1
ဒါ ဝိဒ် သည် ရာ မ မြို့၊ ကျောင်း တိုက် မှ ပြန် ပြေး၍ ယော န သန့် ထံ ရောက် ရာ ခ မည်း တော် သည် ကျွန် တော် ကို အ သက် သေ ကြောင်း ကြံ တော် မူ သည် မှာ မည် သည့် အ ပြစ်၊ မည် သည့် ဒု စ ရိုက် ကို ခ မည်း တော် အား ပြု မိ ပါ သ နည်း ဟု မေး လျှင်
2
ယော န သန် က၊ ထို သို့ မ ဖြစ် ပါ စေ လင့်။ သင် သေ ရ မည် မ ဟုတ်။ ခ မည်း တော် သည် မည် သည့် အ မှု ကြီး ငယ် ကို မျှ ငါ မ သိ ဘဲ မ ပြု မ လုပ်။ ထို အ မှု မ ဖြစ် နိုင် ရာ။ အ ဘယ် ကြောင့် ငါ့ ကို ထိမ် ချန် မည် နည်း ဟု ဆို သော်၊
3
ဒါ ဝိဒ် က ကျွန် တော် ကို အ ရှင် မြတ် နိုး ကြောင်း ခ မည်း တော် မု ချ သိ တော် မူ သ ဖြင့် သား တော် မ ပူ ပန် စေ ရန် မ သိ စေ လင့် ဟု ကြံ ရွယ် တော် မူ ပါ၏။ သို့ ရာ တွင် ထာ ဝ ရ ဘု ရား အ သက် တော် နှင့် ကိုယ် တော့် အ သက် ရှင် သည့် အ တိုင်း ကျွန် တော် နှင့် သေ ဘေး သည် ခြေ တစ် လှမ်း မျှ သာ ကွာ တော့ သည် ဟု သ စ္စာ မူ လျက် ပြန် ဆို လေ၏။
4
ယော န သန် က လည်း၊ သင့် အ လို အ တိုင်း ငါ မည် သို့ ပြု ရ မည် နည်း ဟု မေး လျှင်၊
5
ဒါ ဝိဒ် က နက် ဖြန် နေ့ သည် လ ဆန်း နေ့ ဖြစ် သည် နှင့် အ ညီ ဘု ရင် မင်း နှင့် အ တူ ပွဲ တော် စာ ကို ကျွန် တော် စား မြဲ စား သင့် သော် လည်း တ တိ ယ ညဉ့် ဦး တိုင် အောင် မြို့ ပြင်၌ ပုန်း နေ ရန် သွား ခွင့် ပြု တော် မူ ပါ။
6
ကျွန် တော် ကို ခ မည်း တော် ရှု မြင် တော် မ မူ က၊ ဒါ ဝိဒ် သည် ဆွေ မျိုး သား ချင်း အ ပေါင်း တို့ နေ ရင်း ဗက် လင် မြို့ တွင် နှစ် စဉ် ပြု မြဲ ပြု လုပ် သော ပွဲ သို့ အ ဆော တ လျင် သွား ခွင့် တောင်း ပန် ကြောင်း တင် လျှောက် ပါ။
7
ကောင်း ပြီ ဟု မိန့် ဆို လျှင် ကျွန် တော် မျိုး ချမ်း သာ ရ ပါ ပြီ။ အ မျက် တော် ထွက် လျှင် မူ ကား အ သက် အ န္တ ရာယ် ကို ဆုံး ဖြတ် ပြီး ဖြစ် ကြောင်း အ ရှင် သိ ပါ လိမ့် မည်။
8
အ ရှင် သည် ထာ ဝ ရ ဘု ရား ကို တိုင် တည် လျက် သ စ္စာ မိတ် ဖွဲ့ ခဲ့ သည် နှင့် အ ညီ ကျွန် တော် မျိုး၌ အ ပြစ် ရှိ သည် မှန် က ကျေး ဇူး ပြု၍ ကိုယ် တိုင် သတ် တော် မူ ပါ။ ခ မည်း တော် ထံ အ ဘယ် ကြောင့် အပ် တော် မူ ရ အံ့ နည်း ဟု ဆို သော်၊
9
ယော န သန် က၊ ထို သို့ မ ထင် ပါ လင့်။ ခ မည်း တော် သည် အ ကယ်၍ သင်၌ အ သက် အ န္တ ရာယ် ဆုံး ဖြတ် ပြီး ဖြစ် ကြောင်း ကို ငါ သိ လျှင် မ ပြော မ ကြား ဘဲ နေ မည် လော ဟု ဆို ရာ၊
10
အ ရှင် အား ခ မည်း တော် ခက် ထန် စွာ မိန့် ဆို သည် မ ဆို သည် ကို ကျွန် တော် အား မည် သူ သ တင်း ပေး ပါ မည် နည်း ဟု ဒါ ဝိဒ် မေး လျှင် ယော န သန် က၊ မြို့ ပြင် သို့ ထွက် သွား ကြ အံ့ ဟု ဆို လျက်
11
နှစ် ဦး လုံး ပင် ထွက် သွား ကြ ကုန်၏။
12
ထို အ ခါ ယော န သန် က၊ နက် ဖြန်၊ သန် ဘက်၊ ယ ခု အ ချိန် တွင် ခ မည်း တော် ကို စုံ စမ်း ပြီး မှ ဒါ ဝိဒ် အား အ ကောင်း ကြံ သည် မှန် က ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို တိုင် တည် ၍ သ တင်း မ ပေး ဘဲ ငါ နေ မည် မ ဟုတ်။
13
ခ မည်း တော် သည် မ ကောင်း ကြံ မှန် က ငါ ဖော် ပြ၍ ဘေး လွတ် စွာ ထွက် သွား ခွင့် မ ပေး လျှင် ထာ ဝ ရ ဘု ရား သည် ငါ ယော န သန့် အ ပေါ် တွင် သာ၍ အ ပြစ် စီ ရင် ပါ စေ သော။ ထာ ဝ ရ ဘု ရား သည် ခ မည်း တော် နှင့် အ တူ ရှိ တော် မူ ခဲ့ သည့် နည်း တူ သင် နှင့် အ တူ ရှိ ပါ စေ သော။
14
ငါ အ သက် ရှင် သေး သည် ဖြစ် လျှင် သင် သည် ထာ ဝ ရ ဘု ရား၏ ကျေး ဇူး တော် အ တိုင်း ပြု၍ အ သက် ချမ်း သာ ပေး မည် မ ဟုတ် လော။
15
ဒါ ဝိဒ်၏ ရန် သူ ဟူ သ မျှ ကို မြေ ပေါ် မှ ထာ ဝ ရ ဘု ရား ပယ် ရှင်း တော် မူ သည့် ကာ လ၊ ငါ့ သားမြေး တို့၌ အ စဉ် အ ဆက် မ ပြတ်၊ ကျေး ဇူး ပြု ပါ လော့ ဟူ ၍ လည်း ကောင်း၊ သ စ္စာ ပျက် လျှင်၊
16
ထာ ဝ ရ ဘု ရား သည် ဒါ ဝိဒ် ကို ရန် သူ တို့ လက် ဖြင့် ဆပ် ပေး တော် မူ ပါ စေ သော ဟူ၍ လည်း ကောင်း၊ ဒါ ဝိဒ်၏ သား စဉ် မြေး ဆက် တိုင် အောင် ယော န သန် သ စ္စာ မိတ် ဖွဲ့ လေ ၏။
17
ဒါ ဝိဒ် ကို အ သက် တ မျှ ချစ် သော ကြောင့် ချစ် သည့် အ တိုင်း တစ် ဖန် သ စ္စာ ပေး လေ၏။
18
ထို နောက် ယော န သန် က၊ နက် ဖြန် နေ့ သည် လ ဆန်း နေ့ ဖြစ် သ ဖြင့် သင့် နေ ရာ လပ် ကြောင်း ထင် ရှား လိမ့် မည်။
19
သင် သုံး ရက် ပုန်း နေ ပြီး မှ အ မြန် ပြန် လာ၍ ယ မန် အ မှု တွင် ပုန်း နေ သော အ ရပ် သို့ ရောက် သော အ ခါ ဤ ကျောက် ပုံ အ နီး နေ ဦး လော့။
20
ငါ သည် စက် ကွင်း ချိန် ရွယ် သော အ ဟန် နှင့် ထို ကျောက် ပုံ အ နီး သို့ မြှား သုံး စင်း လွှတ် လိုက် ပြီး မှ
21
မြှား ကို ရှာ ကောက် ရန် သူ ငယ် တစ် ယောက် စေ၍ နင့် နောက် တွင် မြှား ရှိ သည်၊ ကောက် လော့ ဟု ဆို ပြီး လျှင် ပြန် ခဲ့ လော့။ ထာ ဝ ရ ဘု ရား အ သက် ရှင် တော် မူ သည့် အ တိုင်း ချမ်း သာ ရ လေ ပြီ။
22
နင့် ရှေ့ တွင် မြှား ရှိ သည် ဟု သူ ငယ် အား ဆို ခဲ့ မူ၊ ပြေး သွား လော့။ ထာ ဝ ရ ဘု ရား သည် ထွက် သွား ရန် ပြု တော် မူ ပြီး ဖြစ်၏။
23
ယ ခု ငါ တို့ နှစ် ဦး တိုင် ပင် သော အ မှု နှင့် စပ် လျဉ်း၍ သင် နှင့် ငါ့ အ လယ် တွင် ထာ ဝ ရ ဘု ရား အ စဉ် ရှိ တော် မူ လိမ့် မည် ဟု ဒါ ဝိဒ် အား ပြော ဆို လေ ၏။
24
ဒါ ဝိဒ် သည် မြို့ ပြင်၌ ပုန်း နေ စဉ် လ ဆန်း နေ့ရောက် သည့် အ တိုင်း ဘု ရင် မင်း သည် ပွဲ တော် တည် ရန်
25
နန်း နံ ရံ အ နီး ရှိ နေ ရာ တော် မှာ ထိုင် မြဲ ထိုင် လျက် ယော န သန် ထ ရပ်၍ နံ ဘေး တော် ဘက်၌ အာ ဗ နာ ထိုင် လျှင်
26
ဒါ ဝိဒ် နေ ရာ လပ် သ တည်း၊ ရှော လု မင်း သည် ဒါ ဝိဒ်၌ အ ကြောင်း တစ် ခု ရှိ ပြီ။ မ သန့် မ စင် သည် ဟု အောက် မေ့၍ ထို နေ့ တွင် မ မေး မ မြန်း ချေ။
27
လ ဆန်း နှစ် ရက်၊ ဒု တိ ယ နေ့ လည်း ဒါ ဝိဒ် နေ ရာ လပ် သေး သည် ဖြစ်၍ ရှော လု မင်း က၊ ယေ ရှဲ၏ သား သည် မ နေ့ နှင့် ယ နေ့ စား တော် ပွဲ သို့ အ ဘယ် ကြောင့် မ လာ သ နည်း ဟု သား တော် ယော န သန် အား မေး လျှင်
28
ယော န သန် က ဒါ ဝိဒ် သည် ဗက် လင် မြို့ သို့ သွား ခွင့် ပန် လျက်
29
ဆွေ မျိုး သား ချင်း တို့ နေ ရင်း မြို့၌ ပူ ဇော် ပွဲ လုပ် ကြ ပါ သည်။ အစ် ကို လည်း ကျွန် တော် ကို ခေါ် ဖိတ် သည် ဖြစ်၍ အ ရှင် ကြည် သာ လျှင် ညီ အစ် ကို တို့ ကို အ တွေ့ အ မြင် ထွက် သွား ခွင့် ပြု တော် မူ ပါ ဟူ၍ ပန် သည့် အ တိုင်း စား ပွဲ တော် သို့ မ လာ မ ရောက် ပါ ဟု တင် လျှောက် သော အ ခါ
30
ရှော လု မင်း သည် ယော န သန် ကို အ မျက် ထွက်၍ မှား ယွင်း ဆိုး ညစ် သော မိန်း မ၏ သား၊ သင့် ကိုယ် တိုင် အ ရှက် ရ ရန်လည်း ကောင်း၊ သင့် အ မိ လည်း အ ရှက် ကွဲ ရန် လည်း ကောင်း၊ ယေ ရှဲ သား ကို မျက် နှာ လိုက် သည် ဟု ငါ သိ ပြီ မ ဟုတ် လော။
31
မြေ ပေါ် တွင် ယေ ရှဲ၏ သား အ သက် ရှင် သ မျှ ကာ လ ပတ် လုံး သင် သည် တည် နေ ခွင့်၊ နန်း ဆက် ခံ ခွင့် ရ မည် မ ဟုတ် ချေ။ ထို ကြောင့် သူ့ ကို ခေါ် စေ လော့။ မု ချ သေ ဒဏ် ခံ ရ မည် ဟု မိန့် ဆို လျှင်
32
ယော န သန် က၊ အ ဘယ် ကြောင့် သေ ဒဏ် ခံ ရ မည် နည်း။ မည် သို့ ပြု ပါ သ နည်း ဟု ခ မည်း တော် ရှော လု မင်း အား မေး မြန်း သည့် အ တွက်
33
ရှော လု မင်း သည် ယော န သန် ကို ထိ မှန် ရန် လှံ တော် လွှတ် လိုက် သည် နှင့် ဒါ ဝိဒ် ကို ကွပ် မျက် ရန် ခ မည်း တော် ဆုံး ဖြတ် ပြီး ဖြစ် ကြောင်း ယော န သန် သိ လေ၏။
34
ထို ကြောင့် ယော န သန် သည် ဒေါ သ အ မျက် ခြောင်း ခြောင်း ထွက်၍ စား ပွဲ တော် မှ ထ သွား လျက် ခ မည်း တော် အ ရှက် ခွဲ သော ကြောင့် လည်း ကောင်း၊ ဒါ ဝိဒ် အ တွက် ပူ ပန် သော ကြောင့် လည်း ကောင်း၊ ထို လ ဆန်း နှစ် ရက် တွင် မ စား မ သောက် နေ လေ၏။
35
နောက် နံ နက်၊ ဒါ ဝိဒ် နှင့် ချိန်း ချက် သော အ ချိန်၌ ယော န သန် သည် သူ ငယ် နှင့် တ ကွ မြို့ ပြင် သို့ ထွက် သွား ပြီး လျှင်၊
36
သူ ငယ် အား ငါ လွှတ် သော မြှား များ ကို ပြေး၍ ရှာ ကောက် လော့ ဟု မိန့် ဆို သည့် အ တိုင်း၊ သူ ငယ် ပြေး သွား ရာ မြှား ကို လွန်၍ လွှတ် လိုက် လေ ၏။
37
လွှတ် လိုက် သော မြှား ကျ ရာ အ ရပ် သို့ သူ ငယ် ရောက် လျှင် ယော န သန် က၊ နင့် ရှေ့ တွင် မြှား ရှိ သည် မ ဟုတ် လော ဟူ၍ လည်း ကောင်း၊
38
မ ဖင့် မ နွှဲ၊ အ ဆော တ လျင် ကောက် လော့ ဟူ၍ လည်း ကောင်း၊ သူ ငယ် အား ဟစ် လိုက် သော်၊ မြှား ကို ကောက်၍ သ ခင် သို့ ပြန် ဆက် လေ ၏။
39
ထို အ မူ အ ရာ ကို ယော န သန် နှင့် ဒါ ဝိဒ် တို့ သာ နား လည်၍ သူ ငယ် မူ ကား နား မ လည် သည် နှင့် အ ညီ
40
ယော န သန် သည် လေး မြှား တော် ကို သူ ငယ် အား အပ်၍ မြို့ တွင်း သို့ ဆောင် သွား လော့ ဟု ဆို လေ၏။
41
သူ ငယ် ပြန် သွား သည့် နောက် ဒါ ဝိဒ် သည် ကျောက် ပုံ ကွယ် မှ ထ၍ သုံး ကြိမ် တိုင် တိုင် ပျပ် ဝပ် ဦး ညွှတ် ပြီး လျှင် သူ တို့ အ ချင်း ချင်း ဖက် နမ်း ငို ကြွေး လျက် ဒါ ဝိဒ် မ ချုပ် မ တည်း နိုင် ချေ။
42
ယော န သန် က၊ ငါ နှင့် သင့် အ လယ်၊ ငါ့ အ မျိုး အ နွယ် နှင့် သင့် အ မျိုး အ နွယ့် အ လယ် တွင် ထာ ဝ ရ ဘု ရား အ စဉ် ရှိ တော် မူ လိမ့် မည် ဟု ထာ ဝ ရ ဘု ရား၏ နာ မ တော် ကို တိုင် တည် လျက် ငါ တို့ နှစ် ဦး လုံး သ စ္စာ မူ ခဲ့ သည် ကို အောက် မေ့၍ ဘေး လွတ် စွာ သွား လေ လော့ ဟု ဆို လျှင် ဒါ ဝိဒ် သွား၍ ယော န သန် သည် မြို့ တွင်း သို့ ဝင် လေ၏။