1
ဧ လာ့ သား၊ ဣ သ ရေ လ ဘု ရင် ဟော ရှေ မင်း နန်း စံ သုံး နှစ် တွင် ယု ဒ ဘု ရင် အာ ခတ် မင်း သား တော် ဟေ ဇ ကိ မင်း သည်
2
အိမ် နိမ့် နှစ် ဆယ့် ငါး နှစ် ရှိ သော်၊ နန်း တက်၍ ယေ ရု ရှ လင် မြို့၌ နှစ် ဆယ့် ကိုး နှစ် စိုး စံ လေ၏။ မယ် တော့် အ မည် ကား၊ ဇာ ခ ရိ သ မီး အ ဘိ တည်း။
3
ထို မင်း သည် ဘေး တော် ဒါ ဝိဒ် မင်း ပြု သ မျှ အ တိုင်း ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင် ဖြောင့် မှန် စွာ ပြု ကျင့် သည် နှင့် အ ညီ
4
မြင့် ရာ ဌာ န များ ကို ပယ် ရှား ပြီး လျှင် ကျောက် တိုင်၊ တံ ခွန် တိုင် များ ကို ခုတ် လှဲ ချိုး ဖဲ့၍ ထို နေ့ ရက် ကာ လ တိုင် အောင် န ဂါး မင်း ဟု သ မုတ် လျက် ဣ သ ရေ လ အ မျိုး သား တို့ မီး ဖြင့် ပူ ဇော် လေ့ ရှိ သော မော ရှေ လုပ် ခဲ့ သည့် ကြေး မြွေ ရုပ် ကို လည်း ချေ မွှ လေ ၏။
5
ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ၌ ကိုး စား သူ ထို မင်း နှင့် တူ ညီ သော ယု ဒ ဘု ရင် တစ် ပါး မှ ရှေး ကာ လ မှ စ၍ နောင် ကာ လ တိုင် အောင် မ ပေါ် ချေ။
6
ထာ ဝ ရ ဘု ရား ကို ဆည်း ကပ် လျက် အ စဉ် တ စိုက် နောက် တော် သို့ လိုက်၍ မော ရှေ အား ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ ခဲ့ သော ပညတ် တော် များ ကို စောင့် ရှောက် သည် နှင့် အ ညီ
7
ထို မင်း နှင့် အ တူ ထာ ဝ ရ ဘု ရား ရှိ တော် မူ သော ကြောင့် ချီ လေ ရာ ရာ အောင် မြင်၍ အာ ရှု ရိ ဘု ရင့် လက် အောက် မ ခံ၊ ခြား နား လေ၏။
8
ဖိ လိ တ္တိ လူ မျိုး တို့ ကို လည်း ဂါ ဇ မြို့ နှင့် ဆင် ခြေ ဖုံး တိုင် အောင် ကင်း စင် များ၊ ခံ မြို့ များ ပါ လုပ် ကြံ လေ၏။
9
ဟေ ဇ ကိ မင်း နန်း စံ လေး နှစ်၊ ဧ လာ့ သား၊ ဣ သ ရေ လ ဘု ရင် ဟော ရှေ မင်း နန်း စံ ခု နစ် နှစ် တွင် အာ ရှု ရိ ဘုရင် ရှာ လ မ နေ ဇာ မင်း သည် ရှ မာ ရို မြို့ သို့ ချီ တက် ဝိုင်း ထား လေ ၏။
10
သုံး နှစ် တိုင် လျှင် ဟေ ဇ ကိ မင်း နန်း စံ ခြောက် နှစ်၊ ဣ သ ရေ လ ဘု ရင် ဟော ရှေ မင်း နန်း စံ ကိုး နှစ် တွင် ရှ မာ ရိ မြို့ ကို ရ ကြ ရာ၊
11
အာ ရှု ရိ ဘု ရင် သည် ဣ သ ရေ လ လူ မျိုး တို့ ကို အာ ရှု ရိ ပြည် သို့ သိမ်း သွား လျက် ဟာ လ နယ်၌ လည်း ကောင်း၊ ဂေါ ဇန် နယ် ရှိ ဟာ ဗော် မြစ် အ နီး ၌ လည်း ကောင်း၊ မေ ဒိ ပြည် နယ် မြို့ ရွာ များ ၌ လည်း ကောင်း နေ စေ ၏။
12
ထို အ ခြင်း အ ရာ ကား ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် သံ ကို သူ တို့ နား မ ထောင် ဘဲ ကျွန် တော် ရင်း မော ရှေ ဆင့် ဆို ခဲ့ သော ပ ဋိ ညာဉ် တော် ကို မ လိုက် မ နာ၊ ဖောက် ကျော် သော ကြောင့် တည်း။
13
ဟေ ဇ ကိ မင်း နန်း စံ ဆယ့် လေး နှစ် တွင် အာ ရှု ရိ ဘု ရင် သ နာ ခ ရိမ် မင်း သည် ယု ဒ ပြည် ရှိ ခံ တပ် မြို့ များ ကို ချီ တက် လုပ် ကြံ ရာ
14
ယု ဒ ဘု ရင် ဟေ ဇ ကိ မင်း က၊ ကျွန်ုပ် ပြစ် မှား မိ ပါ ပြီ။ တင် သ မျှ ဝန် ကို ထမ်း ဆောင် ပါ မည်။ ပြန် ဆုတ် တော် မူ ပါ ဟု လာ ခိ ရှ မြို့ ရှိ အာ ရှု ရိ ဘု ရင့် ထံ တင် လျှောက် စေ သော်၊ အာ ရှု ရိ ဘု ရင် သည် ယု ဒ ဘု ရင် ဟေ ဇ ကိ မင်း အ ပေါ် တွင် ငွေ ချိန် ခွက် ကိုး ထောင်၊ ရွှေ ချိန် ခွက် ကိုး ရာ ဝန် ကို တင် လိုက် သည် နှင့် အ ညီ
15
ဗိ မာန် တော်၊ နန်း တော် ဘ ဏ္ဍာ တိုက်၌ ရှိ သ မျှ ငွေ ကို ဟေ ဇ ကိ မင်း ပို့ သွင်း သည့် ပြင်
16
ဗိ မာန် တော် တံ ခါး ချယ် လယ် သော ရွှေ နှင့် ကိုယ် တိုင် မွမ်း မံ သော တိုင် တော့် ရွှေ များ ကို ခွါ၍၊ အာ ရှု ရိ ဘု ရင့် ထံ ပို့ သွင်း ရ ၏။
17
သို့ ရာ တွင် အာ ရှု ရိ ဘု ရင် သည် ယေ ရု ရှ လင် မြို့၊ ဟေ ဇ ကိ မင်း ထံ သို့ လာ ခိ ရှ မြို့ မှ တာ တန်၊ ရာ ဗ သာ ရိတ်၊ ရာ ဗ ရှာ ခ ဘွဲ့ ခံ ဗိုလ် မင်း တို့ ကို များ စွာ အ လုံး အ ရင်း နှင့် တ ကွ ချီ တက် စေ သည့် အ တိုင်း၊ ဆိုက် ရောက် ရာ ခ ဝါ သည် မြေ ကွက် ရှိ လမ်း မ အ နီး၊ အ ထက် ရေ ကန် ပြွန် ဝ နား တွင် စွဲ ရပ် ကြ ပြီး လျှင်
18
ဘု ရင် မင်း ကို ဟစ် အော် ခေါ် ပင့် ကြ သော အ ခါ ဟိ လ ခိ သား လက် သုံး တော် ချုပ် ဧ လျာ ကိမ်၊ သံ တော် ဆင့် ရှေ ဗ န အာ သပ် သား အ တွင်း ဝန် ယော အာ တို့ ဆီး ကြို ကြ သော်၊
19
ရာ ဗ ရှာ ခ က၊ ဟေ ဇ ကိ မင်း ထံ သင် တို့ သင် တို့ ပြန် ကြား ရ မည့် ဧ က ရာဇ် မင်း ဖြစ် တော် မူ သော အာ ရှု ရိ ဘု ရင်၏ အ မှာ တော် ကား သင် ကိုး စား ရာ ကိုး စား ကြောင်း မှာ မည် သို့ နည်း။
20
နှုတ် ထွက် စ ကား မျှ သာ ဖြစ် လျက် စစ် တိုက် နိုင် ရန် အ ကြံ စွမ်း ရည် သ တ္တိ ရှိ သည် ဟု အောက် မေ့ သည် တ ကား။ ငါ့ ကို ခြား နား သည် မှာ မည် သူ ၌ ကိုး စား သ နည်း။
21
ကျိုး ပျက် လွယ် သော ကျူ တုတ် သ ဖွယ် အိ ဂျစ် ပြည် ကို ကိုး စား ပါ သည် တ ကား။ ထို ကျူ တုတ် သည် တံ ကဲ ပြု သူ တို့၏ လက် ကို စူး ရှ တတ် သည့် နည်း တူ ကိုး စား သူ တို့ အား အိ ဂျစ် ဘု ရင် ဖာ ရော မင်း ပြု လေ့ ရှိ ၏။
22
ငါ တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အား ကိုး စား ကြ သည် ဟု ဆို ပြန် မူ က၊ ထို ဘု ရား၏ မြင့် ရာ ဌာ န နှင့် ပူ ဇော် ရာ ပ လ္လင် များ ကို ဟေ ဇ ကိ မင်း ပယ် ရှား ပြီး လျှင်၊ ယေ ရု ရှ လင် မြို့ ရှိ ပူ ဇော် ရာ ပ လ္လင် တော် ရှေ့ တွင် သာ ရှိ ခိုး ကြ ရ မည် ဟု ယု ဒ ပြည် သူ၊ ယေ ရု ရှ လင် မြို့ သား တို့ အား အ မိန့် ထုတ် ဆင့် ပြီ မ ဟုတ် လော။
23
သို့ ဖြစ်၍ ကျွန်ုပ် သ ခင် အာ ရှု ရိ ဘု ရင် နှင့် လောင်း ကြေး စပ် ပါ လော့။ သင်၌ မြင်း စီး သူ ရဲ လုံ လောက် လျှင် မြင်း နှစ် ထောင် ပေး ပါ မည်။
24
အိ ဂျစ် ပြည် မှ စစ် ရ ထား၊ မြင်း စီး သူ ရဲ များ ရ လိမ့် မည် ဟု ကိုး စား လျက် ကျွန်ုပ် သ ခင်၏ ကျေး ကျွန် သင်း ပင်း အ နက် အ နိမ့် ဆုံး မြို့ ဝန် ကို ပင် မျက် နှာ မ ပေး ဘဲ မည် သို့ နေ ဝံ့ သ နည်း။
25
ထာ ဝ ရ ဘု ရား ထံ အ ခွင့် တော် မ ရ ဘဲ ဤ မြို့ ကို ဖျက် ဆီး ရန် ယ ခု ကျွန်ုပ် ချီ လာ သ လော။ ထို ပြည် ကို ချီ တက် ဖျက် ဆီး လော့ ဟု ကျွန်ုပ် အား ထာ ဝ ရ ဘု ရား မိန့် ဆို တော် မူ ကြောင်း ကို ပြန် ကြား လော့ ဟူ၍ ဆို ရာ
26
ဟိ လ ခိ သား ဧ လျာ ကိမ်၊ ရှေ ဗ န၊ ယော အာ တို့ က ကျွန် တော် မျိုး တို့ နား လည် သော အာ ရံ ဘာ သာ စ ကား ဖြင့် ပြန် ကြား ပါ လော့။ မြို့ ရိုး ပေါ် ရှိ လူ တို့ ရှေ့၊ ယု ဒ ဘာ သာ စ ကား မ သုံး ပါ နှင့် ဟု ရာ ဗ ရှာ ခ အား လျှောက် ကြ သော်၊
27
ရာ ဗ ရှာ ခ က၊ သင် နှင့် သင့် သ ခင် ကို သာ ဤ သို့ ပြော စေ ရန် ငါ့ သ ခင် စေ တော် မူ သ လော။ သင် တို့ နှင့် တ ကွ ကိုယ့် ကျင် ကြီး ကျင် ငယ် ကို သောက် စား ရ သော မြို့ ရိုး ပေါ် တွင် ထိုင် နေ သူ တို့ ရှိ ရာ သို့ စေ တော် မူ သည် မ ဟုတ် လော ဟု ဆို ပြီး လျှင်၊
28
ရပ် လျက် ယု ဒ ဘာ သာ စ ကား ဖြင့် ကျယ် စွာ ကြွေး ကြော် သည် မှာ ဘု ရင် ဧ က ရာဇ် ဖြစ် သော အာ ရှု ရိ မင်း အ မိန့် တော် ကို နာ ခံ ကြ လော့။
29
အ မိန့် တော် ကား၊ လွတ် ရာ လွတ် ကြောင်း ကို မ တတ် နိုင် သည့် အ တွက် ဟေ ဇ ကိ မင်း လှည့် ဖြား သည် ကို နား မ ယောင် ကြ နှင့်။
30
ထာ ဝ ရ ဘု ရား သည် ငါ တို့ ကို လွတ် မြောက် စေ တော် မူ မည်။ အာ ရှု ရိ ဘု ရင့် လက် တွင်း သို့ ဤ မြို့ မ ရောက် ရ ဟူ သော စ ကား ကြောင့် ထာ ဝ ရ ဘု ရား ကို မ ကိုး စား ကြ နှင့်။
31
ဟေ ဇ ကိ မင်း စ ကား ကို နား မ ထောင် ကြ နှင့်။ အာ ရှု ရိ ဘု ရင် မိန့် တော် မူ သည် ကား သင် တို့ ရှိ ရာ ငါ လာ ရောက်၍ သင် တို့ နေ ပြည် နှင့် တူ သော စ ပါး ဆန် ရေ နှင့် ခဲ ဖွယ်၊ စ ပျစ် ခြံ များ နှင့် လည်း ကောင်း၊ သံ လွင် ဆီ၊ ပျား ရည် များ နှင့် လည်း ကောင်း၊ ကြွယ် ဝ သော ပြည် သို့ ငါ မ ပို့ မ ချင်း၊ အ သီး အ သီး ကိုယ့် ဆိုင် ရာ စ ပျစ် သီး သ ဖန်း သီး များ ကို စား၍ ကိုယ့် တွင်း ရေ ကို သောက် ခွင့် ရ ကြ လျက် သေ ဘေး မ တွေ့ စေ ရန် ငါ့ ဘက် သို့ ဝင် ပြီး လျှင် မင်္ဂ လာ ဆု ကို ခံ ကြ လော့။ ငါ တို့ ကို ထာ ဝ ရ ဘု ရား လွတ် မြောက် စေ တော် မူ မည် ဟူ၍ ဟေ ဇ ကိ မင်း သွေး ဆောင် သော စ ကား ကို နား မ ထောင် ကြ နှင့်။
32
33
လူ မျိုး ခြား တို့ ဘု ရား များ သည် ကိုယ့် ပြည် ကို အာ ရှု ရိ ဘု ရင့် လက် တွင်း မှ လွတ် မြောက် စေ ဘူး သ လော။
34
ဟာ မတ် မြို့၊ အာ ပဒ် မြို့ ဘု ရား များ နှင့် သေ ဖ ရ ဝိမ် မြို့၊ ဟေ န မြို့၊ ဣ ဝါ မြို့ ဘု ရား များ ကား အ ဘယ် မှာ နည်း။ ငါ့ လက် တွင်း မှ ရှမာ ရိ မြို့ ကို ဆိုင် ရာ ဘု ရား လွတ် မြောက် စေ ဘူး သ လော။
35
ယေ ရု ရှ လင် မြို့ ကို ငါ့ လက် တွင်း မှ ထာ ဝ ရ ဘု ရား လွတ် မြောက် စေ ရန် တိုင်း ပြည် များ ရှင် ဘု ရား တို့ အ နက် ကိုယ့် ပြည် ကို မည် သည့် ဘု ရား လွတ် မြောက် စေ ဘူး သ နည်း ဟု ထုတ် ဆင့် ကြွေး ကြော် ရာ
36
မြို့ သူ မြို့ သား တို့ သည် မ တုံ့ မ ပြန် ကြ နှင့် ဟူ သော ဘု ရင့် အ မိန့် တော် ကို နာ ခံ ရ သည့် အ တိုင်း ခွန်း တုံ့ မ ပြန်၊ ဆိတ် ဆိတ် နေ ကြ ၏။
37
ဟိ လ ခိ သား၊ လက် သုံး တော် ချုပ် ဧ လျာ ကိမ်၊ သံ တော် ဆင့် ရှေ ဗ န၊ အာ သပ် သား၊ အ တွင်း ဝန် ယော အာ တို့ မူ ကား ကိုယ့် အ ဝတ် ကို ဆုတ် လျက် ဟေ ဇ ကိ မင်း ထံ ဝင်၍ ရာ ဗ ရှာ ခ စ ကား ကို ပြန် ကြား တင် လျှောက် ကြ ၏။