1
ဧ လိ ယ ကို ကောင်း ကင် သို့ လေ ဘွေ အား ဖြင့် ထာ ဝ ရ ဘု ရား ဆောင် ယူ တော် မူ ချိန် နီး သော ကာ လ ဧ လိ ယ သည် ဧ လိ ရှဲ နှင့် အ တူ ဂိ လ ဂါ လ မြို့ မှ ထွက် သွား မည့် ပြု ရာ
2
ဧ လိ ယ က၊ ဤ တွင် နေ ရစ် လော့၊ ငါ့ ကို ဗေ သ လ မြို့ သို့ ထာ ဝ ရ ဘု ရား စေ လွှတ် တော် မူ သည် ဟု ဧ လိ ရှဲ အား ဆို လျှင် ထာ ဝ ရ ဘု ရား အ သက် တော် နှင့် ကိုယ် တော့် အ သက် ရှင် သည့် အ တိုင်း တ ပည့် တော် သည် ကိုယ် တော် နှင့် မ ခွဲ ပါ ဟု ပြန် ပြော လျက် ဗေ သ လ မြို့ ရောက် သွား ကြ ၏။
3
ထို မြို့ ၌ ရှိ သော ပ ရော ဖက် ဂိုဏ်း သား တို့ သည် ဧ လိ ရှဲ ထံ ထွက် လာ လျက် ကိုယ် တော့် အ ရှင် ကို ကိုယ် တော့် ဦး ထိပ် ထက် မှ ယ နေ့ ထာ ဝ ရ ဘု ရား ရုပ် သိမ်း တော် မူ မည် ကို သိ ပါ ၏ လော ဟု မေး ကြ သော်၊ ငါ သိ လှ၏။ ဆိတ် ဆိတ် နေ ကြ လော့ ဟု ပြန် ဆို လေ ၏။
4
ဧ လိ ယ က လည်း၊ အို ဧ လိ ရှဲ၊ ဤ တွင် နေ ရစ် လော့။ ငါ့ ကို ယေ ရိ ခေါ မြို့ သို့ ထာ ဝ ရ ဘု ရား စေ လွှတ် တော် မူ သည် ဟု ဆို လျှင် ထာ ဝ ရ ဘု ရား အ သက် တော် နှင့် ကိုယ် တော့် အ သက် ရှင် သည့် အ တိုင်း တ ပည့် တော် သည် ကိုယ် တော် နှင့် မ ခွဲ ပါ ဟု ပြန် ပြော လျက် ယေ ရိ ခေါ မြို့ ရောက် သွား ကြ ၏။
5
ထို မြို့ ၌ ရှိ သော ပ ရော ဖက် ဂိုဏ်း သား တို့ လည်း ဧ လိ ရှဲ ထံ ချဉ်း လာ လျက် ကိုယ် တော့် အ ရှင် ကို ကိုယ် တော့် ဦး ထိပ် ထက် မှ ယ နေ့ ထာ ဝ ရ ဘု ရား ရုပ် သိမ်း တော် မူ မည် ကို သိ ပါ ၏ လော ဟု မေး ကြ သော်၊ ငါ သိ လှ ၏။ ဆိတ် ဆိတ် နေ ကြ လော့ ဟု ပြန် ဆို လေ ၏။
6
ဧ လိ ယ က လည်း၊ ဤ တွင် နေ ရစ် လော့။ ငါ့ ကို ယော် ဒန် မြစ် သို့ ထာ ဝ ရ ဘုရား စေ လွှတ် တော် မူ သည် ဟု ဆို လျှင် ထာ ဝ ရ ဘု ရား အ သက် တော် နှင့် ကိုယ် တော့် အ သက် ရှင် သည့် အ တိုင်း တ ပည့် တော် သည် ကိုယ် တော် နှင့် မ ခွဲ ပါ ဟု ပြန် ပြော လျက် နှစ် ပါး လုံး ပင် ယော် ဒန် မြစ် ရောက် သွား မြဲ သွား ၍ ရပ် နေ ကြ ရာ
7
ပ ရော ဖက် ဂိုဏ်း သား ငါး ကျိပ် တို့ ထွက် လာ လျက် အ ဝေး က ရပ် ကြည့် နေ စဉ်
8
ဧ လိ ယ သည် ကိုယ့် သင်္ကန်း ကို ချွတ် ယူ ခေါက် လိပ် ပြီး လျှင် မြစ် ရေ ကို ရိုက် သော်၊ ရေ ဝဲ ယာ ကွဲ၍ နှစ် ပါး လုံး ပင် ကြည်း ကြောင်း ကူး သွား ရ ကြ ၏။
9
မြစ် တစ် ဘက် သို့ ရောက် ကြ သော အ ခါ ဧ လိ ယ က၊ သင် နှင့် ခွဲ၍ ငါ့ ကို ရုပ် သိမ်း တော် မ မူ မီ၊ ငါ့ ထံ ဆု ကျေး ဇူး ကို တောင်း လော့ ဟု ဧ လိ ရှဲ အား ဆို လျှင် ကိုယ် တော့် ဉာဏ် ဝိ ညာဉ် အ နက် သြ ရ သ အ မွေ ကို တ ပည့် တော့် အ ပေါ် တွင် တည် ပါ စေ သော ဟု တောင်း သော်၊
10
ဧ လိ ယ က၊ ခဲ ယဉ်း သော ဆု ကို သင် တောင်း လေ စွ။ သင့် မျက် မှောက် တွင် ငါ့ ကို ရုပ် သိမ်း တော် မူ ခဲ့ လျှင် ရ လိမ့် သ တည်း ဟု ဆို၏။
11
ထို သို့ ပြော ဆို လျက် သွား မြဲ သွား ကြ စဉ်၊ မီး လျှံ ဖြင့် ပြီး သော မြင်း နှင့် ယဉ် များ ပေါ် လာ လျက် နှစ် ပါး ကို ခွဲ ခွာ၍ လေ ဘွေ အား ဖြင့် ကောင်း ကင် သို့ ဧ လိ ယ တက် ရ သည် ကို ဧ လိ ရှဲ မြင် လျှင်
12
အို အ ဘ၊ အ ဘ၊ ဣ သ ရေ လ အား ကိုး ရာ မြင်း နှင့် ယာဉ် များ ပါ တ ကား ဟု ဟစ် လေ၏။ ဧ လိ ယ ကွယ် ပျောက် သ ဖြင့် ကိုယ့် အ ဝတ် ကို ကိုင်၍ နှစ် ပိုင်း ဆုတ် ဖြတ် ပြီး နောက်
13
ဧ လိ ယ မှ ကျ ခဲ့ သော သင်္ကန်း ကို ကောက် ယူ ပြန် သွား ရာ ယော် ဒန် မြစ် ကမ်း တွင် ရပ် လျက်
14
ဧ လိ ယ ကိုး ကွယ် သော ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကား အ ဘယ် မှာ နည်း ဟု ဆို လျက် ဧ လိ ယ မှ ကျ ခဲ့ သော သင်္ကန်း နှင့် ရေ ကို ရိုက် သော် ရေ ဝဲ ယာ ကွဲ၍ ဧ လိ ရှဲ ကူး သွား ရ၏။
15
ယေ ရိ ခေါ မြို့ နေ ပ ရော ဖက် ဂိုဏ်း သား တို့ သည် ဧ လိ ရှဲ ကို ရပ် ကြည့်၍ မြင် ကြ သော် ဧ လိ ရှဲ အ ပေါ် တွင် ဧ လိ ယ၏ ဉာဏ် ဝိ ညာဉ် ကိန်း ဝပ် ပြီ ဟု ဆို၍ ခ ရီး ဦး ကြို ဆို လျက် ပျပ် ဝပ် ရှိ ခိုး ကြ ပြီး နောက်
16
တ ပည့် တော် တို့၌ စွမ်း ရည် ကောင်း သူ ငါး ကျိပ် ရှိ ပါ၏။ ကိုယ် တော့် အ ရှင် ကို လိုက် ရှာ ကြ ပါ စေ။ ထာ ဝ ရ ဘု ရား၏ ဝိ ညာဉ် တော် ချီ မ၍ တောင် ပေါ် သို့ ဖြစ် စေ၊ ချိုင့် ထဲ သို့ ဖြစ် စေ၊ တစ် နေ ရာ ရာ၌ ချ ကောင်း ချ ပါ လိမ့် မည် ဟု ဆို ကြ လျှင် ဧ လိ ရှဲ က မ လွှတ် နှင့် ဟု မြစ် တား သော် လည်း၊
17
အ ထပ် ထပ် ခွင့် တောင်း သည် နှင့် အား နာ သော ကြောင့် စေ လွှတ် ကြ ဟု ခွင့် ပြု ရ၏။ စေ လွှတ် သော လူ ငါး ကျိပ် တို့ သည် သုံး ရက် တိုင် တိုင် ရှာ၍ မ တွေ့ သ ဖြင့်
18
ယေ ရိ ခေါ မြို့ တွင် ရှိ သေး သော ဧ လိ ရှဲ ထံ ပြန် လာ ကြ သော အ ခါ မ သွား လင့် ဟူ၍ ငါ မြစ် တား သည် မ ဟုတ် လော ဟု ဆို၏။
19
ထို နောက် ယေ ရိ ခေါ မြို့ သား တို့ က၊ အ ရှင် မြင် တော် မူ သည့် အ တိုင်း ဤ မြို့ တည် ရာ ဌာ န သည် သာ ယာ ပါ၏။ သို့ ရာ တွင် ရေ မ ကောင်း သည့် အ တွက် နေ သူ တို့ သား ပျက် တတ် ပါ သည် ဟု ဧ လိ ရှဲ အား လျှောက် ကြ လျှင်
20
အိုး သစ် တစ် လုံး ကို ဆား ထည့်၍ ယူ ခဲ့ ကြ လော့ ဟု မိန့် ဆို သည့် အ လျောက် ယူ ခဲ့ ကြ ရာ
21
ဧ လိ ရှဲ သည် စမ်း ရေ တွင်း သို့ သွား၍ ဆား ခတ် လျက် ထို ရေ ကို ငါ ဥပဒ် ကင်း စေ ပြီ။ နောက် တစ် ဖန် သေ ဘေး၊ သား ပျက် ခြင်း ဘေး မ ရှိ ရ ဟု ထာ ဝ ရ ဘု ရား ဗျာ ဒိတ် ထား တော် မူ ကြောင်း ဆင့် ဆို သည့် အ တိုင်း
22
ထို ရေ သည် ယ နေ့ တိုင် အောင် ဥ ပဒ် ကင်း လေ သ တည်း။
23
ထို မြို့ မှ ဗေ သ လ မြို့ သို့ သွား စဉ် တွင် လု လင် ငယ် တို့ သည် မြို့ တွင်း မှ ထွက်၍ ဟေ့ ဦး ပြည်း။ သွား လော့။
24
ဟေ့ ဦး ပြည်း။ သွား လော့ ဟု ပြောင် လှောင် ကြ ရာ ဧ လိ ရှဲ လှည့် ကြည့် လျက် ထာ ဝ ရ ဘု ရား၏ နာ မ တော် ကို တိုင် တည်၍ ဓိ ဌာန် လျှင် တော နက် မှ ဝံ မ နှစ် ကောင် ထွက် လာ သ ဖြင့်၊ လု လင် လေး ကျိပ် နှစ် ယောက် တို့ ကို ဆွဲ ဖြတ် လေ၏။
25
ဧ လိ ရှဲ သည် ထို မြို့ မှ က ရ မေ လ တောင် သို့ သွား ပြီး လျှင် ရှ မာ ရိ မြို့ ရောက် ပြန် သွား လေ၏။