1
ယော ခတ် မင်း သား တော်၊ ဣ သ ရေ လ ဘု ရင် ယ ဟော ရှ မင်း နန်း စံ နှစ် နှစ် တွင်၊ ယု ဒ ဘု ရင် ယော ရှ မင်း သား တော် အာ မ ဇိ မင်း သည်
2
အိမ် နိမ့် နှစ် ဆယ့် ငါး နှစ် ရှိ သော် နန်း တက်၍ ယေ ရု ရှ လင် မြို့၌ နှစ် ဆယ့် ကိုး နှစ် စိုး စံ လေ၏။ မယ် တော့် အ မည် ကား ယေ ရု ရှ လင် မြို့ သူ ယု ဒ္ဒန် တည်း။
3
ထို မင်း သည် ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင် ဖြောင့် မှန် စွာ ပြု ကျင့် သော် လည်း၊ ဘေး တော် ဒါ ဝိဒ် မင်း ကဲ့ သို့ မ ဟုတ်၊ ခ မည်း တော် ယော ရှ မင်း ပြု သ မျှ အ တိုင်း ပြု လျက်
4
မြင့် ရာ ဌာ န များ ကို မ စွန့် မ ပယ်။ ထို ဌာ န များ ၌ လူ ပ ရိ သတ် တို့ သည် ပူ ဇော်၍ မီး ဖြင့် ဆက် ကပ် ကြ သေး ၏။
5
အာ မ ဇိ မင်း သည် အာ ဏာ တော် ခိုင် ခံ့ လျှင် ခိုင် ခံ့ ချင်း၊ ခ မည်း တော် အား လုပ် ကြံ သူ ကျေး ကျွန် တို့ ကို ကွပ် မျက် လေ ၏။
6
ထာ ဝ ရ ဘု ရား၏ ပ ညတ် တော် အ ရ အ ဘ သည် သား၏ ပြစ် မှု ကြောင့်လည်း ကောင်း၊ သား သည် အ ဘ၏ ပြစ် မှု ကြောင့် လည်း ကောင်း၊ သေ ဒဏ် မ ခံ ရ။ မည် သူ မ ဆို၊ ကိုယ့် ပြစ် မှု ကြောင့် သာ သေ ဒဏ် ခံ စေ ဟူ၍ မော ရှေ၏ ပ ည တ္တိ ကျမ်း တွင် ပါ သည် နှင့် အ ညီ ချင်း တို့ သား သ မီး များ ကို ကား မ ကွပ် မျက် ချေ။
7
အာ မ ဇိ မင်း သည် ဧ ဒုံ ရဲ မက် တစ် သောင်း ကို ဆား ချိုင့် တွင် လုပ် ကြံ လျက် သေ လ မြို့ ကို တိုက် ယူ ပြီး လျှင် ယုဿေ လ ဟူ၍ ယ နေ့ တိုင် အောင် သ မုတ် သ တည်း။
8
ထို နောက် ယေ ဟု မင်း မြေး တော်၊ ယော ခတ် မင်း သား တော်၊ ဣ သ ရေ လ ဘု ရင် ယ ဟော ရှ မင်း ထံ ရာ ဇ သံ တို့ ကို စေ လွှတ် ၍ ကျွန်ုပ် တို့ သည် မျက် နှာ ချင်း ဆိုင် ကြ ကုန် အံ့ ဟု အ မှာ တော် သ လိုက် သော်၊
9
ဣ သ ရေ လ ဘု ရင် ယ ဟော ရှ မင်း က၊ လေ ဗ နုန် ဆူးပင် သည် လေ ဗ နုန် သစ် က တိုး ပင် ထံ စေ လွှတ် ၍ သင့် သ မီး ကို ငါ့ သား နှင့် ထိမ်း မြား လော့ ဟု ဆို ခိုက်၊ လေ ဗ နုန် သား ရဲ တစ် စီး လျှောက် သွား ရာ ဆူး ပင် ကို နင်း မိ လေ စွ တ ကား။
10
အ ကြည် တော် သည် ဧ ဒုံ ပြည် ကို အောင် ခဲ့ သော ကြောင့် စိတ် နေ မြင့် လှ၏။ နန်း တော် တွင် စံ လျက် ကိုယ် ကို ဂုဏ် တင် လော့။ အ ကြည် တော် မှ စ၍ ယု ဒ အ လုံး အ ရင်း ပါ ကျ ဆုံး ရန် အ န္တ ရာယ် ကို အ ဘယ် ကြောင့် ရှာ သ နည်း ဟု ယု ဒ ဘု ရင် အာ မ ဇိ မင်း ထံ ရာ ဇ သံ ပြန် လိုက် သော် လည်း
11
အာ မ ဇိ မင်း မ နာ မ ယူ သော ကြောင့် ဣ သ ရေ လ ဘု ရင် ယ ဟော ရှ မင်း စစ် ချီ၍ ယု ဒ ပြည်၊ ဗက် ရှေ မက် မြို့ အ နီး၊ မင်း နှစ် ပါး မျက် နှာ ချင်း ဆိုင် ကြ သော အ ခါ
12
ယု ဒ အ လုံး အ ရင်း တို့ သည် ဣ သ ရေ လ အ လုံး အ ရင်း ရှေ့၊ ရှုံး နိမ့် လျက်၊ ကိုယ့် အိမ် သို့ အ သီး အ သီး ဆုတ် ပြေး ကြ ၏။
13
ဣ သ ရေ လ ဘု ရင် ယ ဟော ရှ မင်း သည် အာ ခ ဇိ မင်း မြေး တော်၊ ယော ရှ မင်း သား တော်၊ ယု ဒ ဘု ရင် အာ မ ဇိ မင်း ကို ဗက် ရှေ မက် မြို့ တွင် ဖမ်း မိ၏။ ယေ ရု ရှ လင် မြို့ သို့ ချီ သွား လျက် ဧ ဖ ရိမ် တံ ခါး မှ ထောင့် တံ ခါး တိုင် အောင် မြို့ ရိုး အ တောင် လေး ရာ ကို ဖြို ဖျက် ပြီး လျှင်
14
ဗိ မာန် တော်၊ နန်း တော်၊ ဘ ဏ္ဍာ တိုက် ရှိ ရွှေ ငွေ စ သော အ သုံး အ ဆောင် ရှိ သ မျှ နှင့် ပြည် ရေး အ တွက် အာ မ ခံ တို့ ကို ယူ ပြီး မှ ရှ မာ ရိ မြို့ သို့ ပြန် ချီ လေ ၏။
15
ယ ဟော ရှ မင်း ပြု မူ စီ ရင် သော အ ကြွင်း အ ကျန်၊ ယု ဒ ဘု ရင် အာ မ ဇိ မင်း နှင့် ဖြစ် သော စစ် ရေး၊ လက် ရုံး ရည် ပါ ဣ သ ရေ လ ရာ ဇ ဝင်၌ ရေး ထား လျက် ရှိ ၏။
16
ယ ဟော ရှ မင်း သည် ဘေး တော် ဘိုး တော် တို့ နှင့် အ တူ ကျိန်း စက် လျက် ရှ မာ ရိ မြို့ ရှိ ဣ သ ရေ လ ဘု ရင် တို့ သင်္ချိုင်း တော် တွင် စျာ ပ န ပြု ခြင်း ကို ခံ ရ လျှင် သား တော် ယေ ရော ဗောင် သည် အ ရိုက် အ ရာ၌ နန်း စံ လေ ၏။
17
ယော ခတ် မင်း သား တော်၊ ဣ သ ရေ လ ဘု ရင် ယ ဟော ရှ မင် ကွယ် လွန် ပြီး နောက်၊ ယော ရှ မင်း သား တော်၊ ယုဒ ဘု ရင် အာ မ ဇိ မင်း သည် စည်း စိမ် တော် ဆယ့် ငါး နှစ် ခံ စား ရ သေး ၏။
18
အာ မ ဇိ မင်း စီ ရင် သော အ ကြွင်း အ ကျန် သည် ယု ဒ ရာ ဇ ဝင် တွင် ရေး ထား လျက် ရှိ ၏။
19
ယေ ရု ရှ လင် မြို့၌ အ တွင်း မီး ထ ကြ သည့် အ တွက် ပြေး ခို ရာ၊ လာ ခိ ရှ မြို့ သို့ စေ လွှတ် လုပ် ကြံ ပြီး မှ အ လောင်း တော် ကို
20
ယေ ရု ရှ လင် မြို့ သို့ မြင်း နှင့် တင် ဆောင် လျက် ဒါ ဝိဒ် မြို့ တော် ရှိ ဘေး တော် ဘိုး တော် တို့ သင်္ချိုင်း တော် တွင် စျာ ပ န ပြု ကြ ပြီး လျှင်၊
21
ယု ဒ နိုင် ငံ သား တို့ သည် အိမ် နိမ့် ဆယ့် ခြောက် နှစ် ရှိ သော သြ ဇိ ကို ခ မည်း တော် အာ မ ဇိ မင်း အ ရိုက် အ ရာ၌ မင်း မြှောက် ကြ လေ ၏။
22
ထို မင်း သည် ဘေး တော် ဘိုး တော် တို့ နှင့် အ တူ အ ထက် ဘု ရင် ကျိန်း စက် ပြီး နောက် ဧ လတ် မြို့ ကို ယု ဒ နိုင် ငံ အ ဝင် ပြန် ဖြစ် စေ လျက် ပြု စု လေ ၏။
23
ယော ရှ မင်း သား တော် ယု ဒ ဘု ရင် အာ မ ဇိ မင်း နန်း စံ ဆယ့် ငါး နှစ် တွင် ဣ သ ရေ လ ဘု ရင် ယ ဟော ရှ မင်း သား တော့် ယေ ရော ဗောင် မင်း နန်း တက် ၍ ရှ မာ ရိ မြို့၌၊ လေး ဆယ့် တစ် နှစ် စိုး စံ ရာ
24
ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင် ဆိုး သွမ်း မှု ကို ပြု ကျင့် လက် ဣ သ ရေ လ အ မျိုး အား ပြစ် မှား စေ သော နေ ဗတ် သား ယေ ရော ဗောင် မင်း ၏ ပြစ် မှု ဟူ သ မျှ ကို မ စွန့် ချေ။
25
ဂါ သေ ဖာ မြို့ နေ၊ အ မိ တ္တဲ သား၊ ကျွန် တော် ရင်း ပ ရော ဖက် ယော န အား ဖြင့် ဣ သ ရေ လ လူ မျိုး ၏ ဘု ရား သ ခင် ထာ ဝ ရ ဘုရား ထား တော် မူ ခဲ့ သော ဗျာ ဒိတ် တော် အ တိုင်း ဣ သ ရေ လ နယ် နိ မိတ် ကို ဟာ မတ် မြို့ လမ်း ဝ မှ စ ၍ အ ရာ ဗာ အိုင် တိုင် အောင် ယေ ရော ဗောင် ပြန် သိမ်း ရ ခြင်း ကား၊
26
ဣ သ ရေ လ နိုင် ငံ တွင် အ ကျဉ်း သား၊ အ လွတ် သား မ ကျန်၊ မ စ နိုင် သူ တစ် ယောက် မျှ မ ရှိ ဘဲ၊ ပြင်း ပြ စွာ ရှုတ် ချ ခံ ရ သည် ကို ရှု မှတ် တော် မူ သော ထာ ဝ ရ ဘု ရား သည်
27
ဣ သ ရေ လ အ မျိုး ကို ကောင်း ကင် အောက် မှ အ မည် ပါ မ ကျေ မ ပျောက် စေ ရန် ကြံ ရွယ် တော် မူ လျက် ယ ဟော ရှ မင်း သား တော် ယေ ရော ဗောင် မင်း လက် ရုံး ရည် ဖြင့် ကယ် ဆယ် တော် မူ သ တည်း။
28
ယေ ရော ဗောင် မင်း ပြု မူ စီ ရင် သ မျှ အ ကြွင်း အ ကျန် လက် ရုံး ရည်၊ စစ် ရေး၊ ယု ဒ နိုင် ငံ အ ဝင် ဟာ မတ် မြို့ နှင့် ဒ မာ သက် မြို့ ကို ဣ သ ရေ လ အ မျိုး အ ဖို့ ပြန် သိမ်း ခြင်း များ ပါ ဣ သ ရေ လ ရာ ဇ ဝင် တွင် ရေး ထား လျက် ရှိ ၏။
29
ယေ ရော ဗောင် မင်း သည် ဣ သ ရေ လ ဘု ရင် ဖြစ် သော ဘေး တော် ဘိုး တော် တို့ နှင့် အ တူ ကျိန်း စက် လျှင် သား တော် ဇာ ခ ရိ သည် အ ရိုက် အ ရာ ၌ နန်း စံ လေ ၏။