1
ယု ဒ ဘု ရင် အာ ခတ် မင်း နန်း စံ ဆယ့် နှစ် နှစ် တွင် ဧ လာ့ သား ဟော ရှေ မင်း နန်း တက်၍ ရှ မာ ရိ မြို့ ၌ ဣ သ ရေ လ နိုင် ငံ ကို ကိုးနှစ် စိုး စံ ရာ
2
ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင် ဆိုး သွမ်း မှု ကို ပြု ကျင့် သော် လည်း အ ထက် ဘု ရင် မင်း တို့ နှင့် အ မျှ မ ဆိုး မ သွမ်း ချေ။
3
အာ ရှု ရိ ဘု ရင် ရှာ လ မ နေ ဇာ မင်း စစ် ချီ လာ ရာ ဟော ရှေ မင်း သည် ပ ဏ္ဏာ ဆက် သွင်း၍ လက် အောက် ခံ ဖြစ် ပြီး နောက်
4
နှစ် စဉ် ဆက် မြဲ ပ ဏ္ဏာ ကို မ ဆက် ဘဲ အိ ဂျစ် ဘု ရင် သွာ မင်း ထံ ရာ ဇ သံ စေ လွှတ် ၏။ တော် လှန် မည့် အ ကြံ ကို အာ ရှု ရိ ဘု ရင် ရိပ် မိ သ ဖြင့်၊ ဖမ်း ယူ ချုပ် ထား ပြီး လျှင်
5
ဣ သ ရေ လ ပြည် လုံး နှံ့ စစ် ချီ လျက် ရှ မာ ရိ မြို့ သို့ ရောက် သော်၊ သုံး နှစ် ပတ် လုံး ဝိုင်း ထား လေ ၏။
6
ဟော ရှေ မင်း နန်း စံ ကိုး နှစ် တွင် ရှ မာ ရိ မြို့ ကို အာ ရှု ရိ ဘု ရင် ရ ၍ ဣ သ ရေ လူ မျိုး တို့ ကို အာ ရှု ရိ ပြည် သို့ သိမ်း သွား လျက် ဟာလ နယ်၌ လည်း ကောင်း၊ ဂေါ ဇန် နယ်၌ လည်း ကောင်း နေ စေ ၏။
7
ထို အ ခြင်း အ ရာ ကား အိ ဂျစ် ပြည်၊ ဖာ ရော မင်း လက် တွင်း မှ ထုတ် ဆောင် တော် မူ ခဲ့ သော ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အား ဣ သ ရေ လ အ မျိုး သား တို့ ပြစ် မှား လျက် အ ခြား ဘု ရား များ ကို ခန့် ညား သည့် ပြင်၊
8
ဣ သ ရေ လ အ မျိုး သား တို့ ရှေ့ ထာ ဝ ရ ဘု ရား နှင် ထုတ် တော် မူ ခဲ့ သော လူ မျိုး ခြား တို့ ထုံး ဖွဲ့ ချက်၊ ဣ သ ရေ လ ဘု ရင် တို့ စီ ရင် ခဲ့ သော ထုံး ဖွဲ့ ချက် များ အ တိုင်း လိုက် လျှောက် ခြင်း၊
9
ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား နှင့် ဆန့် ကျင် သော စဉ်း လဲ မှု များ ကို လျှို့ တ ဝှက် ပြု ခြင်း၊ ကင်း စင် မှ စ၍ ခံ မြို့ တိုင် အောင် မြို့ ရွာ တိုင်း ၌ မြင့် ရာ ဌာ န များ ကို တည် လုပ် ခြင်း၊
10
အ ရပ် ရပ် ရှိ မြင့် လှ သော တောင် ပေါ်၊ စိမ်း လန်း သော သစ် ပင် အောက် များ တွင် ကျောက် တိုင်၊ တံ ခွန် တိုင် များ ကို စိုက် ထူ ခြင်း၊
11
သူ တို့ ရှေ့ ထာ ဝ ရ ဘု ရား ပယ် ရှား တော် မူ ခဲ့ သော လူ မျိုး ခြား တို့ ထပ် တူ၊ ထို မြင့် ရာ ဌာ န ရှိ သ မျှ ၌ မီး ဖြင့် ပူ ဇော်၍ ထာ ဝ ရ ဘု ရား အ မျက် တော် တိုက် ဆိုး သွမ်း မှု ကို ကျင့် ခြင်း၊
12
ထာ ဝ ရ ဘု ရား တား ဆီး တော် မူ ခဲ့ သော ရုပ် ပွား ဆင်း တု တို့ အား ဝတ် ပြု ခြင်း များ ကြောင့် တည်း။
13
ထာ ဝ ရ ဘု ရား က၊ ဘိုး ဘေး တို့ အား ငါ မိန့် မှာ ခဲ့ သည့် အ တိုင်း၊ သင် တို့ ကို လည်း ငါ ကျွန် ရင်း ပ ရော ဖက် တို့ ဖြင့် ထား စေ သော တ ရား တော် အ ရ ငါ့ ပ ညတ် နှင့် ထုံး ဖွဲ့ ချက် များ ကို စောင့် ရှောက် လျက် ကိုယ့် မ ကောင်း လမ်း ကို ကြဉ် ရှောင် ကြ လော့ ဟူ ၍ ပ ရော ဖက်၊ အ မြော် အ မြင် ဆ ရာ အ ပေါင်း တို့ ဖြင့် ဣ သ ရေ လ နှင့် ယု ဒ အ မျိုး တို့ အား ဗျာ ဒိတ် ထား တော် မူ သော် လည်း
14
ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို ကိုး စား ခြင်း ကင်း သော ဘိုး ဘေး တို့ ထပ် ထူ၊ စိတ် ခဲ ယဉ်း လျက် မ လိုက် မ နာ ကြ သည့် ပြင်
15
ဘိုး ဘေး တို့ နှင့် ဖွဲ့ တော် မူ ခဲ့ သော ပ ဋိ ညာဉ်၊ သက် သေ ခံ တော် မူ ချက်၊ ထုံး ဖွဲ့ တော် မူ ချက် များ ကို စွန့် ပစ် ခြင်း၊ အ လ ဟဿ ဖြစ် လျက် အ လ ဟဿ လိုက် ခြင်း၊ ထို နည်း တူ မ ပြု ရ ဟု ထာ ဝ ရ ဘု ရား ပ ညတ် တော် မူ ခဲ့ သော ပတ် ဝန်း ကျင် ရှိ လူ မျိုး ခြား တို့ နောက် လိုက် လျှောက် ခြင်း၊
16
ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၏ ပ ညတ် တော် အ ချက် ချက် ကို စွန့် ပယ် လျက် နွား ရုပ် တစ် စုံ ကို သွန်း လုပ် ခြင်း၊ တံ ခွန် တိုင် ကို စိုက် ထူ ခြင်း၊ က မ္ဘာ့ တန် ဆာ ရှိ သ မျှ အား ရှိ ခိုး ခြင်း၊
17
ဗာ လ နတ် အား ဝတ် ပြု ခြင်း၊ သား သ မီး တို့ ကို မီး ဖြင့် ဆက် ကပ် ခြင်း၊ ဟူး ရား အ တတ် နှင့် ဇော် ဂ နီ အ တတ် ကို လေ့ လာ ခြင်း၊ အ မျက် တော် တိုက်၊ ထာ ဝ ရ ဘုရား မျက် မှောက် တော် တွင် ဆိုး သွမ်း မှု ကို ပြု လို ၍ ကိုယ် ကို ရောင်း ခြင်း များ ကို ကျင့် ကြံ ကြ ၏။
18
ထို ကြောင့် ထာ ဝ ရ ဘု ရား သည် ဣ သ ရေ လ လူ မျိုး ကို ပြင်း စွာ အ မျက် ထား ၍ မျက် မှောက် တော် မှ ပယ် ရှား တော် မူ သ ဖြင့် ယုဒ အ နွယ် မှ တစ် ပါး တစ် နွယ် မျှ ကျန် တော့ သည် မ ဟုတ်။
19
ယု ဒ အနွယ် လည်း ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ၏ ပ ညတ် တော် များ ကို မ စောင့် ရှောက် ဘဲ ဣ သ ရေ လ အ မျိုး စီ ရင် ခဲ့ သော ထုံး ဖွဲ့ ချက် များ ကို သာ လျှောက် လျှောက် လိုက် ကြ သော ကြောင့်
20
ထာ ဝ ရ ဘု ရား သည် ဣ သ ရေ လ တစ် မျိုး လုံး ကို စွန့် လျက်၊ မျက် မှောက် တော် မှ ပယ် ပစ် တော် မူ သည့် တိုင် အောင် ဖိ စီး သော သူ တို့ လက် တွင်း သို့ အပ် နှင်း ရှုတ် ချ တော် မူ ၏။
21
ဣ သ ရေ လ အ မျိုး ကို ဒါ ဝိဒ် မင်း မျိုး မှ ဆုတ် ဖြတ် တော် မူ သည် နှင့် အ ညီ ထို အ မျိုး သည် နေ ဗတ် သား ယေ ရော ဗောင် ကို မင်း မြှောက် ကြ သ ဖြင့် ထာ ဝ ရ ဘု ရား နောက် တော် သို့ မ လိုက် ကြ စေ ရန် ယေ ရော ဗောင် မင်း ကန့် ကွက် လျက် ကြီး လေး သော ပြစ် မှု ကို ကျူး လွန် စေ ၏။
22
ယေ ရော ဗောင် မင်း ပြု သ မျှ ပြစ် မှု ကို ထို အ မျိုး သား တို့ မ စွန့်၊ အ စဉ် လိုက် လျှောက် ကြ သော ကြောင့်၊
23
ကျွန် တော် ရင်း ပ ရော ဖက် တို့ အား ဖြင့် ထာ ဝ ရ ဘု ရား ဗျာ ဒိတ် ထား တော် မူ ခဲ့ သည့် အ လျောက် ဣ သ ရေ လ အ မျိုး ကို မျက် မှောက် တော် မှ ပယ် ရှား တော် မူ၍ နေ ရင်း ပြည် မှ အာ ရှု ရိ ပြည် သို့ သိမ်း သွား ခြင်း ကို ယ နေ့ တိုင် အောင် ခံ ရ ကြ သ တည်း။
24
အာ ရှု ရိ ဘု ရင် လည်း ဗာ ဗု လုန်၊ ကု သ၊ အာ ဝ၊ ဟာ မတ်၊ သေ ဖ ရ ဝိမ့် မြို့ များ မှ လူ တို့ ကို ခေါ် ဆောင် ၍ ရှ မာ ရိ မြို့ များ တွင် ဣ သ ရေ လ အ မျိုး သား တို့ အ စား ထား သ ဖြင့် ထို သူ တို့ သည် ရှ မာ ရိ မြို့ ရွာ များ ကို အ ပိုင် ရ လျက် အ တည် ကျ ကြ ၏။
25
အ တည် ကျ စ က ပင် ထာ ဝ ရ ဘု ရား အား မ ခန့် ညား သော ကြောင့် လူ အ ချို့ ကို ကိုက် သတ် စေ ရန်၊ ခြင်္သေ့ များ ကို လွှတ် တော် မူ သည့် အ တွက်
26
ရှ မာ ရိ မြို့ ရွာ များ သို့ ကိုယ် တော် သုံ့ ဘမ်း ဆောင် သွင်း တော် မူ သော လူ မျိုး တို့ သည် ပြည့် ရှင် ဘု ရား၏ တ ရား ကို နား မ လည် ကြ သော ကြောင့် ခြင်္သေ့ များ ကို လွှတ် ၍ ကိုက် သတ် စေ ပါ သည် တ ကား ဟု အာ ရှု ရိ ဘု ရင် အား တင် လျှောက် ကြ သော်၊
27
အာ ရှု ရိ ဘု ရင် က ထို ပြည် မှ သုံ့ ဘမ်း ခဲ့ သော ပ ရော ဟိတ် တစ် ပါး ကို ပြန် ပို့၍ ထို ပြည့် ရှင် ဘု ရား၏ တ ရား သွန် သင် လျက် နေ ပါ လေ စေ ဟု မိန့် ဆို သည့် အ တိုင်း
28
ရှ မာ ရိ မြို့ မှ သုံ့ ဘမ်း ခံ ရ သူ ပ ရော ဟိတ် တစ် ပါး သည် ဗေ သ လ မြို့ သို့ သွား ရောက် နေ ထိုင် လျက် ထာ ဝ ရ ဘု ရား အား ခန့် ညား ခြင်း တ ရား ကို သွန် သင် လေ ၏။
29
သို့ ရာ တွင် ထို လူ မျိုး အ သီး အ သီး တို့ သည် ကိုယ့် ဘု ရား ရုပ် များ ကို လုပ် ပြီး လျှင် တစ် မျိုး စီ အ တည် ကျ သော မြို့ ရွာ၌ ရှ မာ ရိ ပြည် ရင်း သား တို့ တည် ဆောက် ခဲ့ သော မြင့် ရာ ဌာ န ရှိ ကျောင်း အ တွင်း တင် ထား ကြ သော ဘု ရား များ ကား
30
ဗာ ဗု လုန် မြို့ အ လာ တို့ သည် သူ ကုတ် ဗေ နတ် ဘု ရား၊ ကု သ မြို့ အ လာ တို့ သည် နေ ရ ဂါ လ ဘု ရား၊ ဟာ မတ် မြို့ အ လာ တို့ သည်၊ အ ရှိ မ ဘု ရား၊
31
အာ ဝ မြို့ အ လာ တို့ သည် နိ ဗ ဟာ ဇ ဘု ရား၊ တာ တက် ဘု ရား များ ကို တင် ထား ကြ၏။ သေ ဖ ရ ဝိမ် မြို့ အ လာ တို့ သည် ကိုယ့် မြို့ ရှင် အာ ဒြ မ္မေ လက်၊ အာ န မ္မေ လက် ဘု ရား များ ထံ သား သ မီး တို့ ကို မီး ရှို့ ပူ ဇော် ကြ ကုန်၏။
32
ထို သူ တို့ သည် ထာ ဝ ရ ဘု ရား ကို ကြောက် ရွံ့ သော် လည်း၊ မြင့် ရာ ဌာ န ဆိုင် သော ကျောင်း များ တွင် ပူ ဇော် စေရန် အ ပေါင်း ပါ အ နက်၊ ပ ရော ဟိတ် တို့ ကို ရွေး ကောက် ခန့် ထား ကြ ၏။
33
ထာ ဝ ရ ဘု ရား ကို ကြောက် ရွံ့ လျက် သုံ့ ဘမ်း ခြင်း မ ခံ ရ မီ ကိုယ့် လူ မျိုး လိုက် ပါ သော ထုံး နည်း အ တိုင်း
34
ကိုယ့် ဘု ရား များ ကို ဝတ် ပြု၍၊ ယ နေ့ တိုင် အောင် ရှေး ထုံး နည်း အ လိုက် ပြု လေ့ ရှိ ကြ၏။ ဣ သ ရေ လ ဟု သ မုတ် တော် မူ သော ယာ ကုပ် အ မျိုး သား တို့ အား ထာ ဝ ရ ဘု ရား မိန့် တော် မူ သည့် ပ ညတ် တော်၊ တ ရား တော်၊ ထုံး ဖွဲ့ ဆုံး ဖြတ် တော် မူ ချက် များ အ တိုင်း မ လိုက်၊ ထာ ဝ ရ ဘု ရား ကို ခန့် ညား သော သ ဘော မ ရှိ ချေ။
35
ထာ ဝ ရ ဘု ရား သည် ယာ ကုပ် အ မျိုး သား တို့ နှင့် ပ ဋိ ညာဉ် ဖွဲ့၍ မိန့် မှာ တော် မူ ခဲ့ သည် မှာ အ ခြား ဘု ရား များ ကို ခန့် ညား၊ ရှိ ခိုး၊ ဝတ် ပြု၊ ပူ ဇော် ခြင်း မ ပြု ရ။
36
မ ဟာ တန် ခိုး တော် ပြ လျက် လက် ရုံး တော် ဆန့် တန်း လျက် အိ ဂျစ် ပြည် မှ ထုတ် ဆောင် တော် မူ ခဲ့ သော ထာ ဝ ရ ဘု ရား ကို သာ ခန့် ညား၊ ရှိ ခိုး၊ ပူ ဇော် ကြ ရ မည်။
37
သင် တို့ အ ဖို့ ရေး သား တော် မူ ခဲ့ သော ထုံး ဖွဲ့ ဆုံး ဖြတ် ချက် များ နှင့် ပ ညတ် တော်၊ တ ရား တော် ကို အ စဉ် စောင့် ရှောက် ကြ ရ မည်။
38
အ ခြား ဘု ရား များ ကို မ ခန့် ညား ဘဲ သင် တို့ ဘု ရား သ ခင် ငါ ထာ ဝ ရ ဘု ရား ကို သာ ခန့် ညား လျက် ဖွဲ့ တော် မူ ခဲ့ သော ပ ဋိ ညာဉ် ကို မ မေ့ မ လျော့ ရ။ ရန် သူ အ ပေါင်း တို့ လက် တွင်း မှ ကယ် ဆယ် တော် မူ မည် ဟူ၍ တည်း။
39
40
ဝင် နေ သူ လူ မျိုး တို့ လည်း မ လိုက် မ နာ ဘဲ ရှေး ထုံး နည်း အ တိုင်း ပြု၍
41
ထာ ဝ ရ ဘု ရား ကို ကြောက် ရွံ့ လျက် ကိုယ့် ရုပ် ပွား ဆင်း တု များ ကို ဝတ် ပြု ကြ၏။ ဘိုး ဘေး တို့ အ လိုက် သား စဉ် မြေး ဆက် ယ နေ့ တိုင် အောင် ပြု ကြ ကုန် ၏။