၄ ရာ-15

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ဣ သ ရေ လ ဘု ရင် ယေ ရော ဗောင် မင်း နန်း စံ နှစ် ဆယ့် ခု နစ် နှစ် တွင် ယု ဒ ဘု ရင် အာ မ ဇိ မင်း သား တော် သြ ဇိ မင်း သည်
  • 2 အိမ် နိမ့် ဆယ့် ခြောက် နှစ် ရှိ သော်၊ နန်း တက်၍ ယေ ရု ရှ လင် မြို့၌ ငါး ဆယ့် နှစ် နှစ် စိုး စံ လေ၏။ မယ် တော့် အ မည် ကား ယေ ရု ရှ လင် မြို့ သူ ယေ ခေါ လိ တည်း။
  • 3 ထို မင်း သည် ခ မည်း တော် အာ မ ဇိ မင်း ပြု သ မျှ အ တိုင်း ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင် ဖြောင့် မှန် စွာ ပြု ကျင့် သော် လည်း
  • 4 မြင့် ရာ ဌာ န များ ကို မ စွန့် မ ပယ်၊ ထို ဌာ န များ၌ လူ ပ ရိ သတ် တို့ သည် ပူ ဇော်၍ မီး ဖြင့် ဆက် ကပ် ကြ သေး ၏။
  • 5 ထာ ဝ ရ ဘု ရား ဒဏ် ခတ် တော် မူ သ ဖြင့် ဘု ရင် မင်း သည် အ သက် ထက် ဆုံး၊ နူ နာ စွဲ သည့် အ တွက် စံ နန်း ဆောင် တွင် သီး ခြား စံ နေ ရ လျှင် သား တော် ယော သံ သည် နန်း တော်၊ နိုင် ငံ တော် ကို အုပ် စိုး စီ ရင် ရ ၏။
  • 6 သြ ဇိ မင်း ပြု မူ စီ ရင် သ မျှ အ ကြွင်း အ ကျန် သည် ယု ဒ ရာ ဇ ဝင်၌ ရေး ထား လျက် ရှိ ၏။
  • 7 သြ ဇိ မင်း သည် ဘေး တော် ဘိုး တော် တို့ နှင့် အ တူ၊ ကျိန်း စက် လျက် ဒါ ဝိဒ် မြို့ တော် ရှိ သင်္ချိုင်း တော် တွင် စျာ ပ န ပြု ခြင်း ကို ခံ ရ လျှင် သား တော် ယော သံ သည် အ ရိုက် အ ရာ၌ နန်း စံ လေ ၏။
  • 8 ယု ဒ ဘု ရင် သြ ဇိ မင်း နန်း စံ သုံး ဆယ့် ရှစ် နှစ် တွင် ယေ ရော ဗောင် မင်း သား တော် ဇာ ခ ရိ မင်း သည် ရှ မာ ရိ မြို့၌ ဣ သ ရေ လ နိုင်ငံ ကို ခြောက် လ သာ စိုး စံ ရ ရာ၊ ဘေး တော် ဘိုး တော် တို့ အ လိုက်
  • 9 ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင် ဆိုး သွမ်း မှု ကို ပြု ကျင့် လျက် ဣ သ ရေ လ အ မျိုး အား ပြစ် မှား စေ သော နေ ဗတ် သား ယေ ရော ဗောင် မင်း၏ ပြစ် မှု များ ကို မ စွန့် ချေ။
  • 10 ယာ ဗက် သား ရှ လ္လုံ သည် အ တွင်း မီး ထ လျက် လူ ပ ရိ သတ် ရှေ့၊ ထို မင်း ကို လုပ် ကြံ ကွပ် မျက်၍ အ ရိုက် အ ရာ ၌ နန်း တက် လေ ၏။
  • 11 ဇာ ခ ရိ မင်း စီ ရင် သော အ ကြွင်း အ ကျန် သည် ဣ သ ရေ လ ရာ ဇ ဝင် ရေး ထား လျက် ရှိ၏။
  • 12 ထို အ ခြင်း အ ရာ ကား၊ ဣ သ ရေ လ ရာ ဇ ပ လ္လင် ထက်၊ သင့် သား မြေး လေး ဆက် မြောက်၊ စိုး စံ ခွင့် ရ လိမ့် မည် ဟူ၍ ယေ ဟု အား ထာ ဝ ရ ဘု ရား ထား တော် မူ ခဲ့ သော ဗျာ ဒိတ် တော် အ တိုင်း ဖြစ် သ တည်း။
  • 13 ယု ဒ ဘု ရင် သြ ဇိ မင်း နန်း စံ သုံး ဆယ့် ကိုး နှစ် တွင် ယာ ဗက် သား ရှ လ္လုံ မင်း နန်း တက်၍ ရှ မာ ရိ မြို့၌ တစ် လ သာ စိုး စံ မိ လျှင် ဂါဒိ သား မေ န ဟင် သည်
  • 14 တိ ရ ဇာ မြို့ မှ ရှ မာ ရိ မြို့ သို့ ချီ လျက် ယာ ဗက် သား ရှ လ္လုံ မင်း ကို ၄င်း မြို့ တွင် လုပ် ကြံ ကွပ် မျက်၍ အ ရိုက် အ ရာ ၌ နန်း တက် လေ ၏။
  • 15 ရှ လ္လုံ မင်း စီ ရင် သော အ ကြွင်း အ ကျန် နှင့် အ တွင်း မီး ထ ခြင်း ပါ ဣ သ ရေ လ ရာ ဇ ဝင် တွင် ရေး ထား လျက် ရှိ ၏။
  • 16 တိ ရ ဇာ မြို့ မှ ချီ လာ သော မေ န ဟင် မင်း သည် ဖွင့် မ ပေး သော တိ ဖ သ မြို့ နှင့် ဆင် ခြေ ဖုံး များ ကို နေ သူ တို့ ပါ လုပ် ကြံ လျက် ကိုယ် ဝန် ဆောင် မိန်း မ တို့ ကို ခွဲ ဖောက် လေ ၏။
  • 17 ယု ဒ ဘု ရင် သြ ဇိ မင်း နန်း စံ သုံး ဆယ့် ကိုး နှစ် တွင် ဂါ ဒိ သား မေ န ဟင် မင်း နန်း တက်၍ ရှ မာ ရိ မြို့၌ ဣ သ ရေ လ နိုင် ငံ ကို ဆယ် နှစ် စိုး စံ ရာ
  • 18 ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင် ဆိုး သွမ်း မှု ကို ပြု ကျင့် လျက် ဣ သ ရေ အ မျိုး အား ပြစ် မှား စေ သော နေ ဗတ် သား ယေ ရော ဗောင် မင်း၏ ပြစ် မှု များ ကို တစ် သက် ပတ် လုံး မ စွန့် ချေ။
  • 19 ပြည် တော် ကို အာ ရှု ရိ ဘု ရင် ပု လ မင်း တိုက် လာ သော်၊ မေ န ဟင် မင်း က ပုလ မင်း၏ လက် ရုံး ရည် ဖြင့် ကိုယ့် အာ ဏာ ခိုင် ခံ့ စေ ခြင်း ငှာ၊ ငွေ ချိန် ခွက် သုံး သောင်း ကို ဆက် သွင်း သ ဖြင့်၊
  • 20 အာ ရှု ရိ ဘု ရင် သည် မ ရပ် တန့် ဘဲ ကိုယ့် ပြည် သို့ ဆုတ် ပြန် လေ၏။ အာ ရှု ရိ မင်း ထံ ဆက် သွင်း သော ပ ဏ္ဏာ ငွေ မှာ ဣ သ ရေ လ သူ ဌေး သူ ကြွယ် အ သီး အ သီး တို့ မှ ငွေ အ ကျပ် ငါး ဆယ် စီ၊ မေ န ဟင် မင်း ကောက် ခံ သ တည်း။
  • 21 မေ န ဟင် မင်း ပြု မူ စီ ရင် သ မျှ အ ကြွင်း အ ကျန် သည် ဣ သ ရေ လ ရာ ဇ ဝင် တွင် ရေး ထား လျက် ရှိ ၏။
  • 22 မေ န ဟင် မင်း သည် ဘေး တော် ဘိုး တော် တို့ နှင့် အ တူ ကျိန်း စက် လျှင် သား တော် ပေ က ဟိ သည် အ ရိုက် အ ရာ၌ နန်း စံ လေ၏။
  • 23 ယု ဒ ဘု ရင် သြ ဇိ မင်း နန်း စံ ငါး ဆယ် တွင် မေ န ဟင် မင်း သား တော် ပေ က တိ မင်း နန်း တက်၍ ရှ မာ ရိ မြို့၌ ဣ သ ရေ လ နိုင် ငံ ကို နှစ် နှစ် စိုး စံ ရာ
  • 24 ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင် ဆိုး သွမ်း မှု ကို ပြု ကျင့် လျက် ဣ သ ရေ လ အ မျိုး အား ပြစ် မှား စေ သော နေ ဗတ် သား ယေ ရော ဗောင် မင်း၏ ပြစ် မှု များ ကို မ စွန့် ချေ။
  • 25 စစ် ကဲ ဖြစ် သူ၊ ရေ မ လိ သား ပေ ကာ သည် အာ ဂေါ ဘ၊ အ ရေ ဟ မှ စ၍ ဂိ လဒ် နယ် သား ငါး ကျိပ် ပါ အ တွင်း မီး ထ လျက်၊ ရှ မာ ရိ မြို့ ရှိ မြေ နန်း ဆောင် တွင် ထို မင်း ကို လုပ် ကြံ ကွပ် မျက် ပြီး လျှင် အ ရိုက် အ ရာ ဤ နန်း တက် လေ ၏။
  • 26 ပေ က တိ မင်း ပြု မူ စီ ရင် သ မျှ အ ကြွင်း အ ကျန် သည် ဣ သ ရေ လ ရာ ဇ ဝင် တွင် ရေး ထား လျက် ရှိ ၏။
  • 27 ယု ဒ ဘု ရင် သြ ဇိ မင်း နန်း စံ ငါး ဆယ့် နှစ် နှစ် တွင် ရေ မ လိ သား ပေ ကာ မင်း နန်း တက် ၍ ရှ မာ ရိ မြို့၌ ဣ သ ရေ လ နိုင် ငံ ကို နှစ် ပေါင်း နှစ် ဆယ် စိုး စံ ရ ရာ
  • 28 ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင် ဆိုး သွမ်း မှု ကို ပြု ကျင့် လျက် ဣ သ ရေ လ အ မျိုး အား ပြစ် မှား စေ သော နေ ဗတ် သား ယေ ရော ဗောင် မင်း၏ ပြစ် မှု များ ကို မ စွန့် ချေ။
  • 29 ဣ သ ရေ လ ဘု ရင် ပေ ကာ မင်း လက် ထက်၊ အာ ရှု ရိ ဘု ရင် တိ ဂ လတ် ပိ လေ သာ မင်း ချီ လာ၍ ဣ ယုန်၊ အာ ဗေ လ ဗက် မာ ခါ၊ ယာ နော၊ ကေ ဒေ ရှ၊ ဟာ ဇော် မြို့ များ နှင့် တ ကွ ဂိ လဒ်၊ ဂါ လိ လဲ၊ နဿ လိ နယ် များ ကို သိမ်း ယူ လျက် ပြည် သူ ပြည် သား တို့ ကို အာ ရှု ရိ ပြည် သို့ သုံ့ ဘမ်း သိမ်း သွား လေ ၏။
  • 30 သြ ဇိ မင်း သား တော် ယော သံ မင်း နန်း စံ နှစ် ဆယ် တွင် ဧ လာ့ သား ဟော ရှေ သည် အ တွင်း မီး ထ လျက် ရေ မ လိ သား ပေ ကာ မင်း ကို လုပ် ကြံ ကွပ် မျက်၍ အ ရိုက် အ ရာ၌ နန်း တက် လေ ၏။
  • 31 ပေ ကာ မင်း ပြု မူ စီ ရင် သ မျှ အ ကြွင်း အ ကျန် သည် ဣ သ ရေ လ ရာ ဇ ဝင် တွင် ရေး ထား လျက် ရှိ ၏။
  • 32 ရေ မ လိ သား၊ ဣ သ ရေ လ ဘု ရင် ပေ ကာ မင်း နန်း စံ နှစ် နှစ် တွင် ယု ဒ ဘု ရင် သြ ဇိ မင်း သား တော် ယော သံ မင်း သည်
  • 33 အိမ် နိမ့် နှစ် ဆယ် ငါး နှစ် ရှိ သော်၊ နန်း တက်၍ ယေ ရု ရှ လင် မြို့၌ ဆယ့် ခြောက် နှစ် စိုး စံ လေ၏။ မယ် တော့် အ မည် ကား ဇာ ဒတ် သ မီး ယေ ရု ရှာ တည်း။
  • 34 ထို မင်း သည် ခ မည်း တော် သြ ဇိ မင်း ပြု သ မျှ အ တိုင်း ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင် ဖြောင့် မှန် စွာ ပြု သော် လည်း၊
  • 35 မြင့် ရာ ဌာ န များ ကို မ စွန့် မ ပယ်။ ထို ဌာ န များ ၌ လူ ပ ရိ သတ် တို့ သည် ပူ ဇော်၍ မီး ဖြင့် ဆက် ကပ် ကြ သေး ၏။ ဗိ မာန် တော် တံတိုင်း အ ထက် တံ ခါး ကို လည်း ထို မင်း ပြင် ဆင် လေ ၏။
  • 36 ယော သံ မင်း ပြု မူ စီ ရင် သ မျှ အ ကြွင်း အ ကျန် သည် ယု ဒ ရာ ဇ ဝင်၌ ရေး ထား လျက် ရှိ ၏။
  • 37 လက် ထက် တော် တွင် ရှု ရိ ဘု ရင် ရေ ဇိန် မင်း နှင့် ဣ သ ရေ လ ဘု ရင် ရေ မ လိ သား ပေ ကာ မင်း တို့ ကို၊ ယု ဒ ပြည် သို့ ထာ ဝ ရ ဘု ရား ရန် စ ချီ စေ တော် မူ ၏။
  • 38 ယော သံ မင်း သည် ဘေး တော် ဘိုး တော် တို့ နှင့် အ တူ ကျိန်း စက် လျက် ဘေး တော် ဒါ ဝိဒ် မြို့ တော် ရှိ သင်္ချိုင်း တော် တွင် စျာ ပ န ပြု ခြင်း ကို ခံ ရ လျှင် သား တော် အာ ခတ် သည် အ ရိုက် အ ရာ၌ နန်း စံ လေ ၏။
回到本卷目录 回到本版本目录 回到首页