၁ ရာ-15

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 တစ် ဖန် ရှ မွေ လ က၊ ထာ ဝ ရ ဘု ရား သည် လူ မျိုး တော် ဣ သ ရေ လ အ ပေါ် တွင် သင့် ကို ဘု ရင် အ ဖြစ် ဘိ သိက် သွန်း ခြင်း ငှါ ငါ့ ကို စေ လွှတ် တော် မူ ခဲ့ ပြီ။ ထို ကြောင့် ထာ ဝ ရ ဘု ရား၏ အ မိန့် တော် ကို နာ ခံ ဦး လော့။
  • 2 ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် မှာ အိ ဂျစ် ပြည် မှ ထွက် လာ သော လမ်း ခ ရီး တွင် ဣ သ ရေ လ လူ မျိုး အား အာ မ လက် လူ မျိုး ပြု သော ကန့် ကွက် မှု ကို ယ ခု ငါ ဆပ် ပေး တော့ မည် ဖြစ်၍
  • 3 ထို လူ မျိုး ကို သွား ရောက် လုပ် ကြံ လော့။ မည် သည့် အ ရာ ကို မျှ မ ချန် မ လှပ် ဘဲ မြေ လှန် လျက် ယောက်ျား၊ မိန်း မ၊ နို့ ညှာ၊ နို့ စို့ မှ စ၍ နွား၊ သိုး၊ ဆိတ်၊ ကု လား အုပ်၊ မြည်း များ ကို သုတ် သင် လော့ ဟူ သော အ မိန့် တော် ကို ရှော လု မင်း အား ဆင့် ဆို သည့် အ တိုင်း
  • 4 ရှော လု မင်း သည် ဗိုလ် ထု ကို စု ရုံး၍ တေ လိမ် မြို့၌ ကြည့် ရှု စစ် ဆေး ရာ ခြေ သည် သူ ရဲ နှစ် သိန်း၊ ယု ဒ ရဲ မက် တစ် သောင်း ရှိ သည် နှင့် အ ညီ
  • 5 အာ မ လက် မြို့ သို့ ချီ ပြီး လျှင်၊ ၎င်း ချိုင့်၌ တပ် စွဲ လျက်
  • 6 ကေ နိ လူ မျိုး တို့ အား အိ ဂျစ် ပြည် မှ ထွက် လာ သော ဣ သ ရေ လ အ မျိုး သား အ ပေါင်း တို့ ကို သင် တို့ ပြု ခဲ့ ဘူး သော ကျေး ဇူး ကြောင့်၊ အာ မ လက် လူ မျိုး နှင့် ပျက် စီး ရာ မ ပါ စေ ခြင်း ငှါ၊ ထို လူ မျိုး အ တွင်း မှ ထွက် ခွာ၍ သွား ကြ လော့ ဟု အ မှာ တော် အ တိုင်း ထွက် သွား ကြ ပြီး နောက်
  • 7 ရှော လု မင်း သည် ဟ ဝိ လ မြို့ မှ စ၍ အိ ဂျစ် ပြည် အ ရှေ့၊ ရှု ရ မြို့ တိုင် အောင် အာ မ လက် လူ မျိုး ကို လုပ် ကြံ လေ၏။
  • 8 အာ မ လက် ဘု ရင် အာ ဂတ် မင်း ကို လက် ရ ဖမ်း၍ ပြည် သူ ပြည် သား အ ပေါင်း ကို ဓား ဖြင့် လုပ် ကြံ ဖျက် ဆီး လေ ၏။
  • 9 ရှော လု မင်း နှင့် ဗိုလ် ထု တို့ သည် အာ ဂတ် မင်း မှ စ၍ သိုး၊ ဆိတ်၊ နွား၊ ဆူ ဖြိုး သော သိုး သား ငယ်၊ အ ကောင်း ဆုံး အ မြတ် ဆုံး ဟူ သ မျှ ကို မြေ လှန် ရာ မ ပါ စေ ဘဲ ချန် လှပ် လျက် အ ညံ့ အ ဖျင်း ဟူ သ မျှ ကို ပါ စေ ကြ ၏။
  • 10 ထို အ ခါ ရှ မွေ လ သို့ ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် ရောက် လာ၍၊
  • 11 ငါ သည် ရှော လု ကို ဘု ရင် တင် မြှောက် ခဲ့ သော ကြောင့် စိတ် တော် မ သာ မ ယာ ဖြစ် လေ ပြီ။ အ မိန့် တော် များ ကို သူ မ လိုက် မ နာ၊ ငါ့ ထံ မှ တွန့် ဆုတ် လေ ပြီ ဟု မိန့် တော် မူ လျှင် ရှ မွေ လ သည် ဒေါ သ ခု ခံ၍ ထာ ဝ ရ ဘု ရား အား တစ် ညဉ့် လုံး ပ ဌ နာ ပြု ပြီး မှ
  • 12 နံ နက် အ ချိန် ထ၍ ရှော လု မင်း ကို တွေ့ ခြင်း ငှါ သွား ရာ ရှော လု မင်း သည် က ရ မေ လ မြို့ သို့ ရောက် ရာ တွင် အောင် လံ စိုက် ထူ လျက် လှည့် လည် လွန် သွား သ ဖြင့် ဂိ လ ဂါ လ မြို့ သို့ ရောက် သော သ တင်း ကို ကြား သည့် အ တိုင်း
  • 13 ရှော လု မင်း ထံ ဝင် ရောက် သော်၊ ရှော လု မင်း က၊ ကိုယ် တော် သည် ထာ ဝ ရ ဘု ရား အ ထံ တော် မှ မင်္ဂ လာ ခံ ရ ပါ စေ သော။ ထာ ဝ ရ ဘု ရား အ မိန့် တော် ကို အ ကျွန်ုပ် အ တည် ပြု ခဲ့ ပါ ပြီ ဟု လျှောက် ထား လေ ၏။
  • 14 သို့ ဖြစ် လျှင် ငါ ကြား ရ သော သိုး သံ၊ နွား သံ များ ကား၊
  • 15 မည် သို့ နည်း ဟု ရှ မွေ လ မေး သော်၊ ရှော လု မင်း က၊ ဗိုလ် ထု သည် ကိုယ် တော့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အား ပူ ဇော် ရန် သိုး၊ နွား အ ကောင်း ဆုံး တို့ ကို ချန် လှပ် ၍ အာ မ လက် လူ မျိုး လက် မှ သိမ်း ယူ ခဲ့ ပါ ပြီ။ ကြွင်း သ မျှ ကို ကား မြေ လှန် ရာ ပါ စေ ခဲ့ ပါ ပြီ ဟု ပြန် လျှောက် ၏။
  • 16 ရှ မွေ လ က၊ နား ထောင် ဦး လော့။ ယ မန် နေ့ ညဉ့် ငါ့ အား ထာ ဝ ရ ဘု ရား ပေး တော် မူ သော ဗျာ ဒိတ် တော် ကို ပြန် ကြား မည် ဟု ဆို လျှင်၊ ပြန် ကြား တော် မူ ပါ ဟု ရှော လု မင်း လျှောက် သည့် အ တိုင်း
  • 17 ရှ မွေ လ က၊ သင် သေး နုပ် သည် ဟု ကိုယ် ကို ထင် မှတ် လျက် ပင်၊ ဣ သ ရေ လ အ မျိုး အ နွယ် တို့၏ မ ကိုဋ် ဖြစ် သည် မ ဟုတ် လော။ ဣ သ ရေ လ လူ မျိုး အ ပေါ် တွင် ဘု ရင် အ ဖြစ် သင့် ကို ထာ ဝ ရ ဘု ရား ဘိ သိက် သွန်း တော် မူ ပြီး လျှင်
  • 18 အ ပြစ် သား ဖြစ် သော အာ မ လက် ပြည် သူ ပြည် သား တို့ ကို မြေ လှန် ရန် ခ ရီး သွား လျက်၊ အ ကုန် အ စင် ပျက် ပြုန်း သည့် တိုင် အောင် စစ် တိုက် လော့ ဟူ သော အ မိန့် နှင့် လွှတ် လိုက် တော် မူ၏။
  • 19 သို့ ဖြစ် လျက် လက် ရ ဥစ္စာ ကို တစ် ဟုန် တည်း သိမ်း ယူ၍ ထာ ဝ ရ ဘု ရား မျက် မှောက် တော်၍ ဆိုး သွမ်း မှု ကို ပြု ကျင့် သ ဖြင့် အ မိန့် တော် ကို အ ဘယ် ကြောင့် လွန် ဆန် ဘိ သ နည်း ဟု မေး သော်
  • 20 ရှော လု မင်း က၊ အ ကျွန်ုပ် သည် ထာ ဝ ရ ဘု ရား၏ အ မိန့် တော် ကို လိုက် နာ ခဲ့ ပါ ပြီ။ စေ လွှတ် တော် မူ ရာ လမ်း တွင် လိုက်၍ အာ မ လက် ဘု ရင် အာ ဂတ် မင်း ကို သိမ်း ယူ လျက်၊ ပြည် သူ ပြည် သား တို့ ကို မြေ လှန် ခဲ့ ပါ ပြီ။
  • 21 ဗိုလ် ထု မူ ကား၊ ကိုယ် တော့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အား ဂိ လ ဂါ လ မြို့ တွင် ပူ ဇော် ရန် မြေ လှန် အပ် သော လက် ရ ဥစ္စာ အ ကောင်း အ မြတ် အ နက် သိုး၊ နွား များ ကို ဆောင် ခဲ့ ကြ ပါ ပြီ ဟု ပြန် လျှောက် ၏။
  • 22 ရှ မွေ လ က လည်း၊ အ မိန့် တော် အ တိုင်း လိုက် နာ ခြင်း ကို ထာ ဝ ရ ဘု ရား နှစ် သက် တော် မူ သည့် နည်း တူ မီး ရှို့ ရာ သ က္ကာ မှ စ၍ သ က္ကာ အ မျိုး မျိုး ကို နှစ် သက် တော် မူ သ လော။ လိုက် နာ ခြင်း သည် ပူ ဇော် ခြင်း ထက်လည်း ကောင်း၊ နား ထောင် ခြင်း သည် သိုး ထီး ဆီ ဥ ထက် လည်း ကောင်း မြတ် လှ ၏။
  • 23 လွန် ဆန် မှု သည် နတ် ဟော ခြင်း ပြစ် မှု နှင့် လည်း ကောင်း၊ မ ခန့် ညား မှု သည် ရုပ် တု ကိုး ကွယ် ခြင်း ပြစ် မှု နှင့် လည်း ကောင်း၊ တူ မျှ ၏။ ထာ ဝ ရ ဘု ရား၏ အ မိန့် တော် ကို သင် ပယ် သော ကြောင့် ထာ ဝ ရ ဘု ရား လည်း သင့် ကို ဘု ရင့် အ ဖြစ် မှ ပယ် တော် မူ ပြီ ဟု ဆို ရာ အ ကျွန်ုပ် ပြစ် မှား မိ ပါ ပြီ။
  • 24 ဗိုလ် ထု ကို လန့်၍ သူ တို့ စ ကား ကို လိုက် နာ သည့် အား ဖြင့် ထာ ဝ ရ ဘု ရား၏ ပ ညတ် တော် ကို လည်း ကောင်း၊ ကိုယ် တော့် အ မိန့် ကို လည်း ကောင်း ကျူး လွန် မိ ပါ ပြီ။
  • 25 အ ပြစ် ကို ချမ်း သာ ပေး တော် မူ ပါ။ ထာ ဝ ရ ဘု ရား ကို ရှိ ခိုး ခွင့် ရ စေ ရန် အ ကျွန်ုပ် နှင့် အ တူ ပြန် လှည့် တော် မူ ပါ ဟု ရှော လု မင်း လျှောက် ထား သော် ရှ မွေ လ က သင် နှင့် ငါ မ ပြန်။
  • 26 ထာ ဝ ရ ဘု ရား၏ အ မိန့် တော် ကို သင် ပယ် သော ကြောင့် ထာ ဝ ရ ဘု ရား လည်း သင့် ကို ဣ သ ရေ လ လူ မျိုး၏ ဘု ရင် အ ဖြစ် မှ ပယ် တော် မူ ပြီ ဟု ဆို ပြီး လျှင်
  • 27 သွား အံ့ သော ငှါ လှည့် စဉ်၊ ရှော လု မင်း သည် ဝတ် လုံ မြိတ် ကို ကိုင် ဆွဲ သ ဖြင့် စုတ် ပြတ် သော အ ခါ
  • 28 ရှ မွေ လ က၊ ယ နေ့ ထာ ဝ ရ ဘု ရား သည် ဣ သ ရေ လ တိုင်း နိုင် ငံ ကို သင် မှ ဆုတ် ဖြတ်၍ သင့် ထက် မြတ် သော သူ တ ထူး အား လွှဲ အပ် တော် မူ လေ ပြီ။
  • 29 ဣ သ ရေ လ လူ မျိုး၏ တန် ခိုး ရှင် ကား က တိ တော် ပျက် ခြင်း၊ ပြောင်း လဲ ခြင်း များ ကို ပြု တော် မူ မည် မ ဟုတ်။ ကိုယ် တော် သည် ပြောင်း လဲ ရန် လူ ဖြစ် တော် မူ သည် မ ဟုတ် ဟု ဆို ၏။
  • 30 ရှော လု မင်း က လည်း၊ အ ကျွန်ုပ် ပြစ် မှား မိ ပါ ပြီ။ လူ မျိုး အ ကြီး အ ကဲ တို့ ရှေ့ တွင် လည်း ကောင်း ဣ သ ရေ လ ပ ရိ သတ် အ လယ် တွင် လည်း ကောင်း၊ ဂုဏ် အ သ ရေ မ ပျက် စေ ဘဲ ကိုယ် တော့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို ရှိ ခိုး ခွင့် ရ စေ ရန် အ ကျွန်ုပ် နှင့် အ တူ ပြန် လှည့် တော် မူ ပါ ဟု လျှောက် သည့် အ တိုင်း
  • 31 ရှ မွေ လ သည် ရှော လု မင်း နောက် သို့ ပြန် လိုက် သ ဖြင့် ထာ ဝ ရ ဘု ရား ကို ရှော လု မင်း ရှိ ခိုး ရ လေ ၏။
  • 32 ထို အ ခါ ရှ မွေ လ က၊ အာ မ လက် ဘု ရင် အာ ဂတ် မင်း ကို ငါ့ ထံ သို့ သွင်း ခဲ့ လော့ ဟု မိန့် ဆို သည့် အ လျောက် အာ ဂတ် မင်း သည် ခါး စွာ သော သေ ဘေး မု ချ လွန် သွား ပြီ ဟူ သော အ ထင် နှင့် နှောင် ကြိုး တဲ လျက် ဝင် လာ ရာ
  • 33 ရှ မွေ လ က၊ သင့် ဓား ဘေး ဖြင့် မိန်း မ များ တို့ သား ဆုံး ရ သည့် နည်း တူ သင့် အ မိ လည်း သား ဆုံး သော မိန်း မ ဖြစ် ရ လိမ့် မည် ဟု မိန့် ဆို လျက် ဂိ လ ဂါ လ မြို့ တွင် ထာ ဝ ရ ဘု ရား မျက် မှောက်၌ အာ ဂတ် မင်း ကို ကွပ် မျက် လေ ၏။
  • 34 ထို နောက် ရာ မ မြို့ သို့ ရှ မွေ လ ပြန် သွား လျှင် ရှော လု မင်း သည် နေ ရင်း ဂိ ဗာ မြို့ ရှိ နန်း တော် သို့ ဝင် လေ ၏။
  • 35 ရှ မွေ လ သည် ရှော လု မင်း အ တွက် အ လွန် ဝမ်း နည်း ၍ မ ကွယ် လွန် မီ တိုင် အောင် ရှော လု မင်း ကို မ ကြည့် တော့ ချေ။ ထာ ၀ ရ ဘု ရား လည်း ဣ သ ရေ လူ မျိုး အ ပေါ် တွင် ရှော လု ကို ဘု ရင် တင် မြှောက် သည့် အ တွက် စိတ် တော် မ သာ မ ယာ ဖြစ် တော် မူ သ တည်း။
回到本卷目录 回到本版本目录 回到首页