1
နန်း စံ ကိုး နှစ်၊ ဒ သ မ လ၊ ဆယ် ရက် တွင် ဗာ ဗု လုန် ဘု ရင် နေ ဗု ခဒ် နေ ဇာ မင်း သည် အ လုံး အ ရင်း ပါ ယေ ရု ရှ လင် မြို့ သို့ ချီ တက်၍ မြို့ ပတ် လည် တွင် က တုတ် လှန် ပြီး လျှင်
2
ဇေ ဒ ကိ မင်း နန်း စံ ဆယ့် တစ် နှစ် တိုင် အောင် တပ် စွဲ ဝိုင်း ထား ကြ၏။
3
စ တု တ္ထ လ၊ ကိုး ရက် နေ့ တိုင် ရောက် သော်၊ မြို့ သူ မြို့ သား တို့ အ စာ မဲ့ မွတ် သိပ်၍ မြို့ ရိုး လည်း ပေါက် သ ဖြင့်
4
ညဉ့် အ ခါ ခါ လ ဒဲ စစ် တပ် ဝိုင်း ထား လျက် ပင်၊ ဘု ရင် မင်း နှင့် တ ကွ စစ် သား အ ပေါင်း တို့ သည် ဥ ယျာဉ် တော့် အ နီး၊ မြို့ ရိုး နှစ် ထပ် ကြား မ လွယ် တံ ခါး ဖြင့် ထွက်၍ အ ရာ ဗာ ချိုင့် လမ်း သို့ ပြေး သွား ကြ ရာ၊
5
ခါ လ ဒဲ တပ် သား တို့ သည် ဘု ရင် မင်း ကို လိုက် လံ လျက် ယေ ရိ ခေါ ချိုင့် တွင် ဗိုလ် ထု ကွဲ ပြား နှင့် သော ထို ဘု ရင် မင်း ကို မီ၍ ဖမ်း ဆီး ပြီး လျှင်၊
6
ရိ ဗ လ မြို့ ရှိ ဗာ ဗု လုန် ဘု ရင့် ထံ ယူ သွား သော်၊ စီ ရင် သည့် အ တိုင်း
7
သား တော် တို့ ကို ခ မည်း တော် မျက် မှောက် တွင် ပင် ကွပ် မျက် ၍ ဇေ ဒ ကိ မင်း ကို လည်း မျက် စိ ဖောက် ပြီး လျှင် ခြေ ချင်း စွဲ လျက် ဗာ ဗု လုန် မြို့ သို့ ယူ သွား ကြ ၏။
8
ဗာ ဗု လုန် ဘု ရင် နေ ဗု ခဒ် နေ ဇာ မင်း နန်း စံ ဆယ့် ကိုး နှစ်၊ ပ ဥ္စ မ လ၊ ခု နစ် ရက် တွင် ဗာ ဗု လုန် ဘု ရင်၏ ကျွန် ယုံ၊ ကိုယ့် ရံ တော် မှူး၊ နေ ဗု ဇာ ရ ဒန် သည် ယေ ရု ရှ လင် မြို့ သို့ ချီ တက်၍
9
ဗိ မာန် တော်၊ နန်း တော် မှ စ သော ယေ ရု ရှ လင် မြို့ ရှိ တိုက် ကြီး၊ အိမ် ကြီး ဟူ သ မျှ ကို မီး တိုက် လေ ၏။
10
ကိုယ် ရံ တော် မှူး နောက် ပါ ခါ လ ဒဲ ဗိုလ် ထု တို့ လည်း ယေ ရု ရှ လင် ပတ် လည် မြို့ ရိုး ကို ဖြို ဖျက် ကြ ပြီး လျှင်
11
မြို့ တွင်း၌ ကြွင်း ကျန် သော မြို့ သူ မြို့ သား တို့ ကိုလည်း ကောင်း၊ ကိုယ့် ရံ တော် မှူး နေ ဗု ဇာ ရ ဒန် သည် သိမ်း သွား လျက် ဆင်း ရဲ သော ပြည် သူ ပြည် သား တို့ ကို ကား
12
လယ် ခြံ လုပ် ကိုင် စေ ရန် ထား ခဲ့ ၏။
13
ဗိ မာန် တော် ရှိ ကြေး တိုင် များ၊ ကြေး ရေ ကန်၊ ကြေး အောက် ခံ များ ကို ခါ လ ဒဲ လူ မျိုး တို့ ဖဲ့၍ ဗာ ဗု လုန် မြို့ သို့ ယူ သွား ကြ ၏။
14
အိုး၊ ကော် ပြား၊ မီး ညှပ်၊ ခွက် မှ စ၍ ဝတ် ပြု ရာ ကြေး အ သုံး အ ဆောင် များ ကို ယူ လျက်
15
ရွှေ တန် ဆာ၊ ငွေ တန် ဆာ တည်း ဟူ သော မီး ကျီး ခံ၊ အင် တုံ များ ကို လည်း၊ ကိုယ် ရံ တော် မှူး ယူ သွား လေ ၏။
16
ဗိ မာန် တော် အ ဖို့ ရှော လ မုန် မင်း လုပ် ခဲ့ သော တိုင် နှစ် တိုင်၊ ရေ ကန် တစ် ကန်၊ အောက် ခံ များ၏ ကြေး ကို ကား မ ချိန် မ တွယ် နိုင် ချေ။
17
တိုင် မှာ အ မြင့် ဆယ့် ရှစ် တောင်၊ ကြေး တိုင် အုပ် အ မြင့် သုံး တောင် တွင် ကြေး ကွန် ချာ နှင့် ကြေး သ လဲ သီး ပုံ များ ချယ် လှယ်၏။ ဒု တိ ယ တိုင် လည်း၊ ကွန် ချာ ပါ၊ ထို နည်း တူ ပင် တည်း။
18
ကိုယ် ရံ တော် မှူး သည် ပ ရော ဟိတ် မင်း စ ရာ ယ၊ ဒု တိ ယ ပ ရော ဟိတ် ဇေ ဖ နိ၊ အ ထွက် အ ဝင် စောင့် ကြည့် ရ သူ သုံး ယောက် တို့ ကို လည်း ကောင်း၊ စစ် သူ ရဲ အုပ် မိန်း မ စိုး တစ် ယောက်၊
19
နောက် တွေ့ မင်း တိုင် ပင် အ မတ် ငါး ယောက်၊ ပြည် တော် ဆိုင် ရာ စစ် အ မိန့် တော် ပြန် သံ တော် ဆင့် တစ် ယောက်၊ နောက် တွေ့ ပြည် သား ခြောက် ဆယ် တို့ ကို လည်း ကောင်း၊ ဖမ်း ဆီး၍ ရိ ဗ လ မြို့ ရှိ ဗာ ဗု လုန် ဘု ရင့် ထံ ယူ သွား ရာ
20
ဟာ မတ် ပြည်၊ ရိ ပ လ မြို့ တွင် ဗာ ဗု လုန် ဘု ရင် ကွပ် မျက် လေ၏။ ကိုယ့် ပြည် မှ ယု ဒ အ မျိုး သုံ့ ဘမ်း ခံ ရ ခြင်း ကား၊ ထို သို့ တည်း။
21
22
ဗာ ဗု လုန် ဘု ရင် နေ ဗု ခဒ် နေ ဇာ မင်း သည် ရှာ ဖန့် မြေး၊ အ ဟိ ကံ့ သား၊ ဂေ ဒ လိ ကို ချန် ထား ခဲ့ သော ယု ဒ ပြည် သူ ပြည် သား တို့ အ ပေါ် တွင် ခန့် ထား လေ ၏။
23
တပ် မှူး ဖြစ် သူ၊ နာ သ နိ သား ဣ ရှ မေ လ၊ ကာ ရာ့ သား ယော ဟ နန်၊ နေ တော ဖ မြို့ နေ တာ နု မက် သား စ ရာ ယ၊ မာ ခါ မြို့ သား ယေ ဇ နိ တို့ သည် ဂေ ဒ လိ ကို ဗာ ဗု လုန် ဘု ရင် ခန့် ထား ခဲ့ ကြောင်း ကြား သိ လျှင် အ ပေါင်း ပါ တို့ နှင့် တ ကွ မိ ဇ ပါ မြို့ ရှိ ဂေ ဒ လိ ထံ လာ ရောက် ကြ ရာ
24
ဂေ ဒ လိ က၊ ခါ လ ဒဲ စစ် သား တို့ ကို မ ကြောက် ကြ လင့်။ ဤ ပြည် တွင် နေ လျက် ဗာ ဗု လုန် ဘု ရင့် ထံ ကျွန် တော် မျိုး ခံ လျှင် ချမ်း သာ ရ ကြ လိမ့် မည် ဟု ထို သူ တို့ အား သ စ္စာ ထား လျက် ပင်
25
သ တ္တ မ လ တွင် မင်း မျိုး မင်း နွယ် ဖြစ် သူ၊ ဧ လိ ရှ မာ့ မြေး၊ နာ သ နိ သား၊ ဣ ရှ မေ လ သည် လူ တစ် ကျိပ် နှင့် လာ၍ ဂေ ဒ လိ နှင့် မိ ဇ ပါ မြို့ ရှိ အ ပေါင်း ပါ ယု ဒ လူ မျိုး၊ ခါ လ ဒဲ လူ မျိုး တို့ ကို လုပ် ကြံ သတ် ဖြတ် ပြီး လျှင်
26
တပ် မှူး များ မှ စ သော ပြည် သူ ပြည် သား လူ ကြီး လူ ငယ် ရှိ သ မျှ သည် ခါ လ ဒဲ လူ မျိုး ကို ကြောက် ရွံ့ သော ကြောင့် အိ ဂျစ် ပြည် သို့ ပြေး ဝင် ကြ ၏။
27
ယု ဒ ဘု ရင် ယေ ခေါ နိ မင်း သိမ်း သွား ခံ ရ သော သုံး ဆယ့် ခု နစ် နှစ်၊ ဒွါ ဒ သ မ လ၊ နှစ် ဆယ့် ခု နစ် ရက် ၌ ဗာ ဗု လုန် ဘု ရင် ဧ ဝိ လ မေ ရော ဒက် မင်း နန်း တက်၍ ထို မင်း ကို ကြေး တိုက် မှ လွှတ် ပြီး လျှင်
28
ကောင်း မွန် စွာ နှုတ် ခွန်း သ လျက် လက် အောက် ခံ ဗာ ဗု လုန် မြို့ ရှိ ဘု ရင် တ ကာ တို့ ထက် နေ ရာ တော် မြင် စေ လေ ၏။
29
ယေ ခေါ နိ မင်း သည် ကြေး တိုက် အ ဝတ် ကို လဲ၍ အ သက် ထက် ဆုံး အ ထံ တော်၌ ပွဲ တော် စာ ကို အ စဉ် စား သောက် ခွင့် ရ၏။
30
အ သက် ထက် ဆုံး ပင် ပွဲ တော် စာ ကို ဗာ ဗု လုန် ဘု ရင် အ စဉ် ကျွေး မွေး သ တည်း။