၄ ရာ-1

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 အာ ဟပ် မင်း ကွယ် လွန် ပြီး နောက် မော ဘ ပြည် သည် ဣ သ ရေ လ ဘု ရင် ကို ပုန် ကန် လေ ၏။
  • 2 အာ ခ ဇိ မင်း သည် ရှ မာ ရိ နန်း တော် အ ထက်၊ လေ သာ ပြူ တင်း မှ ကျ၍ နာ ကျင် ရာ ဤ ဝေ ဒ နာ မှ ငါ ထ မြောက် ဦး မည် လော ဟု ဧကြုန် မြို့ ရှိ ဗာ လ ဇေ ဗုပ် ဘု ရား ထံ သွား ရောက် မေး လျှောက် ရန် သံ တ မန် တို့ ကို မိန့် မှာ စေ လွှတ် သော်
  • 3 တိ ရှ ဘိ မြို့ သား ဧ လိ ယ အား ထာ ဝ ရ ဘု ရား၏ စေ တ မန် တော် က၊ ရှ မာ ရိ ဘု ရင် စေ လွှတ် သော သံ တ မန် တို့ ကို တွေ့ ဆုံ ရန် ထ သွား ၍ ဆင့် ဆို ရ မည် မှာ ဣ သ ရေ လ ပြည်၌ ဘု ရား မ ရှိ သော ကြောင့် ဧ ကြုန် မြို့ ရှိ ဗာ လ ဇေ ဗုပ် ဘု ရား ထံ မေး ရန် သွား ရာ သ လော။
  • 4 သို့ ဖြစ် ၍ သင် သည် ယ ခု နေ သော သာ လွန် ထက် မှ ဆင်း ခွင့် မ ရ။ မု ချ သေ ရ မည် ဟူ သော ထာ ဝ ရ ဘု ရား ဗျာ ဒိတ် တော် ကို ဆင့် ဆို လော့ ဟု မိန့် တော် မူ သည့် အ တိုင်း ဧ လိ ယ သွား လေ ၏။
  • 5 သံ တ မန် တို့ ပြန် လာ ကြ သော အ ခါ ဘု ရင် မင်း က အ ဘယ် ကြောင့် ပြန် လာ ကြ သ နည်း ဟု မေး သော်
  • 6 လူ တစ် ယောက် သည် ကျွန် တော် တို့ ကို တွေ့ ဆုံ ရန် လာ ပြီး လျှင် စေ လွှတ် သော ဘု ရင့် ထံ ပြန် သွား ၍ ကြား ပြော ရ မည် မှာ ဣ သ ရေ လ ပြည်၌ ဘု ရား မ ရှိ သော ကြောင့် ဧ ကြုန် မြို့ ရှိ ဗာ လ ဇေ ဗုပ် ဘု ရား ထံ မေး ရန် လွှတ် ရာ သ လော။ သို့ ဖြစ်၍ သင် သည် ယ ခု နေ သော သာ လွန် ထက် မှ ဆင်း ခွင့် မ ရ။ မု ချ သေ ရ မည် ဟူ သော ထာ ဝ ရ ဘု ရား ဗျာဒိတ် တော် ကို ပြန် ကြား ရန် မှာ လိုက် ပါ သည် ဟု တင် လျှောက် ကြ ရာ
  • 7 ဘု ရင် မင်း က၊ ထို သို့ လာ ရောက် တွေ့ ဆုံ ပြော ဆို သူ ကား မည် သို့ သော သူ နည်း ဟု မေး လျှင်
  • 8 သား ရေ ကြမ်း ကို ဝတ် လျက် သား ရေ နု ခါး ပန်း ကို စည်း သူ ဖြစ် ပါ သည် ဟု တင် လျှောက် ကြ သော် ထို သူ ကား တိရှ ဘိ မြို့ သား ဧ လိ ယ ဖြစ် လိမ့် မည် ဟု ဘု ရင် မင်း ဆို ၏။
  • 9 အုပ် ချုပ် သူ နှင့် ငါး ဆယ် တပ် ကို စေ လွှတ်၍ အုပ် ချုပ် သူ သည် တောင် ထိပ် တွင် ထိုင် နေ သော ဧ လိ ယ ထံ ရောက် လျှင် အို ဘု ရား သ ခင့် လူ ယုံ တော်၊ သင် ဆင်း လာ ရန် အ မိန့် တော် ပါ သည် ဟု ဆို ရာ
  • 10 ဧ လိ ယ က၊ ငါ သည် ဘု ရား သ ခင့် လူ ယုံ တော် မှန် လျှင် သင် နှင့် ငါး ဆယ် တပ် ပါ၊ ကောင်း ကင် မှ မီး ကျ ၍ ကျွမ်း လောင် ပါ စေ သော ဟု ပြန် ဆို သော်၊ ကောင်း ကင် မှ မီး ကျ ၍ အုပ် ချုပ် သူ နှင့် ငါး ဆယ် တပ် ပါ ကျွမ်း လောင် လေ ၏။
  • 11 တစ် ဖန် အုပ် ချုပ် သူ နှင့် ငါး ဆယ် တပ် ကို စေ လွှတ်၍ အုပ် ချုပ် သူ က၊ အို ဘု ရား သ ခင့် လူ ယုံ တော်၊ အ ဆော တ လျင် သင် ဆင်း လာ ရန် အ မိန့် တော် ပါ သည် ဟု ဆို ရာ
  • 12 ဧ လိ ယ က၊ ငါ သည် ဘု ရား သ ခင် လူ ယုံ တော် မှန် လျှင် သင် နှင့် ငါး ဆယ် တပ် ပါ ကောင်း ကင် မှ မီး ကျ ၍ ကျွမ်း လောင် ပါ စေ သော ဟု ပြန် ဆို သော်၊ ကောင်း ကင် မှ ဘု ရား သ ခင် ၏ မီး တော် ကျ ၍ အုပ် ချုပ် သူ နှင့် ငါး ဆယ် တပ် ပါ ကျွမ်း လောင် လေ ၏။
  • 13 တ တိ ယ အုပ် ချုပ် သူ နှင့် ငါး ဆယ် တပ် ကို စေ လွှတ် ပြန် သော်၊ ထို အုပ် ချုပ် သူ သည် တက် ပြီး လျှင်၊ ဧ လိ ယ ရှေ့ ဒူး တုပ် လျက် အို ဘု ရား သ ခင့် လူ ယုံ တော်၊ ကျွန် တော် နှင့် ကိုယ် တော့် ကျွန် ထို လူ ငါး ဆယ် တို့ အ သက် ကို အ မြတ် တ နိုး ပြု တော် မူ ပါ။
  • 14 အ ထက် အုပ် ချုပ် သူ တို့ နှင့် ငါး ဆယ် တပ် နှစ် တပ် လုံး ပါ ကောင်း ကင် မှ မီး ကျ၍ ကျွမ်း လောင် လေ စွ။ ကျွန် တော့် အ သက် ကို ကား အ မြတ် တ နိုး ပြု တော် မူ ပါ ဟု တောင်း ပန် လေ ၏။
  • 15 ထာ ဝ ရ ဘု ရား၏ စေ တ မန် တော် က လည်း၊ သူ့ ကို မ ကြောက် လင့်။ အ တူ ဆင်း လိုက် လော့ ဟု ဧ လိ ယ အား မိန့် ဆို သည့် အ တိုင်း ဆင်း လိုက် ၍ ဘု ရင် မင်း အား ဆင့် ဆို သည် မှာ
  • 16 ဣ သ ရေ လ ပြည် ၌ ဗျာ ဒိတ် တော် ကို မေး လျှောက် ရ သော ဘု ရား သ ခင် မ ရှိ သော ကြောင့် ဧ ကြုန် မြို့ ရှိ ဗာ လ ဇေ ဗုပ် ဘု ရား ထံ မေး ရန် သံ တ မန် တို့ ကို စေ လွှတ် ရာ သ လော။ သို့ ဖြစ်၍ သင် သည် ယ ခု နေ သော သာ လွန် ထက် မှ ဆင်း ခွင့် မ ရ။ မု ချ သေ ရ မည် ဟူ သော ထာ ဝ ရ ဘု ရား ဗျာ ဒိတ် တော် ကို ဆင့် ဆို လေ ၏။
  • 17 ဧ လိ ယ ဆင့် ဆို သော ထာ ဝ ရ ဘု ရား ၏ ဗျာ ဒိတ် တော် အ တိုင်း ဘု ရင် မင်း ကွယ် လွန် လျှင် သား တော် မ ရှိ သော ကြောင့် ယော ရံ သည် ယော ရှ ဖတ် မင်း သား တော် ယု ဒ ဘု ရင် ယ ဟော ရံ မင်း နန်း စံ နှစ် နှစ် တွင် အ ရိုက် အ ရာ ၌ နန်း တက် သ တည်း။
  • 18 အာ ခ ဇိ မင်း ပြု မူ စီ ရင် သော အ ကြွင်း အ ကျန် သည် ဣ သ ရေ လ ရာ ဇ ဝင် ၌ ရေး ထား လျက် ရှိ ၏။
回到本卷目录 回到本版本目录 回到首页