1
အာ ခ ဇိ မင်း ၏ မယ် တော် အာ သ လိ သည် သား တော် ကွယ် လွန် ကြောင်း သိ လျှင် မင်း မျိုး မင်း နွယ် အ ပေါင်း တို့ ကို သုတ် သင် လေ ၏။
2
သို့ ရာ တွင် အာ ခ ဇိ မင်း၏ နှ မ တော်၊ ယ ဟော ရံ မင်း၏ သ မီး တော် ယော ရှေ ဘ သည် ကွပ် မျက် ခံ ရ သူ မင်း ညီ မင်း သား တို့ အ နက် အာ ခ ဇိ မင်း သား တော် ယော ရှ ကို လျှို့ တ ဝှက် ယူ၍၊ အ သက် ဘေး မှ ချမ်း သာ စေ ခြင်း ငှါ အာ သ လိ မျက် ကွယ်၊ စက် ခန်း ဆောင် တွင် အ ထိန်း တော် ပါ ဝှက် ထား လေ ၏။
3
ပြည် တော် ကို အာ သ လိ စိုး စံ စဉ်၊ အ ရီး တော် နှင့် အ တူ ဗိ မာန် တော် တွင် ခြောက် နှစ် တိုင် တိုင် ယော ရှ ပုန်း နေ ရ လေ ၏။
4
ခု နစ် နှစ် မြောက် သော အ ခါ ယော ယ ဒ သည် ကိုယ် ရံ တော် ရဲ မက် နှင့် ရှေ့ တော် ပြေး ရဲ မက် တပ် မှူး တို့ ကို ဗိမာန် တော် တွင်း သို့ ခေါ် သွင်း ၍ ပ ဋိ ညာဉ် ဖွဲ့ ခြင်း၊ သ စ္စာ ဆို ခြင်း ကို ပြု စေ ပြီး မှ မင်း သား ကို ထုတ် ပြ လျက်
5
သင် တို့ ဆောင် ရွက် ကြ ရ သည် မှာ ဥ ပုသ် နေ့ တွင် ဝင် စောင့် ရ သော သင် တို့ အ နက် နန်း တော် ကို တစ် စု၊
6
သု ရ တံ ခါး တော် ကို တစ် စု၊ ကင်း တံ ခါး တော် ကို တစ် စု၊ ခွဲ ဝေ စောင့် ကြပ်၍ နန်း တော် လုံ ခြုံ စေ ရ မည်။
7
ဥ ပုသ် နေ့ ထွက် ခွင့် ရ သော ကင်း နှစ် တပ် ကား၊ မင်း လောင်း၏ ကိုယ် ရံ အ ဖြစ်၊ ဗိ မာန် တော် တွင် လက် နက် ကိုယ် စီ စွဲ ကိုင် စောင့် ရှောက် လျက် တပ် အ တွင်း ချဉ်း ဝင် သူ ဟူ သ မျှ ကို ကွပ် မျက် ၍ မင်း လောင်း ထွက် ဝင် တော် မူ တိုင်း၊ ကာ ကွယ် ကြ ရ မည် ဟု မှာ ထား လေ ၏။
8
9
ထို သို့ ပ ရော ဟိတ် ယော ယ ဒ မှာ ထား သည့် အ တိုင်း ရာ တပ် မှူး တို့ သည် လိုက် နာ လျက် ဥ ပုသ် နေ့ တွင် ဝင် စောင့် ရ သူ၊ ထွက် ခွင့် ရ သူ၊ ကိုယ့် တပ် သား များ ကို ခေါ် ငင် ဝင် ရောက် ကြ သော အ ခါ
10
ပ ရော ဟိတ် ယော ယ ဒ သည် ဗိ မာန် တော် ရှိ ဒါ ဝိဒ် မင်း သုံး ခဲ့ သော လှံ နှင့် ဒိုင်း လွှား များ ကို ရာ တပ် မှူး တို့ လက် သို့ အပ် လေ ၏။
11
ဗိ မာန် တော် နှင့် ပူဇော် ရာ ပ လ္လင် တော် ကို မျက် နှာ မူ သူ ရှေ့ တော် ပြေး တို့ သည် လက် နက် ကိုယ် စီ ကိုင် လျက် မင်း လောင်း ကို ခြံ ရံ ကွယ် ကာ ရန် တစ် ဘက် မှ တစ် ဘက် အ ထိ ရပ် နေ ကြ ရာ၊
12
ယော ယ ဒ သည် မင်း သား ကို ယူ ဆောင်၍ သ ရ ဖူ နှင့် မင်း ကျင့် တ ရား ကျမ်း ကို တင် လျက် ရာ ဇ ဘိ သိက် သွန်း၍ မင်း မြှောက် ပြီး မှ ဘု ရင် မင်း မြတ် သက် တော် ရှည် ပါ စေ သော ဟု လက် ခုပ် တီး လျက် ကြွေး ကြော် ကြ ကုန် ၏။
13
အာ သ လိ သည် ရှေ့ တော် ပြေး နှင့် လူ ပ ရိ သတ် တို့ ကြွေး ကြော် သံ ကို ကြား၍ ပ ရိ သတ် ရှိ ရာ ဗိ မာန် တော် သို့ သွား ရောက် သော်၊ မင်း တို့ ထုံး စံ အ တိုင်း
14
တပ် မှူး နှင့် တံ ပိုး မှုတ် သူ တို့ ဝန်း ရံ လျက် တိုင် တော့် အ နီး ရပ် နေ သော ဘု ရင် မင်း ကို လည်း ကောင်း၊ ရွှင် လန်း စွာ တံ ပိုး မှုတ် သော ပြည် သူ ပြည် သား တို့ ကိုလည်း ကောင်း၊ မြင် လျှင်၊ ဝတ် လဲ တော် ကို ဆုတ် လျက် တော် လှန် ပြီ၊ တော် လှန် ပြီ ဟု ဟစ် အော် လေ ၏။
15
ပ ရော ဟိတ် ယော ယ ဒ က လည်း၊ ဗိ မာန် တော် တွင် မ သေ စေ လင့် ဟူ၍ လည်း ကောင်း၊ တပ် အ ကြား တံ တိုင်း ပြင် သို့ ထုတ် လျက် လိုက် လာ သူ တို့ ပါ လုပ် ကြံ ကြ ဟူ၍ လည်း ကောင်း၊ ရဲ မက် တို့ ကို အုပ် ချုပ် သော ရာ တပ် မှူး တို့ အား မှာ ထား သည့် အ တိုင်း
16
အာ သ လိ ကို ကိုင် ဖမ်း လျက် မြင်း သွင်း သော နန်း တော် လမ်း ဖြင့် ထုတ်၍ ကွပ် မျက် ကြ ၏။
17
ယော ယ ဒ လည်း၊ ထာ ဝ ရ ဘု ရား၏ လူ မျိုး တော် ဖြစ် စေ ရန် ဘု ရင် မင်း မှ စ သော လူ ပ ရိ သတ် နှင့် ထာ ဝ ရ ဘု ရား ကြား တွင် လည်း ကောင်း၊ လူ ပ ရိ သတ် နှင့် ဘု ရင် မင်း ကြား တွင် လည်း ကောင်း၊
18
ပ ဋိ ညာဉ် ဖွဲ့ စေ ပြီး နောက် ပြည် သူ ပြည် သား တို့ သည် ဗာ လ၏ ဗိ မာန် ကို သွား ရောက် ဖြို ဖျက် လျက် ယဇ် ပ လ္လင် များ နှင့် ရုပ် တု များ ကို ချိုး ဖဲ့ လျက် ဗာ လ၏ ပ ရော ဟိတ် မဿန် ကို ယဇ် ပ လ္လင် များ ရှေ့ ကွပ် မျက် ကြ၏။ ပ ရော ဟိတ် ယော ယ ဒ သည် ဗိ မာန် တော် မှူး များ ကို ခန့် ထား ပြီး လျှင်
19
ရာ တပ် မှူး မှ စ၍ ကိုယ် ရံ တော် ရဲ မက်၊ ရှေ့ တော် ပြေး ရဲ မက် များ နှင့် ပြည် သူ ပြည် သား အ ပေါင်း တို့ ကို ခေါ် သည့် အ လျောက် ဘုရင် မင်း ကို ဗိ မာန် တော် မှ ဆောင်၍ ကင်း တံ ခါး တော် လမ်း ဖြင့် နန်း တော် သို့ ပို့ ကြ သည့် အ တိုင်း ရာ ဇ ပ လ္လင် ထက် စိုး စံ ရာ
20
ပြည် သူ ပြည် သား အ ပေါင်း တို့ ဝမ်း မြောက် လျက် မြို့ တော် ငြိမ်း ချမ်း လေ ၏။ အာ သ လိ ကို ကား နန်း တော် အ တွင်း ဓား ဖြင့် ကွပ် မျက် နှင့် ကြ သ တည်း။