1
ထို နောက် စစ် တိုက် ရန် ယု ဒ နယ်၊ စော ခေါ မြို့ တွင် ဖိ လိ တ္တိ အ လုံး အ ရင်း တို့ စု ရုံး စည်း ဝေး ပြီး လျှင် ၎င်း မြို့ နှင့် အ ဇေ ကာ မြို့ ကြား၊ ဧ ဖက် ဒ မ္မိမ် အ ရပ်၌ စွဲ ရပ် ကြ ၏။
2
ရှော လု မင်း နှင့် ဣ သ ရေ လ ရဲ မက် တို့ လည်း စု ရုံး၍၊ ဧ လာ ချိုင့် တွင် စွဲ ရပ် ပြီး လျှင် ဖိ လိ တ္တိ တပ် ကို ဆီး ဆို့ ရန် စီ စဉ် ခင်း ကျင်း ကြ ၏။
3
ဖိ လိ တ္တိ တပ် သည် ချိုင့် တစ် ဖက် တောင် ပေါ် တွင်လည်း ကောင်း၊ ဣ သ ရေ လ တပ် သည် ချိုင့် တစ် ဘက် တောင် ပေါ် တွင် လည်း ကောင်း၊ ရပ် တန့် ကြ သ တည်း။
4
ဖိ လိ တ္တိ အ လုံး အ ရင်း ထဲ မှ ထွက် လာ တတ် သော ဂါ သ မြို့ သား၊ စီး ချင်း ထိုး သူ ရဲ၊ အ ရပ် ခြောက် တောင့် ထွာ မြင့် သူ ဂေါ လျတ် သည်
5
ကြေး မောက် ရူ ကို ဆောင်း လျက် ခွက် ငါး ဆယ် စီး ကြေး ရင် အုပ် ကို ဆင် ယင် လျက်
6
ကြေး ခြေ ပတ် ကို ပတ် လျက် ကြေး ဖြင့် ပြီး သော ပစ် လှံ ကို ပိုး လွယ် လျက် ရှိ ၏။
7
ထို လှံ ကား သံ ချိန် ခြောက် ပိဿာ စီး သော အ သွား၊ ရက် ကန်း လက် လိပ် နှင့် အ မျှ အ ရိုး ရှိ သ တည်း။ ဒိုင်း လွှား ကိုင် တစ် ယောက် လည်း သူ့ ရှေ့ က သွား ရ၏။
8
ထို သူ ရဲ သည် ရပ် လျက် အ ဘယ် ကြောင့် စစ် ချီ၍ ခင်း ကျင်း လို ကြ သ နည်း။ ငါ သည် ဖိ လိ တ္တိ လူ မျိုး သင် တို့ ကား ရှော လု၏ ကျွန် ဖြစ် ကြ သည် မ ဟုတ် လော။ သူ ရဲ တစ် ယောက် ကို ရွေး ကောက်၍ ငါ နှင့် စီး ချင်း ထိုး ရန် ဆင်း လာ ပါ စေ။
9
ငါ့ ကို အောင်၍ သတ် နိုင် လျှင် ငါ တို့ ကျွန် ခံ မည်။ ငါ အောင်၍ သတ် နိုင် မူ သင် တို့ ကျွန် ခံ လျက် ငါ တို့ အ မှု ကို ဆောင် ရွက် ကြ ရ မည် ဟု ဣ သ ရေ လ ဗိုလ် ထု အား ကြွေး ကြော် လေ ၏။
10
တစ် ဖန် တုံ၊ ငါ သည် ဣ သ ရေ လ ဗိုလ် ထု ကို မ ထီ လေး စား ပြု၏။ စီး ချင်း ထိုး မည့် သူ တစ် ယောက် ကို ထုတ် ပေး လော့ ဟူ၍
11
ဖိ လိ တ္တိ သူ ရဲ ကြွေး ကြော် သော စ ကား ကို ရှော လု မင်း နှင့် ဣ သ ရေ လ တစ် မျိုး လုံး ကြား လျှင် အ လွန် ထိတ် လန့် ကြောက် ရွံ့ ကြ ကုန်၏။
12
ယု ဒ နယ်၊ ဧ ဖ ရတ် ခ ရိုင်၊ ဗက် လင် မြို့ သား ဖြစ် သော ဒါ ဝိဒ်၏ အ ဘ ယေ ရှဲ၌ သား ရှစ် ယောက် ရှိ ၏။ ထို သူ သည် ရှော လု မင်း လက် ထက် အ သက် ကြီး၍ အို မင်း သူ ဖြစ် သ တည်း။
13
ယေ ရှဲ၏ သား တို့ အ နက် သား ကြီး သုံး ယောက် တို့ သည် ရှော လု မင်း နောက် က စစ် တိုက် ရန် လိုက် ပါ ကြ၏။ စစ် တိုက် ရာ ပါ သူ တို့ အ မည် များ ကား သား ဦး ဧ လျာ ဘ၊ ဒု တိ ယ သား အ ဘိ န ဒပ်၊ တ တိ ယ သား ရှိ မာ တို့ တည်း။
14
ရှော လု မင်း နောက် တော် သို့ ထို သား ကြီး သုံး ယောက် တို့ လိုက် ပါ ကြ ရာ၊
15
သား ထွေး ဒါ ဝိဒ် သည် ရှော လု မင်း ထံ သို့ လည်း ကောင်း၊ အ ဘ သိုး များ ကို ထိန်း ကျောင်း ရန် ဗက် လင် မြို့ သို့ လည်း ကောင်း၊ သွား တုံ ပြန် တုံ ပြု လေ့ ရှိ ၏။
16
ဖိ လိ တ္တိ သူ ရဲ သည် ရက် ပေါင်း လေး ဆယ် တိုင် တိုင်၊ နံ နက် တစ် ကြိမ်၊ ညဉ့် ဦး တစ် ကြိမ်၊ ချဉ်း ကပ်၍ ရပ် လေ ၏။
17
ထို ကာ လ ရှော လု မင်း မှ စ၍ ဣ သ ရေ လ ရဲ မက် အ ပေါင်း တို့ နှင့် ဒါ ဝိဒ် အစ် ကို တို့ ပါ ဧ လာ ချိုင့် တွင် ဖိ လိ တ္တိ တပ် ကို စစ် တိုက် လျက် ရှိ နေ ကြ ရာ သား ဒါ ဝိဒ် အား ယေ ရှဲ က၊ အစ် ကို တို့ အ ဖို့ ဤ မုန့် ဆန်း တစ် တင်း နှင့် မုန့် ဆယ် လုံး ကို သူ တို့ ရှိ ရာ တပ် တော် သို့ အ မြန် ယူ သွား လော့။ ဤ ဒိန် ခဲ ဆယ် လုံး ကို ကား သူ တို့ ထောင် တပ် မှူး ထံ ဆက် သွင်း လော့။ သင့် အစ် ကို တို့ အ နေ အ ထိုင် ကို လည်း ရှု ကြည့် ပြီး မှ ကျန်း မာ ခြင်း သက် သေ တစ် စုံ တစ် ခု ကို ယူ ခဲ့ လော့ ဟု မှာ လိုက် သည့် အ တိုင်း ဒါ ဝိဒ် သည် နံ နက် အ ချိန် ထ၍
18
19
20
သိုး များ ကို ကျောင်း သူ့ ထံ အပ် ပြီး လျှင် အ ဘ ပေး လိုက် သ မျှ ကို ဆောင် သွား ရာ စစ် တိုက် ရန် ဗိုလ် ထု ကြွေး ကြော် လျက် ထွက် သွား သည့် အ ခိုက် ခံ က တုတ် သို့ ရောက် လေ ၏။
21
ဣ သ ရေ လ တပ် နှင့် ဖိ လိ တ္တိ တပ် သည် ရင် ဆိုင် ခင်း ကျင်း လျက် ရှိ နှင့် သ တည်း။
22
ဒါ ဝိဒ် သည် ပါ သော ရိ က္ခာ ကို စ ခန်း စောင့် ထံ အပ် ပြီး မှ၊ ဗိုလ် ထု ရှိ ရာ သို့ လိုက် ပြေး၍ အစ် ကို တို့ ကို နှုတ် ဆက် စ ကား ပြော စဉ် အ ခါ
23
ဖိ လိ တ္တိ လူ မျိုး၊ ဂါ သ မြို့ သား၊ စီး ချင်း ထိုး သူ ရဲ ဂေါ လျက် သည် ဖိ လိ တ္တိ တပ် ထဲ မှ ထွက် လာ၍ ယ မန် ကဲ့ သို့ ဆို သော စ ကား ကို ဒါ ဝိဒ် ကြား လေ ၏။
24
ဣ သ ရေ လ ရဲ မက် အ ပေါင်း တို့ သည် ထို သူ့ ကို မြင် လျှင် မြင် ချင်း အ လွန် ကြောက် ရွံ့ သ ဖြင့် တွန့် ဆုတ် လျက်၊
25
ယ ခု ထွက် လာ သော ထို သူ ရဲ ကို မြင် ကြ သ လော။ ဣ သ ရေ လ တပ် ကို မ ထီ လေး စား ပြု ရန် ထွက် လာ ပြီ တ ကား။ သူ့ ကို သတ် နိုင် သူ့ အား ဘု ရင် မင်း က ကြီး စွာ သော စည်း စိမ် ကို ပေး သ နား မည့် ပြင် သ မီး တော် နှင့် ထိမ်း မြား လျက် ဣ သ ရေ လ နိုင် ငံ အ တွင်း ဆွေ မျိုး သား ချင်း တို့ ကို လည်း မင်း မှု မင်း တိုင်း လွှတ် တော် မူ လိမ့် မည် ဟု အ ချင်း ချင်း ပြော ဆို ကြ သော်၊
26
ဒါ ဝိဒ် က၊ ထို ဖိ လိ တ္တိ သူ ရဲ ကို သတ်၍ ဣ သ ရေ လ တပ် ခံ ရ သော မ ထီ လေး စား မှု ကို ပယ် ရှင်း သူ၌ မည် သို့ ကျေး ဇူး ပြု မည် နည်း။ အ သက် ရှင် တော် မူ သော ဘု ရား သ ခင်၏ ဗိုလ် ထု ကို မ ထီ လေး စား ပြု ရန် လှီး ဖြတ် ခြင်း မင်္ဂ လာ မဲ့ သော ထို ဖိ လိ တ္တိ သူ ရဲ ကား မည် သို့ သော သူ နည်း ဟု အ နီး ရှိ စစ် သား တို့ အား မေး မြန်း လျှင်
27
သူ တို့ က သတ် နိုင် သူ၌ ဤ သို့ သော ကျေး ဇူး ကို ပြု တော် မူ လိမ့် မည် ဟု ယ မန် ကဲ့ သို့ ပြန် ပြော ကြ ၏။
28
ထို သူ တို့ နှင့် ဒါ ဝိဒ် ပြော နေ သည် ကို အစ် ကို ဧ လျာ ဘ ကြား လျှင်၊ အ မျက် ထွက်၍ အ ဘယ် ကြောင့် ရောက် လာ သ နည်း။ အ မျက် ထွက်၍ အ ဘယ် ကြောင့် ရောက် လာ သ နည်း။ တော ရှိ နည်း သော သိုး များ ကို မည် သူ့ ထံ အပ် ခဲ့ သ နည်း။ သင် စိတ် ကြီး ခြင်း၊ ဆိုး ညစ် ခြင်း များ ကို ငါ သိ၏။ စစ် ပွဲ ကို ရှု ကြည့် ရန် သာ လာ သည် ဟု ဆို ရာ
29
ဒါ ဝိဒ် က၊ အ ကြောင်း ရှိ သည် မ ဟုတ် လော။ ကျွန် တော် သည် မည် သည့် ပြစ် မှု ကို ပြု မိ ပါ သ နည်း ဟု ပြန် ပြော ပြီး နောက်
30
အ ခြား သူ တို့ ထံ လှည့်၍ ယ မန် ကဲ့ သို့ မေး မြန်း လျှင် ရှေး နည်း အ တူ ပြန် ပြော ကြ ၏။
31
ထို သို့ ဒါ ဝိဒ် ပြော သော စ ကား ကို ကြား သူ တို့ တင် လျှောက် ကြ သည့် အ တိုင်း ရှော လု မင်း ခေါ် ရာ ဒါ ဝိဒ် က၊
32
ထို သူ့ အ တွက် မည် သူ မျှ စိတ် မ ငယ် ပါ စေ လင့်။ ကျွန် တော် မျိုး သည် ထို ဖိ လိ တ္တိ သူ ရဲ ကို ထွက်၍ တိုက် ပါ မည် ဟု ရှော လု မင်း အား ပြန် လျှောက် လျှင်
33
ထို ဖိ လိ တ္တိ သူ ရဲ ကို သင် ထွက်၍ မ တိုက် နိုင်။ သင် ကား လူ လား မ မြောက် သေး။ ထို သူ မှာ ငယ် က တည်း က ပင် စစ် မှု၍ ကျင် လည် ခဲ့ ပြီ ဟု ရှော လု မင်း မိန့် ဆို သော်၊
34
ဒါ ဝိဒ် က၊ ကျွန် တော် မျိုး သည် အ ဘ ပိုင် သိုး များ ကို ထိန်း ကျောင် စဉ် အ ခါ ခြင်္သေ့ ဖြစ် စေ၊ ဝံ ဖြစ် စေ လာ၍ သိုး အုပ် အ တွင်း မှ တစ် ကောင် ကို ကိုက် ယူ ရာ
35
လိုက် လံ ရိုက် နှက်၍ ခံ တွင်း မှ ပင် ဆွဲ ယူ ပါ၏။ ရန် မူ ရာ တွင် လည်း မေး ကို ဆွဲ ကိုင် ရိုက် သတ် ပါ၏။
36
ခြင်္သေ့ ကို လည်း ကောင်း၊ ဝံ ကို လည်း ကောင်း၊ ကျွန် တော် မျိုး ရိုက် နှက် ခဲ့ ပြီ။ လှီး ဖြတ် ခြင်း မင်္ဂ လာ မဲ့ သော ဤ ဖိ လိ တ္တိ သူ ရဲ သည် အ သက် ရှင် တော် မူ သော ဘု ရား သ ခင်၏ ဗိုလ် ထု ကို မ ထီ လေး စား ပြု သော ကြောင့် ထို သား ရဲ နှင့် အ တူ ဖြစ် ပါ လိမ့် မည်။
37
ခြင်္သေ့ ဘေး၊ ဝံ ဘေး မှ ကျွန် တော် မျိုး ကို လွတ် စေ တော် မူ သော ထာ ဝ ရ ဘု ရား သည် ဤ ဖိ လိ တ္တိ သူ ရဲ၏ လက် တွင်း မှ လည်း လွတ် မြောက် စေ တော် မူ လိမ့် မည် ဟု တင် လျှောက် သော်၊ ရှော လု မင်း က၊ ထွက် လော့။ ထာ ဝ ရ ဘု ရား သည် သင် နှင့် အ တူ ရှိ ပါ စေ သော ဟု ဒါ ဝိဒ် အား မိန့် ဆို လေ ၏။
38
ရှော လု မင်း လည်း ဒါ ဝိဒ် အား၊ ချပ် တန် ဆာ တော် ကို ဝတ် ဆင် စေ လျက်၊ ကြေး မောက် ရူ ကို ဆောင်း ပေး ခြင်း၊ ရင် အုပ် ကို ဆင် ပေး ခြင်း များ ကို စီ မံ သည့် အ တိုင်း၊
39
ဒါ ဝိဒ် သည် မ စမ်း သပ် သေး သော ချပ် တန် ဆာ အ ပေါ် မှာ ဓား တော် ကို ပတ် စည်း ၍ သွား မည့် ပြု ရာ ဤ ကိ ရိ ယာ တန် ဆာ ကို မ စမ်း သပ် ဘူး သော ကြောင့် ကျွန် တော် မ သွား တတ် ပါ ဟု ရှော လု မင်း ထံ တင် လျှောက်၍ ချွတ် ပယ် ပြီး မှ
40
ရှိ ရင်း တုတ် နှင့် လောက် လွှဲ ကို ကိုင် လျက် ချော မာ သော ကျောက် ငါး လုံး ကို ချောင်း ထဲ မှ ရွေး ကောက်၍ သိုး ထိန်း တို့ သုံး တတ် သော လွယ် အိတ်၌ ထည့် ပြီး လျှင် ဖိ လိ တ္တိ သူ ရဲ ထံ ချဉ်း ကပ် လေ ၏။
41
ဖိ လိ တ္တိ သူ ရဲ လည်း ဒိုင်း လွှား ကိုင် သူ့ ကို ရှေ့ တည် လျက် ဒါ ဝိဒ် ရှိ ရာ သို့ ချဉ်း လာ ပြီး လျှင် တိမ်း ငဲ့ ကြည့် ရှု၍ ဒါ ဝိဒ် ကို မြင် သော်
42
ရှု ချင် ဖွယ် ရွှေ အ ဆင်း ရှိ သော လူ လား မ မြောက် သေး သူ ဖြစ် သည့် အ တွက် မ ခန့် လေး စား ပြု လျက်
43
သင် သည် တုတ် နှင့် လာ သည် ကား၊ ငါ ခွေး ဖြစ် သ လော ဟု ဆို ပြီး လျှင် ကိုယ့် ဘု ရား များ ကို တိုင် တည်၍ ဒါ ဝိဒ် ကို ကျိန် ဆဲ သည့် ပြင် ချဉ်း ခဲ့ လော့။
44
ငါ သည် သင့် အ သား ကို ငှက် စာ၊ သား ရဲ စား ဖြစ် စေ မည် ဟု ခြိမ်း ခြောက် လေ၏။
45
ဒါ ဝိဒ် က၊ သင် သည် ဓား၊ ထိုး လှံ၊ ပစ် လှံ များ နှင့် ချဉ်း လာ၏။ ငါ ကား၊ သင် မ ထီ လေး စား ပြု သော ဣ သ ရေ လ ဗိုလ် ထု၏ ဘု ရား သ ခင်၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား၏ နာ မ တော် နှင့် ချဉ်း လာ၏။
46
ထာ ဝ ရ ဘု ရား သည် ငါ့ လက် တွင်း သို့ သင့် ကို ယ နေ့ အပ် နှင်း တော် မူ မည် ဖြစ်၍ ရိုက် သတ် လျက် ခေါင်း ကို ဖြတ် ပြီး လျှင် ဖိ လိ တ္တိ အ လုံး အ ရင်း အ သေ ကောင် များ ကို ငှက် စာ၊ တော သား ရဲ စာ၊ ယ နေ့ ငါ ဖြစ် စေ သ ဖြင့် ဣ သ ရေ လ လူ မျိုး တွင် ဘု ရား သ ခင် တည် နေ တော် မူ ကြောင်း ကို မြေ တစ် ပြင် လုံး ရှိ လူ အ ပေါင်း တို့ သိ ရ ကြ သည့် ပြင်
47
ဓား၊ လှံ ဖြင့် ထာ ဝ ရ ဘု ရား ကယ် ဆယ် တော် မူ သည် မ ဟုတ် ကြောင်း ကို လည်း ဤ ဗိုလ် ထု အ ပေါင်း တို့ သိ ရ ကြ လ တ္တံ့။ စစ် မက် ရေး ကို ထာ ဝ ရ ဘု ရား ပိုင် တော် မူ သည် ဖြစ်၍ သင် တို့ ကို ငါ တို့ လက် တွင်း သို့ အပ် နှင်း တော် မူ လိမ့် မည် ဟု ဖိ လိ တ္တိ သူ ရဲ အား ပြန် ဆို လေ ၏။
48
ဖိ လိ တ္တိ သူ ရဲ ထ ကြွ၍ ဒါ ဝိဒ် နှင့် စစ် ထိုး ခြင်း ငှါ ချဉ်း လာ သော် ဒါ ဝိဒ် လည်း၊ ဖိ လိ တ္တိ သူ ရဲ နှင့် စစ် ထိုး ရန် စစ် ဦး သို့ မျက် နှာ မူ လျက်၊ အ ဆော တ လျင် ပြေး ဝင်၍ အိတ် ထဲ မှ ကျောက် ခဲ ကို နှိုက် ယူ လွှဲ ပစ် ရာ
49
ဖိ လိ တ္တိ သူ ရဲ၏ န ဖူး ကို ထိ မှန် ဖောက် ဝင် သ ဖြင့် စိုက် လဲ လေ ၏။
50
ထို သို့ ဒါ ဝိဒ် သည် ဓား လက် နက် မ ကိုင် ဘဲ လောက် လွှဲ နှင့် ကျောက် ခဲ အား ဖြင့် ဖိ လိ တ္တိ သူ ရဲ ကို အောင် မြင် ရိုက် သတ် လေ သ တည်း။
51
ထို အ ခါ ဒါ ဝိဒ် သည် ဖိ လိ တ္တိ သူ ရဲ ကို ပြေး ဝင် ဖိ နင်း လျက် ၎င်း၏ ဓား ကို ဆွဲ နုတ် ပြီး လျှင် ခေါင်း ကို ဖြတ် ၍ အ သေ သတ် လေ၏။ ဖိလိ တ္တိ အ လုံး အ ရင်း လည်း သူ ရဲ ကောင်း သေ သည် ကို သိ မြင်၍ ထွက် ပြေး ကြ ရာ၊
52
ဣ သ ရေ လ နှင့် ယု ဒ ရဲ မက် တို့ ထ၍ ဂါ သ မြို့ တိုင် အောင် လည်း ကောင်း၊ ဧ ကြုန် မြို့ တံ ခါး တိုင် အောင် လည်း ကောင်း၊ အောင် သံ ပေး လျက် လိုက် လံ ကြ၏။ ဖိ လိ တ္တိ တပ် လည်း ဂါ သ မြို့ နှင့် ဧ ကြုန် မြို့ တံ ခါး များ တိုင် အောင် ထိ ရှ ကျ ဆုံး ကြ၏။
53
ဣ သ ရေ လ တပ် သည် ဖိ လိ တ္တိ တပ် ကို လိုက် လံ ရာ မှ ပြန် လာ ပြီး လျှင် သူ တို့ တပ် စ ခန်း ရှိ ရိ က္ခာ များ ကို သိမ်း ယူ ကြ၏။
54
ဒါ ဝိဒ် သည် ဖိ လိ တ္တိ သူ ရဲ၏ ခေါင်း ကို ယေ ရု ရှ လင် မြို့ သို့ ဆောင် သွား၍ သုံ့ ရ လက် နက် ကို ကား ကိုယ့် တဲ တွင် သိမ်း ထား လေ၏။
55
ဖိ လိ တ္တိ သူ ရဲ နှင့် စီး ချင်း ထိုး ရန် ဒါ ဝိဒ် ထွက် သွား သည် ကို ရှော လု မင်း မြင် သော်၊ ထို လု လင် ကား၊ မည် သူ့ သား နည်း ဟု ဗိုလ် ချုပ် အာ ဗ နာ ကို မေး ရာ အ ရှင် မင်း မြတ် အ သက် တော် ရှင် သည့် အ တိုင်း ကျွန်တော် မ သိ ပါ ဟု အာ ဗ နာ တင် လျှောက် လျှင်
56
ဘု ရင် မင်း က၊ ထို လု လင် သည် မည် သူ့ သား ဖြစ် သည် ကို မေး မြန်း လော့ ဟု မိန့် ဆို ၏။
57
ဖိ လိ တ္တိ သူ ရဲ ကို လုပ် ကြံ ပြီး နောက် ဒါ ဝိဒ် ပြန် လာ ရာ လက် တွင် ပါ လာ သော သူ ရဲ၏ ခေါင်း နှင့် တ ကွ ရှော လု မင်း ထံ အာ ဗ နာ ခေါ်၍ ဆက် သွင်း ရာ၌ ရှော လု မင်း က
58
အ ချင်း လု လင်၊ သင် ကား မည် သူ့ သား နည်း ဟု မေး လျှင် ကျွန် တော် သည် အ ရှင့် ကျွန်၊ ဗက် လင် မြို့ နေ ယေ ရှဲ၏ သား ဖြစ် ပါ သည် ဟု ဒါ ဝိဒ် တင် လျှောက် လေ ၏။