၄ ရာ-10

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ရှ မာ ရိ မြို့ တွင် အာ ဟပ် မင်း၏ သား တော် မြေး တော် ခု နစ် ကျိပ် ရှိ သည် ဖြစ်၍ ၄င်း မြို့ ရှိ ယေ ဇ ရေ လ မြို့ ဝန်၊ လူ ကြီး၊ အ ကြီး တော် များ ထံ၊ ယေ ဟု မင်း ရေး လိုက် သော အ မိန့် စာ ကား၊
  • 2 သင် တို့ သ ခင့် သား တော် မြေး တော် များ နှင့် တ ကွ မြင်း တပ်၊ ရ ထား တပ်၊ လက် နက်၊ ခံ မြို့ ရှိ သည် နှင့် အ ညီ၊ ဤ အ မိန့် စာ ရောက် သည့် ကာ လ
  • 3 ၄င်း သား တော် မြေး တော် တို့ အ နက် ကောင်း မွန် သင့် မြတ် သူ့ ကို ရွေး ချယ် ၍ ခ မည်း တော် ရာ ဇ ပ လ္လင် ထက် တင် မြှောက် ပြီး လျှင် သင် တို့ သ ခင့် မျိုး နွယ် အ ဖို့ စစ် တိုက် ကြ လော့ ဟု မှာ လိုက် သ တည်း။
  • 4 ထို သူ တို့ က၊ ဘု ရင် မင်း နှစ် ပါး ပင်၊ သူ့ ရှေ့ တွင် မ ခံ မ ရပ် နိုင်။ ငါ တို့ ကား မည် သို့ ခံ ရပ် နိုင် အံ့ နည်း ဟု အ လွန် ကြောက် ရွံ့ လျက်၊
  • 5 လက် သုံး တော် ချုပ်၊ မြို့ ဝန်၊ အ ကြီး တော် နှင့် လူ ကြီး တို့ က၊ ကိုယ် တော့် ကျွန် များ ဖြစ် ကြ ပါ ပြီ။ အ မိန့် တော် ကို လိုက် နာ ပါ မည်။ မင်း မြှောက် ဝံ့ မည် မ ဟုတ် ပါ။ သ ဘော တော် မြတ် ရာ ပြု တော် မူ ပါ ဟု ဝန် ခံ လိုက် ကြ သော အ ခါ
  • 6 သင် တို့ သည် ငါ့ ဘက်၌ နေ၍၊ အ မိန့် အ တိုင်း လိုက် နာ မည် ဖြစ် လျှင်၊ သင် တို့ သ ခင့် သား တော် မြေး တော် တို့ ဦး ခေါင်း များ ကို နက် ဖြန် ယ ခု အ ချိန်၊ ငါ ရှိ ရာ ယေ ဇ ရေ လ မြို့ သို့ ယူ ခဲ့ ကြ လော့ ဟု နောက် ထပ် အ မိန့် စာ ကို ယေ ဟု မင်း ပို့ လိုက် လေ၏။ မင်း သား ခု နစ် ကျိပ် တို့ ကား မြို့၌ အ ကြီး အ ကဲ ပြု လုပ် သူ အ ကြီး တော် တို့ နှင့် အ တူ ရှိ နေ ကြ သ တည်း။
  • 7 ထို စာ ရောက် လျှင် ရောက် ချင်း မင်း သား ခု နစ် ကျိပ် တို့ ကို ဖမ်း ဆီး ကွပ် မျက် လျက် ဦး ခေါင်း များ ကို တောင်း တွင် ထည့်၍ ယေ ဟု ရှိ ရာ ယေ ဇ ရေ လ မြို့ သို့ ပို့ လိုက် သည် နှင့် အ ညီ
  • 8 မင်း သား ဦး ခေါင်း များ ရောက် ကြောင်း လူ တစ် ယောက် ဝင် ရောက် လျှောက် ထား လျှင် ယေ ဟု မင်း က၊ မြို့ တံ ခါး ဝ တွင် နှစ် ပုံ ခွဲ ၍ မိုး သောက် တိုင် အောင် ထား ခဲ့ လော့ ဟု မိန့် ဆို လေ ၏။
  • 9 မိုး သောက် သော်၊ ယေ ဟု ထွက် ရပ် လျက် အို ဖြော့င် မတ် သူ တို့၊ ငါ သည် ငါ့ သ ခင့် တစ် ဘက်၌ အ တွင်း မီး ထ၍ ကွပ် မျက် လေ ပြီ။ ဤ မင်း သား တို့ ကို ကား မည် သူ လုပ် ကြံသ နည်း။
  • 10 ကျွန် တော် ရင်း ဧ လိ ယ အား ဖြင့် ထား ခဲ့ သော ဗျာ ဒိတ် တော် အ တိုင်း ထာ ဝ ရ ဘု ရား စီ ရင် တော် မူ ပြီ။ အာ ဟပ် မင်း မျိုး ကို ရည်၍ ထာ ဝ ရ ဘု ရား ထား တော် မူ ခဲ့ သော ဗျာ ဒိတ် တော် သည် မြေ ဝယ် မ ကျ ရ ကြောင်း သိ မှတ် ကြ လော့ ဟု မြို့ သူ မြို့ သား တို့ အား မိန့် ဆို လျက်
  • 11 ယေ ဇ ရေ လ မြို့၌ ကျန် ကြွင်း သော အာ ဟပ် မင်း မျိုး မှ စ၍ ဘက် ပါ အ ကြီး အ ကဲ၊ ကျွမ်း ဝင် သူ၊ ပ ရော ဟိတ် အ ပေါင်း တို့ ကို တစ် ယောက် မ ကျန် ကွပ် မျက် လေ ၏။
  • 12 ထို နောက် ရှ မာ ရိ မြို့ သို့ ထွက် သွား ရာ ခ ရီး အ ကြား၊ သိုး ထိန်း တို့ စု ဝေး လေ့ ရှိ သော စ ရပ် တွင်
  • 13 ယု ဒ ဘု ရင် အာ ခ ဇိ မင်း၏ ညီ တော် နောင် တော် တို့ ကို တွေ့ သ ဖြင့် မည် သူ နည်း ဟု မေး လျှင် အာ ခ ဇိ မင်း၏ ညီ တော် နောင် တော် များ ဖြစ် ကြ ပါ၏။ ဘု ရင် မင်း နှင့် မိ ဖု ရား၏ သား တော် သ မီး တော် တို့ အ ဖြစ် အ နေ ကို မေး မြန်း ရန် လာ ပါ သည် ဟု ဆို ကြ သော်၊
  • 14 ယေ ဟု မင်း က၊ လက် ရ ဖမ်း ကြ လော့ ဟု မိန့် ဆို သည့် အ တိုင်း ဖမ်း၍ ထို စ ရပ် ရေ တွင်း အ နီး လေး ကျိပ် နှစ် ယောက် တို့ ကို တစ် ယောက် မ ကျန် သတ် လေ ၏။
  • 15 ထို စ ရပ် မှ ထွက် သော အ ခါ ခ ရီး ဦး ကြို ဆို သော ရေ ခပ် သား ယော န ဒပ် ကို တွေ့ ဆုံ နှုတ် ဆက် လျက် ငါ့ စိတ် သည် သင့် စိတ် နှင့် ညီ မျှ သည့် နည်း တူ၊ သင့် စိတ် လည်း ညီ မျှ၏ လော ဟု မေး ရာ ညီ မျှ ပါ သည် ဟု ဝန် ခံ သော် ထို သို့ မှန် မူ လက် ကမ်း လော့ ဟု ဆို သည့် အ တိုင်း
  • 16 လက် ကမ်း လျှင် ရ ထား ထက် တင် လျက် ထာ ဝ ရ ဘု ရား အ တွက် ငါ့ စေ တ နာ ထက် သန် ခြင်း ကို ကြည့် မှတ် ရန် လိုက် လော့ ဟု ဆို၍ ရ ထား စီး စေ ၏။
  • 17 ရှ မာ ရိ မြို့ သို့ ရောက် သော် ဧ လိ ယ အား ထာ ဝ ရ ဘု ရား ထား တော် မူ ခဲ့ သော ဗျာ ဒိတ် တော် နှင့် အ ညီ အာ ဟပ် မင်း မျိုး ကြွင်း သ မျှ ကို မ ကုန် မ ချင်း ကွပ် မျက် လေ၏။
  • 18 ထို နောက် မြို့ သူ မြို့ သား အ ပေါင်း တို့ ကို စု ဝေး စေ လျက် ယေ ဟု မင်း က၊ အာ ဟပ် မင်း သည် ဗာ လ ဘု ရား ကို ပေါ့ ပေါ့ သာ ဝတ် ပြု၏။ ငါ ယေ ဟု မူ ကား အား ကြီး စွာ ပြု မည်။
  • 19 ထို ကြောင့် ဗာ လ၏ ပ ရော ဖက်၊ ပ ရော ဟိတ် များ မှ စ၍ ဝတ် ပြု သူ အ ပေါင်း တို့ ကို တစ် ယောက် မ ကျန် ခေါ် ဖိတ် ကြ လော့။ ငါ သည် ဗာ လ ဘု ရား အား တ ခမ်း တ နား ပူ ဇော် မည်။ မ လာ မ ရောက် သူ မှာ အ သက် မ ရှင် ရ ဟု ဗာ လ နတ် အား ကိုး ကွယ် သူ တို့ ကို ဖျက် ဆီး ရန် အ ကြံ နှင့် ပ ရိ ယာယ် ဖြင့် မိန့် ဆို၏။
  • 20 ဗာ လ ဘု ရား ပွဲ ကို ပြင် ဆင် ကြ လော့ ဟု မိန့် ဆို သည့် အ တိုင်း ကြော် ငြာ ကြ သော်၊
  • 21 ဣ သ ရေ လ ပြည် လုံး နှံ့၊ ယေ ဟု မင်း ကြော် ငြာ ချက် အ ရ ဗာ လ ကို ဝတ် ပြု သူ တစ် ယောက် မ ကျန်၊ လာ ရောက် ကြ ပြီး လျှင် ဗာ လ၏ ဗိ မာန် သို့ ဝင် ကြ သ ဖြင့် တစ် ဗိ မာန် လုံး ပြည့် လေ၏။
  • 22 ထို အ ခါ ဘ ဏ္ဍာ တော် ထိန်း အား၊ ဗာ လ ကို ဝတ် ပြု သူ တို့ ဆင် ယင် ရန် အ ဝတ် များ ကို ထုတ် ပေး လော့ ဟု ယေ ဟု မင်း မိန့် ဆို သည့် အ တိုင်း ထုတ် ပေး ပြီး နောက်၊
  • 23 ရေ ခပ် သား ယော န ဒပ် နှင့် အ တူ ဗာ လ၏ ဗိ မာန် တွင်း သို့ ဝင်၍ ဝတ် ပြု သူ တို့ အား ထာ ဝ ရ ဘု ရား ကို ဝတ် ပြု သူ မ ပါ၊ ဗာ လ ဘုရား ကို ဝတ် ပြု သူ တို့ သာ ရှိ စေ ရန် ကြည့် ရှု စစ် ဆေး ကြ လော့ ဟု မိန့် ဆို လေ ၏။
  • 24 မီး ရှို့ ရာ သ က္ကာ၊ မိတ် သ ဟာ ယ သ က္ကာ များ ကို ပူ ဇော် ရန် ဝင်၍၊ မီး ရှို့ ရာ သ က္ကာ ကို ပူ ဇော် ပြီး မှ၊ သင် တို့ လက် တွင်း သို့ ငါ အပ် နှင်း သူ တစ် စုံ တစ် ယောက် လွတ် လျှင်၊ အ စား သေ ရ မည် ဟု ဆို လျက် ဗိ မာန် ပြင် တွင် သူ ရဲ ရှစ် ကျိပ် ကို ယေ ဟု မင်း ထား နှင့် ခဲ့ သည့် အ လျောက်
  • 25 ဝင်၍ လုပ် ကြံ ကြ လော့။ မ ထွက် မ လွတ် စေ လင့် ဟု ရှေ့ တော် ပြေး နှင့် စစ် ကဲ တို့ အား မိန့် ဆို သော အ ခါ ရှေ့ တော် ပြေး နှင့် စစ် ကဲ တို့ သည် ဓား ဖြင့် လုပ် ကြံ လျက် အ လောင်း များ ကို ထုတ်၍ ဗာ လ၏ ဗိ မာန် ဆိုင် ရာ ဝ တ္ထု ကံ မြို့ သို့ သွား ရောက် ပြီး နောက်
  • 26 ဗာ လ၏ ဗိ မာန် ရှိ ကျောက် တိုင် များ ကို ထုတ် ယူ မီး တိုက် ကြ ၏။
  • 27 ထို သို့ ဗာ လ၏ ကျောက် တိုင် နှင့် ဗိ မာန် ကို ဖြို ဖျက်၍ ယ နေ့ တိုင် အောင် ကိုယ် သုတ် သင် ရာ အိမ် ဖြစ် စေ သ ဖြင့်၊
  • 28 ယေ ဟု မင်း သည် ဗာ လ နတ် ကို ဣ သ ရေ လ ပြည် မှ ပယ် ရှား လေ ၏။
  • 29 သို့ ရာ တွင် ဗေ သ လ မြို့ နှင့် ဒန် မြို့ ရှိ ရွှေ နွား ရုပ် များ အား မှီ ဝဲ၍ ဣ သ ရေ လ အ မျိုး အား ပြစ် မှား စေ သော၊ နေ ဗတ် သား ယေ ရော ဗောင် မင်း ၏ ပြစ် မှု များ ကို မ စွန့် ချေ။
  • 30 ထာ ဝ ရ ဘု ရား က၊ ငါ့ အ လို အ တိုင်း အာ ဟပ် မင်း မျိုး၌ အ ပြီး သတ် စီ ရင် လျက် ငါ့ မျက် မှောက် တွင် ဖြောင့် မှန် မှု ကို သင့် လျော် စွာ ပြု လုပ် သော ကြောင့် ဣ သ ရေ လ ရာ ဇ ပ လ္လင် ထက် သင့် သား မြေး လေး ဆက် မြောက် စိုး စံ ခွင့် ရ လိမ့် မည် ဟူ၍ ယေ ဟု မင်း အား မိန့် တော် မူ သော် လည်း၊
  • 31 ယေ ဟု မင်း သည် ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ပ ညတ် တ ရား တော် အ တိုင်း အ ကြွင်း မဲ့ လိုက် လျှောက်ရန် စိတ် နှ လုံး မ မူ ဘဲ ဣ သ ရေ လ အ မျိုး အား ပြစ် မှား စေ သော ယေရော ဗောင် မင်း၏ ပြစ် မှု များ ကို မ စွန့် လေ စွ။
  • 32 ထို ကာ လ ဣ သ ရေ လ နိုင် ငံ အ စွန် အ ဖျား ကို ထာ ဝ ရ ဘု ရား ကျုံ့ စ ပြု တော် မူ သည် နှင့် ဟာ ဇေ လ မင်း သည် ယော် ဒန် မြစ် အ ရှေ့ ဘက်၊ အာ နု ချောင်း အ နီး ရှိ အာ ရော် မြို့ မှ စ၍ ရု ဗင်၊ ဂဒ်၊ မ နာ ရှေ အ နွယ် တို့ နေ ရာ ဂိ လဒ်၊ ဗာ ရှန် နယ် တစ် လျှောက် လုံး ကို လုပ် ကြံ လေ ၏။
  • 33
  • 34 ယေ ဟု မင်း ပြု မူ စီ ရင် သ မျှ အ ကြွင်း အ ကျန် နှင့် လက် ရုံး ရည် ပါ ဣ သ ရေ လ ရာ ဇ ဝင်၌ ရေး ထား လျက် ရှိ ၏။
  • 35 ယေ ဟု မင်း သည် ရှ မာ ရိ မြို့၌ ဣ သ ရေ လ နိုင် ငံ ကို နှစ် ဆယ့် ရှစ် နှစ် စိုး စံ ပြီး မှ ဘေး တော် ဘိုး တော် တို့ နှင့် အ တူ ကျိန်း စက် လျက် ရှ မာ ရိ မြို့ တွင် စျာ ပ န ပြု ခြင်း ကို ခံ ရ လျှင် သား တော် ယော ခတ် သည် အ ရိုက် အ ရာ၌ နန်း စံ လေ ၏။
  • 36
回到本卷目录 回到本版本目录 回到首页