၄ ရာ-13

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 အာ ခ ဇိ မင်း သား တော်၊ ယု ဒ ဘု ရင် ယော ရှ မင်း နန်း စံ နှစ် ဆယ့် သုံး နှစ် တွင် ယေ ဟု မင်း သား တော် ယော ခတ် မင်း နန်း တက်၍ ရှ မာ ရိ မြို့၌ ဣ သ ရေ လ နိုင် ငံ ကို ဆယ့် ခု နစ် နှစ် စိုး စံ ရ ရာ၊
  • 2 ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင် ဆိုး သွမ်း မှု ကို ပြု ကျင့် လျက် ဣ သ ရေ လ အ မျိုး အား ပြစ် မှား စေ သော နေ ဗတ် သား ယေ ရော ဗောင် မင်း၏ ပြစ် မှု များ ကို မ စွန့်၊ လိုက် လျှောက် လေ ၏။
  • 3 သို့ ဖြစ်၍ ထာ ဝ ရ ဘု ရား သည် ဣ သ ရေ လ အ မျိုး အ ပေါ် တွင် အ မျက် တော် ထား လျက် ရှု ရိ ဘု ရင် ဟာ ဇေ လ မင်း နှင့် သား တော် ဗ ဟာ ဒဒ် မင်း တို့ လက် တွင်း သို့ အ ဖန် ဖန် အပ် နှင်း တော် မူ ၏။
  • 4 ရှု ရိ ဘု ရင် သည် နင်း နယ် ရာ အ ဖျင်း အ မှုန် ကဲ့ သို့ ဖြစ် သည့် တိုင် အောင် ဣ သ ရေ လ စစ် သည် တို့ ကို ဖျက် ဆီး ရာ ယော ခတ် မင်း တွင် မြင်း စီး သူ ရဲ ငါး ကျိပ်၊ စစ် ရ ထား ဆယ် စီး၊ ခြေ သည် သူ ရဲ တစ် သောင်း မျှ သာ ကျန် ရှိ တော့ သည် ဖြစ်၍ ထာ ဝ ရ ဘု ရား ထံ ယောခတ် မင်း အ သ နား တော် ခံ သော အ ခါ ဣ သ ရေ လ အ မျိုး ခံ ရ သော ရှု ရိ ဘု ရင် နှိပ် စက် ခြင်း ကို ထာ ဝ ရ ဘု ရား ရှု မှတ် သ ဖြင့်၊ နား ညောင်း တော် မူ လျက် ရှု ရိ လက် မှ ထွက် လွတ် စေ ရန် ကယ် ဆယ် သူ့ ကို ပေါ် ထွန်း စေ တော် မူ သော ကြောင့် ဣ သ ရေ လ အ မျိုး သား တို့ သည် ယ မန် နည်း တူ ကိုယ့် အိမ် တွင် နေ ထိုင် ခွင့် ရ ကြ၏။ သို့ ရာ တွင် ဣ သ ရေ လ အ မျိုး အား ပြစ် မှား စေ သော ယေ ရော ဗောင် မင်း မျိုး၏ ပြစ် မှု များ ကို မ စွန့်။ လိုက် လျှောက် သည့် ပြင်၊ ရှ မာ ရိ မြို့ တံ ခွန် တိုင် ကို လည်း ချန် ထား သေး ၏။
  • 5
  • 6
  • 7
  • 8 ယော ခတ် မင်း ပြု မူ စီ ရင် သ မျှ အ ကြွင်း အ ကျန် နှင့် လက် ရုံး ရည် ပါ ဣ သ ရေ လ ရာ ဇ ဝင်၌ ရေး ထား လျက် ရှိ ၏။
  • 9 ယော ခတ် မင်း သည် ဘေး တော်၊ ဘိုး တော် တို့ နှင့် အ တူ ကျိန်း စက် လျက် ရှ မာ ရိ မြို့ တွင် စျာ ပ န ပြု ခြင်း ကို ခံ ရ လျှင် သား တော် ယ ဟော ရှ သည် အ ရိုက် အ ရာ၌ နန်း စံ လေ ၏။
  • 10 ယု ဒ ဘု ရင် ယော ရှ မင်း နန်း စံ သုံး ဆယ့် ခု နစ် နှစ် တွင် ယော ခတ် မင်း သား တော် ယ ဟော ရှ မင်း နန်း တက် ၍ ရှ မာ ရိ မြို့၌ ဣ သ ရေ လ နိုင် ငံ ကို ဆယ့် ခြောက် နှစ် စိုး စံ ရ ရာ
  • 11 ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင် ဆိုး သွမ်း မှု ကို ပြု ကျင့် လျက် ဣ သ ရေ လ အ မျိုး အား ပြစ် မှား စေ သော ပြု ကျင့် လျက် ဣ သ ရေ လ အ မျိုး အား ပြစ် မှား စေ သော နေ ဗတ် သား ယေ ရော ဗောင် မင်း၏ ပြစ် မှု ဟူ သ မျှ ကို မ စွန့်၊ လိုက် လျှောက် လေ၏။
  • 12 ယ ဟော ရှ မင်း ပြု မူ စီ ရင် သ မျှ အ ကြွင်း အ ကျန် နှင့် ယု ဒ ဘု ရင် အာ မ ဇိ မင်း ကို စစ် တိုက် ခြင်း လက် ရုံး ရည် ပါ ဣ သ ရေ လ ရာ ဇ ဝင်၌ ရေး ထား လျက် ရှိ ၏။
  • 13 ယ ဟော ရှ မင်း သည် ဘေး တော် ဘိုး တော် တို့ နှင့် အ တူ ကျိန်း စက် လျက် ရှ မာ ရိ မြို့ ရှိ ဣ သ ရေ လ ဘု ရင် တို့ သင်္ချိုင်း တော် တွင် စျာ ပ န ပြု ခြင်း ကို ခံ ရ လျှင် ယေ ရော ဗောင် နန်း တက် လေ ၏။
  • 14 ဧ လိ ရှဲ သည် ကွယ် လွန် အံ့ သော ဝေ ဒ နာ စွဲ နေ စဉ် အ တွင်း ဣ သ ရေ လ ဘု ရင် ယ ဟော ရှ မင်း လာ ရောက် ပြီး လျှင် အို အ ဘ၊ အ ဘ၊ ဣ သ ရေ လ အား ကိုး ရာ မြင်း နှင့် ယဉ် များ ပါ တ ကား ဟူ၍ ရှေ့ မှောက် တွင် ငို ကြွေး သော်၊
  • 15 ဧ လိ ရှဲ က၊ လေး နှင့် မြှား ကို ကောက် ယူ လော့ ဟု မိန့် ဆို သည့် အ တိုင်း ကောက် ယူ ရာ
  • 16 လေး ကိုင် စွဲ လော့ ဟု မိန့် ဆို ချက် အ ရ ဣ သ ရေ လ ဘု ရင် ကိုင် စွဲ လျှင် ဧ လိ ရှဲ သည် ဘု ရင် မင်း လက် ပေါ် တွင် ကိုယ့် လက် ကို တင် လျက်
  • 17 ရှေ့ ပြူ တင်း ပေါက် ကို ဖွင့် လော့ ဟု မိန့် ဆို သည့် အ လျောက် ဖွင့် လေ၏။ ပစ် လော့ ဟု ဆို ၍ ပစ် လေ သော်၊ ဧ လိ ရှဲ က ရှု ရိ လူ မျိုး ကို အောင် မြင် ရာ မြှား တော်၊ ထာ ဝ ရ ဘု ရား ၏ အောင် မြင် ရာ မြှား တော် ဖြစ် သည် တ ကား။ ရှု ရိ ရဲ မက် တို့ မ ကုန် မ ချင်း၊ အာ ဖက် မြို့ တွင် ဘု ရင် မင်း လုပ် ကြံ ရ လိမ့် မည် ဟု မိန့် ဆို ပြီး နောက်
  • 18 မြှား များ ကို ကောက် ယူ ဦး လော့ ဟု မိန့် ဆို သည် နှင့် ကောက် ယူ သော်၊ ကြမ်း ပျဉ် ကို ရိုက် လော့ ဟု ဆို၍ သုံး ကြိမ် သာ ဣ သ ရေ လ ဘု ရင် ရိုက် သည့် အ တွက် ဘုရား သ ခင့် လူ ယုံ တော် အ မျက် ထွက် လျက် ငါး ကြိမ် ခြောက် ကြိမ် ရိုက် သင့် ပေ၏။
  • 19 ရိုက် က၊ ရှု ရိ ရဲ မက် မ ကုန် မ ချင်း လုပ် ကြံ ရ လေ ပြီ။ ယ ခု မှာ သုံး ကြိမ် သာ လုပ် ကြံ ရ တော့ မည် ဟု မိန့် မှာ လေ၏။
  • 20 ဧ လိ ရှဲ ကွယ် လွန်၍ စျာ ပ န ပြု ခြင်း ကို ခံ ပြီး နောက် လူ သေ တစ် လောင်း ကို သင်္ဂြိုဟ် မည့် ပြု ဆဲ တွင် နှစ် ဦး သ မ ယ တိုင်း ပြည် တော် ကို အ နု ကြမ်း စီး လေ့ ရှိ သော မော ဘ တပ် ကို မြင် သည် နှင့် ဧ လိ ရှဲ၏ သင်္ချိုင်း တွင်း၌ ပင် ပစ် ချ လိုက် ကြ သော်၊ ဧ လိ ရှဲ၏ အ ရိုး များ နှင့် ထိ လျှင် ထိ ချင်း လူ သေ ရှင်၍ ရပ် လေ၏။
  • 21
  • 22 ယော ခတ် မင်း လက် ထက် ကာ လ ပတ် လုံး၊ ဣ သ ရေ လ အ မျိုး ကို ရှု ရိ ဘု ရင် ဟာ ဇေ လ မင်း နှိပ် စက် လေ ၏။
  • 23 သို့ ရာ တွင် ထာ ဝ ရ ဘု ရား သည် အာ ဗြ ဟံ၊ ဣ ဇာက်၊ ယာ ကုပ် တို့ နှင့် ဖွဲ့ ခဲ့ သော ပ ဋိ ညာဉ် ကို ထောက် ၍ ထို လူ မျိုး ကို ဖျက် ဆီး ရန် အ လို တော် မ ရှိ။ မျက် နှာ တော် မူ လျက် မေ တ္တာ ကျေး ဇူး တော် ကို ပြ လျက် ရှေ့ တော် မှ ပယ် ပစ် တော် မ မူ သေး။
  • 24 ရှု ရိ ဘု ရင် ဟာ ဇေ လ မင်း ကွယ် လွန်၍၊ အ ရိုက် အ ရာ၌ သား တော် ဗ ဟာ ဒဒ် မင်း နန်း စံ သည့် ကာ လ
  • 25 ယော ခတ် မင်း သား တော် ယ ဟော ရှ မင်း သည် သုံး ကြိမ် မြောက် လုပ် ကြံ၍ ခ မည်း တော် ယော ခတ် မင်း လက် ထက် သိမ်း ယူ ခံ ရ သော ဣ သ ရေ လ မြို့ ရွာ များ ကို ဗ ဟာ ဒဒ် မင်း လက် မှ ပြန် ရ လေ ၏။
回到本卷目录 回到本版本目录 回到首页