1
ဣ သ ရေ လူ မျိုး နှင့် ဖိ လိ တ္တိ လူ မျိုး စစ် တိုက် ရာ ဣ သ ရေ လ တပ် ဆုတ် ပြေး ရ၍ ဂိ လ ဗော တောင် ရိုး တစ် လျှောက် ကျ ဆုံး ကြ၏။
2
ဖိ လိ တ္တိ ရဲ မက် တို့ သည် ရှော လု မင်း နှင့် သား တော် တို့ ကို ထပ် ကြပ် လိုက် လံ လျက် သား တော် ယော န သန်၊ အ ဘိ န ဒပ်၊ မေ လ ခိ ရွှ တို့ ကို လုပ် ကြံ ကြ၏။
3
ရှော လု မင်း လည်း အ ပြင်း အ ထန် အ တိုက် ခံ ရာ၌ လေး တပ် မှ မြှား ထိ မှန် သ ဖြင့် ပြင်း ပြ စွာ ဝေ ဒ နာ ရောက် သော ကြောင့်
4
လက် နက် တော် ကိုင် အား လှီး ဖြတ် ခြင်း မင်္ဂ လာ မဲ့ သော ဤ သူ တို့ သည် ငါ့ ထံ ချဉ်း လာ ထိုး သတ်၍ ရက် စက် ကြမ်း ကြုတ် စွာ မ ပြု မ လုပ် စေ ရန် သင့် ဓား ကို ဆွဲ နုတ် ထိုး သတ် လော့ ဟု မိန့် ဆို သော် လည်း လက် နက် တော် ကိုင် အ လွန် ကြောက် ရွံ့ သည် နှင့် မ ပြု ဝံ့ သော ကြောင့် ကိုယ် တိုင် ဓား တော် ကို ဆွဲ ယူ လျက် ဓား ဦး ပေါ် တွင် လှဲ သေ လေ၏။
5
လက် နက် တော် ကိုင် လည်း ရှော လု မင်း သေ သည် ကို သိ မြင် လျှင် ကိုယ့် ဓား ဦး ပေါ် တွင် လှဲ၍ ရှော လု မင်း နှင့် အ တူ သေ လေ၏။
6
ရှော လု မင်း မှ စ၍ သား တော် သုံး ပါး၊ လက် နက် တော် ကိုင် နှင့် ကိုယ့် ရံ တပ် သား တို့ ပါ ထို နေ့ ချင်း တွင် သေ ကြ ကုန် ၏။
7
ချိုင့် တစ် ဘက် နှင့် ယော် ဒန် မြစ် တစ် ဘက် တွင် နေ ထိုင် သူ ဣ သ ရေ လ လူ မျိုး တို့ သည် ရှော လု မင်း နှင့် သား တော် တို့ ကွယ် လွန် ကြောင်း ဣ သ ရေ လ ရဲ မက် တို့ ဆုတ် ပြေး ရ ကြောင်း များ ကို ကြား သိ လျှင် ကိုယ့် မြို့ ရွာ များ မှ စွန့် ခွာ ထွက် ပြေး ကြ ရာ ဖိ လိ တ္တိ လူ မျိုး တို့ ဝင် ရောက် နေ ထိုင် ကြ ၏။
8
နောက် နေ့၌ ဖိ လိ တ္တိ တပ် သား တို့ သည် ကျ ဆုံး သူ တို့ မှ ပါ ရှိ သ မျှ ကို သိမ်း ယူ ရန် လာ ကြ သော် ဂိ လ ဗော တောင် ရိုး တွင် သား တော် သုံး ပါး နှင့် တ ကွ
9
ရှော လု မင်း ကျ ဆုံး သည် ကို တွေ့ မြင် ရာ ဦး ခေါင်း တော် ကို ဖြတ်၍ ချွတ် ယူ သော လက် နက် စုံ နှင့် တ ကွ ကိုယ့် ပြည် ရှိ ရုပ် ပွား ကျောင်း များ လူ သူ များ ထံ၊ သ တင်း ကြော် ငြာ ရာ အ ဖြစ် အ နှံ့ အ ပြား ပို့ လိုက် ကြ ၏။
10
လက် နက် တော် ကို အာ ရှ တ ရက် နတ် စင် တွင် ထား၍ အ လောင်း တော် ကို ကား ဗက် ရှန် မြို့ ရိုး မှာ ဆွဲ ထား ကြ၏။
11
ရှော လု မင်း၌ ဖိ လိ တ္တိ တပ် သား တို့ ပြု သော အ မှု ကို ဂိ လဒ် နယ်၊ ယာ ဗက် မြို့ သား တို့ ကြား လျှင်
12
သူ ရဲ ကောင်း အ ပေါင်း တို့ သည် ညဉ့် ချင်း ရောက် ချီ သွား လျက် ရှော လု မင်း နှင့် သား တော် တို့ အ လောင်း များ ကို ဗက် ရှန် မြို့ ရိုး ပေါ် မှ ချ ယူ ပြီး သော် ယာ ဗက် မြို့ သို့ ပြန် ရောက်၍ မီး သင်္ဂြိုဟ် ကြ လေ ၏။
13
အ ရိုး တော် များ ကို လည်း ကောက် ယူ လျက် ယာ ဗက် မြို့ ရှိ မန် ကျည်း ပင် အောက် တွင် ဘူ မိ စျာ ပ န ပြု ပြီး မှ ခု နစ် ရက် တိုင် တိုင် အ စာ ရှောင် ကြ ကုန် ၏။