၁ ရာ-18

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ထို သို့ တင် လျှောက် ပြီး နောက် သား တော် ယော န သန် သည် ဒါ ဝိဒ် နှင့် တစ် စိတ် တည်း ဖြစ် သည့် အ တိုင်း အ သက် တ မျှ ချစ် လေ၏။
  • 2 ရှော လု မင်း လည်း ထို နေ့ တွင် ပင် အ ပါး တော် မြဲ စေ၍ အ ဘ အိမ် သို့ ပြန် သွား ခွင့် မ ပေး ချေ။
  • 3 အ သက် တ မျှ ချစ် သော ကြောင့် ယော န သန် သည် ဒါ ဝိဒ် နှင့် သ စ္စာ မိတ် ဖွဲ့ လျက်
  • 4 ဒါ ဝိဒ် အား၊ ဓား၊ လေး၊ ခါး စည်း မှ စ သော ချပ် တန် ဆာ အ စုံ နှင့်၊ ဝတ် လုံ ကို ပင်၊ ချွတ် ပေး လေ၏။
  • 5 ရှော လု မင်း ခိုင်း စေ လေ ရာ ရာ၌ ဒါ ဝိဒ် ပြီး မြောက် သည့် အ တိုင်း စစ် ဗိုလ် မှူး ခန့် ထား သော်၊ ရှော လု မင်း၏ ကျေး ကျွန် သင်း ပင်း နှင့် တ ကွ ပြည် သူ ပြည် သား အ ပေါင်း တို့ ပါ ကြိုက် ညီ ကြ ၏။
  • 6 ဖိ လိ တ္တိ သူ ရဲ ကို လုပ် ကြံ ပြီး မှ တပ် တော် နှင့် တ ကွ ဒါ ဝိဒ် ပြန် လာ ရာ ရှော လု မင်း ကို ကြို ဆို ရန် မိန်း မ တို့ သည် ဣ သ ရေ လ မြို့ ရွာ တိုင်း ထွက် လာ၍ စောင်း ပတ် သာ တီး လျက်၊ က ခုန် လျက်၊ ဝမ်း မြောက် ဝမ်း သာ သီ ချင်း ဆို ကြ သည် မှာ
  • 7 ရှော လု အ ထောင် ထောင်၊ ဒါ ဝိဒ် အ သောင်း သောင်း လုပ် ကြံ လေ ပြီ တ ကား ဟု ရွှင် လန်း စွာ ဖွဲ့ ဆို ကြ သ တည်း။
  • 8 ထို တ ဘောင် ကို ရှော လု မင်း မ နှစ် သက် သည် နှင့် ဒါ ဝိဒ် ကို အ သောင်း သောင်း၊ ငါ့ ကို အ ထောင် ထောင် ဟူ၍ သာ ထော မ နာ ပြု ကြ သော ကြောင့်၊ နိုင် ငံ တော် မှ တစ် ပါး မည် သည့် အ ရာ ကျန် သေး သ နည်း ဟု ဆို လျက် ဒေါ သ အ မျက် ခြောင်း ခြောင်း ထ သ ဖြင့်
  • 9 ထို နေ့ မှ စ၍ ဒါ ဝိဒ် ကို မျက် စောင်း ညိတ် လေ ၏။
  • 10 နောက် နေ့၌ ဘု ရား သ ခင့် အ ထံ တော် မှ နတ် ဆိုး သည် ရှော လု မင်း အ ပေါ် သို့ အ ဆော တ လျင် ကပ် ရောက် သည် နှင့် နန်း ရင် ပြင် တွင် လှံ တော် ကို ကိုင် လျက် ချောက် ချား ရွတ် ဆို ရာ ဒါ ဝိဒ် တီး ရ မြဲ တီး လျှင်
  • 11 ရှော လု မင်း က၊ ဒါ ဝိဒ် ကို နန်း နံ ရံ နှင့် ကပ် အောင် ထိုး သတ် မည် ဟု ကြံ စည်၍ လှံ တော် လွှတ် လိုက် ရာ၊ နှစ် ကြိမ် မြောက် ဒါ ဝိဒ် တိမ်း ရှောင် ရ လေ ၏။
  • 12 ကိုယ် မှ ထာ ဝ ရ ဘု ရား ခွာ၍ ဒါ ဝိဒ် နှင့် အ တူ ရှိ တော် မူ သော ကြောင့်
  • 13 ဒါ ဝိဒ် ကို ကြောက် ရွံ့ သ ဖြင့် အ ပါး တော် မှ ရွှေ့ ပြောင်း၍ ထောင် တပ် မှူး ရာ ထူး ကို ခန့် ထား လေ၏။ ဒါ ဝိဒ် လည်း စစ် သား တို့ ရှေ့ တွင် သွား လာ ဆောင် ရွက် ရ လေ၏။
  • 14 ဒါ ဝိဒ် ပြု လေ ရာ ရာ၌ ထာ ဝ ရ ဘု ရား ပါ ရှိ တော် မူ သည် ဖြစ်၍ ပြီး မြောက် လေ သ တည်း။
  • 15 ဤ သို့ ပြီး မြောက် ကြောင်း ရှော လု မင်း သိ မြင် သော်၊ ခန့် ညား လေ၏။
  • 16 ဣ သရေ လ နှင့် ယု ဒ တစ် မျိုး လုံး မူ ကား ကိုယ့် ရှေ့ တွင် သွား လာ ဆောင် ရွက် သော ဒါ ဝိဒ် ကို ချစ် ခင် ကြ ကုန်၏။
  • 17 ထို နောက် ရှော လု မင်း က၊ ဒါ ဝိဒ် အ ပေါ် တွင် ငါ့ လက် ကို မ ရောက် စေ ဘဲ ဖိ လိ တ္တိ လက် သင့် ရောက် ပါ စေ ဟု အ ကောက် ကြံ လျက် ဒါ ဝိဒ် ကား၊ သင် သည် ထာ ဝ ရ ဘု ရား၏ စစ် မှု ကို ငါ့ အ တွက် ရဲ ရင့် စွာ ထမ်း ဆောင် လျှင် သ မီး တော် အ ကြီး မေ ရပ် နှင့် ထိမ်း မြား မည် ဟု မိန့် ဆို သော်၊
  • 18 ဒါ ဝိဒ် က၊ ကျွန် တော် သည် သ မက် တော် ဖြစ် ရန် ဣ သ ရေ လ နိုင် ငံ တွင် အ ခြေ အ နေ နှင့် ဆွေ သား ချင်း တို့ ကား မည် သို့ ပါ နည်း ဟု ပြန် လျှောက် လေ ၏။
  • 19 သို့ ရာ တွင် ရှော လု မင်း သည် သ မီး တော် မေ ရပ် ကို ဒါ ဝိဒ် အား ထိမ်း မြား ရန် အ ချိန် ရောက် လျှင် မ ဟော လ မြို့ သား အ ဒြေ လ နှင့် ထိမ်း မြား လေ၏။
  • 20 ထို နောက် ဒါ ဝိဒ် ကို သ မီး တော် မိ ခါ လ စုံ မက် သည့် အ ကြောင်း ရှော လု မင်း ကြား သိ ရာ အား ရ ဝမ်း မြောက် လျက်
  • 21 ဒါ ဝိဒ် အ ပေါ် သို့ ဖိ လိ တ္တိ လက် ရောက် စေ ရန် ကျော့ ကွင်း သ ဖွယ် သ မီး တော် နှင့် ထိမ်း မြား မည် ဟု အ ကောက် ကြံ ပြန်၍ ဒါ ဝိဒ် အား သင် သည် ယ ခု တစ် ဖန် မှ သ မက် တော် ဖြစ် ရ လိမ့် မည် ဟု မိန့် ဆို ပြီး နောက်
  • 22 ကျေး ကျွန် သင်း ပင်း တို့ အား ဒါ ဝိဒ် ကို တိတ် တ ဆိတ် တိုက် တွန်း ကြ ရ မည် မှာ ဘု ရင် မင်း သည် သင့် ကို မြတ် နိုး၏။ ကျေး ကျွန် သင်း ပင်း တို့ လည်း ချစ် ခင် ကြ၏။ သ မက် တော် လုပ် ပါ ဟူ၍ တိုက် တွန်း ရန် မိန့် ဆို သည့် အ တိုင်း
  • 23 ကျေး ကျွန် သင်း ပင်း တို့ သည် ဒါ ဝိဒ် အား တီး တိုး စ ကား ဖြင့် တိုက် တွန်း ကြ ရာ ဒါ ဝိဒ် က ကျွန် တော် သည် သိမ် ငယ် သော ဆင်း ရဲ သား ဖြစ် လျက် ဘု ရင် မင်း၏ သ မက် တော် ဖြစ် ရ မည် မှာ အ သေး အ နုပ် ထင် ကြ သ လော ဟု ပြန် ပြော သော်
  • 24 ထို သို့ သော စ ကား ကို ဒါ ဝိဒ် ပြော ပါ သည် ဟု ရှော လု မင်း အား ကျေး ကျွန် သင်း ပင်း တို့ တင် လျှောက် ကြ၏။
  • 25 ဖိ လိ တ္တိ လက် ဖြင့် ဒါ ဝိဒ် သေ စေ ရန် အ ကောက် ဉာဏ် နှင့် ရှော လု မင်း က၊ ဒါ ဝိဒ် အား ပြော ကြ ရ ဦး မည် မှာ ရန် သူ တို့ အ ပေါ် တွင် လက် စား ချေ ခြင်း အ ဖြစ် ဖိ လိ တ္တိ လူ မျိုး တို့ အ ရေ ဖျား တစ်ရာ မှ တစ် ပါး အ ခြား ကန် တော့ လက် ဆောင် ကို ဘု ရင် မင်း လို တော် မ မူ ဟူ၍ ပြော ဆို ရ မိန့် မှာ လေ၏။
  • 26 ထို သို့ သော အ မိန့် တော် ကို ကျေး ကျွန် သင်း ပင်း တို့ ပြန် ကြား ကြ ရာ ဒါ ဝိဒ် သည် သ မက် တော် အ ဖြစ် ကို လို လား၍ ချိန်း ချက် သော အ ချိန် မ တိုင် မီ
  • 27 လက် အောက် ရှိ စစ် သား တို့ ပါ ချီ ထွက် လျက် ဖိ လိ တ္တိ လူ နှစ် ရာ ကို လုပ် ကြံ ပြီး မှ အ ရေ ဖျား ဥဿုံ ကို သ မက် တော် ဖြစ် ရန် ဘု ရင် မင်း ထံ ဆက် သွင်း ကန် တော့ လျှင် ဘု ရင် မင်း လည်း သ မီး တော် မိ ခါ လ နှင့် ဆောင် နှင်း လေ၏။
  • 28 ဒါ ဝိဒ် နှင့် အ တူ ထာ ဝ ရ ဘု ရား ရှိ တော် မူ ကြောင်း ကိုလည်း ကောင်း၊ သ မီး တော် မိ ခါ လ ချစ် ခင် ကြောင်း ကိုလည်း ကောင်း၊ သိ မြင် သ ဖြင့်
  • 29 ရှော လု မင်း သည် အ တိုင်း ထက် အ လွန် ကြောက် ရွံ့၍ အ စဉ် ရန် ငြိုး ဖွဲ့ သ တည်း။
  • 30 ထို မှ တစ် ပါး ဖိ လိ တ္တိ တပ် ဗိုလ် တို့ ချီ ထွက် လေ့ ရှိ၏။ ချီ ထွက် လေ ရာ ရာ၌ ဒါ ဝိဒ် သည် ရှော လု မင်း၏ ကျေး ကျွန် အ ပေါင်း တို့ ထက် အောင် မြင် ပြီး မြောက် သ ဖြင့် အ မည် ကျော် စော လေ၏။
回到本卷目录 回到本版本目录 回到首页