင် တို့ နည်း လမ်း အ တိုင်း လိုက် လျှောက် လျက် ဣ သ ရေ လ အ မျိုး သား တို့ ရှေ့ ထာ ဝ ရ ဘု ရား နှင် ထုတ် တော် မူခဲ့ သော လူ မျိုး ခြား တို့ ရွှံ ရာ ဖွယ် ဓ လေ့ အ လိုက် သား တော် ကို မီး ဖြင့် ဆက် ကပ် သည့် ပြင်၊
4
မြင့် ရာ ဌာ န များ ၌ လည်း ကောင်း၊ ကုန်း များ ပေါ် ၌ လည်း ကောင်း၊ အ ရပ် ရပ် ရှိ စိမ်း လန်း သော သစ် ပင် များ အောက် ၌ လည်း ကောင်း၊ ပူ ဇော်၍ မီး ဖြင့် ဆက် ကပ် လေ့ ရှိ၏။
5
ထို မင်း လက် ထက် ရှု ရိ ဘု ရင် ရေ ဇိန် မင်း နှင့် ရေ မ လိ သား၊ ဣ သ ရေ လ ဘု ရင် ပေ ကာ မင်း တို့ သည်၊ ယေ ရု ရှ လင် မြို့ သို့ ချီ တက် ဝိုင်း ဝန်း ကြ ရာ အာ ခတ် မင်း ကို မ အောင် နိုင် သော် လည်း၊ ဧ လတ် မြို့ ကို ရှု ရိ ဘု ရင် သိမ်း ယူ လျက်
6
ကိုယ့် နိုင် ငံ အ ဝင် ဖြစ် ပြန် စေ ပြီး လျှင် ယု ဒ လူ မျိုး တို့ ကို မောင်း နှင် ၍ ယ နေ့ တိုင် အောင် ရှု ရိ လူ မျိုး တို့ ဝင် ရောက် နေ ထိုင် ကြ ကုန် ၏။
7
ထို ကြောင့် အာ ခတ် မင်း သည် အာ ရှု ရိ ဘု ရင် တိ ဂ လတ် ပိ လေ သာ မင်း ထံ ရာ ဇ သံ တို့ ကို စေ လွှတ် သည် မှာ အ ကြည် တော် ၏ သား၊ အ ကြည် တော် ၏ လက် အောက် ခံ ကျွန်ုပ် ဖြစ် ပါ၏။ ရန် မူ သူ ရှု ရိ ဘု ရင် နှင့် ဣ သ ရေ လ ဘု ရင် တို့ လက် မှ ကျွန်ုပ် ကို ကယ် ဆယ် ရန် ချီ တော် မူ ခဲ့ ပါ ဟူ သော အ မှာ တော် နှင့်
8
ဗိ မာန် တော်၊ နန်း တော်၊ ဘ ဏ္ဍာ တိုက် ရှိ ရွှေ ငွေ များ ကို အာ ရှု ရိ ဘု ရင့် ထံ ပ ဏ္ဏာ တော် ဆက် သွင်း သည့် အ တိုင်း၊ အာ ရှု ရိ ဘု ရင် လိုက် နာ၍
9
ဒ မာ သက် မြို့ သို့ ချီ တက် သိမ်း ယူ ပြီး လျှင် ရေ ဇိန် မင်း ကို ကွပ် မျက် လျက်၊ မြို့ သူ မြို့ သား တို့ ကို လည်း ကိ ရ မြို့ သို့ သုံ့ ဘမ်း ဆောင် သွား လေ ၏။
10
အာ ခတ် မင်း သည် အာ ရှု ရိ ဘု ရင် သည် တိ ဂ လတ် ပိ လေ သာ မင်း ကို တွေ့ ဆုံ ရာ ဒ မာ သက် မြို့ သို့ ရောက် သော အ ခါ ထို မြို့ ရှိ ပူဇော် ရာ ပ လ္လင် ကို မြင် လျှင် တည် လုပ် နည်း နှင့် ပုံ စံ ပါ ပ ရော ဟိတ် ဥ ရိ ယ ထံ ပို့ လိုက် သော်၊
11
ဒ မာ သက် မြို့ မှ အာ ခတ် မင်း ပို့ လိုက် သည့် နည်း အ တိုင်း အာ ခတ် မင်း မ ပြန် မီ ပ ရော ဟိတ် ဥ ရိ ယ တည် လုပ် နှင့် သ တည်း။
12
ဒ မာ သက် မြို့ မှ အာ ခတ် မင်း ပြန် ရောက်၍ ထို ပ လ္လင် ကို မြင် လျှင် ချဉ်း ကပ် တက် သွား လျက်
13
ထို ပ လ္လင် ပေါ် တွင် မီး ရှို့ ရာ သ က္ကာ နှင့် ဘော ဇဉ် သ က္ကာ ပူ ဇော် ခြင်း၊ သွန်း လောင်း ရာ သ က္ကာ ဆက် ကပ် ခြင်း၊ မိတ် သ ဟာ ယ သက္ကာ ၏ အ သွေး သွန်း ပက် ခြင်း များ ကို ပြု ပြီး မှ
14
ကိုယ့် ပ လ္လင် နှင့် ဗိ မာန် တော် ဦး စပ် ကြား၊ ထာ ဝ ရ ဘု ရား ရှေ့၊ ရှိ ရင်း ကြေး ပ လ္လင် တော် ကို ကိုယ့် ပ လ္လင် မြောက် ဘက်၌ ရွှေ့ ထား လေ ၏။
15
ပ ရော ဟိတ် ဥ ရိ ယ အား မှာ ထား သည် ကား၊ နံ နက် မီး ရှို့ ရာ သ က္ကာ၊ ညဉ့် ဦး ဘော ဇဉ် သ က္ကာ ကို လည်း ကောင်း၊ အ ကျွန်ုပ်၏ မီး ရှို့ ရာ သ က္ကာ နှင့် ဘော ဇဉ် သ က္ကာ ကိုလည်း ကောင်း၊ ပြည် သူ တို့၏ မီး ရှို့ ရာ သ က္ကာ၊ ဘော ဇဉ် သ က္ကာ နှင့် သွန်း လောင်း ရာ သ က္ကာ များ ကို လည်း ကောင်း၊ ပ လ္လင် တော် ကြီး ပေါ် တွင် ပူ ဇော်၍ မီး ရှို့ ရာ သ က္ကာ မှ စ သော သ က္ကာ အ မျိုး မျိုး၏ အ သွေး ကို လည်း သွန်း ပက် လော့။ ကြေး ပ လ္လင် တော် မှာ အ ကျွန်ုပ် မေး လျှောက် ရာ ဖြစ် ရ မည် ဟူ၍ အာ ခတ် မင်း မှာ ထား သ မျှ အ တိုင်း
16
ပ ရော ဟိတ် ဥ ရိ ယ ပြု လေ ၏။
17
အာ ခတ် မင်း သည် အောက် ခံ များ ရှိ ခါး ထောက် ကို ချွတ် ပြီး လျှင် အင် တုံ တော် ကို ရွှေ့ လျက် ကြေး နွား ရုပ် ပေါ် မှ ရေ ကန် တော် ကို လည်း ချ ၍ ကျောက် ချင်း ထက် ထား ၏။
18
နန်း တော် ရှိ ဥ ပုသ် တော် ဆောင် နှင့် ဘု ရင် မင်း ထွက် ဝင် ရာ အ ပြင် စ မုတ် ကို အာ ရှု ရိ ဘု ရင် အား ငဲ့ ၍ ဗိမာန် တော် သို့ ရွှေ့ ပြောင်း ၏။
19
အာ ခတ် မင်း ပြု မူ စီ ရင် သော အ ကြွင်း အ ကျန် သည် ယု ဒ ရာ ဇ ဝင် ၌ ရေး ထား လျက် ရှိ ၏။
20
အာ ခတ် မင်း သည် ဘေး တော် ဘိုး တော် တို့ နှင့် အ တူ ကျိန်း စက် လျက် ဒါ ဝိဒ် မြို့ တော် ရှိ သင်္ချိုင်း တော် တွင် စျာ ပ န ပြု ခြင်း ကို ခံ ရ လျှင် သား တော် ဟေ ဇ ကိ သည် အ ရိုက် အ ရာ၌ နန်း စံ လေ ၏။